Followers

Wednesday, 24 August 2011

ကြည်စားတတ်သူအတွက် နောက်ဆုံးစကား

ငါ နင့်ကို သိပ်ချစ်တယ်ဆိုတာတော့ နင်သိဖို့ ကောင်းပါတယ်....။

နင့်ကိုချစ်တဲ့ အချစ်တွေက ဒီရင်ဘတ်ကြီးထဲမှာ ပြည့်နှက်နေပါတယ်...။

နင်ကြားအောင် မပြောသာပေမဲ့ နှလုံးသားနဲ့  ခံစားတတ်ရင် နင်နားလည်မှာပါချစ်သူ...။

ဒါပေမဲ့ နင့်ရဲ့ စကားတစ်ခွန်း.............

ငါ့ရင်ဘတ်ထဲ စူးနစ်စေတယ်......။

နင့်အတွက်ကတော့  ဘာမှ မဖြစ်လောက်တဲ့ စနောက်မှုပါ.....။

နင်နဲ့ ယှဉ်ရင် အရာရာမှာ အားနည်းမှုတွေနဲ့  မသိစိတ်က တိတ်တိတ်လေးအားငယ်တတ်တဲ့ ငါ့အတွက်ကတော့ နင့်ရဲ့  စနောက်မှုတစ်ခုက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ချောက်နက်နက်ထဲ တွန်းချလိုက်သလိုပါပဲ..။

ငါ့ ခန္ဓာတစ်ခုလုံး လေဟာနယ်ထဲမှာ ဦးတည်ချက်မရှိ မျှောလွင့်နေပြီးးးးးးးးးးးး

နင့်ကို အရမ်းချစ်နေတဲ့ ငါ့နှလုံးသားတစ်စုံတော့ ငါနဲ့ အတူ ပါမလာခဲ့ဘူး.....။

ငါ ဝန်ခံပါတယ်...။
ငါ ငိုနေတယ်...။
ငိုပြီးရင်ငိုနေတယ်...။


မနက်ဖြန် ငါ ဘယ်အိပ်ရာမှာ အိပ်ရမလဲဆိုတာ မသေချာတဲ့ အတွက် ဒီည ငါပိုင်တဲ့ အခန်းလေးထဲမှာ ငါ မအိပ်တော့ဘူး.....။

ငါ ထိုင်ငိုနေလိုက်မယ်..။

နင်သိဖို့  တစ်ခု ပြောခဲ့မယ်...။ အချစ်ဆိုတာ စမ်းသပ်ခန်းထဲ ဝင်ရမဲ့ အစမ်းသပ်ခံမဟုတ်ဘူး...။



ငါ့အချစ်ကို နင်မယုံကြည်ရင်လဲထားတော့...။


ငါ့ရင်ဘတ်ထဲ နင်မမြင်နိုင်ရင်လဲ ရှိစေတော့..........။

နင့်ကို ချစ်လွန်းတဲ့ငါ......နင်ထားခဲ့သလိုပဲ နေလိုက်ပါ့မယ်............။

ရင်ခွင်က မခွဲနိုင်တာ သေချာပေမဲ့............

အားနည်းချက်တွေအပေါ်မှာ နောက်ထပ်အဆင့်ခံရတဲ့ အားနည်းချက်တွေမို့  အယူခံတော့ မဝင်ဝံ့ဘူးချစ်သူ..............။

နောက်ဆုံးတစ်ခွန်းတော့ တိုးတိုးဖွဖွလေး ပြောခွင့်ပေးပါ...


နင့်နှလုံးသားနှင့် နားဆင်ပါ...။ ထပ်တူကျရင် နင်နားလည်မှာပါ...။

“နင့်ကို သိပ်ချစ်တယ်”





************မေသဇင်**********


0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်