Followers

Thursday 9 June 2011

( မိဆုံးမ ဖဆုံးမသော နတ် )



ဆန္ဒတစ်ခုရဲ့ စောလျင်စွာခြေချမိခဲ့တဲ့ ဆုံးဖျက်ချက်တွေဟာ နောင်တနှင့်အတူနောက်ကျခဲ့လေပြီ မဟုတ်

ပါလော ။ လွမ်းရေးထက် ၀မ်းရေးခက်ဟု ဆိုသောစကားပုံသည် ၊ အချိန်ကျတာလာတာနှင့် ၀မ်းတွင်းမှ

တဂွီဂွီ အော်၍လာပါတော့သည် ။ ၁၀၉ = ၁၁၀ ရင်မောင့်အဖို့ ၊ မီးဖိုချောင်မှ ဆန်အိုးသည်သည် ။ ဘ၀ဆိုး

လှသည့် အဖြစ်သို့ ရောက်၍ နေသလို ၊ ဆီပုလင်းကို ကြည့်ပြန်တော့လဲ ၊ ပုရွက်ဆိတ်ကို ခွပ်ပေးပြီး ဆင်း၍

ဆီးခပ်ခိုင်းရမလို ဖြစ်နေပါတော့သည် ။ တဂွိဂွိ အော်နေသော ၀မ်းဗိုက်ကို ဖြည့်ဖို့အရေး ၊ ခေါင်းကိုကုပ် ၍

အကြံထုတ်ပါသော်လည်း ။ ရင်မောင်၏ ဦးနှောက်မှာမူ ၊ ငရုပ်ကျည်ပွေ့ထက်ပင် ထိပ်တုံးနေပါတော့သည်

ပိုက်ဆံမရှိ၍ ရေမ၀ယ်ချိုးနိုင်သည့် ရက်တွေ များလာတော့လည်း ၊ ကမ်းနားဈေး ငပိရည်ကြိုအိုးထဲမှ ၊ ငါး

များ၏ ရုပ်ရည်နှင့် အတူ အနံ့ ထွက်နေပါသည် ။ အပြင်လည်း အထွက်ရဲတော့ ၊ ဘေးအိပ်မှ ခွေးကြီးသည်

ဟိုနေ့က ကြက်တစ်ကောင် ဘယ်ကနေ ကိုက်လာသည်မသိ ၊သူကိုက်ချီလာသော ကြက်ဖကြီးကို ရင်မောင်

ခွေးကိုအနိုင်ကျင့်ပြီး ချက်စားလိုက်သဖြင့် ။ ဘေးအိမ်မှ ခွေးကြီးသည် ၊ ကျွန်တော့်ကို ဂလဲ့စားချေရန် သွား

ကြီးဖြဲ၍ ၊ တဂဲဂဲ ရန်ရှာတော့ ခက်သည် ။ မထူးပြီးဆိုသောအတွေးနှင့် ၀မ်းဗိုက်ဆာလောင်မှုကို လမ်းလွှဲရန

စာဖတ်ခြင်းသည် အကောင်းဆုံးပင် မဟုတ်ပါလော ခင်ဗျာ ။ ခြကိုက်ထားသည့် စာအုပ်လေးကို ဟိုလှန်

သည်လှန်ကြည့်ရင်း ၊ အရှင် မဟာသီလ၀ံသ၏ သံဝေဂ ပျို့လေးကို စိတ်ဝင်တစား ဖတ်မိလိုက်ပါသည် . . .

ကာလရှည်ကြာ ၊ လူ့ငနွားတို့ ၊ ကြီးမား ယုတ်မာ ၊ နတ်မိစ္ဆာကို ၊ ဘိုးလား ဘွားဘက် ၊ မြေးသားဆက်၍ ၊

မပျက်ခုတိုင် ၊နတ်ခရိုင်နှင့် ပန်းခိုင်ရေအိုး ၊ ဆယ်စုံဖြိုး၍ ၊ မြတ်နိုးနှစ်သက် ၊ အနက်အနီ တလီခေါင်းပေါင်း

တင်အုပ်ဆောင်းနှင့် ၊ အပေါင်းစုဝေး ၊ အမွှေးအကြိုင် မုန့်ခိုင်မုန့်ခဲ ၊ ကြက်ဝက် “ လဲ ” ၍ ၊ ပုံနှဲခရာ တီးမှုတ်

ကာနှင့် ၊ ချမ်းသာဆင်းရဲ ၊ ပေးစမြဲဟု ၊ စိတ်ထဲထင်မှတ် ၊ ငါတို့နတ်ကို ၊ မပြတ် ကိုးကွယ် သည်. . . . . . .

အခမ်းအနား ၊ နတ်ထိန်းများနှင့် ၊ သောက်စား ဟစ်အော် တကျော်ကျော်နှင့် ၊ မောင်တော် ရှင်ချစ် ၊ နတ်သံ

ပစ်၍ ၊မူးယစ် မှိုင်ဝေ အထွေထွေလျှင် ၊လူ့ မြေ ရပ်ရွာ ၊ နတ်မိစ္ဆာကို ၊ ကယ်သာ ထင်မှတ် ၊ သဘောကပ်၏

နတ်လူ ဗြဟ္မာ ၊ သတ္တ၀ါကို ၊ ကံသာအရင်း ပြုဖန်ဆင်းဟု ၊ ယူလျဉ်းအပ်စွာ ၊ ယခုမှာကား ၊ချမ်းသာ ဆင်းရဲ

နတ်ခ မွဲသည် ၊ ပေးမြဲ တို့မှာ ၊ ထင်မှတ်ရာသည် ၊ မိစ္ဆာ ယူမိ အမှားတည်းးးးး . . . . . . . . . . . . . ။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
လူတို့သည် အမှားကို အမှန်ထင်မိခြင်းသည် ၊ နေရာမကျခြင်းပင် ဖြစ်ပါတော့ သည်။ အမှားကို မမှားမှန်း 

သိသွားတဲ့အခါမှသာ လူတို့သည် ၊ နေရာတကျ ဖြစ်သွားသည်ကို ၊ စဉ်းစားတတ်ဖို့ လိုပါသည် ။ လူတိုင်း၌

အမှားသည် ၊ကင်းသည်ဟူ၍ မရှိကြပေ ။ သို့သော် အမှားကို အမှန်မြင်အောင် ကြည့်တတ်ဖို့ လိုပါသည် ။ 

အမှား ဆိုသည်မှာ ၊သူတစ်ပါး လာမှားသော အမှား ၊ မိမိမှ သွားမှားသော အမှား ၊ နှစ်ခုကို သိနေယုံနှင့်

အမှားသည် ၊ အဆုံးမသတ်နိုင်ပေ ၊ မိမိကိုယ်ကို မှားမှန်း သိ၍ ၊ ဆင်ခြင်လိုက်မှသာလျှင် အမှန်ကို မြင်နိုင် 

ပေတော့မည် မဟုတ်ပါလော ခင်ဗျာ ။

အရှင်မဟာ သီလ၀ံသ၏ ၊ မိစ္ဆာ အယူမှား သံဝေဂပျို့လေးသည် ၊ရင်မောင်၏ အတိတ်ကို ပုံဖေါ်၍ ပေးလိုက်

သလို ဖြစ်နေပါတော့သည် . . . . . . . . . . . . ။




တစ်ချိန်က ရင်မောင့် အိမ်တွင် အိမ်တွင်း မင်းမဟာဂီရိ နတ်အုန်း စွဲထားလေ့ရှိပါသည် ။ ဤသည်မှာလည်း

ရင်မောင့် မေမေ ကိုးကွယ်ထားသောကြောင့် ဘာမှ မပြောသာပါ ၊ လူတို့သည် မီးအလင်းရောင်ကို အလိုရှိ

သလောက် ၊ မီး အလိုမရှိသူမှာ ပန်းပဲမောင်တင့်တည်တို့ မောင်နှမတစ်စုသာ ဖြစ်နေသည့်အတွက် ။ ညနေ

အချိန်တိုင်း ၊ ခန်းစည်း ပြေးကာနေရသည်မှာ တစ်ခုသော အလုပ်ပင် မဟုတ်ပါလားခင်ဗျာ ။ တနေ့သောအ

ချိန်တွင် ၊ မီးလာသည့်အခါ ခန်းစည်းမကာပေးလျှင် ၊မည်သို့ အကျိုးသက်ရောက်မည်ကို ၊ရင်မောင် သိလို၍

ခန်းစည်းကာပေးရန် မေ့ချင်ယောင် ဆောင်နေလိုက်ပါသည် ။ မီးလာသောအခါ ၊ နတ်အုန်းစွဲမှာ လှုပ်ခါ၍

ပြလာပါသည် ။ ရင်မောင် မမြင်သလို ဆက်၍ နေလိုက်သည် ။ ခဏသော အချိန်မှာ ၊ နတ်အုန်းစွဲထားသော

တိုင်စောင့်တွင် ၊ မိန်းမငယ်တစ်ဦး “ အားးးးး ” “ ပူလိုက်တာ ရှင် ” “ ပူလိုက်တာ ” ဟု ၊ ညည်းတွားသံ

သည် ၊ မီဖွားခါနီး ဗိုက်ကြီးသည် အော်နေသလိုပင် ” ၊ သို့သော်လည်း ရင်မောင်ကြားဖူးသော မီဖွားကာနီး

ဗိုက်ကြီးသည် ၊ အော်သံမှာမူ “ အမလေးးးး ကိုရင်မောင်ရဲ့ . . . . စံတုန်းက နှစ်ယောက် အတူစံပြီး ခံတဲ့

အခါ ကျမ တစ်ယောက်ထဲ နာနေရတယ်တော့ ” . . . . ဟူ၍ပင် . . . . ဟီးးးးးးးးးး ။

ရင်မောင် အသံလာရာ တိုင်ထောင့်မှ မိန်းကလေးထံသို့ ပြေးသွားပြီး ၊ဘာလုပ်ပေးရမှန်း မသိ ဖြစ်နေချိန်မှာ

သူမ၏ နှုတ်ဖျားမှ ၊ လေပန်ကာ ရှိရင် ဖွင့်ပေးဟူသော တောင်းဆိုသံကြောင့် ၊ လေပန်ကာ ဖွင့်ပေးလိုက်ပါ

သည် ။ သူမ၏ ညည်းတွားသံ ထွက်ပေါ်မလာသော အခါမှာ ၊ မည်သူမည်ဝါ သိလိုသော ဇောဖြင့် ရင်မောင်

မေးလိုက်မိပါသည် ။

“ ဟေ့ . . ” မိန်းကလေး ” မင်းက ဘယ်သူတုန်းဟ ”

“ ကျမက ပန်းပဲမောင်တင့်တည်ရဲ့ နှမပါ ရှင့် ”

“ ခေတ်မှီ သားဟ ” . . . . . . . ဟီးးးးးးး ။

မိန်းကလေး၏ ပင်ပန်းနွမ်းလှသည့် ဟန်အမူအရာလေးနှင့်အတူ ပြန်ပြောလာသော စကားသံလေး

ကြားမိချိန်မှာ ရင်မောင်တစ်ယောက် မိန်းမငယ်ကို ကြည့်ရင်း ၊ သနားစိတ်ဖြင့် ကျွန်တော့်၏ ရင်ခွင်

ကျယ်ကြီးထဲသို့ ဆွဲသွင်းလိုက်ပါတော့သည် . . . . . ။ မောင်တင့်တည်၏ နှမလေးသည် ၊ ရင်မောင့်

ရင်ခွင်ကြီးထဲမှာ ရုန်းကန်မှု တစ်စုံတရာ မပြုလုပ်ဘဲ ၊ မှေးစက်နေသည်ကို ကျွန်တော်ငေးကြည့်နေ

ချိန်မှာ ၊ သူမ၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော အသံသာသာလေးမှာ . . . .။

“ အို . . . .မောင်ကြီးရယ် . . . . . လူသားက ၊ အမဲသားထက်ကောင်းတာ အခုမှပဲ ခံစားဖူးတော့တယ်ရှင် ”

ဤသို့နှင့် လူသားတစ်ယောက်၏ ရင်ခွင် အထိအငွေ့ကို ခံစားဖူးလိုက်သည့် ၊ နတ်စိမ်း ဖြစ်နေသော

ပန်းပဲ မောင်တင့်တည်၏ နှမလေးသည် ၊ နေ့စဉ်တိုင်းလို ရင်မောင်ဆီ ရောက်လာရင်း ၊ အိုးချင်းထား

အိုးချင်းထိ  ကြိုးချင်းထား ကြိုးချင်းထိ ၊ နတ် နှင့် မူလီ ၊ အတွဲဖြစ်သွားပါတော့သည် ။ များမကြာသော 

ရက်များတွင် နတ်မလေးသည် ပေါ်မလာတော့ပေ တနေ့၌ ပန်းပဲ မောင်တင့်တည် ကိုယ်ယောင်လာပြ 

ပါတော့သည် ။ သူ၏ ညီမလေးကို သိုက်နန်း ဘိုးဘိုးမှ လူသားတို့နှင့် မဆက်ဆံရန် တားမြစ်ရင်း မနာခံ

သဖြင့် ။ ပြစ်ဒဏ် ပေးထားခြင်း ခံနေရသည်ကို မျက်နှာငယ်လေးနှင့် ပြောပြရှာပါသည် ။ ရင်မောင်လည်း

စိတ်မကောင်း ဖြစ်မိသောကြောင့် ၊ လိုက်တွေ့ရန် တောင်းဆိုလိုက်ပါသည် . . . . . . > > > > > ။

သိုက်နန်းရောက်သောအခါ နတ်မလေးကို ကြည့်ရင်း ရင်မောင်တစ်ယောက် များစွာ စိတ်မကောင်းဖြစ်ရ

ပါသည် ။အဘယ်ကြောင့်ဆိုသော် လူသားနှင့် ချစ်ကြိုက်မိသော နတ်မလေးကို သိုက်နန်း ဘိုးဘိုးမှ ပြစ်ဒဏ်

ပေးထားသည်မှာ ၊ မောင်တင့်တည်၏ ပန်းပဲဖို ၌ ၊ ၇ ပေါင်တူကြီးဖြင့် ဓားပေါင်း အစင်း ၁၀၀ ထုခိုင်းထား၍

မြင်တွေ့ ရသော ဤ မြင်ကွင်းမှာ နက်ချစ်သူ ရင်မောင့်အဖို့ ၊ ဘယ်လို ကြည့်ရက်နိုင်မည်နည်း ။ ဤသို့နှင့်

နတ်မလေးလက်ထဲမှ ၇ ပေါင်တူကြီးကို ယူ၍ သူမ၏ကိုယ်စား ကျွန်တော်ဝင်၍ ထုနေလိုက်ပါသည် ။ နတ်မ

လေးသည် ၊ ကျွန်တော့်ကို အားကိုးသော အခို့တရို့အကြည့်လေးဖြင့် ကြည့်၍ မည်သို့ ၊ တွေးနေသည်ကို

ရင်မောင် မသိပေ ၊ ရင်မောင် တွေးသည်မှာ . . . . . . . ဤ နတ်မကို ယူရင်တော့ ၊ ၇ ပေါင်တူနှင့်ပါ ညား

မှာသေချာတော့သည် ၊ အဘယ်ကြောင့်ဆိုသော် ၊သူမ၏ အကို၏ နာမည်မှာ ၊ နာမည်ကျော် ပန်းပဲ ဆရာ

ကြီး မောင်တင့်တည် ဖြစ်နေသောကြောင့်ပင် . . . . . . ။ တော်ပီ ” နတ်ကိုမရရင်လည်း နေပါစေတော့

ဆက်၍ ထုမနိုင်တော့ပါ ။ သူမ၏ အကို မောင်တင့်တည်သည် ကျွန်တော့် အနားကို လာ၍ သူ့ ညီမကို

တကယ် နှစ်သက်သည်ဆိုလျှင် သူတို့၏ ဘ၀သို့ဝင်ရောက်ရန် ခေါ်လေသည် ။ ဘယ်လိုတွေးတွေး မဖြစ်

နိုင်ပေ ၊ လူ့ ဘ၀သည် ရခဲလှသည်မဟုတ်ပါလား ၊ လူဘ၀သည် အမြတ်ဆုံး မဟုတ်ပါလော ၊လူသားစစ်စစ်

မှ ဘုရားဖြစ်နိုင်သည် မဟုတ်ပါလော ခင်ဗျာ . . . . . . .။

ဤ သို့နှင့် ကျွန်တော် ပြန်လာခဲ့သော်လည်း နတ်မလေးမှာမူ ၊ မည်သို့မှ ပေါ်မလာတော့ပေ ။ တနေ့၌

ကျွန်တော်နှင့် တွေ့ခွင့်မပြုသော ၊ သူတို့ အမျိုး အနွယ်တွေကို စိတ်တိုလာသဖြင့် ၊ အိမ်တွင်း နတ်အုန်း

ဆွဲကို ပြေးကန်၍ ၊ ဓားမဖြင့် အုန်းသီးကို ခုတ်ခွဲ၍ မုန့်လက်ဆောင်း လုပ်သောက်ပြစ်လိုက်ပါသည် ။

ထိုနေ့မှ စ၍ ရင်မောင့် အိမ်တွင် ၊ အိပ်တွင်းနတ်အုန်း မရှိတော့ပါခင်ဗျာ ။ ဤ အကြောင်းကို ဂျစ်တူး

ဝေလင်း နှင့် စမိုင်းလေး ကြားပြီး နတ်တွေအကြောင်း လာမေးကြရင်း ၊ ဂျစ်တူးသည် ၊ သူများမယားကို

ကြာကူလီ ဆွဲသော အရက်သမား မင်းကြီး၏ ညီ ၊ မင်းလေးကို ဆက်သထားသော အရက်ပုလင်းကို ၊

ယူ၍ မော့ပါတော့သည် ။ ဂျစ်တူးမော့မြင်သည်နှင့် ၊ စမိုင်းလေးပါ အငမ်းမရ လက်ကလေး တုန်တုန်ရီရီဖြင့်

တစ်ပက်တောင်း၍ မော့လိုက်ပါသည် ။ ဝေလင်းမှာမူ ၊ သူ့အလှည့် မရောက်လာသေးသဖြင့် အရက်ပုလင်း

ဘူးစို့ကို လျှာနဲ့ လျက်နေပါသည်ခင်ဗျာ ။ ဂျစ်တူးနှင့် ဝေလင်း စမိုင်းတို့ သုံးယောက် သည် နတ်ဆက်

ထားသော တောအရက်ကို မလုအယက် မော့သောက်ရင်း . . . . . . . ဂျစ်တူး မှာ သူ၏ ပါးစပ်မှ အရက်

ပုလင်းမှာပြန်ချလို့ မရတော့ဘဲ ပါးစပ်ဝတွင် ၊ ပုလင်း ကြီးစို့နေသလို ၊ ဝေလင်း၏ ပါးစပ်မှာလည်း ဘူးစို့

ကြီး စို့နေပါတော့သည် ၊ အဲဒီအချိန်မှ စ၍ “ ပုလင်းတစ် ဘူးစို့ ” ဟူသော စကားပုံ ပေါ်ပေါက်လာခြင်းဖြစ်

ပါသည် ။ စမိုင်းလေးမှာမူ ၀က်ရူးပြန်သလို ၊ပေါင်ကြားထဲ လက်နှိုက်၍ “ အောင့်သည် ” အောင့်သည် ”ဟု

အော်ဟစ်ကာ ကြမ်းပြင်၌ လူးတွန့်နေပါသည် ။ ရင်မောင်သိလိုက်ပီ ” နတ် ကိုင်လိုက်ပီ ၊ ကျွန်တော့် သူငယ်

ချင်း ၃ ယောက်ကို နတ်ကိုင်လိုက်ပြီးဆိုတာ ပင် ။ အဓိက အခြေအနေ ဆိုးနေသည်မှာ စမိုင်လေးကို နတ်မှ

အဓိက နေရာကို ကိုင်ထားသောကြောင့် ၊ ရင်မောင် တစ်ခုခုကို အမြန်ဆုံး လုပ်ပေးနိုင်မှ ရတော့မည် . . .။

ကျွန်တော်သည် အိမ်ပေါ်မှ ပြေးဆင်း၍ ၊ ရွာဦးကျောင်းမှ နတ်နန်းသို့ ပြေး၍ ၊ နတ်ရုပ်များ၏ အရှေ့၌ ၊ ခါး

ထောက်ရပ်ပြီး ပါးစပ်မှ ပက်ပက်စက်စက် ပြောပြစ်လိုက်ပါသည် . . . ။

“ ဟေ့ ” မင်းကြီး မင်းလေးရဲ့ အမေဆိုတာ ဘယ်သူလဲကွ ” သောက်ရေးမပါတဲ့ အယူလွဲတဲ့ မိစ္ဆာ တွေ

ငါ့သူငယ်ချင်းတွေကို ကိုင်ထားတယ်ပေါ့လေ ” ဟုတ်လား ” အလကား သစ်သားကို ပန်းပုထုပြီး ဆေး

သုတ်ထားတဲ့အရုပ်တွေ ၊ ငါ့ ” သူငယ်ချင်းတွေကို ပြန်ကောင်းအောင်မလုပ်ပေးရင် “ အခုတစ်ခါထဲ မီးပုံပြီး

မင်းတို့ကို ကောက်ညှင်းကျည်ထောက်ဖုတ်လိုက်ရမလားကွ ” ပြောစမ်း ” . . . . . . . ကျားကိုက် မြွေကိုက်

ဆင်နင်း ကျွဲခတ် နွားခွေ့ မီးတိုက်ခံရပြီး အသေဆိုးနဲ့ သေတဲ့ဟာတွေ ” နောက်တစ်ခါ သေချင်တယ်

တင်ပါ့ ဟုတ်လား ၊ ရင်မောင်ကွ ၊ ဆင်တစ်ကောင်ကို ယင်တစ်ကောင်လို ရိုက်သတ်လာတဲ့ကောင်ကွ ”

ဟေ့ . . . ” မင်းကြီး မင်းလေးရဲ့ အမေဆိုတာ ဘယ်သူလဲကွ . . . . . .??? အလကား မိ မဆုံးမ ဖ

မဆုံးမတဲ့ နတ်တွေ ၊ ငါ့လူတွေကို အခုချက်ခြင်း ပြန်ကောင်းအောင် မလုပ်ပေးရင် ။ “ အခု ချက်ခြင်း

မီးတိုက်တယ်ကွာ . . . . . . . ” ။

ဤ အချိန်တွင် စမိုင်းလေး ဝေလင်း ဂျစ်တူတို့ ၃ ဦးသည် ကျွန်တော်ဆီသို့ ပြေးလာကြပါသည် ။

ဟေ့ ” ဟေ့ ” ကိုရင်မောင် မလုပ်နဲ့” မလုပ်နဲ့ ” ငါ့တို့ ကောင်းသွားပြီကွ ”

နတ်ရုပ်များကို မကြည်သလို တစ်ချက် ဝေ့ကြည့်ရင်း ၊ ကျွန်တော် တွေးမိလိုက်ပါသည် ။ ပုပ္ပားမယ်တော်

ဖြစ်သော ပန်စားဘီလူးမသည် ။ သူ၏ သားနှစ်ယောက်အား ဆုံးမလိုက်သည် ထင်၏ ။ ဤ သို့ဆိုလျှင်

မိဆုံးမ ဖဆုံးမသော နတ်များလည်း ရှိနေပါသေးလားဟု တွေးမိလိုက်ပါတော့သည် ခင်ဗျာ . . . . . . . ။


အမုန်းတရားကင်းမဲ့စွာဖြင့် ပျော်ရွှင်ကြပါစေ ခင်ဗျာ . . . . . . . ကိုရင်မောင် . . . . ။

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်