Followers

Sunday, 22 January 2012

သူတို့ တွေ မေ့နေကြတယ်..ကူပြောပေးပါအုံး

တစ်နေ့  လိုင်းထဲမှာ ညီမငယ် သဇင်လေးနဲ့  တွေ့ တော့ သဇင်လေးက

“သဇင်ကြီးရေ ခုတစ်လော စာရေးတာ မတွေ့ မိဘူးနော် ”
“အင်း ဟုတ်တယ် အလုပ်နည်းနည်းများနေလို့  စာရေးတဲ့ ဘက်ကို အာရုံမရောက်ဖြစ်ခဲ့ဘူး”
“သဇင်လေးလေ ဗာလင်တိုင်းဒေး အကြောင်း ခု ပို့ စ်ရေးနေတာ ပြီးသွားပြီး ။ တင်ဖို့ ပဲ ကျန်တယ်”
“အမ်..ခုမှ တစ်လပိုင်းပဲ ရှိသေးတယ် ..ရေးတောင် ပြီးပြီလား”
“အစောကြီး ရေးထားလိုက်တာလေ သူများတွေလဲ ရေးကြမှာဆိုတော့ ဘယ်သူမှ မတင်ခင် ကြိုတင်ထားချင်လို့ ”
“ဒါမျိုးတော့ တယ်ဝိရိယ ကောင်းပါလားဟင်း... အဲ့ဒီချစ်သူများနေ့  ဖေဖော်ဝါရီလ ၁၄ ရက်နေ့   မရောက်ခင် သူ့ ရှေ့ မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့  ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရှိတယ် ရေးပါလား”



“ဟီးး သဇင်လေး ဗိုလ်ချုပ်အကြောင်း သိပ်မသိဘူး”
“မသိရင် စာကြည့်တိုက်သွား စာအုပ်သွားရှာဖတ်ခဲ့..ဗိုလ်ချုပ်မွေးနေ့  မရောက်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့  ရှိတယ် အဲ့ဒါကိုလဲ ရေးဖို့  အရင်စဉ်းစား”



“ဟိ ပြည်ထောင်စုနေ့  အကြောင်းလဲ သဇင်လေး သိပ်မသိဘူး”
“ငယ်ငယ်တုန်းက သင်ခဲ့တဲ့ သမိုင်း ဖတ်စာအုပ်တွေ သွားပြန်ယူပြီး ဒီည ထိုင်ဖတ်လိုက်သိလား..“
“အား ပျင်းစရာကြီး”
“ချစ်သူများနေ့ အကြောင်း ကျောင်းမှာ တစ်ခါမှ မသင်ဘူး..ဒါမျိုးတော့ တတ်နေလိုက်တာ ..သူများတွေ မတင်ခင်တင်ရအောင်ဆိုပြီး ဝိရိယ ကောင်းကောင်းနဲ့  ကြိုရေးရတယ်လို့ 
 ဒါမျိုးကိုကျတော့ ရှာပြီး ဖတ်နိုင်တယ်..ကိုယ့်တိုင်ငံထဲမှာ ရှိတဲ့ နေ့ ထူးနေ့ မြတ် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ရဲ့  အကြောင်းကိုဖတ်ခိုင်းတော့ ပျင်းစရာကြီးတဲ့..သဇင်လေး ညီးတော့လား ငါနဲ့  နီးရင် ထိပ်ခေါက်ခံရလို့  ညီးခေါင်း ရောင်ကိုင်းနေလောက်ပြီ”
“ဟီး ဒါကို သိလို့  သဇင်ကြီးနဲ့  ဝေးဝေးနေတာ”
သဇင်လေးနဲ့  စကားပြောအပြီး မေ့အတွေးထဲ မေးခွန်းတွေ များလာခဲ့တယ်...။
မေ့တို့  နိုင်ငံရဲ့  အနာဂတ်ကြယ်ပွင့် မျိုးဆက်သစ်လေးတွေ အတိတ် သမိုင်းဆိုတာတွေကို မေ့နေကြပြီလား........။
သိသင့်သိထိုက်တဲ့ နေ့ ထူးနေ့ မြတ်ထက် တိုင်းတစ်ပါးက ဝင်ရောက်ထိုးဖောက်လာတဲ့ နေ့ တစ်နေ့ က ရာဇဝင်မှာ စာတင်တော့မှာလား...။
မြန်မာလူမျိုးတစ်ယောက် အလေးထားသင့်တဲ့ နေ့ ကို မေ့နေကြပြီလား.........။
မေတို့  မြန်မာလူမျိုးမှာ ရှိနေတဲ့ သမိုင်း ၊သိထားသင့်တဲ့ အကြောင်းအရာတွေကို မျိုးဆက်သစ်တွေ မမေ့လျော့စွာ သိနေစေဖို့  လက်ဆင့်ကမ်း ဖြန့် ဝေကြပါစို့ လား.............။

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်