maythazin: ရင်မောင်
jupiteryinmg: ဘာရဲ
maythazin: မေ တင်တဲ့ ဒီဘလော့ကို လေ(လှည့်စားတတ်တဲ့
အချစ်... ဒီမှာဖတ်ပါ) ချောကလက်မှာ
အားလုံးနီးပါးကကွန်မန့်  ပေးကြတာ မြရာကို စွန့်လွှတ်လိုက်ပြီး ကိုယ့်အရင် ချစ်သူကို သာ ရွေးချယ်တဲ့
မေက၀တ္ထု အဖြစ် ရေးတာလေ တစ်ချို့ဆိုရင် အပြစ်ဆိုသွားကြတယ် ရင်မောင် ။ ရင်မောင်ကရော
အဲဒီဝတ္ထုကိုဘယ်လိုမြင်လဲ တစ်ကယ်လို့ အဲဒီမိန်းကလေး နှစ်ယောက်ထဲ ရင်မောင် ဆိုရင် ဘယ်သူ့
ကိုရွေးမလဲ
jupiteryinmg: မဖြေချင်ဘူးဟာ” မဖြေချင်လို့ ဒီအတိုင်းနေတာ
maythazin: ဘာလို့  မဖြေချင်တာလဲ ဟင်းးးးး ။
jupiteryinmg: အချစ်ရေးလေ
maythazin: အင်း
jupiteryinmg: မေ နင်မေးလို့ ငါမေးမယ် ရလား
maythazin: အင်း မေးလေ မေ တို့ ကြားမှာ မရတာ ဘာရှိလဲ ။ မေးလို့  မရတာကို ပြောတာနော်
jupiteryinmg: မေ့ကို လူနှစ်ယောက်က အရမ်းကို ချစ်နေတယ် ဆိုပါစို့ ၊ ဟိုတစ်ယောက်ကလည်း
နင့်ကိုတန်ဖိုးထားချစ်တယ် ၊ ဒီတစ်ယောက်ကလည်း နင့်ကို တန်ဖိုးထား မြတ်နိုးတယ် နှစ်ယောက်စလုံးက
နင့်ကို ပိုင်ဆိုင်ချင်တယ် နင် ဘယ်သူ့ကိုရွေးမလဲ ။
maythazin: မဖြစ်နိုင်တာကြီးကို
jupiteryinmg: ကံချိန်တန်လို့ ဖြစ်လာခဲ့ရင်ရော ဘယ်လို ရွေးမလဲ ။
maythazin: အီး ဘယ်လို ဖြေရမလဲ သိဘူး ၊
jupiteryinmg: သိရမယ် မေးတုန်းက မေးပြီးတော့ ရအောင်ဖြေ ။
maythazin: မေ အမှန်ပြောရင်တော့ မေ့မှာ အဲ့လို အခြေအနေ ဖြစ်လာမယ် ဆိုရင်ပေါ့ ၊ မေ စိတ်ကို
ချုပ်တီးထားမှာတော့ မဟုတ်ဘူး ၊ မေ ဘယ်သူ့ ကို ပိုချစ်နိုင်မလဲ ၊ မေ့ကိုရော ဘယ်သူက ပိုချစ် ပိုဂရုစိုက်
မလဲပေါ့ ဒါကို တော့ ကြည့်ချင်သေးတာပေါ့ ၊ ခုချိန်မှာ မေ က ဘေးကျပ်နံကျပ် မဖြစ်သေးတော့ မေ
ပြောတတ်သေးဘူးလေ ဘယ်သူ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့ သူကို ရွေးချယ်ချင်တာပဲလေ ကိုယ်ပိုချစ်တဲ့
သူကိုပဲ ရွေးမှာပေါ့ ၊ မေ ပြောတတ်ဘူး ရင်မောင် ။ မေ တစ်ခါမှ ၂ ယောက်တစ်ပြိုင်ထဲ မကြိုက်ခဲ့ ဖူး
သေးဘူး။
jupiteryinmg: အေး နင့်ပိုစ့်ထဲက ဂျစ် ဆိုတဲ့ ကောင်လေးရဲ့ အဖြေကလည်း အဲလိုပဲ ဖြစ်လာနိုင်တယ်
သို့မဟုတ် သူ့သိက္ခာအတွက် လူသိအများဆုံး မိန်းကလေးရဲ့ ဘက်ကို ၊ ရွေးရင်လဲ ရွေးသွားလိမ့်မယ်
အများဆုံး ဖြစ်တတ်တာ ဒါပဲအဖြေက ။
maythazin: အင်း အမှန် အတိုင်း မေ ပြောတာနော် မေ့ကို ချစ်သူရှိရဲ့သားနဲ့ ကောင်လေး
တစ်ယောက်က လာကြိုက်တယ် ဆိုပါစို့ ။ မေကလည်း သူ့မှာ ချစ်သူရှိမှန်း မသိဘဲနဲ့ ။ ပြန်ချစ်
မိခဲ့မယ်ဆိုရင် ၊ မေလေ ဘယ်လောက်ပဲ ချစ်ချစ် ၊ စွန့် လွတ်ဖို့  ဆုံးဖြတ်လိုက်မယ် ။
ဘာလို့ လဲ ဆိုတော့ သူ့ရဲ့ အရင်ချစ်သူ မိန်းကလေးကို သနားလို့ ရင်မောင် ။
jupiteryinmg: ဒါဆိုရင် အဲဒီပိုစ့်ထဲက ကောင်လေးက ၊ အနစ်နာခံတဲ့ မိန်းကလေးကိုမှ ပိုချစ်မိလို့
ရည်းစားဦးကို အပြစ်ရှာပြီး နင့်ကိုလက်တွဲဖို့ အလေးပေးလာရင်ရော ၊ မေ ဘယ်လိုရှင်းမလဲ ။
maythazin: ဒါကတော့ မဖြစ်နိုင်ဘူး ရင်မောင် ။ သူ့ကို ကိုယ်က ချစ်မိနေတယ် ဆိုပေမယ့် ၊ သူ့မှာ
ချစ်သူရှိရှိကြီးနဲ့ ။ မေ့ကို လာချစ်တဲ့ သူကို ၊ မေ ဘယ်လို ယုံရမှာလဲ ၊ မေ့ထက်သာတဲ့လူကိုတွေ့ရင်ရော
သူ့စိတ်က တည်ငြိမ်နိုင်ပါ့မလား ရင်မောင် ။ ဒါကြောင့် မေ့ပိုစ့်ထဲက မြရာနေရာမှာဆိုရင် ၊ မိန်းကလေး
တစ်ယောက်ဟာ ၊ ဒီလိုနှစ်ယောက်ပြိုင် ကိစ္စတွေကို လက်မခံဘူးဆိုတာ ၊ သူသိအောင် ချစ်ဦးသူ သက်
အတွက် ၊ မေ့မှာ မိန်းကလေး မာနထားပြီး ၊ အဆက်ဖြတ်ပြစ်လိုက်မယ် ရင်မောင် ။
jupiteryinmg: အေး ကောင်းတယ် အဲဒါမျိုး ငါ အားပေးတယ် ။ ချစ်ဦးသူ မိန်းကလေးအတွက် သဘာဝ
ကျစွာ ပညာပေးပြီး ဆုတ်ခွာလိုက်ရင် မခံစားရပဲ ဆုတ်ခွာနိုင်မှာပါ ။ မေ့ရဲ့ ပိုစ့်ထဲက ဂျစ်ဆိုတဲ့ ကောင်
လေးလိုမျိုး ၊ ငါလဲ ကြုံခဲ့ဖူးတယ်မေ ၊ ဒါပေမယ့် သူ့လို ဟိုချစ် ဒီချစ်မဟုတ်ဘူး ။ ငါ မေတ္တာ တောင်းခံနေ
တာက တစ်ယောက်ဆီမှာ ၊ ငါ့ကို မေတ္တာတွေ လာပေးနေတာက တစ်ယောက် ။ အဲဒီတော့ မရနိုင်တဲ့
သူဆီက မေတ္တာတွေကို သူတောင်းစားလိုလည်း တောင်းမနေချင်တော့ဘူး ။ အခုအချိန်မှာ မရခင် သူ
တောင်းစားလို မိန်းကလေးတစ်ယောက်ဆီက မေတ္တာတောင်းခံယူပြီး ၊ တစ်ချိန်ချိန်မှာ ရော့ရဲလာရင်
ကိုယ့်ကို အထင်သေးစရာဖြစ်လာတတ်တယ် ။ ယောက်ျားလည်း သိက္ခာကျတယ် ၊ ဒီတော့ ငါ့ကို မေတ္တာ
တွေပေးပြီး ပိုချစ်နိုင်သူကို ၊ ငါ့အချစ်တွေ ပုံပေးလိုက်တယ် ၊ ကိုယ့်က ချစ်မိနေသူ ဖြစ်နေတဲ့အချိန်မှာ ။
ကိုယ့်ကို ပိုချစ်ပြီး အေးမြမှုတွေကို ပေးနိုင်သူကိုရွေးလိုက်တာ မိန်းကလေးမှမဟုတ်ဘူး ၊ ယောက်ျားလေး
တွေလည်း ဒီလိုပါပဲ ၊ မေတ္တာ မပေးနိုင်ကို ဖြတ်ရမယ် ၊ မေတ္တာပေးနိုင်သူကိုရွေးရမယ် ။ ဒါဆိုရင် စိတ်
မညစ်ရတော့ဘူး ၊ မေ့ ပိုစ့်ထဲက ဂျစ်က နှစ်ယောက်စလုံးကို လက်မလွှတ်နိုင်တာလေ ။ အင်းးးးးး
နှစ်ယောက်စလုံးကို စိတ်ယိုင်နေမိတာ ။ ယောက်ျားဆိုတာကလည်း ခက်သားလားဟ ၊ ငါ့အိမ်က ကြွက်ခိုး
စားထားတဲ့ ကြက်သားဟင်းတစ်ခွပ်လိုပဲ ၊ စားရမှာလည်း ရွံစရာ ၊ လွှတ်ပြစ်ရမှာကလည်း အများကြီးဖြစ်
နေပေါ့ ။ မေတ္တာကို ဘယ်တော့မှ နှစ်ယောက် ခွမပေးဘူး ၊ ငါ ပေးသင့်တဲ့သူကိုပေးဖို့ တစ်ခုကိုစတေး
လိုက်တယ် ကြာရင် ရှည်တယ် အဲဒါ ငါ့ရဲ့ပျက်သားမှု့ပဲ ။ အခု ငါ့မှာ မေတ္တာတွေ ပုံပေးလိုက်တဲ့ သူလည်း
မရှိတော့ဘူး ၊ ငါ့ကိုထားခဲ့ပြီ ဒီတော့ အချစ်ဆိုတာကို စိတ်မ၀င်စားတော့ဘူး ၊ ၅၂၈က အေးချမ်းမှန်း
လွတ်လပ်မှန်း ငါသိသွားပြီမေ ။
maythazin: တနေ့နေ့မှာ ရင်မောင် အိမ်ထောင်ဘက် ရွေးရင် ဘယ်လိုရွေးမလဲ ဟင် ။
jupiteryinmg: နင်ကရော
maythazin: မေ မတွေးတတ်လို့  ဘယ်လို လုပ်ရမလဲလို့  မေ အညို့ ကို မေးတာပေါ့
jupiteryinmg: ငါနဲ့တန်တဲ့သူပဲ ငါယူမှာပါ ငါ့ထက်မြင့်သူကို ဘယ်တော့မှ ငါမယူဘူး
maythazin: အင်း မေရောပဲ မေက ဆင်းရဲတယ် အညို ။
jupiteryinmg: ငါလည်း ဆင်းရဲတယ် ဒါပေမယ့် ။ ငါ့မှာ အားအင်ရှိသ၍ ဦးနှောက်ရထက်
သလောက် ချမ်းသာမဟုတ်တောင် ငါကျိုးစားနိုင်ပါတယ် ။
maythazin: အညို မေတ္တာတောင်းခံတဲ့သူနဲ့ အညို့ကို မေတ္တာတွေ လာပေးခဲ့သူ ဘယ်သူ့ကို ပိုချစ်
ခဲ့သလဲဟင် ။
jupiteryinmg: ကိုယ့်ကိုမေတ္တာပေးပြီးနွေးထွေးစေခဲ့တဲ့ လ၀န်းကိုပိုချစ်ခဲ့တာပေါ့ ။
maythazin: အားးးးးးး ဂလိုလား
jupiteryinmg: ယောက်ျားဆိုတာမျိုးက ဘယ်သူ့ကို ဘယ်လောက်အထိ ချစ်ခဲ့သလဲဆိုတာ သေမှအဖြေ
ထွက်တယ်မေရေ ။
maythazin: သေတော့ ဘယ်လို အဖြေထွက်လဲ ညို
jupiteryinmg: အချစ်ဆိုတာ ကလေးလိုပဲ လက်သာရာလိုက်တတ်တယ်မေ ။ ယောက်ျားတွေဟာ
ဘယ်သူ့ကို ပိုချစ်သလဲမေးရင် နီးစပ်မှုနဲ့ သာယာနေမိတဲ့ လူကိုပိုချစ်တတ်တယ်မေ ။
maythazin: အော
jupiteryinmg: ဘာလို့လဲဆိုတော့ အချစ်ဆိုတာမကုန်ဆုံးနိုင်လို့ပဲ ဒါကြောင့် ဘယ်သူ့ကိုပိုချစ်သလဲ
ဆိုတာ မသေမချင်း အတိအကျမသိဘူးမေ ။
maythazin: အော် မှတ်သားလောက်ပါတယ် ။
jupiteryinmg: ငါမှန်တာကိုပြောတာ
maythazin: ဒါဆို တစ်ယောက်ပီး တစ်ယောက် ချစ်နေမှာပေါ့ ဟုတ်လား ။
jupiteryinmg: အဲလိုလဲမဟုတ်ဘူးလေ ငါပြောပြီးပီဘဲ အချစ်ဆိုတာ ကလေးတစ်ယောက်လိုပါလို့
လက်သာရာလိုက်တတ်ကြတာပဲ လူမလိုက်တောင် စိတ်ကလိုက်တတ်ကြတယ် ။
maythazin: ဘာလို့ လည်း အညို
jupiteryinmg: လူမလိုက်တာ သိက္ခာကြောင့်ပေါ့ ။ လိုက်လို့ရစတမ်းဆိုရင် သားဖွားမီးယပ်တွေ
လက်လည်မှာမဟုတ်ဘူးလေ ။
maythazin: ဘာဆိုင်လို့ လဲ အချစ်နဲ့  သားဖွားမီးယပ်နဲ့  ။
jupiteryinmg: အော် အချစ်ဆိုတာ ရမက်ပါပြီးသားပါ ချစ်တယ်ဆိုတာ ဘာလဲမသိပေမယ့် ချစ်သူတိုင်းကို
မေးကြည့်ပေါ့ မပိုင်ဆိုင်ချင်ဘူးလားလို့ ။ ချစ်မိတဲ့သူတွေက သူတောင်းစား တွေလိုပဲ တောင်းမရနိုင်လို့
စွန့်လွတ်ခံတယ် ဆိုတဲ့စကားကိုဆိုကြတာပဲ ၊ ကြည်ကြည်ဖြူဖြူနဲ့ ရမယ်ဆိုရင် ဘယ်သူမဆို ပိုင်ဆိုင်ချင်
တာပေါ့ မဟုတ်ဘူးလား ။
maythazin: အညို လဝန်းကို ပိုင်ဆိုင်ချင်ခဲ့လား အဲ့ဒါဆို ဘာလို့  မကြိုးစားခဲ့လဲ
jupiteryinmg: ဘ၀နှစ်ခု ပေါင်းစပ်တာ ကစားစရာမှမဟုတ်တာ ငါလိုချင်တာက အချစ်စစ် သူလိုချင်တာ
လည်းအချစ်စစ် ။
maythazin: အင်းလေ အညိုက သူ့ ကို အချစ်စစ်နဲ့  ချစ်တာ မဟုတ်လား ။
jupiteryinmg: အချစ်စစ်ဆိုတာ အချိန်ယူရမှ ရတယ် အဲဒီအချိန်ယူဆဲကာလမှာ တစ်ယောက်ယောက်က
အချစ်ကို ငြီးငွေ့သွားရင် အချစ်စစ်မဟုတ်တော့ဘူး စိတ်ကူးယဉ်အချစ်ဖြစ်သွားပီစိတ်ကူးယဉ်တယ်ဆိုတဲ့
အချစ်က ထင်တဲ့အတိုင်းမဖြစ်လာရင်ရော့ရဲသွားတယ် လျော့ရဲလာရင် မာယာပါလာတယ် ။ နောက်ဆုံး
တော့ ပျောက်ကွယ်သွားတာပါပဲ စိတ်ကူးယဉ် အချစ်တွေဟာ စပြီးချစ်ကာစ သေမလောက်ကိုချစ်တာ
အသက်ပေးပြီးတော့ကိုချစ်တာ ။ အချိန်ကြာလာလို့ ထင်သလိုမဟုတ်တဲ့အခါ လျော့ရဲ သွားတတ်ကြတာ
အနဲနဲ့ အများပါပဲမေ ။
maythazin: ဆက်ပြော
jupiteryinmg: ဘယ်သူတွေ ဘယ်လောက်အထိ ချစ်ကြသလဲ ။ သိတ်ချစ်တယ်လို့ ပြောကြတယ်
ငါ မနေ့က မေးသလိုပေါ့ ။
maythazin: ဘာမေးလဲ မေ့သွားပြီ
jupiteryinmg: အော် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ယောက်ျားတွေ ဘာလို့ ချစ်တယ်ဆိုတာ ဆက်ပြီး
မပြောကြသလဲပေါ့ “ အချစ်ဆိုတာ ဘာလဲ ” တွေးရင် ရူးသွားနိုင်တယ်မေ ။ အိမ်ထောင်ကျသွားရင် အချစ်
ဟောင်းက သေသွားပီ သံယောဇဉ်ဆိုတာပဲဖြစ်ပေါ် လာတယ် ။ အဲဒီသံယောဇဉ်နဲ့ ဘ၀သက်ဆုံးနေကြ
တာပဲရှိပါတယ် ။
maythazin: ပြောတဲ့ သူလဲ ပြောတာပဲပေါ့ တစ်ကယ်တမ်း ချစ်ကြတဲ့ သူတွေဆိုရင် သိကြတာပဲလေ ။
ကိုယ့် လက်တွဲဖော် ကိုယ့်ကို ဘယ်လောက်ချစ်လဲ ဆိုတာ ။ ခု အညိုက လဝန်းအတွက် ခံစား နေရတုန်း
လား အညို ။
jupiteryinmg: အချစ်ဆိုတာကတော့ သေသလိုလိုနဲ့ မြုံနေတဲ့ အနာတစ်ခုလိုပဲ အခန့်မသင့်ရင်
ပြန်ပေါက်လာတတ်ကြတယ်မေ ။ ရေလာရင် မြောင်းမသွယ်တဲ့သူ ရှိပါ့မလား မြောင်းသွယ်ကောင်းအောင်
အများနည်းတူ ချစ်တယ်ပြောကြတယ် ဒါကြောင့် ချစ်တယ်ဆိုတဲ့ ဒီစကားလေးဟာ အရောင်မှိန်သွား
တယ် ။ လူတွေ အားလုံး ရင်ထဲက အချစ်တွေဟာ ၊ သေတယ်ဆိုတာမရှိဘူး ဂုဏ်သိက္ခာအတွက်
ထိန်းသိမ်းတယ်ဆိုတာပဲရှိတယ် ။ ငါလဲ ဒီလိုပဲမေ မင်းကို ဆုံးရှုံးသွားတဲ့နောက် ငါ့အချစ်တွေ သေသွား
ပါပီကွာ ၊ ဘယ်တော့မှ ငါပြောမှာ မဟုတ်ဘူး ငါ့အချစ် ဘယ်တော့မှမသေဘူး ၊ ငါထိန်းသိမ်းတာပဲ ရှိ
တယ် ။ ငါ့လိုပဲ လူတိုင်းရဲ့ ရင်ထဲမှာ အချစ် ဘယ်တော့မှမသေဘူး ၊ မတွေ့သေးလို့ မစုံကြသေးတာပဲ
ရှိကြတယ်မေ ။ သိက္ခာအတွက် ထိန်းနေ ကြတာပဲ ရှိကြပါတယ် ။ အဲဒီ အမှန်တရားကို ။တစ်ချို့ လူတွေ
ဟာ ရဲရင့်စွာ ၀န်မခံကြဘဲ သစ္စာ ရှိသလို ဖင်ပိတ်ပြီး ငြင်းကြတယ် ။ အဲဒီလိုလူမျိုးတွေ အပြင်မှာထက်
အွန်လိုင်းပေါ်မှာ ပိုပေါတယ် မေ ငါပြောတာ မယုံရင် အချိန်တွေက အကောင်းဆုံး အဖြေပဲ မေ ။
maythazin: အော် မြုံနေတဲ့ အနာဆိုတော့ ပြန်ပေါက်ချင်နေတာလား ဒါဆို အခု လဝန်းက ပြန်ဆက်
သွယ်တယ် ဆိုတာနဲ့ ငေါက်ခနဲ့  ပါသွားမယ်ပေါ့ ပြောတော့ မေ့ဖို့  ကြိုးစားနေတယ်ဆို ချစ်ချင်းနဲ့  အတူ
နာကျည်းချင်းတွေ ပါလာပြီးဆို ဟုတ်ဘူးပေါ့ ချစ်နေတုန်းပဲပေါ့ ဟုတ်လား အညို ။
jupiteryinmg: မေ့ဖို့ကြိုးစားတာ မမေ့နိုင်သူတွေပြောတဲ့စကားလေ ။ မေ့နိုင်အောင် ကြိုးစားမယ်ဆိုတဲ့
အသိရှိနေသ၍ ဘယ်တော့မှမမေ့တတ်ကြဘူး ။ ဘယ်အချိန်မှာမေ့သွားသလဲဆိုတော့ ၊ မသိသလိုနေတဲ့
အချိန်မှာ မေ့သွားတတ်ကြတယ်မေ တစ်ကယ်မေ့သွားတယ်တော့မထင်နဲ့ မြုံနေတာ ။ တိုက်ဆိုင်မှု
ရှိတဲ့အခါ ချစ်ခဲ့ဖူးတဲ့ အနာဟောင်းကြီးက နဲနဲပါးပါး နာကျင်လာတယ် ။ အဲဒါ ချစ်ခဲ့ဖူးသူကို တိုက်ဆိုင်
မှု ရှိတဲ့အခါ ပြန်သတိ ရတာကို ဆိုတာပဲ ။
maythazin: အော်ဂလိုလား
jupiteryinmg: ဘာပဲဖြစ်ဖြစ် သေချာတဲ့တစ်ယောက်ကို ပိုင်ဆိုင်ပြီးရင် ထန်းသိမ်းနိုင်တဲ့လူဟာ အချစ်နဲ့
ထိုက်တန်တဲ့လူပါပဲမေ ။ ထိန်းသိမ်းမှုဟာ ရမက်ကိုသေအောင်သတ်နိုင်တယ် ဒါကိုတော့ လူတိုင်းသိဖို့
လိုပါတယ်။ ငါတွေးမိသလောက်ပြောတာပါ ။ လူအဖုံဖုံ ခံယူချက်တွေနဲ့ စွဲချက်တွေကတော့ ယောက်ျားနဲ့
မိန်းမ သူမှန်တယ် သူမှားတယ် ။ သူဖောက်ပြန်တယ် ငါသစ္စာရှိတယ်နဲ့ ဆိုပြီး ပိုစ့်တွေနဲကအတူ ၊ ကော်
မန့် တွေနဲ့ ကမ္ဘာတည်သ၍ ငြင်းခုံနေကြဦးမှာပါပဲ ။
maythazin: အညို မေ ခဏ နားချင်တယ် နော် ။
jupiteryinmg: ကဲနားပေတော့ ငါလည်း လက်ညောင်းသွားပီ ။
maythazin: ဘိုင်းနော်
jupiteryinmg: ဟုတ်ကဲ့
ဘာရယ်တော့မဟုတ်ပါဘူး . . . . ရေးဖို့ စာ မရှိတော့လို့ ချက်မေးလ်ထဲက ပြောထားတဲ့စကားတွေ
တင်ကြတယ်လို့ပဲ သဘောထားပေးပါ ။ သို့ပေမယ့် ကိုယ့်ပိုစ့်ကို တာဝန်ယူတဲ့အတွက် ။ လွတ်လပ်
စွာဖြင့် ကွဲလွဲခွင့် ရှိကြပါသည် ။
ရင်မောင့် သူငယ်ချင်းတွေ အားလုံး အမုန်းတရားကင်းမဲ့စွာဖြင့် မိမိချစ်သူနှင့် ထာဝရ
လက်တွဲနိုင်ကြပါစေဗျာ . . . . . . . ။
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်