ပြည့်ဝစွာ ထွန်းလင်းတောက်ပနေသော
ကောင်းကင်မှ လ၀န်းကြီးကို ကျွန်တော်ငေးကြည့်နေရင်း
ဝသန်မိုးဦး၏ လေအေးကြမ်းကြမ်း ဝှေ့ယမ်းလာသည်ကိုပင်
ကျွန်တော်သတိ မထားမိတော့ပေ ။
အေးစက်သော လေကြမ်းနှင့်အတူ တိမ်မဲတို့သည်
၊ ကျွန်တော်ငေးကြည့်နေသော လ၀န်းကြီးကို
ကွယ်ဝှက်ရန် တိမ်တိုက်မဲတို့သည်
တရွေ့ရွေ့ ချီတတ်လာကြသည် ။ ကောင်းကင်မှ မိုးစက်လေး
တချို့သည် လ၀န်းကို ငေးကြည့်နေသော ကျွန်တော့် မျက်နှာပေါ်သို့ ကျဆင်းလာသည့်တိုင် .
. .
အိမ်ထဲကို ပြေးဝင်ရမှန်းမသိအောင်
ကျွန်တော့်၏ စိတ်တို့သည် ပျံ့လွင့်နေပါတော့သည်
. . . . . .
ထိုစဉ် . . . . “မြေးရေ . . . .
. ရင်မောင် . . . မိုးဖွဲကျနေပြီမဟုတ်လား အိမ်ထဲဝင်တော့လေကွာ”
အိမ်ပေါ်မှ အဖိုး ခေါ်သံကြားမှ သတိလေးတချက်
ပြန်ဝင်လာကာ လေးတွဲသော ခြေလှမ်းများနှင့်
အတူ ၊ အိမ်ပေါ်တက်၍ လှဲလျောင်းနေသောအဖိုးအား နင်းနှိပ်ပေးရန် အိပ်ယာဘေးသို့
ဝင်ထိုင်
လိုက်ပါသည် ။ လေအေးနှင့်အတူ ၊ အိမ်ဘေးနွားတင်းကုတ်ထဲတွင်
ဖိုထားသည့်မီးဖိုမှ မီးခိုးငွေ့တို့
သည် ၊ ခေါ်ဆောင်ရာ လေညှင်းနှင့်အတူ အိမ်ထက်တွင် ပျံ့၍ လွင့်၍ တိုးဝင်၍ . . . . . .
. . . ။
ထိုအချိန်တွင် နင်းနှိပ်ပေးသောကျွန်တော့်ကို
မပျင်းစေရန် ပုံတိုပတ်စလေးတွေ အဖိုး ပြောပြ
တတ်သည်မှာ နေ့စဉ်နှင့်အမျှပင် . . . . . . ။
အိုမင်း၍ တုန်ရီနေသော အဖိုး၏ပုံပြောသံကို သေချာနားစွင့်ရင်း ဇရာကြောင့်ပျော့တွဲနေသော
အဖိုး၏ ခြေသလုံးနှင့် ပေါင်သားလေးတွေကို မနာကျင်စေရအောင် ဂရုစိုက်၍နှိပ်နယ်ပေးရင်း
အဖိုးပြောပြသော ပုံပြင်လေးမှာ .
. . . . . . ။
ဟိုး . . . . . တချိန်က အဖိုးရဲ့ဘိုးဘေတွေကြုံခဲ့ဖူးတဲ့ ၊ ပဒေသရာဇ်စနစ်ခေတ်လို့
ပြောလို့ရတဲ့
ခေတ်ကပေါ့ ၊ တောရွာလေးတရွာမှာ ငြိမ်းချမ်းဆိုတဲ့
လူတစ်ယောက်ရှိသတဲ့ ။ အိမ်ထောင်မရှိတဲ့
လူလတ်ပိုင်းအရွယ်
ကိုငြိမ်းချမ်းဟာ လသားအရွယ်ကလေးတဦးကို သနားပြီး
မွေးစားမိသတဲ့ ။
ဒီလိုနဲ့ ကိုငြိမ်းချမ်းတစ်ယောက် အသက်ကလေးရလာသလို ၊ သူ့သမီးလေးလည်း
မိန်းကလေး
တို့၏ဥစ္စာ အဆင်း ရူပကာနဲ့
ပြည့်စုံလာတာပေါ့ မြေးရယ် . . . . . . . . . . ။
“အော်. . . . အော်ဆိုသော ရည်ရွတ်မှုနှင့်အတူ
မေးမြန်းထူတတ်သောကျွန်တော့် ၊ ဦးခေါင်းကို
ကုတ်ရင်း အဖိုးအား နားမလည်၍မေးလိုက်ပါသည်
” ။ “ အဖိုးပြောတဲ့ ပဒေသရာဇ်စနစ်ခေတ်
ဆိုတာ ဘယ်လိုခေတ်မျိုးလည်း အဖိုးရ
။
“အော်. . . ငါမြေးက ပဒေသရာဇ် စနစ်ခေတ်ဆိုတာ နားမလည်ဘဲကိုး ။ ဒီလိုကွဲ့ ပဒေသရာဇ်စနစ်
ခေတ်ဆိုတာက ငါ့မြေးအလွယ်ဆုံး နားလည်အောင်ပြောရရင်
၊ ကိုယ့်ဆွေမျိုး ကိုယ့်မောင်နှမ ကိုယ့်
လူမျိုး ဖြစ်နေပါစေ ကိုယ်ကောင်းဖို့အတွက်
သတ်ဖျက်ပြစ်တဲ့ ခေတ်ကိုပြောတာပေါ့ကွယ်။ ရှေးအခါ
တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့လူတွေနဲ့
အရာရှိ မူးကြီးမတ်ရာသေနာပတိတွေဟာ သူရဲကောင်း
တွေကို မြှောက်စားသလို ၊ အစွမ်းထက်လွန်းတဲ့ သူရဲကောင်းတွေကိုလည်း
မယုံသင်္ကာဖြစ်ပြီး
သတ်ဖျက်ပြစ်တတ်ကြတယ် ။
သတ်တယ်ဆိုတာကလည်း ဘုရင်နန်းစည်းစိမ်းကိုလုမှာကြောက်လို့
အကွပ်ဆင်ပြီးသတ်ပြစ်တတ်သလို ။ ရာထူးဂုဏ်ကို
လိုချင်လို့ ကုန်းချော သတ်ပြစ်တတ်တာလည်း
ရှိတယ်ကွဲ့ ။ ရှင်ဘုရင်ရဲ့ အာဏာစက်
ဘယ်လောက်အထိ ထက်မြက်သလဲဆိုရင် သူအုပ်ချုပ်တဲ့
တိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူဆိုတာ
မှားမှားမှန်မှန် သေဆိုသေ ရှင်ဆိုရှင် အဲလောက်အထိ အာဏာ
ပြီးမြောက်တယ်ကွယ့် ။ မြေးလေးတို့
အခုခေတ်နဲ့ မတူဘူးပေါ့ကွယ် ၊။ အဲဒီအချိန်က မြန်မာပြည်မှာ
အင်္ဂလိပ် ကုလား တရုပ် လူမျိုးစုံ
ကုန်သွယ်ရေးအရ ကူးသန်းသွားလာရှုပ်ထွေးနေတာလည်း ပါတာ
ပေါ့ကွယ် . . . . .။
“အော . . . . ပဒေသရာဇ်စနစ်ခေတ်ဆိုတာ
ဒီလိုကိုး . . . . . ဒါနဲ့ အဖိုး အခုပြောတဲ့ လူလေးတို့
ခေတ်ဆိုတာ ကျွန်တော် နားမလည်သေးလို့ ရှင်းပြပါလား အဖိုးရဲ့ . . . . . ။
“ ရော . . . . ခက်ပါလားမြေးရဲ့ ခေတ်လူငယ်ဖြစ်ပြီး
အဖိုးကိုပြန်မေးနေသေးတယ် ။
ကဲ . . . ဟုတ်ပီ . . . . . . .
အဖိုးလည်း သေချာတော့မသိဘူး သိသလောက်တော့
ဖြေရတာပေါ့ကွာ ။အဖြေနိုင်ရင် ကျောက်စာ
ခေတ်ကလူတွေ သိက္ခာကျတယ်ကွ ။ ရွာတောင်ပိုင်းက ပြည်ပကိုထွက်သွားတဲ့
မြေးရဲ့သူငယ်ချင်း
ငတားတေကို သိလား
“ ဟုတ်ကဲ့ အဖိုး ”
“ အေး . . . . အဲဒီကောင်လေး ဟိုတလောက မြေးလေးမရှိချိန် ရွာကိုပြန်လာသေးတယ် ၊ ၀လို့
လှလို့ပေါ့ကွာ ၊ သူ့နာမည်တောင် အင်္ဂလိပ်လို
ပြောင်းထားတယ်ဆိုပဲကွ” ။ ဘာတဲ့” စကပ် ဆိုလား
စတပ်ဆိုလားဘဲ ။ အေး . . . အဲဒီကောင်လေး
ရွာကိုပြန်လာတော့ အဖိုးကို လာပြီးကန်တော့တယ်
သူ့ကိုမြင်တော့ အဖိုး တော်တော်လေးကို အံ့သြသွားတယ်ကွ ။ အဖိုး
ငယ်ငယ်ကဆို ရောင်ထုံးနဲ့
နားကပ်ကြီးနဲ့ ရင်ဘက်မှာ အာဋ္ဌာဝကရုပ်
ပေါင်မှာက ထိုးကွင်းနဲ့ကွ ၊ ဒါပေမယ့်ဗလတော့မရှိဘူး
ဗေလုဝ လိုပေါ့ကွာ . . . . ။ အဖိုး ခါးထောင်းကိုကျိုက်
ခါးထောက်ပြီး ရပ်ကြည့်လိုက်ရင် အကြောင်း
မသိတဲ့ တနယ်သားဆိုတဲ့ကောင်တွေ ၃
ရက်လောက်ဖျားသွားတာကွ ဟားးးးးးးးးး ။
“ အဖိုးကတော့ဗျာ . . . .ဟားးး
းးးးးးးး ” ။
“ ဒါပေမယ့် . . မြေးရဲ့ အဖိုးလေ
၊ ငတားတေလာကန်တော့တုန်းက အဖိုးသူ့ကိုမြင်တော့ ကန်တော့
ခံရင်း ဒူးတွေ တုန်နေတယ်ကွ ၊ အဖိုးနားဖောက်တုန်းက
သေးသေးလေးတစ်ပေါက်ထဲ နာလိုက်တာ
မပြောနဲ့တော့မြေးရာ ကြောက်လိုက်တာလွန်ရော ။ ငတားတေမှာကျတော့ ဖောက်ထားလိုက်တဲ့
နားပေါက်တွေ ၈၈ အရေးအခင်းတုန်းက ကျောင်းသားတွေကို ဦးနေ၀င်းတပည့်တွေ စက်လက်နဲ့
ကုပ်ထားသလို ၊ ငတားတေမှာလည်း အဲလိုပဲ
၊ တစ်ကိုယ်လုံး အပေါက်တွေ ၊ ဖောက်ထားလိုက်တာ
နားမှာ ၆ ပေါက် နှာခေါင်းတွေမှာရော လျှာတွေမှာရော
နှုတ်ခမ်းတွေမှာရော မျက်ခုံးတွေမှာပါ
စုံလို့ ဒါနဲ့ အဖိုးက ကောင်လေးစတပ် မင်းမှာအပေါက်တွေရှိသေးလားလို့မေးတော့
သူကပြန်ပြော
တယ် ။ ရှိတာပေါ့အဖိုးရာဆိုပြီး ၀တ်ထားတဲ့အ၀တ်တွေ
ချွတ်ပြတယ် နဲတာမဟုတ်ဘူး ဖောက်ထား
တာ မြေးရယ် ။ ဒါတောင် သူကပြောသေးတယ်
ကျွန်တော်ငရဲကြီးမှာဆိုးလို့ ထပ်ပြီး မချွတ်ပြတာ
ဆိုပဲ . . . . .။
သူ့ကိုယ်ခန္ဓာကိုယ်ပေါ်မှာလည်း အပြည့်ထိုးထားတဲ့
အရုပ်တွေဆိုတာ အဖိုးအထင်တော့. . .
တင်ပါးတောင် လွတ်မယ်မထင်ဘူးကွယ့်
။ ဒါနဲ့ အဖိုးကငယ်သွေးတွေ ကြွပြီး . . “ ဟေ့ ငတားတေ
မင်းကိုယ်ပေါ်က အရုပ်တွေက အဖိုးထိုးထားတဲ့
အာဋ္ဌာဝကဘီလူးရုပ်လောက် အစွမ်းထက်ပါ့မလား
မေးတော့ ။ စွမ်းတာပေါ့အဖိုးရ ဆိုပြီး သူထိုးထားတဲ့ အရုပ်တွေ အစွမ်းကို ရှင်းပြတယ်
မြေးလေးရဲ့
ရင်ဘက်မှာထိုးထားတဲ့ မိန်းမပျိုအရုပ်ကို
ကြည့်မိရင် ဆော်ကြည်တယ်ဆိုပဲ ။ “ခြေသလုံးမှာ ထိုး
ထားတဲ့ မိန်းကလေး ဗိုက်ကြီးသည်ရုပ်က ပိုစွမ်းပြန်ရောတဲ့ ။ တော်ရုံ ကလေးမမွေးနိုင်တဲ့
မိန်းက
လေး ၊ တွေ့ရင် အဲဒီအရုပ်ထိုးထားတဲ့ ဒီခြေထောက်နဲ့ နှစ်ချက်လောက်စောင့်ကန်ရင် ချက်ခြင်း
မွေးရောဆိုပဲ” နောက်ကျောမှာထိုးထားတဲ့
ကျားရုပ်က အသက်ကိုလုံခြုံစေတယ်တဲ့ ။ ပြည်ပမှာဆို
တော့ အသက်အန္တရယ်များတော့ သူအိပ်တဲ့အခါတိုင်း
အင်္ကျီချွတ်ပြီးမှောက် အိပ်တယ် တော်ယုံ
လုပ်ကြံဖို့ အိမ်ခန်းထဲကို ၀င်လာတဲ့ကောင်ဆို ကျောကုန်းက ကျားရုပ်ကိုမြင်တာနဲ့
၇ ရက်လောက်
ဖျားရောဆိုပဲ မြေးရဲ့ ။ လက်မှာကျတော့
ဝက်မှီးရုပ်ထိုးထားတယ် ၊ ဘာတဲ့” လူပျိုလက် ၀က်မှီး
ဆိုသလို ဆေးစွမ်းထရင် လျှင်တယ်ဆိုပဲ . . . . . . ။
ဒါနဲ့ မင်းတို့ခေတ်က တို့ခေတ်ထက်
ဆေးစွမ်းတွေ ပေါသကိုး ပြောတော့ . . . . . .
စွမ်းတာပေါ့ အဖိုးရာ အိမ်သာနက်ခေတ်ဆိုလား အင်တာနက်ခေတ်ဆိုလားပဲကွ ။ ဒါနဲ့ အင်တာ
နက် ခေတ်ဆိုတာ ဘာလဲမေးတော့ ၊ ကုန်ပြုတာတစ်လုံးနဲ့ မိုးပေါ်ကသိကြားမင်းတွေ
ပါဝါလောက်
ဖန်တီးလို့ရတယ်ဆိုပဲ မြေးရဲ့ ။ ဒီတော့
အဖိုးရဲ့မြေးကိုလည်း ၊ အဲဒီ ပါဝါ တန်ခိုးတွေ ရစေချင်တာနဲ့
ဒီလိုဖန်တီးလို့ ရအောင် ဘယ်လိုလုပ်ရမလည်း
မေးတော့ အရင်ဆုံးငွေဆယ်သိန်းလောက်လိုတယ်
ဆိုပဲ ပြီးတာနဲ့ အိမ်သာနက်ဝယ်ပြီး
ချိတ်ရမယ်တဲ့ကွ ၊ ဒီထက်အရေးကြီးတာ တစ်ခုပြောသေးတယ်
အိုင်ကြူ များများရှိရမယ်ဆိုဘဲ ။
အိုင်ကြူဆိုတာ အဖိုးက ဘယ်နားလည်မလဲ မြေးရဲ့ ။ဒါနဲ့ အိုင်ကြူ
များများဆိုတာ ဘာလဲ ငတားတေရဲ့ မေးတော့
၊ အိုင်ဆိုတာက ကျွန်ုပ် ကြူဆိုတာက ကြူနိုင်ရမယ်
ဆိုပဲ ။ အဖိုးမရှင်းလို့ ထပ်ပြီးမေးတယ်
ကြူတယ်ဆိုတာ ဘာလဲပေါ့ မြေးရာ ။ အီစီကလီ လုပ်တာတဲ့
အီစီကလီဆိုတာ ဘာပြောတာလဲမေးတော့
၊ တော်ကီပွားတာ ဆိုပဲကွ တော်ကီဆိုတာ ဘာလဲမေးရ
ပြန်တာနဲ့ ၊ အဖိုးကတော့ ချီးထုတ်ပဲဗျာဆိုမှ
၊အော. . တားတေရာ မင်းနဲ့ အခုလိုစောစောက ပြော
ရောပေါ့ ၊ ကြူတယ်ဆိုတာ အိမ်သာနက်ကို
ဝယ်ပြီး ချီးထုတ်နဲ့ညစ်ပက်အောင်လုပ်တာကိုပြောတာ
ကိုး ၊ ဟားးးးးးးး ။ ဒီလိုရယ်တော့
. . . . .မဟုတ်ပြန်ဘူးတဲ့ မြေးရဲ့ ။ဒါနဲ့ ငတားတေ အဖိုးက
ဗုဒ္ဓဘာသာ မြန်မာလူမျိုးလည်းဖြစ် ရှေးလူကြီးကလည်း ဖြစ်ပြန်တော့ ငါ့ကိုတရားသဘောလေးနဲ့
နားလည်အောင် ရှင်းပြစမ်းပါ ဆိုမှ
၊ အဖိုး စောင့်တည်တဲ့ သီလခေါ် အနည်းဆုံးကိုယ်ကျင့်တရား
ငါးပါးသီလထဲက မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ
သမာဒိယာမိ ဆိုတဲ့ ၊ ကိုယ်ကျင့်တရားတပါးကို
မ တစ်လုံးဖြည့်ဆွတ်ပြီး ၊ မုသာဝါဒါ
ဝေရမဏိ သိက္ခာပဒံ မသမာဒိယာမိလို့ စောင့်စည်းပြီး ပြောတာ
ကို ကြူတာလို့ ခေါ်တယ်ဆိုပဲ မြေးရဲ့
၊ အဲဒါမှလဲ နတ်တမျှ လိုသလိုဖန်းတီးလို့ ရနိုင်တယ်ဆိုဘဲကွ”
လိမ်တာပေါ့မြေးရာ ဟားးးးးးးး . . . . .။
“ အာ . . . . . အဖိုးရာ ကိုယ့်ငွေနဲ့ကိုယ် အကုသိုလ်ဝယ်နေတဲ့ နည်းပါလားဗျ
” ဟားးးးးးးး
အဟုတ်မှတ်လို့ နားထောင်နေတာ
ငတားတေက အဖိုးကို တိုင်ပတ်အောင် လုပ်သွားတာကိုးဗျ
ဟီးးးး ဒါနဲ့ အဖိုးရဲ့ ပုံပြင် ဆက်ပြောပါဦးဗျ .
. ။
“ ဟေ ” ဘာလဲကွ တိုင်ပတ်အောင်လုပ်တာ
”. . . . . . ကဲပါ ဒါထားလိုက်တော့ ပုံပြင်
ဆက်ပြော
ရရင် ဘယ်အနားရောက်သွားပါလိမ့်ကွာ
. . . . . . အော် . . . . ဒီလိုကွဲ့မြေးရဲ့ . . . . . .။
တနေ့တော့ ဘကြီးငြိမ်းချမ်းတစ်ယောက်
ရှင်ဘုရင်ကိုးကွယ်တဲ့ ဆရာတော်ကြီးကျောင်းမှာ ၊
ဒုလ္လဘအဖြစ် ရဟန်း ၇ ရက်ဝတ်ပြီး လူပြန်ထွက်လာသည့်နောက်
. . . ၊ လှချင်တိုင်း လှနေ
တတ်တဲ့ ပန်းလေးတစ်ပွင့်ပမာတူတဲ့ သူ့သမီးလေးကို သေချာကြည့်ပြီး စကားပြောရန် ခဏ
ခေါ်သတဲ့ . . . . . . . . ။
သမီးလေးရေ အဖလည်းအသက်ကြီးပြီ အဖမသေခင်
ငါ့သမီးလေးကို အိပ်ထောင်ချပေးမကွယ်
ဒီအခါမှာ သမီးလေးက ပြန်ပြောသတဲ့
။“အဖရယ် သမီးအသက်က အခုမှ( ၁၂ ) အရွယ်ပဲရှိပါသေး
တယ်တော် ”။
အဲဒီအခါမှာ ဘကြီးငြိမ်းချမ်းက ကျမ်းစာအုပ်ကိုဖွင့်ပြီး စာတစ်ပိုဒ်ကို
ရွတ်ပြသတဲ့ “၁၂ နှစ်
အရွယ်ဆိုတာ သတို့သမီးကုမာရီအရွယ်လို့ ခေါ်သကွယ့်သမီး . . . . . ဒီတော့ အဖသမီးလေးက
သတို့သမီးအရွယ်ဖြစ်လို့ သတို့သားရှာပေးဖို့ အဖမှာ တာဝန်ကျလာပေါ့ကွယ်”
. . . ။
ဒီအခါမှာသမီးလေးက သူ့ကိုယ်သူ
သေချာပြန်ကြည့်ရင်း ဇဝေဇ၀ါဖြစ်သွားသတဲ့
၊ ဒီလိုနှင့် သူဖတ်ဖူးသည့်စာအုပ်ထဲမှ စာကြောင်းလေး
တစ်ကြောင်းကို ပြန်တွေးမိသတဲ့ ၊
သားတရာပင် မွေးပေးနိုင်သော်လည်း လင်မရှိသော
မိန်းမမှာ
အချည်းအနှီးပင်ဖြစ်၏လို့ ဖတ်ဖူးသတဲ့
။ ဒါနဲ့ ဘေးအိမ်က ၁၆နှစ်အရွယ် ကောင်မလေးလင်နောက်
လိုက်သွားတာကို ပြန်တွေးရင်း ၊ အဖသဘောပါလို့ပြန်ပြောလိုက်သတဲ့
. . . . . . . . ။
“ ဒါဆိုရင်အဖိုး အခုခေတ်
အပျိုကြီးတွေ လူပျိုကြီးတွေ ပေါနေတာ “ဂုဏ်ယူရမှာပေါ့နော်”
း)း) ။
“ ဟုတ်တာပေါ့ ငါ့မြေးရယ် သုတေသန
သရုပ်ပြအဘိဓာန်ကျမ်းရဲ့ ရှေးစာအရ ( ၁၅ )နှစ်ကျော်ရင်
“ လူပျိုကြီး အပျိုကြီးလို့
ဆိုသကွယ့်မြေးရဲ့” ။း)း)း)
“ ဒါကြောင့်ဖြစ်မယ် အဖိုးရ ကျွန်တော့်သူငယ်ချင်းတွေ ၁၆ ၊ ၁၇ နဲ့ အိမ်ထောင်ပြုသွားကြတာ
သားသမီးတွေ အနေနဲ့ အပြစ်မရှိဘူးပေါ့နော်
အဖိုး . . .။ ကျွန်တော်ဒီလိုမေးတော့ အဖိုးက ဘာမှ
ပြန်မပြောဘဲ ဟားတိုက်ရယ်ပြီး သူ့ပုံပြင်လေးကို ဒီလိုဆက်ပြန်တယ် . . . . . . . . . . . . . . .
။
အဖသဘောပါလို့ ပြန်ပြောလိုက်တဲ့ ၊ သမီးလေးဟာ ခဏလေးငြိမ်နေပြီး ကောင်းကင်ပေါ်ကို
ငေးကြည့်ရင်း တိုးတိုးလေး ပြန်ပြောသတဲ့
. . . .အဖရယ် သမီးရဲ့ ချစ်သူဟာ ကောင်းကင်ပေါ်က
နတ်သားလေးတွေဖြစ်ရင် အရမ်းကောင်းမှာပဲနော်လို့ . . . .ပြောသတဲ့ ။ ဒီအခါမှာ
ဘကြီးငြိမ်းက
အော် သမီးရယ် “ ကိုယ်မမြင်ရတဲ့
“ ကောင်းကင်”ပေါ်က နတ်သားလေးတွေဆိုတာ ပျိုမှန်းမသိ
အိုမှန်းမသိ ၊ ဘယ်အရပ် ဘယ်ဒေသမှာ
စံမြန်းမှန်းမသိတဲ့ “နတ်သား”အအိုနဲ့ရပြီး ကလေးတွေရမှ
ခွဲသွားရင် ငါ့သမီးလေး ကလေးတယောက်နဲ့
ပေါင်မုန့်ကြားက ထောပတ်ဖြစ်နေပါဦးမယ်ကွယ်လို့
ပြောသတဲ့ ၊ ဒီအခါမှာ သမီးဖြစ်သူက
၊ “အော် . . . အဖရယ် (ကောင်းကင်)ပေါ်က အရမ်းလှတဲ့
နတ်သားလေးတွေက ၊ စိတ်ကောင်းမှာပါလို့ နှုတ်ခမ်းလေးစူပြီး
ပြန်ပြောသတဲ့ ။ ဒီအခါမှာဘကြီး
ငြိမ်းချမ်းက လေသံမာမာလေးဖြင့် ၊ “ ခက်တော့တာပဲ လုံမလေးရယ် ( ကောင်းကင်) အလှမျိုး
တိမ်မီးခိုး ဆိုတဲ့စကားရှိသကွယ့်
ကိုယ်မမြင်ရတဲ့ နတ်ဆိုတာ လိုသလို ဖန်ဆင်းလို့ရသတဲ့ လုံမရဲ့။
ဒီလိုလေသံမာမာလေးနှင့် ပြန်ပြောလိုက်တော့
ကလေးမလေး စိတ်ကောက်သတဲ့ မြေးရဲ့ ။ ဒါနဲ့
ဘကြီးငြိမ်းတစ်ယောက် သူ့သမီးလေးကို
မျက်မြင်ကိုယ်တွေ့ ရှာလို့ရတဲ့ လူတွေကိုသာ
ရှာယူဖို့
ဆုံးမသတဲ့ ။ ဒီအခါမှာ သမီးဖြစ်သူက
ဘယ်လိုလူမျိုးကို ရှာဖွေယူရမှာလည်းလို့ ပြန်မေးသတဲ့ ။
ဘကြီးငြိမ်းကလည်း မဆိုင်းမတွပြန်ပြောလိုက်တာတယ်။
သမီး ရှာရမှာက သတ္တိရှိတဲ့ယောက်ျား
“လူတော် ” “လူကောင်း” ရှာဖွေယူရမှာပေါ့ကွယ် ၊ သတ္တိရှိတဲ့သူ
ရှာတဲ့နေရာမှာလည်း အများ
ကောင်းကျိုးအတွက် အမုန်းခံပြီး ပြောရဲတဲ့
သတ္တိရှိသူကိုသာ ရှာယူသင့်ကြောင်း လမ်းပြသတဲ့ ။
ဒီအခါမှာ သမီးလေးက အဖပြောတဲ့ ၊ လူတော်
၊ လူကောင်း ၊ အများအတွက် အမုန်းခံ ပြောရဲတဲ့
သတ္တိရှိတဲ့ ၊ လူတွေကို သမီး နားမလည်သလို
သိလည်း မသိဘူးအဖရာ . . . အဖသာ ရှာဖွေ
ပေးပါလို့ ပြောသတဲ့. . . . ။
ဒီလိုနဲ့ ဘကြီးငြိမ်းတစ်ယောက် သူ့သမီးလေးရဲ့ အိမ်ထောင်ဖက်သူတို့သား ရှာဖွေဖို့ ဘုရင်
အုပ်ချုပ်တဲ့ နေပြည်တော်လို မြို့ကြီးကို
တတ်လာတာပေါ့ကွယ် ။ မြို့ပေါ်ရောက်တာနဲ့ ဟိုလမ်း
ဝင် ဒီလမ်းကြားထွက် ၊ အများအတွက်
အမုန်းခံရဲတဲ့ သတ္တိရှိသူ သမက် လိုက်ရှာတာပေါ့ကွယ်
ပူပြင်းတဲ့နေသူရိန်ရဲ့အရှိန်အ၀ါတွေက
ဒုလ္လဘထွက်လာတဲ့ ဘကြီးငြိမ်းရဲ့ ဦးခေါင်းက ထွက်လာတဲ့
ချွေးစက်တွေ ခြေမကိုကျသတဲ့ ၊ ဒါနဲ့
အရမ်းပင်ပန်းလွန်းတဲ့ ဘကြီးငြိမ်းဟာ ၊ ဒီလိုရှာနေရင်တော့
အများအတွက် အမုန်းခံရဲတဲ့ သတ္တိရှိသူကို
တွေ့မှာမဟုတ်ဘူးလို့ သူတွေးမိသတဲ့ ၊ ခဏနေတော့
သူ့ရောက်နေတဲ့ ပက်ဝန်းကျင်ကို သတိထားမိရင်း ဒီလိုတွေးမိသတဲ့မြေးရဲ့ ။ ငါဒီအတိုင်း ရှာနေ
လို့တော့ ၊ ငါလိုချင်တဲ့ သမက်တွေ့မှာမဟုတ်ဘူး ၊ အရှေ့မှာ
မြင်နေရတဲ့ နေပြည်တော် တံခါးဝမှာ
လူဝင်လူထွက်ကလည်းပေါပါဘိသနဲ့ ၊ ငါလည်း ဟိုသူတောင်းစား ဘေးမှာထိုင်ပြီး သမက်လည်းရ
ငါလည်း မပင်ပန်းရလေအောင် ဆိုင်းဘုတ်လေးမှာ
အများ အတွက် အမုန်းခံပြောရဲတဲ့ သတ္တိရှိသူ
အလိုရှိသည်
၊ စာရေးပြီး ထိုင်နေရင် ၊ မကြာခင်မှာ ငါလိုချင်တဲ့ ၊ သမက်တစ်ယောက်တော့ ရမှာ
အသေအချာပဲလို့ တွေးမိရင်း ၊ သူတောင်းစားကို မေးသတဲ့ ၊ အလို အမောင်လုလင်
အဘကို ဒီအ
နားမှာ ထိုင်ခွင့်ပြုပါလားလို့ ခွင့်တောင်းတော့
၊ သူတောင်းစားက ဘကြီးငြိမ်းကို သေချာကြည့်ပြီး
ပြန်ပြောသတဲ့ ။ “ ဒီနေရာမှာ ထိုင်လို့မရဘူးဗျ ထိုင်ချင်ရင် အသပြာ ပေးရမယ် ” ဆိုပဲ မြေးရဲ့ ။
“ ဘာလို့လဲ အမောင်ရဲ့” ပြန်မေးလိုက်သတဲ့
။ “ ခင်ဗျား နားမလည်ဘူးလား တောင်းစားဖို့အတွက်
သူတောင်းစားနေရာတစ်ခုရအောင် တံခါးစောင့်တဲ့ ရဲမက်ကို လဒ်ထိုးထားရတာ ခင်ဗျားနားမလည်
ဘူးလား ” လို့ လေသံမာမာနဲ့ ငေါက်သတဲ့
၊ ဒါပေမယ့် ဘကြီးငြိမ်းကလည်း နေရာလေးတခု အလိုရှိ
သူဆိုတော့ ၊ သူတောင်းစားလည်း အောက်ကျို့ရတာပေါ့ ၊ ဒါနဲ့ “ အော်. . . .ဒီလိုလား
အမောင်ရဲ့
ရော့ပါဗျာ ၊ အမောင့်အတွက် နှစ်ရက်စာ လုံလောက်မယ်ထင်ပါရဲ့လို့ အသပြာထုတ်ပေးတော့
သူတောင်းစားက ၀မ်းသာအားရ ဖြစ်ပြီး
လူတထိုင်စာ ဖျာစုပ်လေးကို ရိုရိုသေသေ ခင်းပေးသတဲ့ ။
ဘကြီးငြိမ်းက အဲဒီဖျာစုပ်လေးကိုမထိုင်ဘဲ(
အများအတွက် အမုန်းခံ ပြောရဲသူ အလိုရှိသည်)ရေးပြီး
ဆိုင်းဘုတ်လေးရှေ့ချ ခေါင်းပေါင်းလေးပေါင်းပြီး
သူတောင်းနှင့်ယှဉ်ပြီး ထိုင်နေသတဲ့ ။
အတော်လေးကြာတော့ . . . . . . .
မြို့တံခါးကို ကင်းစစ်လာတဲ့ စစ်သည်တော်တပ်စု
ရောက်လာသတဲ့မြေးရဲ့ ။ အဲဒီအခါမှာဘကြီးငြိမ်း
အရှေ့ကိုလာပြီးရေးထားတဲ့ စာကို စစ်သည်တော်တွေ
ဝိုင်းဖတ်ကြတာပေါ့ ။ အဲဒီမှာ စစ်သူကြီးက
အဖိုးကြီး ဒီစာက ၊ ဘာသဘောလဲလို့မေးသတဲ့ ၊ ဘကြီးငြိမ်းကို စစ်သူကြီးမေးတော့
ဒူးတွေတုန်ပြီး
ကြောက် ကြောက်နဲ့ခေါင်းပေါ်က ခေါင်းပေါင်းလေးကို ဖြည်ပြီး ၊ စစ်သူကြီးကိုရိုသေသမှု့ဦးတင်ပြီး
လျောက်တဲ့အခါမှာ. . . . . .။
“ရဲမက်တို့” ဒီ ကတုံးက အများအတွက်
အမုန်းခံပြီးပြောရဲတဲ့ သတ္တိ ရှိသူတွေကို စုနေတာဆိုတော့
တို့ “ဘုရင်ကို တော်လှန်ပုံကန်ဖို့
လုပ်နေတာပဲ ဖြစ်မယ်ကွ” “ ဖမ်းစမ်း ” ။ ဒီအခါမှာ ဘကြီးငြိမ်းက
ပြောတာပေါ့ကွယ် ။ ကျွန်ုပ်မျိုးဟာ
ဘုရင်ကြီးကို တော်လှန်ပုန်ကန် မလုပ်ဝံပါဗျာ ၊ ဗုဒ္ဓရဲ့ တရား
တော်နှင့် အညီနေတဲ့အပြင် ဒုလ္လဘရဟန်းဝတ်ပြီး
ထွက်လာတဲ့သူပါ စစ်သူကြီးမယုံရင် ဒီခေါင်း
တုံး ကိုသာ ကြည့်ပါတော့ဗျာလို့ လက်အုပ်ချီပြီး
တောင်းပန်သတဲ့ ။စစ်သူကြီးကလည်း “ မလိုဘူး”
ကတုံးသက်သေလည်း “ ဖမ်းတာပဲ” ဆိုပြီး အဖိုးကြီးကို ခွေးဆွဲသလို ၀ိုင်းဆွဲသတဲ့ မြေးလေးရဲ့။
ဒါကို သူတောင်းစားက ဘကြီးငြိမ်းကို
သနားတာနဲ့ ၊ အရဲစွန့်ပြီး စစ်သူကြီးကိုလျှောက်ထားသတဲ့
“ ဘုန်းလက်ရုံး အာဇာနည်သွေးနှင့်ပြည့်စုံသော
သူရဲကောင်းမြတ် အရှင်စစ်သူကြီးရယ် ၊ ဤလူဟာ
ကျွန်ုပ်မျိုးကြီးလိုပဲ သနားစရာ
သူတောင်းစားတစ်ယောက်ပါလို့ ၊ လွတ်ရာလွတ်ကြောင်း အသနားခံ
လျှောက်ထားတဲ့အခါ ၊ စစ်သူကြီးက မျက်ထောင့်နီကြီးနဲ့
ကြည့်ပြီး ။“သူတောင်းစား ဆိုရင်ခွပ်ပြစမ်း
ဆိုတော့ ၊ သူတောင်းစားက ခွပ်အပိုလေး
တစ်လုံးလှမ်းပေးသတဲ့ ၊ စစ်သူကြီးက ခွပ်ရဲ့ဖင်ကို ကြည့်
တော့ ။
“ ဟိတ်ကောင်” မင်းပေးတဲ့ခွပ်ဖင်မှာ တံခါးစောင့် “ ရဲမက် ” ခွင့်ပြုတံဆိပ် မပါဘူးကွ”
မင်းလဲ ဒီကတုံးကြီးလို ရှင်ဘုရင်ကို
တော်လှန်ပုန်ကန်ဖို့ ကြံရာပါဖြစ်ရမယ် “ ရဲမက်တို့ ”
သူတောင်းစားပါမကျန် “ ဖမ်းစမ်းကွာ ”
တွဲဘက်ရေးသားသူ . . . . . . . . ဂျူပီတာ ရင်မောင်
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်