Followers

Tuesday 11 September 2012

အလွမ်းလမ်းမှာ တစ်ယောက်ထဲပါမောင်

မောင်..........
တိုးတိုးလေးခေါ်ကြည့်မိသည်။ သို့ပေမဲ့ နှလုံးသားထဲမှ လွမ်းဆွတ်ခြင်းများစွာက အရှိန်အဟုန်နှင့်ထွက်လာလေတော့ ခန္ဓာမှ လေဟာနယ်သည် ပွင့်ထွက်လာကြကာ နှလုံးသားမျက်နှာပြင်ကြီး ပတ်ကြားအက်ကာ ထိုတိုးတိုးလေး ခေါ်သံလေးကပင် ငလျင်တစ်ခု၏ တော်လဲသံကြီးအလား မြည်ဟည်းကျယ်လောင်ခဲ့သည်မှာ မိမိကိုယ်တိုင်ပင် ပြန်လည်လန့်ဖြန့်သွားခဲ့သည်။
အထူးသဖြစ်...“မောင်” ဆိုသည့် ခေါ်သံအဆုံးမှာ ကပ်ပါလာသည့် လွမ်းဆွတ်ခြင်း၊အထီးကျန်ခြင်း၊ကြေကွဲခြင်းများစွာက သူမကို ပြန်လည်နှိပ်စက်နေ၍သာတည်း။
သူမ မောင့်ကိုလွမ်းလိုက်တာ............။
သူမသည် မောင့်ကိုသိပ်ချစ်ခဲ့သည်။ မောင့်ကို အစွန်းဆုံထိယုံကြည်ခဲ့သည်။ မောင်စကားကို တစ်သွေမတိမ်း လိုက်နာခဲ့သည်။ မောင်ထားရစ်ခဲ့သော နေရာတွင်ပင် ခြေတစ်လှမ်းမရွေ့ သူမရပ်နေခဲ့သည်။
“မောင့်ကိုစောင့်နေပေးပါ။ တစ်နေ့ မောင် ဆက်ဆက်ပြန်လာခေါ်ပါ့မယ်”
ဟု ဆိုခဲ့သော စကားအတိုင်း  သူမ ဆက်ဆက်စောင့်နေခဲ့သည်။ ရာသီတွေ ပြောင်းတိုင်း မောင်လာမည့်ရက် နီးလာပြီဟုတွေးကာ ပျော်နေခဲ့ဖူးသည်။
သို့သော်သူမမျှော်နေသည့် သူမချစ်သူ “မောင်” ကတော့ဖြစ် ရောက်မလာခဲ့။
နေ့သစ်တစ်နေ့ရောက်လာတိုင်း “ မောင်”ကများ သူမရှေ့ကိုရောက်လာလေမလားဟု ဆန္ဒတွေစောစွာ မျှော်လင့်ခဲ့သည်။
သို့သော် အချိန်တွေသာ ကုန်လွန်ခဲ့သည် မောင်ကတော့ ပေါ်မလာ။
ညရောက်မှာကို သူမ စိုးကြောက်နေတတ်ပြီ။ ထိုနေ့ရက်လေး မောင်ရောက်မလာပဲ ကုန်ဆုံးသွားမှာ စိုးထိတ်လာ၍ ထိုနေ့လေးကို အဆုံးသတ်ကုန်ဆုံးစေမည့် “ည” ဆိုသည့် အက္ခရာလေး မရောက်လာစေချင်။
တစ်ချက် ချက်နဲ့ စည်းချက်ညီညီ ရွှေ့လျားနေသည့် နာရီတွေ သူမကိုလှောင်ရယ်နေသည်။ ပြေးလွှားနေသော နာရီလက်တံများကို သူမ ရပ်တန့်စေခဲ့ပါသည်။
သို့သော် သူမရှေ့မှနာရီကိုသာ သူမရပ်တန့်စေနိုင်ခဲ့ပြီး ကမ္ဘာ့ရာသီနာရီကြီးကို သူမ မစွမ်းဆောင်နိုင်ခဲ့ပါ။ ထိုနာရီကြီးက ရာသီတွေကိုပါ လှည့်ပြောင်းစေခဲ့သည်။
ရာသီတွေဘယ်လိုပြောင်းပြောင်း သူမရင်ထဲက မောင့်ကိုချစ်သော အချစ်တွေ မပြောင်းလဲခဲ့ပါ။
သူမရင်ထဲက မောင့်ကိုယုံကြည်သော ယုံကြည်မှုတွေမပြောင်းလဲခဲ့ပါ။
မောင်သည်လည်း သူမရင်ဘတ်ထဲက ချစ်ခြင်းများနှင့် ထပ်တူညီစွာ သူမကိုချစ်နေမည်ဆိုတာ ယုံကြည်မြဲ ယုံကြည်ဆဲ။
သူမ ရှင်သန်နေသရွေ့ သူမရင်ဘတ်ထဲမှ အချစ်တွေ ရှင်သန်နေပါမည်။
သူမအချစ်တွေ ရှင်သန်နေသရွေ့ သူမ၏ မျှော်လင့်ချက်တွေ ခရီးဆက်နေပါအုံးမည်။
သေချာပါသည် ။ တစ်နေ့တော့ သူမရှေ့ မောင် ရောက်လာပါမည်။
သူမရင်ထဲမှ ချစ်ခြင်းများနှင့်ထပ်တူ ယုံကြည်နေခဲ့ပါသည်။
မောင်လာရာလမ်း တွေးဆမှန်းရင် ဆက်၍ မျှော်နေမည် မောင်။

နွေမိုးဆောင်းရယ် အခါခါပြောင်း၊
ရာသီဟောင်းလဲ နှောင်းခဲ့ပြီမောင်။

နာရီတွေ ပတ်ခြာလည်
ကမ္ဘာစက်ဝိုင်း ၃၆၀ဒီဂရီစောင်း
နှစ်ဟောင်းရယ်ကုန်ခဲ့လေပြီ။

ဆက်ဆက်သာစောင့်နေလှည့်ပါ
တစ်နေ့အရောက်လာမည် ဆိုသည့်မောင့်စကား
ဤနားမှာ ပန်ဆင်
သစ္စာတိုင်ရင်ခွင်ပိုက်
တွေးဆမျှော်နေတုန်း။

မောင်ရယ်...
ကြမ္မာကြောင့်ဝေးတာလား
မာနကြောင့်တွေးတာလား
နှမရင်တွင်းမြင်ခဲ့ရင်ဖြစ်
ပြေးလှည့်ပြန်လာအုံး။

လွမ်းရက်ရယ်ရှည်
ရတက်ရယ်ပွေလာခဲ့တော့
မောင်ပေးခဲ့သည့် အကြင်နာ
ဆ ကာလေပွားနေမိလို့
နှမရင်မှာအတိုးတွေ ပိနေပေါ့
သိမ်းကူလှည့်အုံး။

အကြင်နာတွေနဲ့ ဖေးကူဖူးသည့် လက်တစ်စုံကို အလွမ်းတွေရင်မှာပိုက်ရင်း မောင်လာရာလမ်းကို နေ့စဉ်နှင့်အမျှ သူမ မျှော်နေမိသည်။
သူမသည် မောင့်ကိုလွမ်းသည့် အလွမ်းတွေရင်မှာပိုက်ရင်း ပြန်လည်ဆုံမည့်နေ့ကို စိတ်ကူးနှင့် ခရီးနှင်နေမိသည့် အလွမ်းခရီးသည်။







..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

6 comments:

  1. မကြာမကြာရောက်ဖြစ်တယ်...။ ဆက်ဖတ်ရန်ဆိုတာမတွေ့တော့ ဆက်မဖတ်ဖြစ်ခဲ့ဘူး။ Comment ဆိုတာကို နိုက်လိုက်တော့မှ ဆက်ဖတ်ရမည်စာတွေပေါ်လာတယ်လေ..။ ဆက်ဖတ်ရန်ဆိုတာလေးနဲ့ဆို ပိုကောင်းမယ်ထင်တယ်..။ မကြာမကြာရောက်ဖြစ်သူအနေနဲ့ အကြံပြုတာနော်..(D)

    ချမ်းမြေ့ပါစေကြာင်း
    ချယ်ရီမြေ

    ReplyDelete
  2. အရေးအသားလေးတွေက နူးညံ့လိုက်တာ
    ကဗျာလေးကိုလည်းခံစားသွားပါတယ်
    နောက်လည်းသည်ထက်မကရေးသားနိုင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  3. အကြံပြုချက်လေးကို အလေးထား လေးစားပါတယ်ရှင်..။ ပို့စ်ရဲ့ အောက်ခြေလေးမှာ ကွန်မန့်လေးတဲ့ နေရာနဲ့ တစ်တန်းထဲ ညာဘက်အခြမ်းမှာ read full story ဆိုတာလေးကို လင့်ချိတ်ထားပါတယ်ရှင်။
    အချိန်ရရင် မေ ဆိုဒ်ကို ပြန်ပြင်ပါအုံးမည်..
    လာရောက်လည်ပတ်တဲ့ အတွက်လဲ ကျေးဇူးပါရှင်။
    စုလေး ဘလော့ကိုအလည်သွားလို့မရဘူးနော်။
    မေပဲ သွားတာ မရောက်တာလားမသိပါဘူးရှင့်။

    ReplyDelete
  4. အကြံပြုချက်လေးကို အလေးထား လေးစားပါတယ်ရှင်..။ ပို့စ်ရဲ့ အောက်ခြေလေးမှာ ကွန်မန့်လေးတဲ့ နေရာနဲ့ တစ်တန်းထဲ ညာဘက်အခြမ်းမှာ read full story ဆိုတာလေးကို လင့်ချိတ်ထားပါတယ်ရှင်။
    အချိန်ရရင် မေ ဆိုဒ်ကို ပြန်ပြင်ပါအုံးမည်..
    လာရောက်လည်ပတ်တဲ့ အတွက်လဲ ကျေးဇူးပါရှင်။
    စုလေး ဘလော့ကိုအလည်သွားလို့မရဘူးနော်။
    မေပဲ သွားတာ မရောက်တာလားမသိပါဘူးရှင့်။

    ReplyDelete
  5. အပြန်မှာပြောခဲ့တဲ့စကားတွေ
    ပြန်လာချိန်မှာ . ....

    ReplyDelete
  6. အရမ်းကောင်းတဲ့ ဘလော့လေးပါသဘောကျပါတယ်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်