Followers

Friday 3 June 2011

သင့်အတွက် တန်ဖိုးအရှိဆုံးအရာက ဘာလဲ...

လူတိုင်းကိုယ်စီမှာတော့ တန်ဖိုးထားတဲ့ အရာလေးတွေ ရှိကြမှာပဲနော်...။ သင်တို့ ရဲ့  ဘဝမှာ တန်ဖိုးအရှိဆုံးအရာတွေကို တွေးဖြစ်ကြရဲ့ လား..။ တစ်နေဝင် တစ်နေထွက် လှုပ်ရှားသွားလာနေကြတယ်..။ အချိန်တွေကုန်လွန်မှန်းမသိ ကုန်လွန်စေခဲ့ကြတယ်..။ တစ်ကြိမ်တစ်ခါမှ ကိုယ့်ကိုကိုယ်ပြန်လည်မဆန်းစစ်မိ... ငါဘာတွေ လိုအပ်နေလဲ..။ ဘာတွေလုပ်ဆောင်နေမိလဲ..။ ရက်တွေသာ တစ်ရက်ပြီးတစ်ရက် ကျော်လွန်သွားခဲ့ရတယ်..။လိုချင်တက်မက်မှု နွံထဲကလဲ ရုန်းမထွက်နိုင်ခဲ့ကြ..။
                     မေလေ အခြေအနေတစ်မျိုးကြောင့် အိပ်ရာထဲမှာ လဲလျောင်းနေရချိန်တိုင်းမှာ တစ်ခုထဲသော အကြောင်းအရာကိုအမြဲတမ်းနီးပါးတွေးနေမိတယ်..။ အမည်မတတ်ထားတဲ့ ဒီအခန်းလေးထဲက ကုတင်တစ်လုံးပေါ်မှာ ကဗျာတွေလဲ မရှိ၊ သံစဉ်တွေလဲ မရှိ ၊ စကားလုံးတွေလဲ မရှိတဲ့ အဖြူရောင် မျက်နှာကျက်ကို ငေးမောရင်း ရင်ထဲကိုတော့ စကားလုံးပေါင်းများစွာ ဝင်ရောက်လာလေ့ရှိတယ်..။
                   သရဏံဂုဏ်ကို အထပ်ထပ်ရွတ်ပွားရင်း အတွေးသစ်တွေလဲ အမြဲတမ်းလို မနိုင်မနှင်းနဲ့  ဝင်ရောက်လာလေ့ရှိတယ်..။ တစ်ခါတစ်လေ စိတ်ပျက်အားလျော့စွာနဲ့  အရာအားလုံးကို စွန့် လွတ်လိုက်ဖို့ ထိကို တွေးမိလေသေးရဲ့ ..။ တစ်ခါတစ်လေကျပြန်တော့လဲ လောဘတွေကိုရင်ဝယ်ပိုက်ပြီး လောဘသားကောင်ကြီးအဖြစ်ထင်ကျန်နေသေးတော့ စွန့် လွတ်မှုဆိုတာဝေးလို့  ပိုင်ဆိုင်လိုမှုတစ်ခုအတွက် မောဟသားကောင်ကြီးစီးပြီး ဒေါသအခြွေအရံတွေနဲ့ လောဘစစ်ကို ခင်းချင်နေသေးတယ်..။ ဩော်...ငါလဲလေ လောကီသားပေမို့  လောဘရယ်အဖုံဖုံ..။
                    ပိုင်ဆိုင်လိုမှုတွေကို ရွေးချယ်ရင်း ငါဘာကို အမှန်တကယ်ပိုင်ဆိုင်ချင်လဲလို့  ကိုယ့်ကိုကိုယ် သေချာပြန်မေးကြည့်တော့..... အင်းပေါ့..မေ့အတွက် တန်ဖိုးအရှိဆုံးဆိုတဲ့ အရာလေးတွေကို လိုချင်ခဲ့တာပေါ့..။ ဘာတွေက တန်ဖိုးရှိသလဲ...???????



ဘာတွေတန်ဖိုးရှိသလဲဆိုတဲ့ မေးခွန်းအတွက်တော့ မေ သေသေချာချာ စီစစ်တွေးယူရပြီး..။ များလွန်းနေတယ်လို့  ထင်နေမိလို့ လေ...။

သင်တို့  အတွက်ဆိုရင်ရော ဘယ်အရာက တန်ဖိုးအရှိဆုံးလို့ ထင်ပါသလဲ..?????????

မေ့ အတွက်ကတော့.....
တစ်နေဝင်တစ်မိုးချုပ် ညတစ်ညကို ကုန်ဆုံးပြီးတိုင်း ....
မနက်ခင်း ရောင်နီဦးရဲ့  လင်းကြက်တွန်သံတွေအောက်မှာ နိုးထလာရပြီး .....
နေ့ သစ်တစ်နေ့ မှာ မျက်နှာသစ်ခွင့်ရတဲ့ အချိန်လေးပဲ..
ငါ....ရှိနေပါသေးလား....။
ငါ့အတွက် လုပ်ဆောင်စရာနေ့ လေးတစ်နေ့  ထပ်ပြီးရရှိနေသေးပါလား...။
ပီတိအပြည့်နှင့် ဘုရားဂုဏ်တော်ရွတ်ပွားရင်း ကိုယ်ပိုင်ဆိုင်တဲ့ နေ့ သစ်တစ်နေ့ ကို ကြည်နူးမှုအပြည့်နဲ့  မေ တန်ဖိုးထားမိ၏..။
မေ့ အတွက် တန်ဖိုးအရှိဆုံးအရာက နေ့ သစ်လေး တစ်နေ့ ပေါ့...။
မေ ပိုင်ဆိုင်တဲ့ နေ့ သစ်တွေတိုင်းဟာ မေ့အတွက် တန်ဖို့ အရှိဆုံး ၊တန်ဖိုးမဖြတ်နိုင်ဆုံးအရာတွေပေါ့..။
ထိုနေ့ သစ်လေးတွေတိုင်းကို မေ မက်မောတယ်....။
အကောင်းဆုံးဖြစ်အောင် မေ ကြိုးစားတယ်..။
တန်ဖိုးရှိတဲ့ နေ့ တွေတိုင်းအတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် မေ ကြိုးစားနေတယ်...။

************မေသဇင်************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်