Followers

Thursday 9 June 2011

တစ်ခါတစ်လေ ရေရောကြည့်တာပါ


ယမ်ယမ်ချဉ်စပ်တစ်ယောက် မေသဇင်ကို ယောက်ျားလေးဟု ထင်နေသလို ၊ မိမေကလည်း ရင်မောင့်ကို 

မိန်းကလေးတစ်ယောက်ဆိုပြီး ထင်နေပြန်ရောဗျာ ။ ကဲလေ ဒီတော့ မိန်းကလေး ဆိုတော့လည်း မိန်းက

လေးပေါ့နော် ကြက်ဥနဲ့ နံပြား ရောမွှေမှတော့ ပဲပလာတာ ဖြစ်တာ မဆန်း တော့ပါဘူးလေ ဟိဟိ . . . 

ရမ်ရမ်ချဉ်စပ်ကလည်း ပြင်းလွန်းလို့ ရေရောပြီး စာလေး ဘာလေး ရေးပြီးတင်ခိုင်းချင်နေတော့ ။ မိန်းက

လေးလို့ ထင်နေသူတွေအတွက် မိန်းကလေးလိုပဲ ရေးရတာပေါ့ ရှင်” ။ ဒီတော့ နာမည်လေးပါ ပြောင်းလိုက်

မှ သင့်တော်မှာပေါ့ ။ ဒီတော့ အညို ဘာရေးရမလဲ . . . . ? ။ ယောက်ျားလေးတွေအကြောင်းရေးမှာပေါ့ 

ဟုတ်ဘူးလား . . . . . ဟိဟိ ။

အညိုက အသက် ၃၀ ကျော်လာပြီဆိုတော့ ၊ အပျိုကြီး စရင်း ၀င်သွားပြီပေါ့ ညီမလေးတို့ရေ ။ ဒီတော့ ၊ 

အညို တွေ့ကြုံခဲ့ဖူးတဲ့ ယောက်ျားတွေအကြောင်း ပြောကြတာပေါ့ ။ တွေ့ ကြုံ လို့ ရေးလိုက်တော့ ၊ 

ရေခဲစိမ် ဒိုဘီပေး ထားတဲ့ ဘေထုတ် အပျိုကြီး စရင်းဝင်တော့ မဟုတ်ရပါဘူးနော် အရပ်ထဲက မထိခလုပ် 

ထိခလုပ် ခေါ်ကြရင်း ၊ အသံကြောင့် ဖားသေဆိုသလို ၊ အပျိုကြီး နာမည်နဲ့ဟန်လေးဖို့ မာန်လေး စို့ပြီး 

နေလိုက်ရာက အပျိုကြီး ဂုဏ်ကို အခုအထိ ထိန်းထားနေရတာပေါ့ရှင် ။

တစ်ကယ်တမ်းကျတော့ မိန်ကလေးတွေက အိမ်ထောင်ဖက်ကို ရွေးတဲ့အခါမှာ ၊ ကိုယ့်ထက်တော်ပြီး

ထက်မြက်တဲ့ ယောက်ျားကို ရွေးချယ်တတ်ကြတာ ဓမ္မတာ မဟုတ်ပါလား . . .။ ဘူကောင်းမှ စင်ခံ 

လင်ကောင်းမှ စံဆိုတဲ့ စကားပုံလည်း ရှိတယ်မဟုတ်လား ။ ဒါပေမယ့် ယောက်ျားလေးတွေအဖို့ကျတော့

ကိုယ့်ထက် တော်ပြီထက်မြက်တဲ့ မိန်းကလေးဆိုရင် ၊ နဲနဲတော့ ရှိန်နေတတ်ကြပါတယ် ။ ဘာကြောင့်လည်း

ဆိုတော့ အရမ်းထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ကို ယူမိတဲ့ ယောက်ျားလေးတစ်ယောက်ဟာ ။ သူ့

အလိုလို အားငယ်သွားတတ်လို့ပါပဲ ။ တစ်နည်းအားဖြင့်ပြောရရင် ၊ ထက်မြက်လွန်းတော့ အိမ်ထောင်ဦးစီး

တစ်ယောက်အနေနဲ့ ဆရာ မလုပ်ရလို့ပါ ။ ယောက်ျား . . . .. . . ဆိုတာက မိန်းမတစ်ယောက်ကို ဆရာ

လုပ်လိုက်ရမှ သွန်သင်ပြလိုက်ရတဲ့ သူတို့တွေရဲ့ ရင်ထဲမှာ ကျေနပ်ပီတိ ဖြစ်နေတတ်ကြတာမဟုတ်ပါလား

သူတို့ စိတ်ထဲမှာ ယောက်ျားလေးမို့ အနစ်နာခံရမယ်ဆိုတဲ့ စိတ်ဓာတ်လေးကို မွေးရာပါ ခံယူထားတတ်ကြ

တော့ အညိုတို့ မိန်းမသားတွေအတွက် ၊ အလိုလိုနေရင်း အားနွဲ့တဲ့စိတ်လေးတွေ ၀င်သွားစေတာပေါ့ရှင် ။

တစ်ခါတစ်လေ ကိုယ်က သူ့ကို အရမ်းချစ်လို့ ၊ အစစ အရာရာ ပြီးပြည့်စုံအောင် လုပ်ပေးသော်လည်း ။

သူ့တို့ မလုပ်ပေးရလို့ ၊အောက်တယ် သိက္ခာကျအောင် လုပ်တယ်လို့ ထင်သွားတတ်ကြပါတယ် ။ တစ်ကယ်

တော့ ၊ မိန်းမသားဆိုတာက အိမ်ထောင်ပြုလိုက်သည်နှင့် အိမ်မှု့ကိစ္စ သားသမီးကိစ္စ ဆိုတဲ့ အလုပ်တွေဟာ

အပြင်မှာ ငွေရှာနေတဲ့ ယောက်ျားတွေထက် ပိုပင်ပန်းတယ်ဆိုတာ ၊ ကိုယ်တိုင်မခံစားဖူး သ၍ နားလည်ရ 

ခက်သည် မဟုတ်ပါလော . . . .။ ဒါကြောင့် အခုခေတ် အညိုတို့ မိန်းမသားတွေဟာ၊ ပြီးပြည့်စုံတဲ့ဘ၀လေး

တွေ နေနိုင်အောင် အမျိုးမျိုး ရုန်းကန်မှု့တွေနှင့်အတူ ။ အပျို ဘ၀ထဲက တစ်ချိန်မှာ ရယ်ဒီမိတ် ဖြစ်အောင်

ကြိုးစား နေရသည် မဟုတ်ပါလား ။ တစ်ကယ်တော့ ယနေ့ခေတ်ကာလ ကုန်ဈေးနှုန်းတွေနဲ့ ၊ အညိုတို့

မိန်းမသားတွေအဖို့ ၊ အားငယ်ရိပ်သမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ၊ အလုံးစုံ မှီခို အားကိုးဖို့ဆိုတာ ဘယ်လိုမှ 

မဖြစ်တော့ပါဘူးရှင် ။ ဘာမှမတတ်သလို မျက်နှာငယ်လေးနဲ့ အားကိုးတဲ့ အကြည့် ၊မူနွဲ့နွဲ့လေးနဲ့ ဆိုတတ်

သည့် အပြော ၊ ဆိုတာတွေက တစ်ကယ်တမ်းလက်တွေ့ ဘ၀မှာ ၊ ညားကာစလောက်သာ ၊ကြည်နူးရင်ခုန်

ဖို့ အချိန်ရတာပါ ရှင် ။ ရည်ရှည်မှာတော့ ၊ ညီမလေးတို့တွေ သိလာကြမှာပါ ။ ဒီလိုကြုံတွေ့လာတဲ့ အခါမှာ

ကိုယ်လည်းရုန်းကန်ရင်း ။သူတို့ရဲ့အတ္တတွေကိုလည်း မြေတောင်မြှောက်ပေးတတ်ရင် ။ အညိုတို့ လက်ခုပ်

ထဲက ရေလိုပါပဲ ၊ သွန်လိုသွန် မှောက်လိုမှောက် ပြုလုပ်လို့ ရပါနိုင်ပါတယ် ။ ယောက်ျားဆိုတာ အမြှောက်

ကြိုက်တတ်တဲ့ လူမျိုးတွေပါ ။ ဒီတော့ ဘယ်လိုမြှောက်ပေးရမလဲ ၊ ဘယ်လို ကိုင်ကွယ်ပေးရမလဲ မည်သို့

ကြိုးဆွဲနိုင်တယ်ဆိုတဲ့ နည်းလမ်းလေးတွေကတော့ ၊ အညိုဖတ်ဖူးတဲ့ အောက်က စာသားလေးတွေနဲ့ ကိုင်

တွယ် ကြည့်လိုက်ပါ ။ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်ရှင် ။



 
၁။ အားကိုးတကြီး အကြည့်ကလေး တွေနဲ့ ကြည့်တတ်ရမယ် ။

၂။ အရာရာကို သိနားလည်ပေမယ့် ဘာမှ မသိနားမလည်သယောင် ဟန်ဆောင်တတ်ရမယ် ။

၃။ ကိုယ်က ဦးဆောင်နိုင်တဲ့ ကိစ္စတွေ မှာလည်း သူတို့ကို ရှေ့တန်းတင်တတ် ရမယ် ။

၎။ သူတို့ကို နေရာတကာ သွားပြီး ဆရာကြီးမလုပ် နဲ့ အမြင်ကတ်ခံရမယ် ။

၅။ သူတို့က ဆရာကြီးလုပ်နေတာကို လည်း “ သိသားပဲ ” စတိုင် သွားမဖမ်းနဲ့ ။ မသိချင်ယောင်
ဆောင်ပြီး “ ဟင် . . . . ဟုတ်လား ” “ ဟယ်. . . ဒီလိုလား ” “ အို . . . . အစက လုံးဝ မသိဘူး ”
ဆိုတာမျိုး ဖော်လိုလေးတွေ လိုက်ပေးရင်း ၊ သူတို့ အတ္တကို ရေလောင်းပေးနိုင်ရမယ် ။

၆။ ကိုယ်လုပ်တတ်တဲ့ ကိစ္စတွေကို မလုပ်တတ်ဘူးပြောပြီး မကြာခဏ ခိုင်းပေးရမယ် ။

၇။ ကိုယ့်ဘာသာ စဉ်းစားဆုံးဖျက်နိုင်တဲ့ ကိစ္စတွေကို သူနဲ့မကြာ ခဏတိုင်ပင် အကြံတောင်တတ်ရမယ်။

၈။ အရေးကြီးဆုံးနဲ့ နောက်ဆုံး အချက်ကတော့ ကိုယ့်ဘ၀မှာ သူမရှိလို့ လုံးသမဖြစ်ဘူးဆိုတာကို သူတို့
ဦးနှောက်ထဲ စွဲနစ်နေအောင် တဖွဖွ ပြောနေဖို့ပါပဲ ။


ယခုဖေါ်ပြတဲ့ ယောက်ျား ကိုင်တွယ်နည်း ရှစ်ချက်ကတော့ ဆရာမ ပုညခင်ရဲ့ လက်တွေ့ နည်းတွေပါ

ဒါဟာ ငါသာ အရှင်သခင် ၊ ငါဟဲ့ “ ယောက်ျား ” ဆိုတဲ့ ကျားသတ္တ၀ါကြီးတွေကို လိုသလို ပုံသွင်းနိုင်တဲ့

နည်းလေးတွေပါ ညီမလေးတို့ရေ . . . . . ဟီဟိ . . . . . စမ်းကြည့်လိုက်ပေါ့နော် . . .အဆင်ပြေမှာပါ . .။


အောက်ဆုံးမှာ ဖေါ်ပြထားတဲ့ စာပိုဒ်လေး ၈ ခုကတော့ စာဖတ်သူတွေ အရင်က ဖတ်ဖူးကြမှာပါ 

ရင်မောင်လည်းဖတ်ဖူးပါတယ် ။ ဒါပေမယ့် ဆရာမ ပုညခင် ရေးတဲ့ စာဆိုတာ ပိုစ့်တင်တဲ့သူတွေ 

မဖေါ်ပြကြပဲ ကိုယ့်အတွေးလိုလို တင်ထားတဲ့အတွက် ။ ရင်မောင်က အခုလို ဆရာမရဲ့ နာမည်ကို 

ဖေါ်ပြပေးလိုက်ပါတယ် ။ ရင်မောင်တို့ မသိ နားမလည်သေးတဲ့ ဗဟုသုတ စာပေ ရေးသူ အားလုံးဟာ 

ရင်မောင်တို့လို စာဖတ်သူတွေရဲ့ ။ သွန်သင်ပြသ စာပေ မိဘတွေပဲ မဟုတ်ပါလားကွယ် . . . . .


အမုန်းတရားကင်းမဲ့စွာဖြင့် ပျော်ရွှင်ကြပါစေရှင် . . . . . အညို . . . . . အလွမ်းခရီးသည် . . . .

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်