Followers

Sunday 22 January 2012

ချစ်သူမြို့ တော် စာသင်ခန်းထဲမှ စာအံသံ(ဟာသ)



“ပဉ္ဇဂုဏံ အဟံဝရမိ
အာဇရိယ ဂုဏံအဟံဝရမိ
မင်္ဂလာပါ ဆရာမ”


“မင်္ဂလာပါ ကလေးတို့ ရေ... မနက်မိုးလင်လို့  စာသင်ခန်းထဲကို ဝင်လိုက်တာနဲ့  သနပ်ခါးပါးကွက်ကြားကိုယ်စီနဲ့  ကျက်သရေ ရှိလှတဲ့ ကလေးတို့ ရဲ့  မင်္ဂလာပါ ရွတ်ဆိုသံက ဆရာမနှလုံး ပီတိပြုံးနဲ့  ကြည်နူးလှပါတယ်ကွယ်..။ဒါကြောင့်သာပဲ တပည့်မရှား ၊တစ်ပြားမရှိ ၊ပီတိကိုစား အားဖြစ်နေရင်း ကန်စွန်းရွက်ရေလုံပြုတ်နဲ့  နေ့ စဉ် အာဟာရပြု နေရပေမဲ့ ဆရာမ မေသဇင် ဒီဆရာမ အလုပ်လေးကို မစွန့် နိုင်ပဲ မြတ်နိုးနေရဆဲပေါ့...
စကားပြောကောင်းလို့ တော့ မဖြစ်သေးဘူး..စာမသင်ခင် မနေ့ က ပေးထားတဲ့ အိမ်စာတွေကို အရင်စစ်လိုက်ပါအုံးမယ်..
သားလေး မထသ မနေ့ က ပေးထားတဲ့ စာတွေ ကျက်လာခဲ့ရဲ့ လား..ဆရာမ ရှေ့ မှာ လာဆိုကွယ်”




နှားခေါင်းဝမှ ယိုစိမ့်ထွက်လာတဲ့ နှပ်ချေးကို ပါးပြင်သို့  လက်ခုံနှင့် ဆွဲကာ ပွတ်လိုက်ရင်း မထသက ရင်ကိုကော့ ခေါင်းကိုမော့ရင်း မပ်တပ်ရပ်လိုက်ကာ


“ခဏလေးနေ အနော့် ဖေဖေ ဦးဆိတ်မှိုင်း လာပါမယ် ဆရာမ..ခဏလေး စောင့်ပေးပါနော်”
“အိုးကွယ် ဆရာမက သားကိုစာမေးတာ ဖေဖေဦးဆိတ်မှိုင်းက ဘာလာလုပ်မှာတုန်း”
“မနေ့ က အနော်ကစားလိုက်တ လွန်သွားပြီး မောမောနဲ့  အိပ်ပျော်သွားတာ..အိပ်မပျော်ခင်လေး မနက်ဖြန် ဆရာမ စာမေးရင် စာမရမှာဆိုးလို့  ဖေဖေဦးဆိတ်မှိုင်းကို စာကျက်ထားခိုင်းလိုက်တာပါ ဆရာမ..ခဏနေ ဖေဖေဦးဆိတ်မှိုင်း အလုပ်ထဲကနေ လစ်လာပြီး စာလာဆိုပေးပါ့မယ်”


“ရွှေဥာဏ်တော် စူးပါမေ့ မထသရယ်...သမီးလေး ရွှေပေလွှာ..ဆရာမ မနေ့ က သင်ပေးလိုက်တဲ့ အတိုးနှုန်းတွက် ပုစ္ဆာကို သမီး အဆင့်ကျော်ပြီး တွက်ထားပါလား..ကြည့်စမ်း သမီးက ဆရာမထက်ကို အတိုးနှုန်းတွေ ပိုတွက်တတ်တယ်..”


“သမီးကိုယ်တိုင်တွက်တာ မဟုတ်ပါဘူး ဆရာမ..သမီးမေမေ ရွှေမြို့ သူက သူတွက်နေကျ အတိုးနှုန်း တွက်နည်းအတိုင်း တွက်ပေးလိုက်တာပါ”


“အင်း သမီးမေမေ ရွှေမြို့ သူက ဆရာမထက်ကို အတိုးနှုန်းတွက်တာ ပိုတော်တယ်ကွယ်..ချစ်တီးထက်ကို ဆိုးနေသေးတယ်..ဆရာမလဲ သူ့ ဆီမှာ နည်းယူအုံးမှပဲ”


“သားလေး အမုန်းရေ မနေ့ က ဆရာမ အင်းဆက်တွေ အကြောင်း သင်ထားတယ်နော်..အင်းဆက်တွေမှာ ခြေလက် ဘယ်နှစ်ချောင်းရှိပါသလဲ”
“လေးချောင်းရှိပါတယ် ဆရာမ”
“တော်လိုက်တာကွယ်..ဒါဆို ပင့်ကူကရော အင်းဆက်ထဲမှ ပါဝင်ပါသလား”
“ပင့်ကူက အင်းဆက်ထဲမှာ မပါဝင်ပါဘူး ဆရာမ”
“ဘာဖြစ်လို့ ပါသလဲကွယ်”
“ပင့်ကူက ခြေလက် (၉) ချောင်းရှိလို့ ပါ ဆရာမ”
“သားရေ မှားနေပြီးကွယ်..ဆရာမ သင်တဲ့ ထဲမှာ ပင့်ကူက ခြေလက် (၈) ချောင်းထဲပါ”
“သား ကြည့်တဲ့ ပင့်ကူက အထီးမို့ ပါ ဆရာမ”
“အိန်း ဆရာမက ပင့်ကူ အထီး အမ မခွဲတတ်ချိန်မှာ သားက ခွဲတတ်တော့ ဆရာမထက်ပိုတော်သွားပြန်ပြီ”


“သမီး သိမ့်ရေ သမီးတို့  အမြဲတမ်း မြင်တွေ့ နေရတဲ့ ငါးခူမှာ နှုတ်ခမ်းမွေး ဘယ်နှစ်ချောင်းပါပါသလဲကွယ်”
“ခုနှစ်ချောင်းပါဆရာမ”
“သမီး သေချာစဉ်းစားပါ အုံး”
“ဟုတ်ကဲ့ ဆရာမ မနက်က သေချာကို ကြည့်လာပါတယ်“
“ဆရာမ သေချာပြောထားတယ်လေ ငါးခူမှာ နှုတ်ခမ်းမွေး (၈) ချောင်းပါတယ်.နှုတ်ခမ်းမွေး (၈) ချောင်းမပြည့်ရင် ငါးခူမစစ်ဘူးလို့  ပြောထားတယ်လေကွယ်”
“သမီး ကြည့်လာတဲ့ ငါးခူက စစ်ပါတယ် ဆရာမ..မနက်က မေမေရှင်းသန့် မေ ငါးခေါင်းထုရင်း နှုတ်ခမ်းမွှေး တစ်ချောင်း ပြတ်သွားလို့  (၇) ချောင်းထဲ ကျန်တာပါ ဆရာမ”
“အင်း ဒီလိုဆိုရင်တော့ သမီးလေး အဖြေမှန်ပါတယ်ကွယ်”


“သားကျော်သူအောင်ရေ ဖားတွေက ရေထဲမှာ နေနိုင်သလို ကုန်းပေါ်မှာလဲ ခုန်ပျံနေနိုင်တာ ဘာကြောင့်များလဲကွယ်”
“ဖားတွေက တရုတ်သိုင်းကားကြည့်ပြီး အတုခိုးထားလို့ ပါ ဆရာမ”
“အင်း ဆရာမလဲ လိုက်ကြည့်အုံးမှပဲ”


“သားလေး Kyaw ရေ အိုဇုန်းလွှာတွေ ပေါက်တာများပြီး ခရမ်းလွန်ရောင်ခြည်တွေ ကမ္ဘာမြေထဲ စိမ့်ဝင်မှုများလာရင် ဘာဖြစ်နိုင်ပါသလဲ”
“ဆံပင်ဆေးဆိုးဖို့  အချိန်နဲ့  ငွေ သက်သာပါတယ်ဆရာမ”
“အင်း ဒါကြောင့်ဖြစ်မယ် ခုခေတ်လူငယ်လေးတွေ ဆံပင်ဆေးဆိုးလာကြတာ များနေတာ...ကျောင်းမှာတော့ ဆံပင်ဆေးဆိုးတာ ခွင့်မပြုဘူးနော်..ဆိုးလာရင် ကတုံးကို တုံးပစ်မယ်”




“သားလေး ဂျူပီတာ ရင်မောင်ရေ ကမ္ဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အနေနဲ့  သားက ဘယ်လို အကူအညီပေးပါသလဲ..“
“သားက ဈေးဝယ်တဲ့ အခါ ပလပ်စတစ်အိတ်တွေ မယူပဲ ကိုယ်ပိုင် အိတ်လေးတွေနဲ့  ထည့်ယူပါတယ်ဆရာမ”
“သိပ်ကောင်းတဲ့ ရည်ရွယ်ချက်လေးပဲ..သားကို ဒီလို လုပ်ရမယ်လို့  ဘယ်သူသင်ထားပေးထားပါသလဲ”
“မေမေ သဇင်လေးကပါ ဆရာမ..မေမေက ပလပ်စတစ်အိတ်ဖိုး အပိုကုန်မခံဘူး ကိုယ့်အိတ်ကိုယ်ယူသွားလို့  ပြောထားပါတယ်”


“သားလေး ဂျွန်ဖြိုးရေ ပထမဆုံးတီထွင်ခဲ့တဲ့ ကွန်ပျူတာ အကြောင်းလေး ပြောပြပေးပါ”
ပထမဆုံးကွန်ပျူတာဆိုတာကိုလိုဆပ်စ်လို့ခေါ်တဲ့စက်ပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလန်နိုင်ငံမှာတီထွင်ထုတ်လုပ်ခဲ့ပါတယ်။၁၉၄၃ခုနှစ်ထဲမှာဖြစ်ပါတယ်။ဒီကွန်ပျူတာဟာယနေ့ ခေတ်ကွန်ပျူတာနဲ့ အလွန်အမင်း တူလှ တဲ့လျှပ်စစ်သုံးကွန်ပျူတာဖြစ်ပါတယ်။ဒါပေမယ်ယနေ့ ခေတ်သုံးကွန်ပျူတာတွေမှာပါတဲ့ Chips ကလေးတွေအစားလျှပ်စစ်အဆို့ရှင်ပေါင်း(၂၀၀၀)ကိုအသုံးပြုထားပါတယ်။ ဒီအဆို့ရှုင်လေးတွေက အလွန်တရာရှုပ်ထွေးတဲ့တွက်ချက်မှုတွေကိုကွန်ပျူတာ ကထိရောက်စွာဆောင်ရွက်ပေးဖို့ စွမ်းဆောင်စေနိုင်ပါတယ်။ဒီကွန်ပျူတာထဲမှာ လျှိုဝှက်ချက်အားလုံးကိုဖန်တီးထည့်သွင်းပေးထားလိုက်ရင် ဒီကွန်ပျူတာက ဂျာမန် တပ်မတော် တွေပေးပို့တဲ့သတင်းတွေမှာ သုံးတဲ့လျှိုဝှက်သင်္ကေတကိုဖော်ထုတ်နိုင်ပါတယ်။ ဒီကွန်ပျူတာရဲ့အဓိကလုပ်ဆောင်ရမယ့်လုပ်ငန်း ဖြစ်ပါတယ်။ အထွေထွေလုပ်ငန်းသုံး ကွန်ပျူတာတွေကိုတော့ အမေရိကန် ကပြုလုပ်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာတွေမှာလျှပ်စစ်အဆို့ရှင်ပေါင်း(၁၉၀၀၀)ပါဝင်ပြီးလုပ်ငန်းအမျိုးမျိုးမှာသုံးစွဲနိုင်ခဲ့ပါတယ်”
“တော်တယ်ကွယ်”
“ဟုတ် ကျွန်တော်လဲ ဖတ်ထားသမျှတွေ ကူးတုတ်ပြီး ပြောတာပါ ဆရာမ”




“သားလေး အစိုင်းရေ ပထမဆုံး ပေါ်တယ် ကွန်ပျူတာကို ဘယ်လို ခေါ်ပါသလဲ”
“စူပါမင်း ကွန်ပျူတာလို့  ခေါ်ပါတယ်ဆရာမ”
“ဟေးးးးးး ဘာဖြစ်လို့ ပါလဲ”
“အရွယ်အစားက ကြီးလွန်းလို့  အားကြီးတဲ့ စူပါမင်းကသာအိပ်ကပ်ထဲထည့်ပြီး မ ယူနိုင်တာမို့ ပါ”




ဆရာကောင်း တစ်ယောက်ဖြစ်ဖို့  ဆရာထက် လက်စောင်းထက်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်ရတယ်တဲ့...။ ဆရာမရဲ့  တပည့်တွေက ဆရာမထက် ပိုပြီးတော်နေတာတွေ့ လို့  အနစ်နာခံ ဆရာမ လုပ်ရကျိုးနပ်ပါပြီကွယ်...။




နောက်ထပ်နောက်ထပ်လဲ ဒီထက်ပိုတော်တဲ့ တပည့်လေးတွေ ဖြစ်အောင်ကြိုးစားကြနော်..။ ဆရာမတော့ ကလေးတို့ ကို စာမေးရတာနဲ့ တင် မောသွားပြီ..။ ကျောင်းလွတ်ပေးလိုက်တော့မယ်..လိမ်လိမ်မာမာ ကစားကြ...။ရန်မဖြစ်ရဘူးနော်...။ ရန်ဖြစ်ရင် တင်ပါးကို ကြိမ်လုံးနဲ့  နာနာဆော်မယ်............။


“အင်း ကလေးတွေကို ကျောင်းစောစောလွတ်ပေးပြီး ငါ အင်တာနက်ဆိုင်ထိုင် အွန်လိုင်းထဲမှာ ကြူအုံးမှပဲ.. ကလေးတွေ ဆရမနောက်က လိုက်ချောင်းပြီး ဆရာမ သုံးနေတဲ့ ကွန်ပျူတာ မျက်နှာပြင်ကို မကြည့်ရဘူးနော်.. ဆရာထက်လက်စောင်းထက်အောင်သင်နိုင်ရင် ကောင်းတယ်ဆိုပေမဲ့ ဒါမျိုးတော့ ဆရာမထက်သာအောင် သင်မပေးနိုင်ဘူး”


“ဆရာမက သူ့ ထက်သာအောင် ကြူဖို့  သင်မပေးနိုင်ဘူးတဲ့..တို့ တွေ သူထက်ပိုကြူနိုင်တာ သူမသိရှာဘူး”
“အေး ဟုတ်တယ်ဟဆရာမ သနားပါတယ် ခိခိ”
“ခွီ ခွီ”
“ဟီးးးးးးးးး”
“ဟွင်း ဟွင်း”









..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



2 comments:

  1. သတိရလိုက်တာနော်

    ReplyDelete
  2. သတိရလိုက်တာနော်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်