လှပတဲ့ မိန်းမပျို တစ်ယောက်ရဲ
့ကိုယ်ဟန်ကောက်ကြောင်းတွေနဲ့  ရင်သပ်ရှုမောဖွယ် သွယ်တန်းစီးဆင်းနေတဲ့
ကုလားမတောင်တန်း.....။ ထိုတောင်တန်းနဲ့  ယှက်နွယ်ဖြာတန်းနေတဲ့ လှပတဲ့
တောင်တန်းလေးက သတင်းမွှေးတဲ့ ဒေါနတောင်တန်းလေးပါပဲ.....။ ငါကတော့
ထိုတောင်းတန်းရိပ်ရဲ့  အရိပ်အောက်မှာ ကြီးပြင်ခဲ့သူပေါ့...။
ငါ့မွေးရပ်မြေ....။
ထိုတောင်တန်းရဲ့  တောင်ခြေ...။
ငါသောက်တဲ့ရေ....။
ထိုတောင်တန်းက စီးဆင်းလာတဲ့ရေ...။
ငါ ကြားနေကျ ကျေးငှက်တေးဆိုသံ.........။
ထိုတောင်တန်းစီမှ လွင့်ပျံသံ..........။
ထိုတောင်တန်းရဲ့  ရင်ငွေ့ ကို ခိုလှုံခဲ့တဲ့ငါ
တောင်တန်းကြီးဆီမှ ညီညူနေတဲ့
ရှိုက်သံတစ်ချို့ ကို မကြားရက်နိုင်တော့ဘူး
ထိုတောင်တန်းနှင့်အတူ
တောင်ရိပ်ခိုသူအပေါင်း
ငြိမ်းချမ်းစေကြောင်း ဆုတောင်းမေတ္တာဝေလိုက်ပါရဲ့ လေ....။
စိမ်းလန်းညို့ မှောင်နေတဲ့ တောင်ခြေရိပ်က
အပြောကျယ်တဲ့ လယ်ကွင်းပြင်ထဲက တဲလေးတစ်လုံးမှာ မွေးခဲ့တဲ့ငါ..။ ဖိနပ်မပါ
ခြေဗလာနဲ့  ရွှံမြေနင်းပြီး ကြီးခဲ့သူပေါ့...။
ဝါးဆစ်ခွက်ကို ပန်ကန်လုပ်..........အုန်းမှုတ်ခွက်ကိုဇွန်းလုပ် ဟင်းရည်သောက်ခဲ့ရတဲ့ ထမင်းဝိုင်းလေ.....။
နှိုင်းယှဉ်စရာ စက်ကရိယာနဲ့  ရုပ်ဝတ္တုတွေ မရှိခဲ့လို့  အရာရာတွေး ငြိမ်းချမ်းခဲ့တဲ့ ဘဝ........။
ငါပိုင်ဆိုင်ခဲ့တဲ့
မြေ...ငါပိုင်ဆိုင်ခဲ့တဲ့ဘဝလေးမှာ သေနတ်သံအချို့ သာ မကြားရရင်
ဘယ်လောက်များကောင်းလိမ့်မလဲ...။ စစ်မြေပြင်ထဲ ပြေးလွားရင်းနဲ့ 
ရှိုက်သံထပ်ခဲ့တဲ့ အဖြစ်တွေက ကြိမ်ဖန်များစွာ.....။
လူမျိုးရေးနဲ့  နိုင်ငံရေး..........။ ဘယ်သူက
မှားပြီမှန်တယ်ဆိုတာ ငါမသေချာပေမဲ့..............ငါ့လူမျိုးနဲ့ 
ငြါ့ပည်သူတစ်ချို့  အိုးအိမ်မဲ့လို့  ပြေးခဲ့ရတဲ့အဖြစ်...။
တောင်ယာလုပ်စား..............အေးချမ်းစွာနဲ့  ထမင်းတစ်လုပ်ကို ချွေးတစ်စက်နဲ့ 
လဲယူပြီးစာသောက်နေရင်း တစ်ခါတစ်ရံ ....သွေးစက်တွေလဲ ရောခဲ့ရတယ်....။
နေဝင်မိုးချုပ် မီးခွက်မှုတ်လို့  အိပ်စက်နေရင်း............ကျောချမ်းစရာ သံမျိုးစုံကြောင့်
ကြယ်ရောင်လဲပျောက် အိပ်ပျက်ညတွေနဲ့  ဖြတ်သန်းခဲ့ရတဲ့အဖြစ်က အကြိမ်ကြိမ်....။
အေးချမ်းပါစေ..ငါပြည် ငါ့မြေ
ငါ့တိုင်းရင်းသားလူမျိုးတွေ....... နှစ်ဦးနှစ်ဖက် အတ္တတွေ စွန့် လို့ 
ငြိမ်းချမ်းရေးဆိုတဲ့ မှတ်တိုင်သစ်ဆီ ခြေလှမ်းသစ်လှမ်းတွေ
အမြန်လှမ်းနိုင်ကြစေဖို့  ငါ့ရင်ထဲက ဆန္ဒအမှန်နဲ့  ဆုတွေ ဝေဆာ
ချွေလိုက်ပါ့ရဲ့ ...........။
ဖားစည်တီးသံ တညံညံအောက်က ညီညာဒုံးယိမ်းကတွေနဲ
့ ရိုးသားဖြူစင် ကရင်တွေ အားလုံး ငြိမ်းချမ်းတဲ့ အပြုံးတွေ ဝေဝေဖြာဖြာ
ပြုံးစေချင်တာ ငါ့ရင်ထဲက ဆန္ဒအမှန်ပါ....။
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်