ဒီအခါမှာ သူတောင်းစားလည်း ငိုယိုပြီး
စစ်သူကြီးကို ပြာပြာသလဲ နှဖူးမြေထိပြီး တောင်းပန်တာပေါ့
“ဘုန်းလက်ရုံး အာဇာနည်သွေးနှင့်ပြည့်စုံသော
သူရဲကောင်းမြတ်အရှင်စစ်သူကြီးရယ် ကျွန်ုပ်မျိုးဟာ
သာမန် သူတောင်းစားသာ
ဖြစ်ပါတယ်ဘုရား ၊
“ ကြံခြင်းကြံ သူတောင်းစား အချင်းချင်းသာ ပြန်ကြံမှာပါဘုရား
” ရယ်လို့ ဦးတင်ပြီး
ငိုယိုလျှောက်ထားသော်လည်း . . .
. . နှစ်ဦးစလုံးကို ခွေးဆွဲသလို ဆွဲသွားကြသတဲ့ . . . ။
ဒီကိစ္စကို အစအဆုံး မြင်တွေ့နေရတဲ့
၊ ခရစ်ယာန် ဘုန်းတော်ကြီးတပါးက ၀င်တားသတဲ့မြေးရဲ့ ။
ဒီလိုဝင်တားတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးကို
စစ်သူကြီးက ကိုယ့်နဲ့မဆိုင် ၀င်မရှုပ်ဖို့ ပြောသတဲ့
ခရစ်ယာန် ဘုန်းတော်ကြီးကလည်း သူ့နိုင်ငံ
မဟုတ်လေတော့ ဘယ်လိုမှ ကူညီပေးဖို့ တတ်မနိုင်
တဲ့အဆုံး “ ထာဝရ ဘုရားသခင်” ကို တိုင်တည်လေရဲ့ ။
“အို . . . . “ ထာဝရသခင် ”
ဤစာကိုရေးသော
အမောင်ငြိမ်းချမ်း၏ စိတ်ထဲတွင် နိုင်ငံတော်အား တော်လှန် ပုန်ကန်လိုသောစိတ်ထား အလျင်း
မရှိသည်ကို အကျွန်ုပ်ယုံကြည်ပါသည် “ အို . . . ထာဝရသခင် ” ထို့ကြောင့် ၊ ဤစာရေးသော
အမှု့မှ ခွင့်လွှတ်သော
သနားဂရုဏာဖြင့် ကင်းလွတ်ခွင့်ပေးပါရန် “ ထာဝရသခင်
” အား
တောင်းဆိုပါ၏ လို့း)း)း)
ဆုတောင်းပေးရင်း လှည့်ထွက်သွားသတဲ့ . . . . . . ။
အဲဒီအဖြစ်ပျက်ကို တရွာကပြန်ကြွလာတဲ့ ရှင်ဘုရင်ရဲ့ ဆရာတော်က အဝေးကနေ
မြင်သွားသတဲ့
“ဟာ” ဒါဆိုရင် အဖိုးကြီး သနားစရာပေါ့နော် အဖိုး . .
. . . . . ” အဖိုးပုံပြင်ထဲက စစ်သူကြီးရဲ့
လုပ်ပုံ မဟုတ်ပါဘူး အဖိုးရာ . .
. . လူကြီးကို ခွေးဆွဲသလို ဆွဲစရာလား ရက်စက်လိုက်တာနော်”
“ အော်မြေးရယ်. . . . . အဖိုးပြောတဲ့
ခွေးဆွဲသလို ဆိုတာ ငါ့မြေးထင်သလို လူကို ခွေးသေဆွဲသလို
ဆွဲသွားတာမျိုး မဟုတ်ဘူးကွယ့်
။ ခွေးက လူကို ရရာဆွဲသလိုမျိုး ဆွဲသွားတာကိုပြောတာ မြေးရဲ့ ။
“ အော် . . . . . အဖိုးပြောမှ ခွေးဆွဲသလိုမျိုးဆိုတာ
အခုမှ သဘောပေါက်တော့တယ် ” ဒါနဲ့ ”
ဘာဆက်ဖြစ်သေးလဲအဖိုး
. . . . . . . . . . ။
ဘာဆက်ဖြစ်ရမှာလည်း မြေးရာ ထုံးစံအတိုင်း
ထောင်ထဲကို ထဲ့ထားလိုက်တာပေါ့ ၊ မိန်ရာဟင်း
ကောင်း ခင်ရာဆွေမျိုး ဆိုတာ ငါမြေးကြားဖူးတယ်မဟုတ်လား
။ ထောင်ထဲကိုအသစ်ရောက်လာ
တဲ့ ၊အဖိုးကြီးကို အရင်ရောက်နေတဲ့ထောင်သားတွေက
ဒဏ်ရာတွေကို ပြုစုပေးရင်း သတင်းမေး
ကြတာပေါ့။ ဒီအခါမှာ အဖိုးကြီးက သူဟာအများအတွက်
အမုန်းခံပြီး ပြောရဲတဲ့ သတ္တိရှိသူ လူမျိုးကို
လိုချင်လို့ ၊ လိုက်ရှာနေကြောင်း ပြောပြတာပေါ့ ။ ဒီအခါမှာ ဘကြီးငြိမ်းနဲ့ အသက်အရွယ်တူ
အဖိုးကြီးတစ်ယောက်က ထပြောသတဲ့။ အကိုကြီးရေ အများအတွက်အမုန်းခံ ပြောရဲတဲ့ သတ္တိရှိ
သူကို အပြင်မှာရှာနေရင် ဘယ်တော့မှ
တွေ့မှာမဟုတ်ဘူး ရှာချင်ရင် အဲဒီလူတွေ ရှိတဲ့
နေရာမျိုး
တနေရာပဲရှိတယ်လို့ ၊ လှောင်ရယ်ပြီး
ပြောသတဲ့ ။ ဒီအခါမှာ ဘကြီးငြိမ်းက ၀မ်းသာအားရဖြစ်ပြီး
ဘယ်နေရာမှာ ရှာရမှာလည်းလို့ ၊ မေးလိုက်တဲ့အခါမှာ ၊ အဖိုးကြီးက ရယ်ပြီးပြန်ပြောလိုက်တယ်
၊
ဒီမှာ အကိုကြီး အများအတွက် အမုန်းခံပြောရဲတဲ့ သတ္တိရှိသူကိုရှာချင်ရင် “ထောင်ထဲမှာ
သွားရှာ ”
ခင်ဗျားလိုချင် တဲ့ ၊ အဲဒီလူတွေက
“ကျုပ်တို့တွေ အားလုံးပဲဗျ အပြင်မှာ မရှိတော့ဘူး
. . . ” ဟု
ပြောလိုက်တော့ . . . . . .
. ဘကြီးငြိမ်းတစ်ယောက် သဘောပေါက်သွားတယ်ကွယ့်
။ သက်ပြင်း
ကြီးကိုချပြီး ။ ငါလိုချင်တဲ့ သမက်တမျိုးတော့
ဘယ်လိုရှာရှာ အပြင်မှာ တွေ့နိုင်မှာမဟုတ်တော့
ဘူးလို့ ။ တွေးမိလိုက်သတဲ့ . .
. . . . . . . . ။
ဒီလိုနဲ့ ဘကြီးငြိမ်းလည်း အချုပ်အနှောင်က
လွတ်အောင် သံဗုဒ္ဓေဂါထာကို ပွားများနေသတဲ့
ဂါထာတန်ခိုး လှုပ်ဆူနှိုးက သိကြားပင်လျှင်
ဝတ်တွားအလျှင်တဲ့ မြေးရဲ့ ။
“ ဒါဆိုရင် ဘကြီးငြိမ်းကို သိကြားမင်း လာကယ်ရောလား အဖိုး ”
“ အဲ. . . . အဖိုးအထင်တော့ တရားသမားတွေကို
ကယ်ဖို့ သိကြားမင်း နားပင်းနေတယ်ထင်တာပဲ မြေးရဲ့
” ။
“ ဒါဆိုရင် ဘကြီးငြိမ်း ထောင်ထဲမှာ အကြာကြီး နေလိုက်ရလား အဖိုး
”
“ အဲ . . . . . . မနေရဘူး မြေးရဲ့
ညနေစောင်းတော့ သူ့ကိုဖမ်းသွားစဉ် အဝေးကနေ မြင်လိုက်
ရတဲ့ ဘုရင်ရဲ့ဆရာတော်ကြီးက ၊ ဤလူဟာ သူ့ကျောင်းမှာ
ဒုလ္လဘ၀တ်ဖူးတဲ့အပြင် သူတော်
ကောင်းလေးပါလို့ စစ်သူကြီးကိုရှင်းပြလည်း
မလွှတ်ပေးဘူးတဲ့ ။ နောက်တော့ တကာတော်
ရှင်ဘုရင်ဆီကိုဝင်လျှောက် လိုက်တယ်
ဘုရင်က အရှင်ဘုရားအာမခံ ပေတော်ထိုးပြီး ထုတ်သွား
နိုင်ပါတယ်လို့ပြောလိုက်တော့ ဆရာတော်ကြီးက
အာမခံ ပေတော်လက်မှတ်ထိုးပြီး ထုတ်ပေးလို့
လွတ်သွားသတဲ့
ငါ့မြေးရဲ့ ” ။
“ အော် . . . . . . တော်ပါသေးရဲ့နော်အဖိုး
. . . . . . . သူတော်ကောင်းဆိုပေမယ့် ဟိုခေတ်
ထဲက အာမခံကောင်းမှ
လွတ်တာကိုးဗျ ” ဒါနဲ့ ဘကြီးငြိမ်း လက်လျော့ပြီး ရွာပြန်ရောလားအဖိုး”
ဘယ်ပြန်လိမ့်မလဲကွယ် ၊ အမုန်းခံပြောရဲတဲ့
သတ္တိရှိသူကိုမရရင် လူတော်နဲ့လူကောင်း ရအောင်
ရှာမယ်ဆိုပြီး ၊ လင်းကြက်တွန်တာနဲ့
ဆရာတော်ကြီးကိုကန်တော့ ။ လူစည်ကားတဲ့ မြို့ထဲကို
သွားတာပေါ့ ၊ လူတော်ကို တလမ်းဝင်တလမ်းထွက် ရှာဖွေရင်း မိုးလင်းသွားသတဲ့ ။ လူတော်တွေ
ပေါသလောက် သူလိုချင်တဲ့ လူတော်မျိုး စိတ်ကြိုက်
မတွေ့သေးဘူးတဲ့ကွယ်။ ဒီလိုနဲ့ တနေရာ ၊
အရောက်မှာ အပူဒဏ်ကိုလည်း မမှု့ဘဲ ချွေးသံ တရွှဲရွှဲနဲ့ ကြိုးစားပန်းစားထုနေတဲ့ ပန်းပဲထုတဲ့
လူငယ် ၊ တစ်ယောက်ကိုတွေ့သတဲ့ ၊ ဘေးမှာလည်း
သူထုထားတဲ့ဓားပုံကြီးဟာ ခါးစောင်းလောက်
ရှိနေတယ်ကွယ့် တစ်လက်ပြီးတစ်လက်
ဇွဲကောင်းကောင်းနဲ့ မနားတမ်းထုနေသတဲ့ ။ ဘကြီးငြိမ်း
တစ်ယောက် ၊ ဒီလူကို သေချာကြည့်ရင်း
တွေးမိသတဲ့ “ ဒီလူဟာ” စိတ်ရှည် ဇွဲသန်ပြီး
ကြိုးစားတဲ့
လူတော်တစ်ယောက် ဖြစ်မှာတော့သေချာတယ်
၊ဒီလိုချောမောတဲ့ ရုပ်ရည်ကလည်းရှိ ဗလကလည်း
ကောင်း ၊ ဇွဲကလည်းရှိ ၊ ကြိုးစားအားထုတ်မှု
လုံ့လကလည်း သူထုထားတဲ့ ဓားပုံကို ကြည့်မိသော
အားဖြင့် နောင်တချိန် လူတော်ဖြစ်လာမယ့် လူငယ်တစ်ယောက်ပေပဲ ၊ ကာမပိုင် မိန်းမ ရှိ မရှိ စုံ
စမ်းဦးမှ ဆိုပြီး
၃ အိမ်ကျော်က မိန်းမတစ်ယောက်ထံမှာသွားစုံစမ်းသတဲ့ ၊ ယောက်ျားတစ်ယောက်
ကို ၊ ဘ၀လက်တွဲဖော်အဖြစ် လက်ခံနိုင်တဲ့
အရည်အချင်း ရှိ ၊ မရှိဆိုတာ ၊ မိန်းမများမှာစုံစမ်းမှ ပိုသိ
သတဲ့ ငါ့မြေးရဲ့ ။
ဒီလိုစုံစမ်းတော့ “ ဒီလူဟာ အထုသန်သလို ” ဇွဲလုံ့လ
ဝီရိယနဲ့ ပြည့်စုံတဲ့ “ လူတော် ”
တစ်ယောက် အသပြာရဖို့အတွက် အငှားလုပ်နေတဲ့
အလုပ်သမားဆိုတာ သိသွားတာနဲ့၊ဘကြီးငြိမ်း
တစ်ယောက် ၀မ်းသာ အားရနဲ့ ၊ ဒီလူရဲ့
ပညာကိုအားကျကြောင်း သူ့အိမ်မှာ အခုမှ ပန်းပဲဖိုအသစ်
စတင်တည်ထောင်သော်လည်း ၊ အဘကလည်း
အသက်ကြီးပြီ အိမ်က သမီးချောလေးကလည်း
ပန်းပဲအလုပ်နဲ့ မအက်စပ်တာကြောင့် ၊ အမောင်ဦးစီးပေးမည်ဆိုပါက
၊ သမီးလေးနှင့် ထိမ်းမြားပေး
မည့်အပြင် ပန်းပဲဖို လုပ်ငန်းကို
အမောင့်လက်ထဲအပ်ပြီး ဘကြီးငြိမ်း တောထွက်တော့မည်ဖြစ်
ကြောင်း အမျိုးမျိုးစည်းရုံး လိုက်တော့
၊ “သမီးလည်းရ ပန်းပဲဖိုလည်းပိုင်ဆိုင်ဦးမည်ဆိုတော့” ၊ ယခု
လိုက်ခဲ့မယ်ဆိုပြီး “ထုလက်စ ဓားတွေကို ပြစ်ချပြီး” လိုက်လာသတဲ့ကွယ် ။
ဒီလိုနဲ့ ဘကြီးငြိမ်းဟာ သူ့အိမ်ကို
ရောက်လာတာပေါ့ ဒီအခါမှာ ဘကြီးငြိမ်းဟာ “ ဒီလူရဲ့ အတွင်း
စိတ်အမှန်ကို” စမ်းချင်တာနဲ့ အိမ်ရှေ့ကနေ၀င်ရင်
သမီးဖြစ်သူက ၀မ်းသာအားရထွက်မကြို ရလေ
အောင် အိမ်ရှေ့ ခြံစည်းရိုး တံခါးဝကနေ
မ၀င်ဘဲ ၊ အိမ်နောက် ခြံစည်းရိုး တံခါးဝကနေ ၀င်သတဲ့ ၊
အိမ်နံဘေးရောက်တော့ တိုးတိုးတိတ်တိတ်
အသံနဲ့ “ အမောင်ဒီမှာ နေလင့်ဦး အဘပြန်လာတာ
သမီးချောလေး ရုတ်တရက် ၀မ်းသာသွားရလေအောင်
အိမ်ရှေ့ကို သွားပြီး ကြည့်လိုက်ဦးမယ်ဟု
တိုးတိုးပြောသတဲ့ ။ ဘကြီးငြိမ်းဟာ
အိမ်ရှေ့ကို ချောင်းသလိုလို ပြုလုပ်ပြီး ပြန်လာသတဲ့မြေးရဲ့ ။
ပြီးတာနဲ့ အမောင်ရေ အဘစဉ်းစားမိတယ်ကွယ် သမီးလေးက
အမောင့်ကိုမယူဘူးလို့ ငြင်းဆန်
ရင် ၊ အမောင်လည်း လိုက်လာရတာ အမောဖြစ်လိမ့်မယ်ကွယ် အဘလည်း မျက်နှာပူသတဲ့ . . .။
ဒီတော့ ဟိုတံခါးလေးလှစ်နေတဲ့ အခန်းက
အဘသမီးအခန်းပဲကွယ့် ။ လှစ်ထားတဲ့ တံခါးကို ဖွင့်ပြီး
သမီးကိုရအောင် အပိုင်ကြံတော့ကွာလို့ ပြောသတဲ့ ။ ဒီအခါမှာ လူငယ်က အဘပြောတာ တကယ်
လားလို့ ပြန်မေးသတဲ့ ။ ဘကြီးငြိမ်းကလည်း
မင်းသာရအောင်ကြံပါကွာ “ ငါ ကတိပေးတယ် ” လို့
ပြန်ပြောလိုက်သတဲ့ ။ ဒီအခါမှာ လူနှစ်ရပ်ကျော်မြင့်တဲ့
နဲနဲလှစ်ထားတဲ့ ပြူတင်းပေါက်ပေါ်ကို တက်
ဖို့ လူငယ်က ဟိုဟိုဒီဒီ ရှာဖွေသတဲ့
။ ဘာမှမတွေ့တဲ့အဆုံး အဘခဏထိုင်ပါလို့ ပြောသတဲ့ ။ ဘကြီး
ငြိမ်း ထိုင်တာနဲ့ တပြိုင်ထဲ လူငယ်က
ပုခုံးပေါ်နင်းပြီး သမီးအိပ်နေတဲ့ အိမ်အပေါက်ကို ဖွင့်ပါရော
မြေးရဲ့ ။ ဒီအခါမှာ ဘကြီးငြိမ်းက
အောက်ကနေ ဒီလိုတွေးရော မြေးလေးရ ။ ဒီသူငယ်ဟာ မိန်းမ
ကိစ္စနဲ့ပက်သက်ပြီး ငါရဲ့ခွင့်ပြုချက်ကို
စဉ်းစားတွေးခေါ်မှုမရှိဘဲ ၊ငါ့အသက်ကို အားနာမှု့မှမထောက်
ငါ့ပုခုံးပေါ်ကို နင်းတတ်လေပြီ ၊
နောင်တချိန် ငါ့ကိုပင် အာခံမည်မှာ မလွဲဧကန်ပင်ဖြစ်လိမ့်မည် . .။
အော်. . . . . “ လူတော်ဆိုတဲ့ ဒီလူ မျိုးဟာ
” “သူတော်ဖို့ သူကောင်းစားဖို့အတွက်” ၊ ယခုကဲ့သို့
“ ငါမမြင်နိုင်တဲ့ မည်သို့သော အမှားမျိုးကို
ပြုလုပ်ပြီး တော်လာတာ ” ငါ မသိသေး ပါတကားဟု . .
ဆင်ခြင်မိချိန် ၊ အိမ်ခန်းထဲက ဘကြီးရဲ့သမီးလေးဟာ
မှေးစက်ရာက လန့်နိုးပြီး သူခိုးသူခိုးလို့ ဟစ်
အော်လိုက်တဲ့ အခါမှာ လူငယ်ဟာ လန့်ပြီး
အဖိုးကြီး ပခုံးပေါ်ကဆင်းပြီး ထွက်ပြေးသတဲ့ . . . . .။
“ အဖိုးပြောသလိုဆိုရင် ၊ ဘကြီးငြိမ်း
ခွင့်ပြုလို့ ဖြစ်သလို ပြုမူမိတဲ့ လူငယ်မှာ
အပြစ်ရှိသလားအဖိုး”
“ အင်း . . . . . လူငယ်မှာ အပြစ်ရှိတယ်လို့တော့
အဖိုး မပြောလိုဘူးပေါ့ မြေးရယ် . . . . . . ။
“ ဒါပေမယ့်. . . .
“လူတော်ဆိုတဲ့” လူအများစုဟာ “သူတော်ဖို့ ”
“ သူ တိုးတက်ဖို့ ” ဆိုရင် အသက်ကြီးသည်
ငယ်
သည် ဆင်းရဲသည် ချမ်းသားသည် ပညာမဲ့သည်
ပညာရှိသည် ၊ ဆိုပြီး မခွဲခြားပဲ လူတော်ဖြစ်ချင်တဲ့
စိတ်နဲ့ လူတချို့ဟာ လှေခါးထစ်သဖွယ်
နင်းပြီးတက်သွားတတ်ကြတယ် မြေးရဲ့ . . . . . . . . . ။
“ အော်. . . . . . . ဒါဆိုရင် ဘကြီးငြိမ်း
ရှာဖွေနေတဲ့ သူတို့သား ၃ မျိုးထဲမှာ နှစ်မျိုးရှာပြီးပြီဆိုတော့
လူကောင်းဆိုတဲ့ သူတို့သားကိုရော
ဆက်ရှာသေးလားအဖိုး . . . . .နောက်ပြီး သတ္တိထဲမှာတောင်
အများအတွက် အမုန်းခံရဲတဲ့ သတ္တိမျိုးကို
ဘာလို့ရွေးတာလည်း အဖိုး . . . . ” ။
“ မြေးရယ် သတ္တိဆိုတာ အမျိုးမျိုး
ရှိတယ်ကွဲ့ အများအတွက် သတ်ရဲတယ် ဖျက်ရဲတယ် ဆိုတဲ့
သတ္တိ ဆိုတာ လူတိုင်းမှာ ရှိပေမယ့်
၊ အများအတွက် ရည်ရှည်အမုန်းခံပြီး ပြောရဲတဲ့ သတ္တိမျိုးဆိုတာ
လူတိုင်းမှာ မရှိဘူးကွဲ့ ။ ငါ့မြေးတို့ ခေတ်ကိုကြည့်ပါလား မှန်တဲ့လူဘက်ကနေ မားမားမတ်မတ်
ဘယ်သူက အမုန်းခံပြီး ရည်ရှည်မှာ လိုက်ပြောရဲသလဲမြေးရဲ့
။ သတ်ရင်သတ်လိုက်မယ် ဖျက်ရင်
ဖျက်လိုက်မယ် ၊ အမုန်းခံပြီး တော်ယုံမပြောတတ်ကြဘူး
မသိလိုပဲ ရှောင်တိမ်းနေတတ်ကြတာ ၊
ဒီခေတ် သဘာဝပဲလေမြေးရဲ့”
“ အော်. . . . . . . အများအတွက်
အမုန်းခံပြောရဲတဲ့ သတ္တိဆိုတာ လူတိုင်းမှာ မရှိဘူးကိုး
. . . . . ဒ
ါဆို လူကောင်းကို ဆက်ရှာသေးလားအဖိုး
. . . .”
ရှာတာပေါ့ကွယ် . . . ဒီတခါ ဘကြီးငြိမ်း
“ လူကောင်း ” ရှာဖို့ထွက်သွားလိုက်တာ အတော့ကို ကြာ
သွားတယ်ဆိုပဲ မြေးရဲ့ . . . . .
. . လ အတော်ကြာမှ ဘကြီးငြိမ်း အိမ်ကိုပြန်ရောက်လာတယ်ကွဲ့
အိမ်ပြန်ရောက်တော့ သမီးလေးက မေးတာပေါ့
၊“အဖ သမီးအတွက် လူကောင်းဆိုတဲ့ သူတို့သား
တွေ့ခဲ့ရဲ့လား”လို့ မေးသတဲ့ ။ ဒီအခါမှာ
မတွေ့ပါဘူး လုံမလေးရယ် ဆိုပြီး စိတ်ဓာတ်ကျကျနဲ့ညည်း
ငြူရင်း ကုလားထိုင်ပေါ်ကို လှဲချလိုက်သတဲ့
၊ ခဏနေတော့ ဘကြီးငြိမ်းရဲ့ ရှေ့တည့်တည့်မှ မှန်ခေါ်
ကြေးမုံပြင်ကြီးဆီကို အကြည့်ရောက်သွားသတဲ့
၊ ဘကြီးငြိမ်းဟာ ကြေးမုံပြင်ထဲကဇရာအိုလို့ပါးရည်
တွေတွန့်နေတဲ့ ၊ သူ့ ပုံရိပ်ကိုကြည့်ရင်း ၊ နှုတ်ကနေ ရည်ရွတ်မိသတဲ့ .
. . . . “ အော် . . . . . . . .
ပါးရည်တွန့်နေတဲ့ ဒီအရွယ်အထိ လူကောင်းဆိုတာ မတွေ့ဖူးသေးပါလား . . . . . . .
. . . . . . . .
“ ဒါဆို ” . . . . . ငါကရော လူကောင်းလား
၊ မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ် ပြန်မေးမိတော့ . . . . . .
ငါလည်း
. . . . . . လူကောင်း စစ်စစ် မဟုတ်ပါလား . . . . . လို့ ရည်ရွတ်မိသတဲ့ ၊
ကိုယ့်ကိုကိုယ် လူကောင်းဟု နှိုင်းကြည့်ပါသော်လည်း “ နှိုင်းမရ ”တဲ့ ကြေးမုံပြင်ထဲက
သူ့ရုပ်ပုံကို စိတ်ပျက်စွာကြည့်ရင်း
အနားယူဖို့ အိပ်ခန်းထဲကို လှမ်းဝင်သွားသတဲ့ မြေးရေ . . . . . ။
“ ဒါဆိုရင် ဘကြီးငြိမ်းရဲ့ သမီးလေးက ဘယ်သူနဲ့မှ မညားဘူးပေါ့နော် အဖိုး . .
. . . . . .”
“ ညားသွားတာပေါ့ မြေးရဲ့ . . .
. . အခုခေတ်လို ပိဋိကတ်တော်ဦးတင်ပြီးကျိန်ရဲသလို
ဓာတ်တော်ရွက်ပြီးလဲကျိန်ရဲပါတယ်ဆိုတဲ့ ချစ်ခွင့်ရဖို့ မုသားပြောတဲ့ သူမျိုးတွေမဟုတ်သလို
ငါ့မြေး ငယ်ငယ်က ဖတ်ဖူးတဲ့
“ ရွှေသွေး ” “ တေဇ ” ရုပ်စုံ မဂ္ဂဇင်းတွေထဲက ၊ ဆင်ပုံပြင်လို
ဆင်ဖြူဟာ ဆင်မဲတွေကို
လွှမ်းမိုးနိုင်တာကြောင့် ၊ ဆင်ဖြူပိုင်ရင်ဆင်မဲတွေကိုနိုင်ပီပေါ့ ။
ဆိုတဲ့ အတွေးမျိုး
ရှိတဲ့ သူနဲ့ ညားခဲ့တာလည်း မဟုတ်ဘူး မြေးလေးရဲ့ . . . . . . . . . . .
ဘယ်လိုပြောရမလဲကွယ် ဖူးစာပြည်လည်တာပေါ့ကွယ် ” ။
“ အာ . . . . . အဖိုးကလည်း ဖူးစာရွာလည်ပါဗျ . . . .
. . .”
“ ဒီလိုကွဲ့ မြေးရဲ့ ဘကြီးငြိမ်းက
ဒီနိုင်ငံမှာ လူတော်တွေ လူကောင်းတွေ မတွေ့တော့
သူ့သမီးလေးရဲ့ နှဖူးစာကို ဒီရွာမှာ မလည်စေချင်ဘူးလေ ဒါနဲ့ သူ့ကို မေတ္တာထားဖူးတဲ့
ခရစ်ယာန် ဘုန်းတော်ကြီး အကူအညီနဲ့
ပြည်ပကို ပညာတော်သင်ထဲ့ပေးလိုက်တယ်ကွယ့်
ပြည်ပမှာ သူ့သမီးလေးဟာ အသက် နှစ်ဆယ်ကျော်တဲ့အထိ ပညာသင်ရင်း
အိမ်ထောင် ၊
မပြု ဖြစ်ဘူးကွယ့် ၊ သူ့အဖ
မှာသလိုပဲ သတ္တိရှိတဲ့လူ လူတော် လူကောင်း ဆိုတဲ့
လူတွေ
ကိုလည်း ရွေးချယ်နေတယ် ထင်ပါရဲ့ကွယ် . . . . . . . တနေ့တော့
ပြည်ပနိုင်ငံမှာ ငလျင်
အပြင်စားနှင့် အတူ ၊ ကြူမီငှာ ဆိုလား
၊ ဆူမီနာလား အကြီးအကျယ် လှုပ်သတဲ့ ။ အဲဒီလို
ဆူမီနာလို ကြူမီငှာ လိုလို အမည်နဲ့ ငလျင်သတင်းကြားတော့ . . .ဘကြီးငြိမ်းတစ်ယောက်
သမီးလေးအတွက်
စိတ်ပူပြီး သူ့သမီးလေးသတင်းကို စုံစမ်းကြည့်တော့
မြန်မာပြည်ကို ပြန်
ပို့လိုက်သလိုလို အမေရိက နိုင်ငံထဲကို
ရောက်သွားသလိုလို သတင်းရတယ်ကွဲ့ ။ အဲ. . .
.
၂ လ ၃ လ ကြာတဲ့အခါမှာ . . . သူ့သမီးလေး အိမ်ထောင်ကျတာ တလလောက်ဖြစ်နေပြီ
ဆိုတာ သိလိုက်ရတော့ ၊ ဘကြီးငြိမ်းပိုပြီး
စိတ်ပူသွားတာပေါ့ကွယ် ။နောက်တော့လိပ်စာ
တွေ ၊ စုံစမ်းပြီး အဆက်အသွယ်လုပ်ကြည့်ပြီး
သမီးလေးကို မေးတာပေါ့ကွယ်. . . . . ။
လုံမလေးရေ
လုံမလေးလိုချင်တဲ့ နတ်သားလေးတွေများရတာလား ၊ ဒါမှမဟုတ် သတ္တိ
ရှိတဲ့လူလား လူတော်ကိုရတာပဲလား လူကောင်းနဲ့ ညားတာပဲလားပေါ့ လူဆိုးနဲ့ စုံသွားပြီး
လားပေါ့ . . . . . အဖလိုချင်တဲ့ စိတ်ကြိုက် သမက်မျိုးထဲက
သတ္တိရှိရှိ လူတော် လူကောင်း
ဖြစ်ရင် အဖကျေနပ်ပါပီလို့ စက်သေနတ်ပြစ်သလို မေးတော့ .
. . . . .သူ့သမီးလေးက ဒီလို
ပြန်ဖြေတယ် မြေးရဲ့. . . . . .။
“ အဖရယ် . . . . . . အဖလိုချင်တဲ့ လူမျိုးကို လိုက်ရှာရင်
ဒီတသက် သူတို့သားတွေ့မှာ
မဟုတ် အဖရေ . . . . . . . . ဒါနဲ့ သမီးအကြိုက် အဆင်ပြေတာလေးကို
ယူလိုက်မိတယ်
အဖရေ. . . . . . .ညားကာစ ဖြစ်လို့လားမသိပေါ့
အဖရယ်. . . . . . အခုအချိန်မှာ . . . . . .
သမီးအတွက်တော့ . . . . . . . . . သတ္တိရှိရှိ . . . . . . အနေတော်လေးနဲ့ . . . . .
. .
ကောင်းနေပါတယ် . . . . . . . အဖရယ်. . . . . . .
ဘကြီးငြိမ်းတစ်ယောက် . . . . . ဘာဆက်ပြောရမှန်းမသိ
. . . . သူ့သမီး ဖြေလိုက်တဲ့ . . .
သမီးအကြိုက် အဆင်ပြေတာလေးကို ယူလိုက်မိတယ်အဖရေ.
. . . . . . ညားကာစ
ဖြစ်လို့လား မသိပေါ့ အဖရယ်.
. . . . . အခုအချိန်မှာ သမီးအတွက်တော့ . .
. . . . .
သတ္တိရှိရှိ . . . . . . အနေတော်လေးနဲ့
. . . ကောင်းနေပါတယ် . . . . . . . အဖရယ်. . . . .
ဆိုတဲ့ စကားသံလေးကို ဘကြီးငြိမ်း ဘာသာပြန်ရင်း . . . . . . . သို့လော
. . . . သို့လော
နေ့တိုင်းတွေးနေလေရဲ့ ငါ့မြေးရယ်. . . . . . . . . . . . .း)း)း)
တွဲဘက်ရေးသူ . . . . . . ဂျူပီတာ ရင်မောင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်