Followers

Wednesday, 24 August 2011

အချစ်ဆိုတာ ဘာလဲ မတွေးချင်တော့ပါ

အချစ်ဆိုတာ ဘာလဲ………….။
သစ်ရွက်လေးတွေ လှုပ်ခတ်တာတောင် ရယ်ချင်နေတဲ့ ဆယ်ကျော်သက်အ၇ွယ်ကနေ စပြီး စိတ်ဝင်စားလာတဲ့ အချစ် သေဆုံးချိန်ရောက်မှာပဲ ကုန်းခန်းသွားတတ်တဲ့ အချစ်…။
လူရယ်လို့ ဖြစ်လာတာနဲ့  ခံစားမှုအသိတစ်ခုနောက်ကို လိုက်ရင်း ခံစားမှုရသလေးတွေကြောင့် ဒါဟာ အချစ်ပါလားလို့  သိလိုက်ရပေမဲ့ အချစ်ဆိုတာကြီးကို မျက်ဝါးထင်ထင် မမြင်ခဲ့ရဖူးဘူး…။
မျက်ဝါးထင်ထင် မြင်ဖို့  မဆိုထားနှင့်..ကိုယ်ရဲ့  နှလုံးသားတစ်ခုလုံးကိုသာမက ဦးနှောက်ကိုပါ ထိန်းချုပ်လှုပ်ကိုင်ပြုပြင်နိုင်စွမ်းတဲ့ အချစ်ရဲ့  အကြောင်း အဓိပ္ပါယ်ကိုတောင် သေချာသိနိုင်စွမ်းမရှိကြပါဘူး…။
အရွယ်လေး ရလာပြီးဆိုတာနှင့် လူသားတိုင်းစူးစမ်းလေ့လာ စိတ်ဝင်တစား သိချင်ကြတဲ့ မေးခွန်းလေးတစ်ခုတော့ ရှိပါတယ်…။ အဲ့ဒါကတော့………………..
အချစ်ဆိုတာ ဘာလဲ……….။
အမေးခံရသူအဖို့ မှာတော့ အတော်လေး ခေါင်းစားခံရတဲ့ မေးခွန်းပဲ..။ အချစ်ဆိုတဲ့ အရာကြီးက သူ ကိုယ့်ရဲ့  ကိုယ်ထဲမှာ ဝင်မွှေနေလို့ သာ သူရှိနေမှန်းသိတာ..။ ဘာကောင်ကြီးမှန်းကို မသိဘူး..။ မြင်လဲ မမြင်ရ..။ သေချာလဲ အဓိပ္ပါယ်ဖွင့်လို့ မရ..။သူ့ ကို ခံစားမိသွားရင်တော့ အတော်လေး ဆိုးရွားတဲ့ ခံစားချက်ကြီး ခံစားနေရတယ်ဆိုတာတော့ ခံစားရသူတွေသိတယ်..။
တစ်ချို့ က ပြောတယ်..အချစ်ဆိုတာ…
ပေးဆပ်ခြင်း…………
ရယူလိုခြင်း………….
အချစ်က အေးမြတယ်………….။
အချစ်က ပူလောင်တယ်…………….။
အချစ်က ချိုမြန်တယ်………….။
အချစ်က ခါးသီးတယ်…………….။
အချစ်က သီးခံစိတ်ရှည်တယ်…………..။
အချစ်က ဒေါသထွက်လွယ်တယ်……………။
အချစ်ဆိုတာ ………
အချစ်ဆိုတာ…………….
အချစ်ဆိုတာ…………………………
ထွက်ပေါ်လာတဲ့ ခံစားချက်တွေ…။
အချစ်အကြောင်း သီကုံးစပ်ဆိုကြတဲ့ သီချင်းတွေ……………..။
အချစ်အကြောင်း ရေးလာကြတဲ့ စာတွေ ကဗျာတွေ………………..။
အချစ်ကြောင့်ရလာတဲ့ ငြိမ်းချမ်းရေးတွေ…………………။
အချစ်ကြောင့် ပြောင်းလဲသွားတဲ့ လူသတ်လက်နက်တွေ………………။
အချစ်ကြောင့် ရတဲ့ အပြုံးတွေ…………။
အချစ်ကြောင့်ရတဲ့ အမုန်းတွေ…………………..။
အချစ်ကြောင့်ရတဲ့ ရှိုက်သံတွေ……………။
အချစ်ကြောင့်ရတဲ့ ကြည်နူးမှုတွေ……..။
အချစ်ကြောင့်ရတဲ့ အောင်မြင်မှုတွေ…………..။
အချစ်ကြောင့်ရတဲ့ ကျရှုံးမှုတွေ……………..။
အချစ်ကြောင့်ရတဲ့ ရက်စက်မှုတွေ…………။
အချစ်ကြောင့်ရတဲ့ နူးညံ့မှုတွေ………………။
ဖွင့်ဆိုလို့  မကုန်နိုင်တဲ့ အချစ်………………….
ကမ္ဘာဦးအစ အာဒံနဲ့ ဧဝ စခဲ့တဲ့ အချစ် လူသားမျိုးဆက်တွေသာ လက်ဆင့်ကမ်းပြီး ပြောင်းလဲသွားတယ်..။
အချစ်ဆိုတာကို လက်ဆင့်ကမ်း ခံစားသွားကြတယ်……အချစ်ရဲ့  အဓိပ္ပါယ်ကို ဘယ်မှ သေချာဖွဲ့ ဆိုနိုင်ချင်းမရှိဘူး..။
ခံစာမှုတွေပေါ်မူတည်ပြီး အချစ်က ပုံပြောင်းလာတယ်..။ အေးစက်မှုတွေ နွေးထွေးမှုတွေ ၊ နူးညံ့မှုတွေ ကြမ်းတမ်းမှုတွေက အချစ်မဟုတ်ပါဘူး..။ ခံစားချက်တွေပါ…။
အချစ်လို့ အမည်တပ်ပြီးရင်ထဲရောက်လာတဲ့ ခံစားချက်တွေပါ…။ တကယ်တမ်း အချစ်ဆိုတာ ဘာလဲလို့  သေချာ အဓိပ္ပါယ်ဖွင့်ဟပြောဆိုနိုင်ခြင်းမရှိပဲ ယောင်ဝါးဝါး….။
လူရယ်လို့ ဖြစ်လာရင်တော့ အချစ်ဆိုတာကို အနည်းဆုံးတစ်ကြိမ်(သို့ ) ထိုထက်ပို၍ ခံစားဖူးခဲ့ကြမယ်…။ အချစ်နဲ့  တွေ့ ဆုံဖို့  စိတ်ဝင်စားခဲ့ဖူးကြမယ်…။အချစ်ကို ဘာမှန်းသာ သေချာအဓိပ္ပါယ်ဖွင့်လို့ မရချင်နေမယ်…။ ခံစာကြည့်ချင်ကြတဲ့သူတွေကြီးပဲ..။
ဒီတော့ အဓိပ္ပါယ်ဖွင့်လို့ မရတော့တဲ့အတူတူ…. ဖွင့်ဆိုဖို့ ရန်ခက်ခဲတဲ့ အတူတူ အချိန်ကုန်ခံပြီး အချစ်ဆိုတာဘာလဲလို့  မေးမနေနဲ့ တော့…။ အချစ်က ရင်ထဲရောက်လာရင်ချစ်သာချစ်လိုက်…။ အချစ်က ဘာလဲလို့  စဉ်းစားတွေးခေါ်နေတဲ့ အချိန်တွေကို အချစ်ကြောင့် ရလာမဲ့ နောက်ဆက်တွဲ ကိုယ့်ဘဝနောင်ရေးအတွက်သာတွေးပြီး ကျရောက်လာမဲ့ အကောင်းအဆိုးအတွက် အားအင်တွေ မွေးပြီး ကြိုတင်ပြင်ဆင်ထားလိုက်…။
ရင်ဘတ်ထဲကို အချစ်ဝင်လာသူတစ်ယောက်အနေနဲ့  အချစ်ကဘာလဲ အဖြေထုတ်နေမဲ့အစား အချစ်နဲ့  မွမ်းမံထားတဲ့ လှပတဲ့ အနာဂတ်ခရီးတစ်ခုအတွက်ကိုသာ ကြိုတင်ပြင်ဆင်ရင်း လှပတဲ့ လမ်းကလေးကို လျှောက်လှမ်းကြပါစေလို့  ဆန္ဒပြုရင်း…………………….



♣ ♣ ♣ မေသဇင် ♣ ♣ ♣


0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်