Followers

Tuesday 31 May 2011

အွန်လိုင်းထဲက သူငယ်ချင်းဘဝ ရေရှည်တည်တန့် ဖို့ ဆိုလျှင်....



အွန်လိုင်း....အွန်လိုင်း.... အွန်လိုင်း...

မွေးကင်းစ ကလေးတောင် စပြီးသုံးဖို့  မျက်စပြစ်ခံနေရတဲ့ အွန်လိုင်း...။ အွန်လိုင်းမှာ ကောင်းတာရှိသလို..

ဆိုးတာလဲရှိတယ်...။ အကျိုးပေးတာရှိသလို အကျိုးကို ပျက်ဆီးစေတာလဲရှိတယ်...။ဒီတစ်ခါတော့ 

ကောင်းတာလေးရွေးပြီးပြောကြရအောင်....။ များများတော့ မပြောဘူး..။တစ်ခုထဲအရင်ပြောကြည့်မယ်...။

အွန်လိုင်းထဲမှာ သူငယ်ချင်းတွေ ဖြစ်နေကြတဲ့ သူငယ်ချင်းအားလုံးအတွက်...။ ကိုယ်ကိုတိုင်အပါအဝင်ပေါ့...။

လူရယ်လို့  ဖြစ်လာရင် အဖော်အပေါင်းဆိုတာ လိုတာပဲလေ...။ အနည်းဆုံးတိုင်ပင်ဖော်၊ရင်ဖွင့်ဖော် 

လေးတွေလိုသလို ဝမ်းနည်းအားငယ်နေတဲ့ အခါမှာ ကိုယ့်ကိုနှစ်သိမ့်စေဖို့  အဖော်ကောင်းဆိုတာ 

လိုတာပဲလေ...။ အဲ့ဒီလို လိုနေတဲ့ အခါလေးတွေမှာ တစ်ခါတလေ ကိုယ်ရင်ဖွင့်ချင်တဲ့ စကားလုံးလေး

တွေဟာ လူချင်းတွေ့ ပြီးပြောတာထက် လူချင်းမတွေ့ ပဲ ပြောရတာ ပိုပြီး လွတ်လပ်မှု ရှိသလို 

ခံစာမိတဲ့ အခါမျိုးလဲ ရှိတတ်ကြပါတယ်...။ အဲ့ဒီလို အခါမျိုးမှာ အွန်လိုင်းသူငယ်ချင်းတွေက ကိုယ့်အတွက် 

ပိုပြီး ထိရောက်မှု ရှိတယ်လို့  တော့ ထင်ပါတယ်...။ အွန်လိုင်းထဲက သူငယ်ချင်းတွေဆိုတာ ကမ္ဘာအနှံ 

့အပြားမှာ ရှိနိုင်သလို အတွေ့ အကြုံ ဗဟုသုတ မျိုးစုံနဲ့ အမြင်မျိုးစုံ၇ှိနိုင်တဲ့ အတွက် ကိုယ်ကိုတိုင်လဲ 

အမြင်တွေ၊ဗဟုသုတတွေ များစွာကို ကိုယ်ကိုတိုင် မသွားရောက်နိုင်တောင်မှ ထိုသူငယ်ချင်းတွေဆီမှ 

သိရှိလေ့လာ မှတ်သားနိုင်ခဲ့ပါတယ်...။သူတို့ ရဲ့  မျှဝေမှုတွေ အပေါ်မှာ ခံစားပေးနိုင်သလို ကိုယ့်ရဲ့ ရင်ဖွင့်မှု 

အပေါ်မှာလဲ သူတို့ တွေ သောတ ဆင်ပေးနိုင်ကြတဲ့ သူငယ်ချင်းတွေလေ...။ ဒီတော့ ဒီလို သူငယ်ချင်းဆိုတဲ့ 

မှတ်ကျောက်လေး ခိုင်မြဲဖို့  ဆင်ခြင် ထိန်းသိမ်းသင့်တာလေး တစ်ချို့ ကို ဆင်ခြင် ထိန်းသိမ်းကြရအောင်

နော်....။ အဲ့ဒီလို သူငယ်ချင်း ဘဝလေး ခိုင်မြဲဖို့ မမေးရမည့် အဓိက အချက်လေး (၅) ချက်ရှိတယ်...။ 

လေ့လာကြည့်ရအောင်....။

(၁) အသက်ကို မမေးပါနှင့်

(၂) ရုပ်ရည်ကို မမေးပါနှင့်

(၃) အလုပ်အကိုင်ကို မမေးပါနှင့်

(၄)ချမ်းသာကြွယ်ဝမှုကို မမေးပါနှင့်

(၅) အိမ်ထောင်ရှိလား လို့ မမေးပါနှင့်

 
(၁) အသက်ကို မမေးပါနှင့်

လူတစ်ဦးနှင့် တစ်ဦး ခင်မင်မှုမှာ အသက်အပိုင်းအခြားဆိုတာ မလိုပါဘူး...။ရိုသေလေးစားမှုနှင့် 

ယဉ်ကျေးပျူငှာမှု သာလိုပါသည်...။ ရိုသေလေးစားမှုနှင့် ယဉ်ကျေးပျူငှာမှု ဆိုတာကလဲ ကြီးသည်၊ 

ငယ်သည် မဆို လူတိုင်းအပေါ် ထားသင့်သည့် လိုအပ်ချက်ပင်...။ အသက်အရွယ်နှင့် မဆိုင်ပါ...။ ထို့ 
 
ကြောင့် ခင်မင်မှုတွင် အသက်အရွယ်မလိုပါ...။ မလိုခြင်းဆိုသည်မှာ ကိုယ်က မေးလိုက်လို့  တဖက်သူမှာ

ကိုယ့်ထက် ကြီးလွန်းနေသည်သော်၎င်း၊ ငယ်လွန်းနေသည်သော်၎င်း ဖြစ်နေပါက ကိုယ်ကိုတိုင် သော် ၎င်း

တဖက်သူမှာသော်၎င်း စိတ်ခံစားမှု ပြောင်းလဲနိုင်သည်...။ ကိုယ့်ထက် အသက်ကြီးလွန်း၍ နှစ်ဦးနှစ်ဖက် 

ဆက်ဆံရေး ရှိန်သွားနိုင်သလို အသက်ငယ်လွန်၍ အထင်သေးတာမျိုး၊ 

ငါ့မှာ မကြီးမငယ်နှင့် ခလေးကို ပေါက်ကရတွေ ရင်ဖွင့်နေမိတယ် ဆိုတာမျိုးတွေးမိပြီး ရှက်သွားနိုင်သည်...။ 

ထို့ ကြောင့် မမြင်ရသော လူသားနှစ်ဦး ခင်မင်ရန် အသက်အရွယ် လိုမည်မထင်ပါ...။

(၂)ရုပ်ရည်ကို မမေးပါနှင့်

လူတစ်ဦးနှင့်တစ်ဦး ခင်မင်ရန်မှာ ရုပ်ရည် မလိုပါ...။ အွန်လိုင်းထဲတွင်သာမက ပြင်ပ လောကတွင်ပါ 

မလိုပါ...။ မိမိသည် ထိုသူနှင့် ရုပ်ရည်ချင်း အပေါင်းအသင်း လုပ်မည်မဟုတ်...။ စိတ်ချင်းသာ အပေါင်း

အသင်းလုပ်မည် ဖြစ်သောကြောင့် ဖြစ်သည်...။ လှတစ်မျက်နှာ ယဉ်တစ်ကိုယ် မဟုတ်သောငြား 

အလွန်တရာမှ စိတ်နှလုံးနူးညံ့  သိမ်မွေ့ ၍ ကူညီ ၇ိုင်းပင်းတတ်သူ များစွာရှိသကဲ့သို့  အပြစ်ဆိုစရာ 

နည်းနည်းမှ မရှိ ချောလှလွန်းပါသော် ကြမ်းတမ်းသော စိတ်ဓာတ်နှင့် ကောက်ကျစ်သူ များစွာ ရှိသော 

ဤလောက တွင် စစ်မှန်သော ခင်မင်မှုအတွက် အရေးပြား တစ်ထောက်သော ရုပ်ရည်မလိုပါ...။ 

ဖြူစင်သောနှလုံးသား တစ်စုံကို အဖော်ပေါင်းပြုရန် တားဆီးပေးမည့် “ချောလားဟင်း” ဆိုသော မေးခွန်းကို 

ကျေးဇူးပြုပြီး မမေးပါနှင့်...။

(၃)အလုပ်အကိုင်ကို မမေးပါနှင့်


လူတစ်ဦးနှင့် တစ်ဦး ခင်မင်ရာတွင် အလုပ်အကိုင် ဆိုတာလဲ မလိုပါ..။ သူကတော့ ဘာအလုပ်မှ မရှိလို့  

ငါတော့ သူ့ ကို မခင်နိုင်ဘူး....။ သူကတော့ ဘာကြီးမို့  ပိုခင်မယ်ဆိုတာ မျိုးက ခင်မင်မှု အစစ်အမှန် 

မဟုတ်ပါ..။ စစ်မှန်စွာ ခင်မင်ရန် ထိုသို့ သော အရာများမလို...။ ထို့ ကြောင့် မိမိ နှစ်နှစ်ကာကာ 

ခင်မင်နေသူအပေါ် အလုပ်ဆိုသော ဂုဏ်ပုဒ်နှင့် ခွဲခြားရန်မလို...။ ကိုယ်သိရှိလိုက်သော သူ ၏ အလုပ်

ဂုဏ်ပုဒ်တစ်ခုကြောင့် ကိုယ့်ကိုကိုယ် ဝမ်းနည်းအားငယ်မှုနှင့် မဝံ့မရဲ ဖြစ်နိုင်သကဲ့ သို့  ကိုယ့်ကိုကိုယ် 

အထင်ကြီးမှုနှင့် တဖက်သားအပေါ် အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် “ဘာအလုပ် 

လုပ်လဲ” ဆိုသော မေးခွန်းမျိုး အွန်လိုင်းသူငယ်ချင်းဘဝတွင် မေးရန်မလိုပါ...။ ခင်မင်မှုသာ အဓိက...။

(၄)ချမ်းသာ ကြွယ်ဝမှုကို မမေးပါနှင့်

စစ်မှန်သော ခင်မင်မှုအတွက် ဂုဏ်ဓန ဆိုသော တံတိုင်းကို ဖျက်င်္ဆီးပြစ်ရမည်သာ...။သူတဖက်သား၏ 

ချမ်းသာကြွယ်ဝမှုကို သိရှိလိုက်သည့်အတွက် မိမိကိုယ်ကို အားငယ်မိနိုင်သကဲ့ သို့  စစ်မှန်သော ခင်မင်မှု 

ပျောက်ဆုံး၍ မရိုးမသားစိတ်များလဲ ဝင်ရောက်နိုင်သည်..။ တဖက်မှ လူသည် မိမိထက် နိမ့်ကျနေပါက 

အထင်သေးစိတ်များ ဝင်ရောက်လာနိုင်သကဲ့ သို့  စစ်မှန်သော သူငယ်ချင်း စိတ် ပျောက်ဆုံး၍ ထိုသူ

အားနှိပ်ချ အနိုင်ယူ စိတ်များ ဝင်ရောက် ကိန်းအောင်းနိုင်သည်...။ ထို့ ကြောင့် ချမ်းသာကြွယ်ဝမှု 

ပိုင်ဆိုင်မှုကို မမေးဘဲ လူသားအားလုံး မိခင် ဝမ်းမှ ကျွတ်လာသည့်အတိုင်း ဘာမှ မပါသကဲ့သို့ သာ 

သတ်မှတ်၍ တမ်းတူညီတူ ဆက်ဆံ၍ ခင်မင်မှုကို အဓွန့် ရှည်အောင် ပိုင်ဆိုင်မှုကို သိရှိရန် မလိုပါ...။

(၅) အိမ်ထောင်ရှိလား မမေးပါနှင့်

မိမိသည် ထိုသူအား သူငယ်ချင်းအဖြစ်သာ ထား၇ှိမည်..။ချစ်သူရည်းစားအဖြစ် ရွေးချယ်ရန်မဟုတ်ပါ..။ 

(အွန်လိုင်းတွင် ချစ်သူထားရန်တော့ အားမပေးပါ...။ ပေါင်းဆုံရန် ရာခိုင်နှုန်း အလွန်နည်းပါးသောကြောင့် 

ဖြစ်သည်.။ရှိတော့ ရှိတယ် ရှားတယ်..ဆိုတာမျိုးကြောင့်ပါ..။)ထို့ ကြောင့် ခင်မင်မှုတွင် “လက်ထပ်ထား

ပြီးပြီးလား ဟင်း” ဆိုသော မေးခွန်းမလိုပါ...။ သူ့ အလို ဆန္ဒအလောက် ပြောလာတာမျိုးက လွဲ၍ မမေး

သင့်ဘူးဟု ထင်ပါသည်...။ စစ်မှန်သော ခင်မင်မှု အတွက် လက်ထပ်ခြင်းက နံရံခြားနေစရာမလိုပါ...။ 

အိမ်ထောင်၇ှိသူနှင့် မရှိသူဆိုသည်မှာ ရိုးသားစွာ ခင်မင်သူအတွက် အဖြေမှာအတူတူပင် ဖြစ်သောကြောင့် 

ဖြစ်သည်...။

ထို့ ကြောင့် အွန်လိုင်းတွင် စစ်မှန်စွာ ခင်မင်သော သူငယ်ချင်းများ ခင်မင်မှု လေးရေရှည်တည်တန့် 

နိုင်စေရန် ဤမျှလောက် ရှောင်လျှင်ပင် သူငယ်ချင်းကောင်း ကို ပိုင်ဆိုင်နိုင်ပါပြီး...။ သူငယ်ချင်း ဆိုတဲ့

နွေးထွေးမှု တစ်ခုနှင့်ဝမ်းနည်း ဝမ်းသာ ခံစားချက်လေးတွေ မျှဝေခံစားနိုင်ပါပြီးလို့ ထင်ပါတယ်နော်...။

အားလုံးသော သူငယ်ချင်းတို့  စစ်မှန်သော သူငယ်ချင်းကို ကာလ ကြာရှည် အသက်ထက်ဆုံး

ပိုင်ဆိုင်ထားနိုင်ကြပါစေ...




********************* မေသဇင် **********************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်