Followers

Saturday 9 March 2013

အလှစစ်နှင့် လှနေကြသူများ










မြန်မာဝတ်စုံဆိုတာ သိပ်ကို လှပတဲ့ ဝတ်စုံလေးပါ။ လူမျိုးမရွေး၊လူတန်းစားမရွေး ၊ ဝတ်ဆင်သူတိုင်းနှင့် လိုက်ဖက်တင့်တယ်သည့် ဝတ်စုံလေးပါ။ ခုလို လူမျိုးမရွေး၊လူတန်းစားမရွေး လိုက်ဖက်သည်ဟု သုံးနှုန်းပြီးပြောဆိုခြင်းမှာ မည်သည့် နိုင်ငံဖွား ၊မည်သည့်တိုင်းရင်းသား၊မည်သည့် အသားရောင်၊ မည်သည့် ခန္ဓာကိုယ်အချိုးအစား ရှိနေပါစေဟု ဆိုလိုလျှက် ဘယ်လိုဝတ်ဝတ် လှမြဲ လှလျှက် ၊ အလှမပျက် ဝတ်ဆင်နိုင်သည့် ဝတ်စုံဟု ဆိုလျှင် မည်သူကများ မှားပါသည်ဟု ဆိုကြမည်နည်း။ မည်သူမှ ဆိုနိုင်ကြမည်မထင်ပါ။

အတို၊အပြတ် ၊ အဟိုက်၊အကွဲများ ရှောင်ကာ လုံလုံခြုံခြုံ ချပ်ချပ်ရပ်ရပ် ဝတ်ဆင်သူတိုင်းကို လှပစေတာ မြန်မာဝတ်စုံလေးပါ။ အနောက်တိုင်းကိုမှ အထင်ကြီး၊ ဖွံ့ထွားသည့် ခန္ဓာမှာ ကောက်ညင်းထုပ်ကြီးစီးသလိုအနေအထားမျိုးဝတ်မှ အထင်ကြီးသူများအတွက် မြန်မာဝတ်စုံဆိုတာ ထို ဒူးပေါ်၊ရင်ပေါ်၊ကောက်ညှင်းထုပ်များထက် ပို၍ သာလွန်ခဲ့ကြောင်းကို မျှဝေပေးပါရစေရှင်။
ယခုပုံများကိုတော့ အင်တာနက်စာမျက်နှာပေါ်မှ ရှာဖွေစုဆောင်းခဲ့ပြီး ဓာတ်ပုံဖန်တီးရှင်နှင့်တကွ ကာယကံရှင်များအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲပြောပါရစေရှင်...။








ကိုးရီးယားမင်းသမီးလေး၏ မြန်မာဝတ်စုံနှင့် ပြည့်စုံလွန်းသည့် အလှ
































.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

 



1 comment:

  1. ဂုဏ်ယူပါတယ်မမနောက်ထပ်အများကြီးတင်ပေးပါအုံး

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်