Followers

Tuesday 26 June 2012

နင့်ကို ချစ်မိတဲ့ ငါ့ကိုယ်ငါ မုန်းတယ်

အမှတ်မရှိတဲ့ ဒီနှလုံးသား
စာရွက်တစ်ရွက်လိုသာ၊

စုတ်ဖြဲလွယ်ခဲ့မယ်ဆိုရင်၊
နင့်အကြောင်းတွေးရင်း
နာကျင်နေတဲ့ ငါ့ရင်တွေ
သက်သာလို သက်သာငြား
စုတ်ဖြဲကာထား
ခပ် ဝေးဝေးသာ၊
လွင့်ပစ်ချင်ပါရဲ့။

မလွမ်းဘူးလို့ အကြိမ်ကြိမ်သတိပေးနေလျှက်
တွေးတွေးပြီး လွမ်းနေမိတဲ့
ငါ့ကိုငါ မုန်းလိုက်တာ။

ဒီလိုပုံနဲ့သာဆို
တစ်ကြိမ်တစ်ခါသာမက၊
အကြိမ်တစ်ရာလဲ
ခံနေရအုံးမယ် ထင်ပါရဲ့။

2 comments:

  1. ကိုယ့်ကိုယ်ကိုယ်လည်း မမုန်းနဲ့... ချစ်မိတာလည်း အပြစ်မတင်ပါနဲ့ ချစ်တုံးရာ...နော်... ချစ်ခွင့်ကြုံလို့ ချစ်မိတယ်ပဲ သဘောထား... ဟိ

    ချစ်တဲ့

    ReplyDelete
  2. ကျွန်တော်က နင့်ကိုတစ်စက္ကန့်လောက်မုန်းမိရင် ..မုန်းမိတဲ့ငါ့ကိုယ်ငါ တစ်သက်လုံးမုန်းပစ်လိုက်မယ် လို့ရေးထားတာ.. ။ အစ်မက ပြောင်းပြန်ပေါ့..။ ဟီး.။

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်