Followers

Friday 3 June 2011

အချက်အပြုတ် ကောင်းလှတဲ့ ၂၁ ရာစု ကျွန်တော့် မယား

ဟရောင် မောင်မင်း ထမင်းစားပြီးပြီးလား”                    “အင်း ပြီးပြီး”
“ဟုတ်လား မြန်လိုက်တာကွာ ခုပဲ အလုပ်က ပြန်လာတာ မဟုတ်လား ငါတောင် ခုမှ ချက်တုန်းကွ”
“မြန်ဆို ခေါက်ဆွဲခြောက်ပဲ ပြုတ်စားလိုက်တာလေ”
“မင်းမှာလဲ တစ်နေ့ တစ်နေ့  ဒါပဲ အကောင်းဆုံးဆိုလို့  ဒေါ်နုဆိုင်က ထမင်းထုတ်ဆွဲလာတဲ့နေ့ ပဲ ငါတွေ့ တယ်”
“အေးကွာ  ငါ့မှာ ဒေါ်နု ထမင်းဆိုင်သာ မရှိရင် ထမင်းတောင်စားဖြစ်မလားမသိဘူး ။ တစ်ယောက်ထဲ နေရတဲ့ ဘဝက ဒီလိုပဲကွ..အလုပ်က အချိန်မရတာနဲ့ ဖြစ်သလိုပဲပေါ့ကွာ..ကဲ မြင့်နိုင်ရာ ငါ အချိန်ရှိခိုက်လုံ့ လစိုက် ငါ့အသဲလေးနဲ့  ဂျီထဲမှာ သွားတွေ့ လိုက်အုံးမယ်..”
“အေးပါ အေးပါ သွား သွား..လူပျိုကြီးတွေများမြက်နုကလဲ ကြိုက်သေးတယ်”


~~~~~~~~~~~~~~~~~~~~~~~~~~~~


မင်းမင်းးးဟိုင်းအသဲ
အသဲးး ဟိုင်း ကိုကြီး သဲစောင့်နေတာ ကြာပြီးကိုကြီးရဲ့ 
မင်းမင်းးး ဟုတ်လား ဆောရီးပဲ သဲရာ ကိုကြီးအလုပ်က အပြန်နောက်ကျလို့ 
အသဲးး နေ့တိုင်းဒီလိုကြီးပဲ သဲမှာ နေ့ တိုင်းမျှော်နေရတယ် ထမင်းရော              စားပြီးပြီးလား
မင်းမင်းးး ပြီးပြီးလေ
အသဲးး ခေါက်ဆွဲပဲ ပြုတ်စားတယ်လို့  ပြောအုံးမလို့ မဟုတ်လား ဟွန့်              နေတိုင်းဒီလိုပဲ
မင်းမင်းးး ဒါကတော့ သဲရယ် ကိုကြီးက သဲလေးနဲ့  ဂျီတော့မှာချက်ရတဲ့                       အချိန်တွေကို ပိုမက်မောတာကိုး ကိုကြီးစားဖို့ ကို    မချက်စားတော့ဘူးလေ သဲလေးက ချက်တတ်လားဟင်း
အသဲးး ဟားးးး ကိုကြီးကလဲ ချက်တတ်တာပေါ့..အသဲက ချက်ရတာကို အရမ်းဝါသနာပါတာ အမြဲတမ်းချက်နေတာ အိမ်မှာဆို သဲချက်လွန်းလို့  မေမေတို့ တောင် ဆူနေရတယ်..တချိန်လုံး ချက်မနေနဲ့ တဲ့..သဲက ဘယ်လောက်ချက်လဲ ဆိုရင်လေ ဝမ်းချုပ်တဲ့အထိကိုချက်တာ
မင်းမင်းးး အောင်မလေးသဲရယ် ဝမ်းချုပ်တဲ့ထိတော့ မချက်ပါနဲ့ ..အင်း   သဲက အချက်ကောင်းတယ် ဆိုတော့ ......

မင်းမင်းတို့  ပွတာပဲ...မုတ်ဆိတ်ပျားစွဲပြီး..အစားအသောက်ကောင်းမက်တဲ့ငါ သဲကို လက်ထပ်မှပဲ ကောင်းကောင်းစားရတော့မယ်ထင်ပါရဲ့ ..ငတ်နေတာလဲ ကြာပြီး..ကြည့်စမ်း အသဲလေး ..ရုပ်ကလေးကလဲချော..အပြောလေးကလဲကောင်း..အချက်အပြုတ်လဲ ကောင်းတယ်ဆိုပါလား...မင်းမင်းတို့  ထီပေါက်တာပဲ..
မောင်မင်းမင်းရဲ့  တစ်ကိုယ်တည်း ပွကြီးအတွေး.....


မင်းမင်းးး အသဲ ကိုကြီးတို့  အမြန်ဆုံးလက်ထပ်၇အောင်နော်..သဲမိဘတွေကို ဖွင့်ပြောပြီး ကိုကြီးတို့  လက်ထပ်ဖို့  စီစဉ်ကြရအောင်..
အသဲးး ဟယ် ကိုကြီး တကယ်ပြောတာလား သဲက  အရမ်းချက်တာနော်..အသကုန်ချက်တာ    ခွင့်လွတ်နိုင်လား
မင်းမင်းးး ချက်စမ်းပါသဲရာ မင်းချက်နိုင်သလောက်                                               ချက်ချင်သလောက်ချက်စမ်းပါ..။
အသဲးး ဝေးးးးးးးးးးး  ဒါမှ သဲရဲ့  ကိုကြီး အင်း  မေမေ တို့ ကို ပြောပြီးအမြန်ဆုံးလက်ထပ်ကြမယ်........

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

                     ရွှေလက်တွဲ ခိုင်မြဲဖို့  မောင်မင်းမင်းနှင့် အသဲကျော် တို့ ရဲ့  မင်္ဂလာ လက်ထပ်ပွဲလေးက လျှင်မြန်စွာပဲ စီစဉ်နိုင်ခဲ့ပါသည်...။ တစ်ဦးကို တစ်ဦး ချစ်ကြည်နူးပြုံးရွှင်စွာနှင့် လက်ထပ်ပွဲလေး ပြီးဆုံးခဲ့ပါသည်..။
“သဲ ကိုတို့  ရဲ့  ဟန်းနီးမွန်းအတွက် ခွင့်တစ်ပတ် ယူထားတယ်ကွာ..ဒီတစ်ပတ်ကိုတော့ အသဲနဲ့  ကိုကြီး ကြည်ကြည်နူးနူးလေးဖြစ်အောင် ကိုကြီးတို့  တစ်နေရာကို သွားမယ်ကွာ အနားလည်းယူကြရင်းပေါ့”
“ဟင်း တစ်ပတ်တောင်မှလား ဒါဆိုသဲက တစ်ပတ်တောင်မချက်ရဘူးပေါ့..ရပါဘူး သဲက တစ်ရက်တောင်မချက်ပဲ နေနိုင်တာ မဟုတ်ဘူး တစ်ပတ်ကြီးတောင်ဆို သဲ ပျင်းလို့ သေမှာ ကိုကြီးရဲ့ ”
“အိုး  မပြောကောင်းမဆိုကောင်းသဲရယ် ခုမှ လက်ထပ်တဲ့ သတိုးသမီးက သေစကားပြောရလား တစ်ပတ်လေးပဲကွာ..ဒီတစ်ပတ်လွန်ရင် သဲ ချက်ချင်သလောက်ချက် ကိုကြီးမပြောဘူး..နော် သဲလေးနော်..ကို့ သဲလေးက လိမ္မာပါတယ်ကွာ”
“ဟွန့် ”
စူပုတ်ပုတ်နှင့် ကလေးဆန်ဆန် မကျေမချမ်း လှည့်ထွက်သွားတဲ့ အသဲကျော်ကို ကြည့်ရင်း မင်းမင်းမှာ ပီတိပြုံးနှင့်သာ ကျန်ရစ်ခဲ့တော့သည်..။ အင်းလေ သဲလေးက ငယ်သေးတာကိုး ...တစ်ခါတစ်လေတော့လဲ ကလေးဆိုးလေးဆိုတာလောက်တော့ ရှိမှာပေါ့...။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကုန်မြန်လွန်းလှသော အချိန်တွေထဲ တစ်ပတ်ဆိုသော ကာလကလဲ လျှင်မြန်စွာ ကုန်ဆုံးသွားပါတော့သည်...။ဒီနေ့ တော့ မင်းမင်းက လုပ်ငန်းခွင် ပြန်ဝင်ရတော့မည်..။ ပူပူနွေးနွေး ဇနီးသည်နှင့်မခွဲချင်...။ ဇနီးကလဲ တစ်ပတ်တာမျှ မချက်ရ၍ ချက်ချင်နေကြောင်း နားပူနားဆာလုပ်နေပြီး..ကဲ ဒီလောက်တောင် ချက်ချင်နေတဲ့ မိန်းမ ချက်ပါစေတော့ဗျာ...မောင်မင်းတို့  ဒီနေ့ က စပြီး အူစိုရတော့မယ်...။ ဇနီးကောင်းလေးက ချက်ကျွေးတော့မှာတဲ့ဗျ..။ ငါတော့ ငါ့ဇနီးလေး အချက်အပြုတ်တော်ကြောင်း ကြွားရတော့မယ်..။
“သဲ ကိုယ် အလုပ်သွားတော့မယ်နော်..သဲ စိတ်ချချက်သိလား..သဲ စိတ်ချမ်းသာသလိုချက်...။ဘာနဲ့ ဖြစ်ဖြစ် ကိုယ်စားလို့ ရတယ်..သဲစိတ်ပါသလိုသာလုပ်...ကိုယ့်သဘော မေးစရာမလိုဘူး”
“ဟုတ်ကဲ့ ကိုကြီး..သဲ ချက်ချင်နေတာ တစ်ပတ်တောင်ရှိပြီး..ခုမှပဲ ချက်ရတော့မယ်..”
မောင်မင်းမင်း အိမ်အပြန် အူစိုစို စားရတော့မယ်ဆိုတဲ့ စကားလုံးအကြွားလေးနဲ့ အလုပ်ထဲမှာ လူပေါက်စေ့ တံတွေးခြောက် အာပေါက်မတတ် လှည့်လည်ပြီး ကြွားခန်းထုတ်ရတာပေါ့..။ငတ်နေတာ ကြာခဲ့သမျှ ဒီညနေတော့ စားရတော့မယ် မဟုတ်လား..။ရုံးဆင်းချိန်ကိုတောင် အမြန်ရောက်ချင်လှပြီး..ဇနီးလေးနဲ့  မျက်နာချင်းဆိုင် အကြည်စိုက်ရင်း ညစာအတူ စားကြရတော့မယ်...။

ရောက်လာပါပြီး မျှော်လင့်နေတဲ့ ရုံးဆင်းချိန်

အိမ်အပြန်ခြေလှမ်းတွေက ခါတိုင်းထက် သွက်လက်လို့  နေပါတော့သည်..။
“သဲလေးရေ..ကိုကြီး ပြန်လာပြီးဟေ့”
“အားးးးးးးးးးး ကိုကြီးကလဲ ပြန်တောင်ရောက်နေပြီးလား..ဒီမှာ သဲ  ချက်တောင်မပြီးသေးဘူး ”
“မပြီးသေးရင်လဲ ဆက်ချက်ပါသဲရယ်..ကိုကြီး ရေအရင်ချိုးထားလိုက်ပါ့မယ်”
“အင်း ကြာကြာလေး ချိုးနော် ကိုကြီး..ဒီမှာ သဲချက်လို့ မပြီးသေးလို့ ”
“ဟုတ်ပါပြီး..သဲလေးတို့  ဘယ်လောက်တောင်များချက်နေပြုတ်နေလဲတော့ မသိပါဘူးကွာ..”

~~~~~~~~~~~~~~~~~~~~~~

“သဲလေး..ဘယ်မှာလဲ..”
“အခန်းထဲမှာလေ ကိုကြီး”
“ဩော်..ချက်ပြီးပြီးလား..အတော်ပဲ”
“ပြီးသေးဘူး ကိုကြီးရဲ့ ”
“ဟင်း အသဲက အခန်းထဲမှာဆို ”
“ဟုတ်တယ်လေ အခန်းထဲမှာ ချက်နေတာ”
“အခန်းထဲမှာ ဘယ်လိုချက်လဲ သဲရယ်..အနံ့ တွေ နံကုန်တော့မှာပဲ”
“ဘာအနံ့ မှ မရှိဘူးကိုကြီးရဲ့ ..မယုံရင် ဒီမှာ ကြည့်ပါလား သဲချက်နေတာ”
“အယ်.....
သဲချက်နေတာက....က...က..”
“အင်းလေ..ဘာဖြစ်လဲ သဲချက်နေတာ..”
“သဲချက်တာ ထမင်းဟင်းမှ မဟုတ်တာပဲ...Gtalk ကြီးလေ”
“အင်းလေ..သဲပြောတာ ဒါပဲလေ.ခဏနော် ကိုကြီး သဲချက်လို့ မပြီးသေးဘူး..ဒီမှာ တစ်ယောက်က သဲ လက်ထပ်သွားလို့ တဲ့ ငိုနေတာ ချော့နေရတယ် ကိုကြီးရဲ့ ”
မင်းမင်းရဲ့  မျက်နှာက ခရမ်းချည်သီးပုတ်ရောင် ပြေးနေခဲ့ပြီး
“ဒါနဲ့  မင်းအဲ့ဒါချက်နေတော့ ဒီညနေစာကို ဘာချက်ထားလဲ”
“ဟင်း ဘာချက်ထားမှာလဲ ဒေါ်နုဆိုင်မှာ သွားဝယ်စားကြမယ်လေ..ပြီးတော့မှာပါ ကိုကြီးရဲ့  ပြီးမှ တူတူ သွားကြမယ်နော်..မိုးချုပ်နေပြီး သဲ တစ်ယောက်ထဲ မသွားရဲဘူး”
“အသဲကျော်”
“ဘာလဲ ကိုကြီးရဲ့  ဖြေးဖြေးခေါ်ပါ”
“မင်း ..မင်း ..မင်းပြောတော့ မင်းချက်တတ်တယ်ဆို ..တစ်နေကုန် မနားတမ်းချက်နိုင်တယ်ဆို..ချက်လွန်းလို့  ဝမ်းတောင်ချုပ်တယ်ဆို”
“အင်းလေ  ခုလဲ သဲ တစ်နေကုန်ချက်တာပဲ..ဝမ်းချုပ်တဲ့ အထိတော့မဖြစ်သေးဘူးလေ.ဒီနေ့ မှ ပြန်စထိုင်တာဆိုတော့..နေ့ တိုင်း ထိုင်တာ ကြာရင်တော့ ဝမ်းက ချုပ်လာမှာပါ..။သဲ ဝမ်းချုပ်လာရင် ပြောမယ်လေ”
“တော်... တော်..မင်းတော်တော့..မင်းဆက်မပြောနဲ့ တော့..အေး မင်းဟာမင်း စားချင်တာစား..ငါတော့ ဒီည ခေါက်ဆွဲပဲ ပြုတ်စားတော့မယ်”
“အိုခေ ကိုကြီး..ကိုကြီးစားသလိုပဲ သဲလဲ လိုက်စားတော့မယ်..ကိုကြီးခေါက်ဆွဲ ပြုတ်လက်စ သဲအတွက်ပါ ပြုတ်ပေးလိုက်နော်”
မင်းမင်းတို့  အချက်အပြုတ်ကောင်းလှကြီးရဲ့  ဆိုသည့် ဇနီးအသစ်ချပ်ချွတ်လေးအား စကားတစ်ခွန်းမဆိုပဲ ကျောခိုင်းလှည့်ထွက်လာမိတော့သည်...။
အင်း မှားတာက ကိုယ်ပါပဲ..အစကတည်းကနေ စကားသေချာမပြောခဲ့တာလေ..။ချက်တာခြင်းမှားခဲ့တာလေ..ထမင်းဟင်းချက်တာလား  ချက်တင်ထိုင်တာလားဆိုတာ သေချာမှ မမေးမိတာကိုး..အောင်လ သီချင်းတစ်ပိုင်းတစ်စကိုပဲ စိတ်ပျက်ပျက်နဲ့  ညီးဆိုရတော့မလိုပါပဲ...
မှားတာက ကိုယ့်ဘက်မှားတာပါ...ဒီတစ်ကြောင်းလေးကိုသာ တွင်တွင် ဆိုချင်နေတော့မိသည်..။
ခုတော့ ချက်တင် မှာ အချက်တော်တဲ့ ၂၁ ရာစု ဇနီးချောလေးကောင်းမှုနဲ့  ငတ်တလှည့် ပြတ်တစ်လှည့် ခေါက်ဆွဲခြောက်ပြုတ်လေးကို ဘယ်အချိန်ကာလထိ အမှီသဟဲ ပြုရပါအုံးမလဲ မသိတော့ပါ..။


************************မေသဇင်***************************



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်