Followers

Thursday 12 April 2012

ရွှေမြို့တော် စုပေါင်း မဟာသင်္ကြန်ပွဲတော်

ပိတောက်တွေ မြူးတဲ့ နှစ်သစ်ကူးတဲ့ တာတန်းခူးလ ရောက်ခဲ့ပါပြီ။ နှစ်သစ်ကူးတဲ့ တန်ခူးလ၊ မြန်မာ့ရိုးရာ တာသင်္ကြန်ပွဲမှာ မြန်မာ့ယဉ်ကျေးမှုကို ထိမ်းသိမ်းတဲ့ ချစ်သူုမြို့တော်၊ရွှေမြို့တော် ဆိုတဲ့မြို့လေးဟာ ရိုးရာဓလေ့ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။အနယ်နယ်အရပ်ရပ်မှာ ရှိနေကြသော မြို့တော်သူ မြို့တော်သားများကလဲ ထို နှစ်သစ်ကူးပွဲတော်လေးကို ရင်ခုန်စွာ စောင့်မျှော်နေကြပါတယ်။မနှစ် သင်္ကြန်ရက်ကို နှမျှောတသစွာပြီးဆုံးခဲ့ရသည့် လူငယ်လေးများက ယခုနှစ်မှာ အပြတ်ကဲမည်ဟုကြွေးကြော် ကြုံးဝါးလို့နေသည်။ ဒီမြို့တော်လေးမှာ ရှိသည့် ဆရာတော်များဖြစ်ကြသည့် အရှင်ထားဝယ်၊အရှင်ဇဋိလ၊အရှင်သဇ္ဇန၊အရှင်ကစ္စာနာယ၊အရှင်သုစိတ္တ အစရှိသည့် ရဟန်းသံဃာတော်များဦးစီးကြီးမှုထားသော တရားစခန်းပွဲများကိုလဲ ဖွင့်လှစ်ထားပေးရာ သင်္ကြန်ရက်တွင်း အပျော်လွန်သင်္ကြန် ရေပက်ကစားခြင်းကို မနှစ်သက်လှသည့် မမကြယ်စင်ဖြူ၊မေသဇင်၊သိမ့်၊ရှင်းသန့်မေ အစရှိသည့် အပျိုကြီး မမများက တရားစခန်းသို့ ခြေလှမ်းပြင်နေကြပါတော့သည်။ သင်္ကြန်ပွဲတော်ရက်မတိုင်မှီ မြို့တော်လေးမှ စုပေါင်းရဟန်းခံရှင်ပြုပွဲလေးကိုလဲ စေတနာသဒ္ဒါတရား ထက်သန်စွာ လှူဒါန်း၍ ဒါနပါရမီ ပြုခဲ့ကြပါသည်။ ထိုရဟန်းခံ ရှင်ပြုပွဲတွင် သာသနာ့ဘောင်အတွင်းသို့ ပြောင်းလဲသွားခဲ့သည့် ကိုရင်ကျော်၊နေခြည်သစ်နွယ်အပါအဝင် အချို့သော မန်ဘာများအတွက်ကိုလဲ ရွှေမြို့တော်မိသားစုမှ ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုပါသည်။ ရွှေမြို့တော်ရဲ့ စုပေါင်း မဟာသင်္ကြန်ပွဲတော်ကြီးကို မြို့တော်သူ/သားတို့ရဲ့ အင်အားနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာ အခမ်းအနားဖွင့်ပွဲကို မြို့တော်ဝန် ဆိတ်မှိုင်း(ခ)ကိုငြိမ်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်ရှင်။ အဟဲ မြို့တော်ဝန်တို့ ထုံးစံ အခမ်းအနားဖွင့်ပွဲကို သတ်မှတ်ချိန်တိကျစွာ နောက်ကျမှ ရောက်ရှိခဲ့တာကြောင့် စိတ်မရှည်သော မြို့သူမြို့သားများ မြို့တော်ဝန်ဆိတ်မှိုင်းကို မစောင့်တော့ပဲ ကြိုတင်ဖွင့်လှစ်လိုက်ပါတော့သည်။ တိုက်ပုံအကျီ င်္တကားကားနဲ့ နောက်ကျမှ ရောက်လာတဲ့ မြို့တော်ဝန်ဝမ်းနည်းစွာကျတဲ့ မျက်ရည်ကို သင်္ကြန်ရေ ဆော့ကစားမှာ..ဟီးးးးး။ ဖွင့်ပွဲအခမ်းအနားတွင် မြို့တော်မှ လှပျိုဖြူများ၏ “နွေဦးကဗျာ”သီချင်းနှင့်အကအလှကို ရင်သတ်ရှုမော ရှုစားရမှာ ဖြစ်ပါတယ်ရှင်။ “ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူကမယ်.. လက်ခုပ်သံစည်းချက်လိုက်မှာလား.. ညီညီညာညာညင်းသွဲ့သွဲ့ အတာရေသဘင်ပွဲရက်မှာ ယှဉ်ပြိုင်ရင်းကကွက်မျိုးစုံတယ်” မြို့တော်အလှပြယာဉ်မှာလဲ မြို့အနှံ့ လမ်းကြိုလမ်းကြားမကျန် လှည့်လည်ကာ ဖျော်ဖြေနေပါတော့သည်။ မြို့တော်ရေကစားမဏ္ဍပ်များမှာလဲ မြို့သူမြို့သားများက စည်းကားလှပါတယ်ရှင်။ တစ်မဏ္ဍပ်ပြီး တစ်မဏ္ဍပ် လျှောက်လည်ခါ ရေကစားနေကြသော မြို့သူမြို့သားများမှာ လွန်စွာမှာပင် ပျော်ရွှင်နေကြပါသည်။
တစ်မဏ္ဍပ်ဝင် တစ်မဏ္ဍပ်ထွက် ရေပက်လို့ပျော်
အရှိန်ပြင်းပြင်းနဲ့ ပက်လိုက်တော့မှာလား။
ဂျူနီယာအောင်ထက်နဲ့ အပေါင်းအပါးတွေကလဲ ရပ်ကွက်ထဲမှာ ဒီလိုကဲ
မောင်စံလင်းတို့ ဦးဆောင်တဲ့ မန္တလေးသင်္ကြန် ရေပက်ဖို့ စင်မဆောက်နိုင်လဲ ပလက်ဖောင်းပေါ်မှာ ကဲမှာပဲ။
ရွှေမြို့တော်ရဲ့ ဖျော်ဖြေရေး ကဏ္ဍမှာ တူတူပျော်မယ်နော်။
ဖျော်ဖြေရေးမှာ အာရုံစိုက်နေသူတွေရဲ့ အလစ်မှာ ရေခိုးလောင်းမယ်။
ရွှေမြို့တော်ရဲ့ ကျေးလက်ဒေသမှာတော့ ရေပုံးဆွဲပြီး ပက်တာပေါ့။
သင်္ကြန်နွေဦး တူပို့ တူးပို့ ဆိုပြီး မြင်းလှည်းလေးတွေနဲ့ ရွာထဲ လှည့်ကြမယ်ဟေ့။
မြို့တော်ထဲက ခပ်ကဲကဲတွေကလဲ ဒီလိုဒီလိုကဲနေတာ။ ကောင်းလေးတွေရေ မိန်းကလေးလို့ထင်ပြီး မပစ်မှားနဲ့နော်။ မှားသွားမှာ ဆိုးလို့။ တို့မြို့တော်က မမတွေ အဲ့လို မဝတ်ရဲဘူး။
တို့ကျေးရွာမှာ သင်္ကြန်ကျရင် အဲ့လို ချောင်းထဲသွားပြီး ရေးကစားကြတာ ပျော်စရာ တစ်မျိုးပါ။ရွာနံဘေးက ချောင်းလေးကိုတောင် လွမ်းလာပြီ။
စတုဒီသာဘက် လှည့်မယ်ဟေ့။

ချစ်သူမြို့တော် ရွှေမြို့တော်သင်္ကြန်မဏ္ဍပ်မှာ ရွှေမြို့တော် လှပျိုဖြူများ လုံးတဲ့ မုန့်လုံးရေပေါ်
ရောက်လာသူ အပေါင်းကို ဧည့်ခံကျွေးမွေးလို့နော်



အလှူရှင်တွေရဲ့ ရင်အေးစေတဲ့ ရွှေရင်အေး
မုန့်လက်ဆောင်းကလဲ အသင့်ပါနော်။




နွေရာသီနဲ့ လိုက်ဖက်တဲ့ သင်္ကြန်ထမင်း

မြို့သူမြို့သားအပေါင်းတို့ မဏ္ဍပ်တစ်ကာလှည့် ရေပက်ခံထွက်၊ ဗိုက်ဆာရင်တော့ စတုဒီသာတွေကို ဝင်ခဲ့ပါနော်။
သင်္ကြန်နဲ့ သံချပ် ၊
သံချပ်နဲ့ သင်္ကြန်ဆိုတာလဲ ခွဲခြားလို့မရတဲ့ အရာတွေပါ။
ရွှေမြို့တော် မိသားစုမှ ရိုးရာ အမွေအနှစ်ကို အစဉ်လာမပျက် သံချပ်များနှင့်လဲ ဖျော်ဖြေလို့နေပါတယ်။
သံချပ်ဒိုးပတ်ဝိုင်းခေါင်းဆောင် မြို့တော်ဝန်ဆိတ်မှိုင်း နှင့် မြို့တော်သူမြို့တော်သားများ၏ သံချပ်
ဆိတ် ။ စိန် .စိန်..စိန်လားမောင်တို့
မြို့တော်သူ/သား။ မိုး မိုး မိုးလားမယ်တို့
ဆိတ်။ တာတန်ခူးတဲ့ နှစ်ကူးမှာ
မြို့။ ရွှေမြို့တော်မှ ပျော်ကြမယ်ဟေ့။
ဆိတ်။ ရွှေမြို့တော်မှာ ပျော်ကြမယ်
မြို့။ လာပါ လာပါ သူငယ်ချင်းတို့။
ဆိတ်။ ဆိတ်မှိုင်းဆိုတဲ့ ကျွန်တော်ဟာ
မြို့။ ကလိရာမှာ ပြိုင်ဘက်မရှိဘူး။
ဆိတ်။ ကလိရာမှာ ပြိုင်ဘက်မရှိတော့
မြို့။ မြို့တော်ကြီးလဲ တိုးတက်တာပေါ့(ဖားတာ ဖားတာ)
ဆိတ်။ မြို့တော်အက်မင် ရွှေချောဟာ
မြို့။ ကြူတဲ့ နေရာမှာ လက်သွက်လှပေါ့။
ဆိတ်။ အပျိုကြီးလဲ မချန်ပါ
မြို့။ အပျိုလေးဆို ရှောင်သာပြေးတော့။
ဆိတ်။ မြို့တော်ထဲက အပျိုကြီးတွေ
မြို့။ Invisible လုပ်ကာ ပုန်းပြီး chat ကြ။
ဆိတ်။ ကိုရင်ကျော်နဲ့ နေခြည်သစ်နွယ်
မြို့။လောကီစိတ်ကုန် ၊ သာသနာ့ဘောင်ပြေး
ဆိတ်။ သာသနာ့ဘောင်မှာ သူတိုပျော်
မြို့။တရားကိုလေ ဆင်ခြေရှုမှတ်
ဆိတ်။တရားမှတ်တဲ့ သူတို့တွေ
မြို့။ အွန်လိုင်းကိုလဲ စိတ်က မပြတ်ဘူး။
ဆိတ်။တစ်နှစ်ကုန်လို့ တစ်နှစ်ဝင်
မြို့။ လူပျိုကြီးတွေ အံကြိတ်ကာတွေး။
ဆိတ်။ ဒီနှစ်မရရင် နောက်နှစ်မျှော်
မြို့။ အမေ့ကိုလေ နားပူတိုက်တော့။
ဆိတ်။ မြို့တော်လေးကို လာကြကွယ်
မြို့။ တက်ညီလက်ညီ ကြိုးစားမယ်။
ဆိတ်။ပူပင်စရာတွေ မေ့ကာထား
မြို့။ ပျော်ကြမယ်လေဟာ။
ဆိတ်။ဘလော့ပို့စ်နဲ့ နည်းပညာ
မြို့။ကဗျာ၊သတင်း စုံညီစွာ။
ဆိတ်။ဗဟုသုတ မျှဝေမယ်
မြို့။အသိ ၊ ပညာတွေကြွယ်။
ဆိတ်။ စာရေးသူတွေ အားတက်ရေး
မြို့။ စာဖတ်ကာလေ ကွန်မန့်ပေး။
ဆိတ်။ကွန်မန့်မပေးပဲ ကျော်သွားသူတွေ
မြို့။ အပျိုကြီး ၊လူပျိုကြီး ဖြစ်ကြမယ်ဟေ့
ဆိတ်။ချက်ခန်းမှာလေ စကားပြောမယ်
မြို့။ ပျားသကာလို ချိုကြမယ်။
ဆိတ်။ ဆဲဆိုခြင်းတွေ ရှောင်ကာပေး
မြို့။ ရိုးဂုဏ်ကိုလေ ဖော်ထုတ်ပေး။
ဆိတ်။ ရွှေမြို့တော်ရဲ့ သကြန်ပွဲတော်
မြို့။ မြို့သူ/သားတို့ အားလုံးပျော်။
ဆိတ်။ရိုးရာဓလေ့ကို မေ့သူတွေ

မြို့။အိုးမဲသုတ်ခံ ရမယ်အေ။
ဆိတ်။ ပျော်ရဲ့လား မောင်တို့
မြို့။ပျော်တာပေါ့ မယ်တို့။
ဟေး လား မောင် ရို့ ဝါးးးးးးးးး(သံပြိုင်)
ချစ်သူမြို့တော်ရဲ့ ပင်မ ဗဟို မဏ္ဍပ်မှာ ရေကစားလဲပြီးပြီ၊စတုဒီသာမှာလဲ ဝါးတီး ဖွင့်ပြီးပြီ၊ သံချပ်လဲ နားထောင်ပြီးပြီဆိုရင်တော့ မြို့တော်ထဲက မဏ္ဍပ်တွေကို လျှောက်လည်ကြမယ်နော်။







ပထမဦးဆုံး လိုက်လည်ကြမှာက ရဲရင့်ရထားရဲ့
##### april king ##### (ရေကစားပွဲတော်)
ကဲ သယ်ရင်းတို့ရေ
ပိတောက်ရနံ့လေးတွေကလဲ သင်းနေကြပြီ
ကျွန်တော်တို့ရဲ့ အတာင်္သကြန်လေးလဲ ရောက်ခံနီးပြီဆိုတော့ သယ်ရင်းတို့ဘယ်လိုကဲကြမယ်လို့ စိတ်ကူးနေကြပါသလဲခင်ဗျာ
အခုကျွန်တော် တို့နေထိုင်နေတဲ့ ချစ်သူမြို့တော်(သို့)ရွှေမြို့တော် လေးထဲမှာ ကျွန်တော်က မဏ္ဍပ်တစ်ခု ဆောက်လုပ်မလို့ဗျ
ကျွန်တော်ရဲ့အိမ်လေးကလဲ မြို့သူမြို့သားတွေရဲ့ အချက်အချာကျတဲ့နေရာလေးမှာဆိုတော့ စိတ်ကူးလေးရှိလို့ မဏ္ဍပ်လေးဆောက်လိုက်တာပါ
ကဲ သယ်ရင်းတို့ရေ ကျွန်တော်မဏ္ဍပ်လေး နံမည်ကတော့ april king လို့အမည်ပေးထားပါတယ်ဗျာ
ဆက်လက်သွားရောက် ရေစကားရန် ►►►►



ဒုတိယ လိုက်လို့ လည်မယ့် မဏ္ဍပ်ကတော့ Ko Mg Mg ရဲ့
ရွှေမြို့ တော် ကျွန်တော့်မဏ္ဍာပ်
ကျွန်တော်တို့  သူငယ်ချင်း ၃ ယောက် သကြန်မဏ္ဍာပ်များကိုလိုက်ကြည့်ရင်း ။
ရွှေမြို့ တော်ရေကစားမဏ္ဍာပ်သို့ ရောက်လာသည် ။ မဏ္ဍာပ်နှုင့်ကပ်လျှက်ဘယ်ဘက်တွင် စတိတ်စင်ဆောက်ထားသည်။
စတိတ် ၏ဘက်ဂရောင်းကိုကြည့်လိုက်တော့ အလွန်ပင် လှပခန့် ညားနေတာတွေ့ လိုက်ရသည်။
နဖူးစီးတွင် ကနုတ်ဒီဇိုင်းစလုံးဖြင့်ရေးထားသော ။။
ရွှေမြို့ တော် မိသားစု မဟာသင်္ကြန်
ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍာပ်
စတိတ်စင်၏ဘေးဘယ်ညာ ၂ ဖက်တွင် ရေကစားရန်အတွက် ရေပိုက်များကိုတပ်ဆင်ထားသည် ။
စတိတ်စင်ဆောက်ထားသောနေရာသည် ပိတောက်ပင်ကြီး ၂ ပင် အကြားတွင်ဖြစ်ပြီး ပိတောက်ပန်းများလည်းပွင့်နေသည်မို့ ။
စတိတ်စင်သည်တွ့ မြင်ရတာ အလွန်ပင် ပနံရလှသည် ။
စတိတ်ဘက်ဂရောင်း ရွှေမြို့ တော်ခေါင်းစီးစာလုံး အောက်ဘယ်ညာတစ်ဖက်တစ်ချက်တွင် မြန်မာဟန်ဝတ်ထားသော ။
အမျိုးသားနှင့် အမျိုးသမီး ပန်းချီကားများကိုရေးဆွဲထားသည် ။ ရေးဆွဲထားသောပန်ချီကားများ ကလည်းလက်ရာမြောက်လှသည်။
ညာဖက်ပုံတွင် ရှေးခောတ်နန်းဆန်ဆန် ၀တ်ဆင်ထားသောအမျိုးသမီးလေးကို အမျိုးသားမှ သပြေခက်နှင့် ရေဖြန်းနေပုံကိုတွေ့ ရသည်။
ဆက်လက်သွားရောက် ရေကစားရန်►►►►



တတိယ မဏ္ဍပ်လေးမှာတော့
မှုံနံ့သာဖြူရဲ့
((ချစ်သူလောင်းမဲ့ သင်္ကြန်ရေ မဏ္ဍပ်))
လ ပြေ နဲ့ ..အတူ မျောပါလာတဲ့ ….မြူးကြွတဲ့ သင်္ကြန်သီချင်းသံက ရင်ခုန်သံတွေကို မြန်လာစေပါသည် ။
သင်္ကြန်တောင်ရောက်တော့မှာပါလားနော် ။ လူတွေ ဟာ …မျှော်လင့်ချက်နဲ့ ..အသက်ရှင်နေတာတဲ့ ။ ဟုတ်မယ် ….မှုံ လဲ တယောက်အပါအ၀င်ပေါ့ ။ သင်္ကြန်ရောက်တိုင်း မျှော်လင့်နေတဲ့ အကြောင်းလေး တခု ၇ှိပါတယ် ။ အဲ့ဒါကတော့ …“ ချစ်သူ လောင်းမဲ့ သင်္ကြန်ရေ ” ခေါ် မဲ့ မေတ္တာ ရေ စင်ပေါ့ ။ အဲ့ဒီ မျှော်လင့်ချက်လေး နဲ့ အသက်၇ှင်နေတာ …ဒီနှစ်ဆို လေးနှစ်ပြည့် တော့ မှာပါ ။
မှုံက ပဲ စိတ်ကူးရင်လွန်းတာလား မပြောတတ်တော့ပါ ။ ဒါပေမဲ့ …သူ ..သေချာ ပေါက် ပြန်လာမှာ လို့ မှုံ ယုံကြည်နေ ပါတယ် ။

လွန်ခဲ့သော (၄) နှစ်က ပျော်စရာ သင်္ကြန်ရက်များ သ.ို ......
ရေ ကြောက်တတ်သော မှုံ က …သူငယ်ချင်းတွေ … အတင်းခေါ်တာကြောင့် ..သင်္ကြန်မဏ္ဍပ်လေးသို့ …ရောက်ရှိလာခဲ့ပါတယ် ။ ခု လို ကျတော့လဲ ပျော်စရာ အကောငိးသားနော် ။ ရေ ပက်ခံသူတွေ ၊ ရေ လောင်းတဲ့ လူတွေ စည်းကားလှပါတယ် ။ စတုဒီသာ ကြွေးတာ လဲ ရှိတာကြောင့် …မှုံ တို့ မဏ္ဍပ်လေးက လူ ပို စည်လှပါတယ် ။ မှုံ လဲ မုန့်လုံးရေ ပေါ် ကူလုံးရင်း သူများတွေ ရေကစားတာကို …ငေးနေမိပါတယ် ။

ဆက်လက်သွားရောက် ရေကစားရန်►►►►



ချမ်းကြပြီးလာ သူငယ်ချင်းတို့
နောက်ထပ် မဏ္ဍပ်တစ်ခု ထပ်သွားရအောင်နော်
နောက်ထပ် မဏ္ဍပ်ဆောက်လုပ်သူက ရဲဇော်ကိုတဲ့

(၂၀၁၂ သင်္ကြန်မှာ ) ရွှေချစ်သူမြို့တော် ရဲဇော်ကို တည်ဆောက်တဲ့မိုးမြင့်ဉ္ဇူ ရွှေသင်္ကြန်ရေကစား မဏ္ဍပ်

***(၂၀၁၂ သင်္ကြန်မှာ )***
***ရွှေချစ်သူမြို့တော်***
ရဲဇော်ကို တည်ဆောက်တဲ့မိုးမြင့်ဉ္ဇူ
ရွှေသင်္ကြန်ရေကစား မဏ္ဍပ်
***ဦးစွာပထမ ပျော်ရွှင်ချမ်းမြေ့ဖွယ်
နှစ်သစ်လေး ဖြစ်ပါစေ***
*မင်္ဂလာရှိသော်နှစ်သစ်ကိုကြိုဆိုပါ၏*
ဆက်လက် သွားရောက် လည်ပတ်ရန် ►►►►



မြို့တော်သူ ၊မြို့တော်သားတု့ရေ
ချမ်းနေကြပြီလားဟေ့
နောက်ဆုံး သွားလည်ကြမဲ့ မဏ္ဍပ်လေးက ရခိုင် မဏ္ဍပ်လေးပါ။
ရခိုင်ရိုးရာ မဏ္ဍပ်လေးကို သွားကြရအောင်နော်
နေမင်းခိုင် ဆောက်လုပ်ထားတဲ့ ရခိုင်မဏ္ဍပ်
"""" ရွှေမြို့တော် ရေသဘင်ပွဲ နဲ့ ရခိုင့်မဏ္ဍပ် """"""

အားလုံးမင်္ဂလာပါဗျာ မြို့တော်သူမြို့တော်သားအားလုံးကျန်းခန်းသာလို့မာကြပါစေ...

ချစ်သူမြို့တော်ရဲ့ ရွှင်ပျော်ပျော် သင်္ကြန်ရေသဘင်ပွဲတော်ကြီးကို
ပါဝင်ဆင်နွဲဖို့လာခဲ့တဲ့အတွက်လှိုက်လှဲစွာဂုဏ်ယူပါတယ်ဗျာ
ပျော်ရွှင်စရာတွေပြည့်နှက် ခင်မင်သူတွေပေါတဲ့ ကျနော်တို့ ချစ်သူမြို့တော်ကြီးရဲ့ စည်ကားသိုက်မြိုက်လှတဲ့ အတာရေသဘင်ပွဲမှာတူယှဉ်တွဲလို့နွဲပျော်ကြမယ် စိတ်ညစ်စရာတွေချန်ထား ဝမ်းနည်းစရာတွေမေ့ထားလို့

ချစ်သူမြို့တော်ကြီးရဲ့မြို့တော်ရေသဘင်ခန်းမကိုအရင်သွားကြမယ် ထယ်ဝါခန်းနားတဲ့ မဏ္ဍပ်ကြီးပေါ့ဗျာ....

ဆက်လက် လည်ပတ်ရန် >>>>
မဏ္ဍပ်တွေလဲ လျှောက်လည်ကြတာ ကုန်ပြီ။








သင်္ကြန်ရက်လဲ ပြီးဆုံးသွားပြီ ဆိုရင်တော့ နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်တူတူပြုပြီး ဒါနပါရမီ ယူကြရအောင်နော်။
သက်ကြီးရွယ်အို ပူဇော်ပွဲကို အတူသွားမယ်။

ဇီဝိတ ဒါန တူတူပြုကြမယ်

ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုကို သာဓု ခေါ်ကြမယ်နော်။







.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်























0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်