Followers

Tuesday 31 May 2011

စာလုံးတစ်လုံး၏ လက်နက်



“ နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့ ဆောင်ပုဒ်လေးကိုတော့ လူတိုင်းကြားဖူးကြမှာပင်...။ အဲ့ဒီလို 

ကြားဖူးကြတာနှင့်အမျှ စာတစ်လုံး၏ အရေးပါမှုကိုလဲ ခံစားသိရှိကြမှာပါပဲ...။ လေထဲမှာ ပျောက်ပျက်

သွားနိုင်တဲ့ စကားလုံးတွေထက် စာမျက်နှာမှာ ကျန်ခဲ့တဲ့ စာလုံးတစ်လုံးက မှတ်ကျောက်တစ်ခုလို 

တည်တန့်  ခိုင်မြဲ နေပါတယ်...။

စာဖတ်ဝါသနာ ပါသူတို့ အတွက် စာပေဟာ အဖော်ကောင်း အဖြစ်နဲ့  ရပ်တည်ပေးတဲ့ သူငယ်ချင်း

ကောင်းပါ...။ လေ့လာ သင်ယူလိုသူများအတွက် ဆရာကောင်းပါ...။ ဝေးကွာနေကြတဲ့ ဆွေမျိုးသားချင်း 

မိတ်ဆွေများအတွက် စိတ်ချင်းနီးစပ်မှုရှိအောင် ဖန်တီးပေးတဲ့ တမန်တော်လေးပါ...။


ခုဆို ning ဆိုဒ်လေးတွေထဲကနေ စာတစ်လုံးကို အသုံးပြုပြီး ကမ္ဘာအရပ်ရပ်မှာ ပျံ့ နှံ့ နေကြတဲ့ တို့ ပြည်သူတွေ

နှီးစပ်မှုလေးတွေ ရရှိပြီး ခင်မင်ရင်းနှီးနေကြတယ်..။ မျှဝေခံစားနေကြရတယ်..။ နည်းပညာတွေ ဖလှယ်ကြရင်

သင်ယူ တတ်မြောက်လာကြတယ်...။ကိုယ်ရရှိခဲ့တဲ့ ဗဟုသုတတွေကို လက်ဆင့်ကမ်း ဝေမျှခွင့်လေး ရရှိခဲ့တယ်....။

ဒီ ning ဆိုဒ်လေးတွေ တည်ထောင်သူတွေဟာလဲ နာမည် ကျော်ကြားချင်လို့  ဆိုတာထက် သူ့ ဝါသနာကို 

အရင်းခံပြီး အချိန်ကုန် ငွေကုန် လူပမ်းခံပြီး ဝေးကွာနေသူချင်း မျှဝေ ခံစား ဖလှယ်နိုင်ကြရအောင် 

ဆိုဒ်လေးတွေ ကို တည်ထောင်ပေးကြတယ်..။ ဝေမျှချင်သူတွေကလဲ တတ်သည့်ပညာ မနေသာ

ဆိုသည့်အတိုင်း ကိုယ်တတ်ထားတဲ့ ပညာလေးတွေကို ဒီ ning ဆိုဒ်လေးမှာ အခမဲ့ ဝေမျှပေးကြတယ်...။

ဒါတွေဟာ ဝမ်းသာ ပိတိဖြစ်စရာလေးတွေပါ...။ နည်းပညာတွေ ဝေမျှသူတွေထားတော့..။ ခု ပြောချင်တာက

စာလေးတွေနဲ့  ခံစားချက်လေးတွေ ဝေမျှနေကြတဲ့ သူငယ်ချင်းတွေ အတွက်ပါ...။ စာလုံးလေး တစ်လုံးဟာ

လူတစ်ယောက်ကို ပျော်ရွှင်မှု ပေးနိုင်သလို ကြေကွဲမှုတွေလဲ ပေးနိုင်တယ်..။ စာ တစ်လုံးဟာ လူတစ်

ယောက်ရဲ့  ဘဝကို မြှင့်တင်ပေးနိုင်သလို အလဲလဲ   အကွဲကွဲနဲ့  ကျရှုံးမှုကိုလဲ ပေးနိုင်တယ်...။ 

လူတစ်ယောက်ကို မုန်းတီးနေရာမှ ချစ်ခင်အောင် ပြောင်းလဲ ပေးနိုင်သလို ချစ်ခင်နေရာမှ 

မုန်းတီးသွားအောင် ပြောင်းလဲပေးနိုင်တယ်..။


လူတစ်ယောက်ရဲ့  

နှလုံးသားကို အာဟာရပေးနိုင်သလို အားယုတ်အောင်လဲ စွမ်းဆောင်နိုင်တယ်...။ လူတစ်ယောက်ကို 

ချမ်းသာမှု ပေးနိုင်တဲ့ နည်းလမ်းပေးနိုင်သလို ဆင်းရဲချင်းဆိုတဲ့ ရလဒ်ကိုလဲ ပေးစွမ်းနိုင်တယ်..။ သေဆုံး

နေတဲ့ စိတ်ဓာတ်ကို အားအင်တွေပေးပြီး ကယ်ယူဖေးမနိုင်တဲ့ ဆေးတစ်ခွက်ဖြစ်နိုင်သကဲ့သို့  ရှင်သန်

နေတဲ့ စိတ်ဓာတ် တစ်ခုကိုလဲ သေဆုံးစေတဲ့ အဆိပ်တစ်ခွက်လဲ ဖြစ်စေနိုင်ခဲ့တယ်...။

ဒီတော့ မာယာများစွာနဲ့  ပြည့်နှက်နေတဲ့ ဒီစာလုံးလေးတွေကို စာရေးသူတွေက 

သတိထားပြီးရေးစေချင်တယ်...။(ဆရာလုပ်တာ မဟုတ်ဘူးနော်)..။ ကိုယ်ရေးလိုက်တဲ့ စာလေး

တွေဟာ ကိုယ့်စာကို ဖတ်ရှုလေ့လာသူတွေအတွက် အဆိပ်မဖြစ်စေချင်ဘူး..။တိုးတက်အောင် 

မစွမ်းဆောင်နိုင်ခဲ့လျှင်တောင်မှ ဆုတ်ယုတ်စေတဲ့ သဘောမျိုးမရှိအောင် သတိလေးထားပြီး 

ရေးစေချင်တယ်..။ အနှစ်သာရရှိတဲ့ အသိပညာကို မီးမောင်းထိုးပြတဲ့ စာမျိုးဖြစ်စေချင်တယ်..။ 

စူးစမ်းလေ့လာနေတဲ့ လူငယ်တွေအတွက် ကောင်းမွန်တဲ့ ထိန်းကျောင်းမှု အားဆေးလေး ဖြစ်အောင် 

စွမ်းဆောင်နိုင်တဲ့ စာလေးတွေ ဖြစ်စေချင်တယ်..။ ကိုယ်ပစ်လိုက်တဲ့ လက်နက်ဟာ ထိမှန်သူကို ဘယ်လို 

ထိရောက်မှုမျိုး ရှိနိုင်သလဲ ဆိုတာ သေချာ စဉ်းစားပြီးမှ ကိုယ့်လက်နက်ကို ပစ်ခတ်စေချင်တယ်...။ ဒါက မေ့ 

ရင်ထဲက စေတနာပါ..။

သူငယ်ချင်းများအားလုံး ကိုယ့်လက်နက်ကို မှန်ကန်စွာ ပစ်ခတ် တတ်ကြပါစေ....။



************* မေသဇင် **************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်