Followers

Thursday 1 March 2012

♥♥♥♥အဆိပ်သင့်တဲ့ ဝိုင်တစ်ခွက် ♥♥♥♥


မအူမလည် ကောင်မလေး ငါ
လိုင်းပေါ်က ဆရာကြီး နင်
တို့နှစ်ယောက်ဆုံစည်းမှုက
ပွဲဦးထွက်ဆိုတဲ့ ကာလကတည်းကနေ
လက်ရည်က မမျှ
အထာက မကျခဲ့ဘူး။

ပြောတိုင်းယုံတတ်တဲ့ ပုတ်သင်ညိုလို
နင့်ရဲ့ လက်ကွက် လှုပ်ရှားရာနောက်မှာ
ခေါင်းတစ်ငြိမ့်ငြိမ့် လိုက်ပါစီးမျှော
အထာကြီးနဲ့ သဘာကြီးနင်ခေါ်ရာနောက်
ငါ့စိတ်က ကောက်ကောက်ပါလိုက်
၁၅၀၀ ဆိုတဲ့ အချစ်ပျိုးခင်းထဲ စီးမျှောသွားလိုက်တာ
ကိုယ့်အရိပ်ကိုယ်တောင်မေ့လို့
ပြန်ရှာဖွေရကောင်းမှန်း သတိမမှုနိုင်အောင်ပါပဲလား။

လက်ချောင်းဖျားက ချစ်တယ် ဆိုတဲ့ စကားကိုယုံစား
နှလုံးသားကို ထိုးကျွေးမိခဲ့လို့
ငါ့ခံတပ်ကြီး ကျဆုံး
ငါ့စစ်တုရင်ပွဲလဲ ရှုံးသွားခဲ့ရပေါ့။

နင်ကတော့ လှည့်စား
ကြိတ်ကာပြုံးရင်း
မာယာတစ်သိန်းနဲ့ လှည့်ဖြား
မမြင်ရတဲ့ မှန်နံရံ တစ်ဖက်ခြားစီမှာ
ငါပေးခဲ့တာ
စစ်မှန်တဲ့ ချစ်ခြင်းတွေပါ။
အချစ်ကို ကစားပွဲလုပ်
ငါ့နှလုံးသားကို အလျော်အစားလုပ်ခဲ့တော့
ငါ့ အသဲတွေ မြေမှာခခဲ့ပေါ့
ဟော
ဟို
မှာ
တစ်
ဖြုတ်
ဖြုတ်


          
        
      
    
  
 

              
ငါ့ နှလုံးသား အပိုင်းအစတွေကို
ဝိုင်းတစ်ခွက်လို
နင်
ချို
မြိန်
စွာသောက်သုံး
ယစ်မူးခဲ့ပြီလားးးးးး
 

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်







0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်