Followers

Saturday, 27 August 2011

လေလှိုင်းထဲက ကမ်းလင့်လာမဲ့ အချစ်တစ်ခုအတွက်............

ချစ်သူ............................

ကျွန်မ နှစ်သက်မြတ်နိုးစွာ ခေါ်ခဲ့တဲ့ချစ်သူ...........

နင်နှင့်ငါ အပြင်မှာတွေ့ ဖူး ဆုံဖူးခြင်း မရှိပဲ လေလှိုင်းထဲမှာ ဆုံတွေ့ ခဲ့တဲ့ အွန်လိုင်းချစ်သူတွေ......။

တစ်ယောက်ကို တစ်ယောက် ရုပ်အဆင်းစွဲမက်ပြီး ချစ်ခဲ့ကြတာ မဟုတ်............။

ဥစ္စာဓန စွဲမက်ပြီး ချစ်ခဲ့ကြတာ မဟုတ်ဘူး...............။

ထိတွေမှု တစ်စုံတစ်ရာကြောင့် ချစ်ခဲ့ကြတာ မဟုတ်ဘူး..............။

ခံစားတတ်တဲ့ ဒီရင်ထဲက နှလုံးသားတစ်စုံစီ ထပ်တူကျပြီး ချစ်ခဲ့ကြတာပါ...........။

နှလုံးသားချင်းရင်းနှီးပြီး ချစ်ခဲ့တာကြောင့် အခြားသော တက်မက်စွဲလမ်းမှုတွေထက် လေးနက်တယ်ဆိုတာ သိဖို့ ကောင်းပါတယ်........။

နင့်အပေါ်ချစ်တဲ့ ငါ့ရဲ့  အချစ်တွေကို ယုံကြည်ပေးပါ.....။

နင့်ကို ချစ်သူတွေ ဘဝမှာ ငါ မေးခွန်းပေါင်းများစွာမေးခဲ့ဖူးတယ်...။

နင့်ကို အထပ်ထပ်အခါခါ မေးခဲ့တဲ့ မေးခွန်းတွေက နင့်အပေါ် ယုံကြည်မှုမဲ့လို့  မေးခဲ့တာ မဟုတ်ပါဘူး ကွာ.....။

နင့်ကို ယုံကြည်လို့  ချစ်ခဲ့တာပေါ့....။

နင့်ကို ချစ်တဲ့ ငါရဲ့ အချစ်တွေက ယုံကြည်မြတ်နိုးမှုနဲ့  တည်ဆောက်ခဲ့တာပါ...။

နင့်ကို မေးခဲ့တဲ့ မေးခွန်းတွေတိုင်းမှာ နင့်အပေါ်မယုံသကာင်္မှုတွေထားပြီးမေးခဲ့တာ မဟုတ်ခဲ့ရပါဘူးချစ်သူ...။

နင်နဲ့ ငါကြားရင်းနှီးမှု ၊ ချစ်ခင်တွယ်မှုတွေ အတွက် ပိုပြီးလေးနက်အောင် နင့်အတွက်မေးခွန်းပေါင်းများစွာ ငါစီမံထားတာပါ...။ အဲ့ဒါ မယုံကြည်လို့ မှ မဟုတ်တာကွာ....။

ငါ့ဘက်က အထင်က မေးခွန်းတွေနဲ့  အဖြေတွေက ငါတို့ နှစ်ယောက်ရဲ့  အကြားမှာ ရင်းနှီးမှုတွေ ပိုစေမယ်ထင်ခဲ့တာ...
ခုတော့....................................
ငါထင်တာနဲ့  တခြားဆီ..........................။

နင့်ဆီက ငါ ပြန်လည်ရရှိခဲ့တာက ရင်းနှီးမှုတွေ မဟုတ်ပဲ...ကျောခိုင်းလှည့်ထွက်သွားတဲ့ နင့်ရဲ့  ကျောပြင်လား....။

မတူညီတဲ့ လွဲမှားမှု ကောက်ကြောင်းပေါ် ငါတို့  လျှောက်ခဲ့မိတာလား.............။

ပြန်လာပါ..................ချစ်သူ............။

မေးခွန်းတွေကို နင်မကြိုက်ရင် နောက် ဘယ်တော့မှ ငါမမေးတော့ဘူး..................။

ငါ့ရင်ခွင်ထဲ ပြန်လာပါ................။

နင့်ကို ချစ်တဲ့ ငါ့ရင်ခွင်က နင်ထွက်သွားလို့  ကွက်လပ်အဖြစ်လစ်ဟာနေလေရဲ့ ..............။

နင် ကျီစယ်ပြီး ခဏဖြစ်ဖြစ် ထွက်သွားတယ်ဆိုတာတောင် အဲ့ဒီခဏတာ နေရာလွတ်အတွက် ငါ ခံနိုင်ရည် မရှိလို့ ပါချစ်သူ..............။

ပြန်လာပါနော်.............။

နင်နဲ့ ငါ ဆုံတွေ့ နေကြ အချိန်ကာလလေးတစ်ခုမှ နင့်ရဲ့ နာမည်လေး မီးစိမ်းအလာကို ငါမျှော်နေမယ်...........။

နင့်ကို အရမ်းချစ်နေတဲ့ ချစ်ခြင်းတစ်ခု ဒီနှလုံးသားဘဏ္ဍာမှာ နင်တစ်ယောက်ထဲ မြင်သာအောင် သိုဝှက်သိမ်းဆည်းထားရင်ပေါ့..........။

ငါ မျှော်နေတယ်နော်...............။

ဆုံတွေ့ နေကျ အချိန်လေးတစ်ခုမှ မျော်လင့်ချက် ငွေ့ ငွေ့ လေးနဲ့  ချစ်ခြင်းတစ်ခု ရင်မှာပိုက်ရင်းးးးးးးးး

နင့်ဆီက ကမ်းလင့်လာမဲ့ နှလုံးသားတစ်စုံကိုပေါ့.......။





************မေသဇင်***********

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်