လောကကြီးကပဲ မတရားတာလား။
လူတွေကပဲ လှည့်ဖြာတတ်တာလား။
ငါကပဲ ယုံလွယ်လွန်းနေသလား။
အရောင်စုံ မာယာတွေအောက်မှာ၊
အကြိမ်များစွာ တိမ်းညွှတ်နေမိမှတော့၊
ငါခန္ဓာကအသဲ ၊
ဘယ်နှယ့် အကောင်းပကတိ ကျန်ပါ့မလဲ။
ဖြစ်သမျှအကြောင်း အကောင်းကြီးပဲ ဆိုကာတွေး
ရဲရဲ ရင်မဆိုင်ရဲလေသမျှ၊
ငါ့အိမ်လေး တံခါးပိတ်၊
တိတ်တိတ်လေးပဲ ပုန်းရှောင်နေတော့မယ်။
ဒဏ်ရာများစွာအောက်မှာ
နာကျင်ပြီး နာကျင်နေခဲ့ရလေတော့
သွေးစွန်းတဲ့ ဒီနှလုံး ၊ရှိုက်သံတွေဖုံး
အစိပ်စိပ် ကြေမွပြန်ပေါ့တစ်ခါ.............။
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်