Followers

Thursday 1 March 2012

✿♥✿♥✿ထမင်းရည်ပူစည်း နင်းမိမှာစိုး ✿♥✿♥✿

ကျေးလက်မှာမွေး ၊ ရွာမှာကြီးပြင်းခဲ့
ရိုးဂုဏ်နဲ့ ဝင့်ထည်ခဲ့သူ
ရွာက ကောက်သမ ဘုတ်ဆုံ။

လင်းကြက်တွန်ကြူး ၊ အာရုံဦးမှာ
တို့ပျိုမေများ လယ်ထဲဆင်းတော့
ဖိနပ်မပါ ၊ ခြေဗလာပေါ့
ထမီကတို ၊ ရေကစိုမှာ
နေလောင်ခံက ပါးကွက်ကျား၊
အပေါ်က ဝတ်ရုံလွှား
သီချင်းက တစ်ကြော်ကြော် ၊ ဟစ်ကာအော်
ဖြူစင်စိတ်ထား ၊ မြူးခဲ့ကြ သူငယ်ချင်းများ။

ငှက်ပျောရွက်အုပ် ၊ထမင်းထုတ်
ငါးပိဖုတ်တစ်ဖဲ့ လွေးကာကြိတ်ဟဲ့
နတ်သုဒ္ဒါဆိုတာနဲ့ မလဲနိုင် ၊
ခံတွင်းကတွေ့ပါဘိ ၊ မြိန်လိုက်သည့် ဖြစ်ခြင်း။

လယ်တောအပြန်၊ အော်ကာမြူး
ကြာရိုးကြာဆစ် ဆင်ကာထူး
ဘုတ်ဆုံကိုယ်ဟန်မှာ
တန်ဖိုးရှိစွာ ၊ ပဏာသင့်ခဲ့ပေါ့
မြင်ရသူ စိတ်ကမြူး။

ရာသီတွေပြောင်း ၊ခေတ်တွေဟောင်းလာ
အသစ်သစ်တွေကြား ၊တို့ဘုတ်ဆုံ စီးမျှောသွား
လေယဉ်ပျံကြီးစီး ၊တစ်ဖက်နိုင်ငံခရီး
အရဲစွန့်ကာ သွားချင်ခဲ့ရပြီ။

ရောမကိုရောက် ၊ရောမလိုကျင့်ဆောင်ပုဒ်
ဘုတ်ဆုံက လက်ကိုင်တုတ် လုပ်
ကောက်သမ ရိုက်ချတောင်မကျတဲ့ ခန္ဓ္ဓာကို အလှဆင်
တိုတုတ်တုတ် ခြေသလုံးကိုလှစ်
တစ်ထွာသာသာ စကပ်ဝတ်လို့နော်
ဖြူနှစ်နှစ်အသားရေနဲ့ နှစ်မွှာဖော်အလှမှာ
ကြိုးတစ်ချောင်း လက်ပြတ်နဲ့
နေလောင်မှာကို မစိုးရွံ့ခဲ့ပါ။

သနပ်ခါး ပါးကွက်ကျား ၊ လွှင့်စင်ကာသွား
ကာလာစုံမိတ်ကပ်ပြောင်း ၊ဆံပင်တွေပါ အရောင်ပြောင်းတော့
လွှင့်ပစ်ခဲ့တာ ဘုတ်ဆုံ စိတ်ဓာတ်အဟောင်း။

ဆီဦးထောပတ်တွေကြား လယ်ထဲက ထမင်းထုတ်ကိုမေ့
ယမကာလက်ကြားညပ်တဲ့ ဘုတ်ဆုံ
ကြာရိုး ကြာဆစ်တွေဝဲ ၊ ဖန်စီတွေ ဆွဲတဲ့ ဘုတ်ဆုံ
ရွာက ကောင်းကင်ကြီးမှာ ၊ သာခဲ့တဲ့ ကြယ်ရောင် လရောင်ကို အန်တု
လင်းတစ်လှည့်မှိန်တစ်လှည့် Disco မီးရောင်ကြား
ဒွန့်ဒက်တွေဆွဲ ၊ ထည်လဲတွဲ
အတုကိုအစစ်ထင် ၊ လမ်းမှာလိုက်မိတဲ့ ဖြစ်အင်။

ဟိုးးးးးးးး တစ်ချိန်
လင်းကြက်တွန် အာရုံဦးမှာ လယ်ထဲဆင်း
ခုတော့ ................
လင်းကြက်တွေမရှိတဲ့ ဒီအရပ်မှာ
အာရုံမှ အိမ်ပြန်ခဲ့ ၊
တွဲခဲ့ပေါ့
တစ်ယောက်ပြီး တစ်ယောက်။
ငါးစာသာမြင် ၊ ချိတ်ကိုမေ့တဲ့ ဘုတ်ဆုံရေ
နင့်ကိုယ်နင် မမြင်ခဲ့မိသမျှ
ငါတို့တွေ နင့်အတွက်တွေးပူ
ရင်တွေ ဖိခဲ့ပေါ့
တစ်နေ့ .............
နင်
စည်းတွေကျော်ကာ လွန်လို့
ထမင်းရည်ပူစည်း
နင်းမိမှာစိုး..............။

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်













 

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်