Followers

Saturday 14 April 2012

(!_!)အလွမ်းသင်္ကြန် (!_!)

အနေဝေးလို့ သွေးအေးတာလားမောင်
မျှော်သူသာ စိတ်ကမောတယ်
မောင်ကတော့ ဘယ်ဆီဝယ်
မေ့ခေါင်းထက်က ကေသာနက်ပေါ်
ပိတောက်တစ်ခက်ကို တွေးကာမျှော်။
တူးပို့သံတွေ ဝေဆာနေတော့၊
မေ့ရင်မှာ မောခဲ့ပြန်ပေါ့။
အကြင်နာတစ်စက်နဲ့တစ်ခွက်ရေစင်
သယ်ဆောင်ကာ လာလောင်းလှည့်တော့
မောင်လာမည့် လမ်းဆီဝယ်
တွေးဆလို့ တမ်း။
နေဝန်းနီ စုန် ၊ဆန် ၊ဆင်း
မိုးချုပ်လို့ လင်း
မှန်းမျှော်သူ မေ တစ်ယောက်မှာတော့
စိန်ပန်းပင်အောက် ရွာဝင်လမ်းမှာပေါ့
ဥဩနှင့် ပြိုင်ကာဆွေး
စိမ့်စိမ့်ယိုဖိတ် နှလုံးသွေး
ချင်းချင်းနီလို့လေ။

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်