Followers

Saturday 29 September 2012

ဆန္ဒလေးတစ်ခု ဖြည့်ဆည်းသူကိုရှာဖွေ

 ဟူးးးးး
သက်ပြင်းရှည်ကိုသာ ပင့်သက်ချလိုက်ချင်မိပါရဲ့။
ဘာကြောင့်များအတွေးအမြင်တွေ လွှဲမှားနေကြတာပါလိမ့်။ ကြားနေ၊မြင်နေ၊တွေ့နေသမျှ တည်ငြိမ်ခဲ့တာလည်း ဘာမှကို မရှိခဲ့ပါလား။ ခေတ်ကပဲ မြန်လွန်းတာလား။ ခေတ်လူငယ်တွေကပဲ သွက်လွန်းတာလား သေချာတော့ မပြောတတ်တော့ပါ။ သေချာတာကတော့ အင်တာနက်သုံး လူငယ်တော်တော်များများ အမြင်မှား၊အတွေးမှာ ၊ခံယူကျင့်သုံးချက်တွေ မှားနေကြလေပြီ။
အင်တာနက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိကြပြီးတာနှင့် လေ့လာမယ်၊သင်ယူမယ်၊လေ့ကျင့်မယ် ဆိုသည့် စိတ်ကူးထက် ၊ ကြူမယ်၊ချက်မယ်၊ ရည်းစားထားမယ်ဆိုသည့် အတွေးတွေကသာ ပိုင်စိုးထားကြသည်ထင်ပါရဲ့။ ဒီသံသရာမှာသာ လည်ပတ်နေလိုက်ကြတာ။
အွန်လိုင်းအချစ်.....................။
ဘယ်မှာများစစ်လို့တုန်း။ တစ်ရာမှာ ကိုးဆယ်ကိုးရာခိုင်နုန်းက အတုအယောင်တွေ။ 
အွန်လိုင်းဆိုသည်မှာ အလိမ်အညာများကြီးစိုးရာနေရာဟု သတ်မှတ်ထားကြသည်တဲ့။ ထိုနေရာတွင် ကျင်လည်နေသော မိမိသည်လည်း အဘယ်မည်မျှ ရိုးသားပါသနည်း။ သူတစ်ပါး၏ လှည့်ဖြာမှုကိုသာ ပြစ်တင်ချင်လျှက် မိမိ၏ ပြစ်ချက်ကိုတော့ ဖုံးကွယ်ထားချင်ကြသည်။ သို့မဟုတ် ကိုယ်တိုင် မှန်ကြည့်ကာ ဆန်းစစ်ခွင့်မရခဲ့၍ မမြင်နိုင်ခဲ့သည်လား။
ဒီနေ့ချစ် ၊နောက်နေ့ကွဲ၊နက်ဖြန် နောက်တစ်ယောက်တွဲ ။ အနှစ်မပါ အချစ်တွေထဲမှာ ခံစားချက်တွေ အရင်းပြုပြီး လုံးထွေးနေလိုက်ကြတာ။ သာယာနေလိုက်ကြတာ။ တစ်ခါတစ်ရံတော့ မြင်နေသမျှ ဖွဖွလေးပြုံးကာ တွေးမိလိုက်ပါရဲ့။
ဩော်...သူတို့လေးတွေ အချစ်ကဗျာ၊အလွမ်းကဗျာလေးတွေရေးဖို့ တစ်ယောက်ပြီးတစ်ယောက်တွဲကာ ကုန်ကြမ်းရှာနေရတာပါလားလို့။
သူတို့ ရှာလာသမျှ အချစ်၊အလွမ်း ၊ကဗျာလေးတွေ တစ်နေ့ထက် တစ်နေ့ မရိုးနိုင်အောင် ထိုင်ထိုင်ဖတ်နေရတာကိုပဲ ကဗျာလေးက ကောင်းလိုက်တာ။ ထပ်တူ ခံစားရပါတယ်လို့ ကွန်မန့်လေး ထိုင်ပေး။ ကိုယ်လဲ ထပ်တူလိုက်ကာ လွမ်းတတ်နေပါပြီ။ ဒီအချစ်အလွမ်း သံသရာက ရုန်းထွက်ကြပါတော့။
အချိန်ကုန် ၊လူပမ်း သုံနေကြသည့် ဒီအွန်လိုင်းသံသရာမှာ ကုန်ဆုံးခဲ့သည့် အချိန်၊ ပေးလိုက်ရသည့် ငွေကြေးပမာဏနှင့် ညီမျှအောင် မိမိအတွက်ကိုသော်လည်းကောင်း၊ အခြားသူများအတွက်အကျိုးရှိသော အရာများလုပ်ဆောင်ခြင်းဖြစ် မိမိ၏ အချိန်များကို အသုံးချစေချင်ပါသည်။
ဤလမ်းကို ခင်းမိလျှင် ဤလမ်းကိုသာလျှောက်ရွှေ့ ခရီးဆက်ရမည်မှာ အမှန်ပင်။ မိမိလျှော်လှမ်းလိုသည့် လမ်းမှာ အဘယ်သို့လမ်းနည်း။ အနာဂတ်သာယာလှပမည့်လမ်းလော။ အလိမ်အညာ ၊ဗုံးမိုင်းတွေ ပြည့်နှက်နေသောလိုင်းပင်လော။ ကိုယ်တိုင်ရွေးချယ် ၊ ကိုယ်တိုင်စံပြ လျှောက်လှမ်းနိုင်ကြပါစေ။
အမှာစကားအနေနှင့် လေ့လာပါ ၊ သင်ယူပါ၊ မျှဝေပါလို့ ဆန္ဒလေးတစ်ခု ထားရစ်ခဲ့ချင်ပါရဲ့။ မည်သူဖြည့်ဆည်းပေးမည်နည်း။





..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်