Followers
Thursday 6 October 2011
မမေ့သင့်သော နေ့ လေးတစ်နေ့ 
ဘုရား ၊တရား ၊ သံဃာ ၊မိဘ ၊ ဆရာ..........
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်......................။
ပီတိကိုစား အားဖြစ်ခဲ့တဲ့ မေတ္တာ ၊ စေတနာ ၊ဂရုဏာဝတ်ရုံတွေကို ခြုံရုံပြီး တပည့်တွေကို မိမိရင်တွင်း သားသမီးတွေလို သင်ကြားပြသ လမ်းကြောင်းပေးခဲ့တဲ့ မြတ်ဆရာ.........။
သားတပည့်ဆိုးလေးတွေကို တုတ်ကိုင်ဆိုဆုံးမရင်း ရင်ထဲက ကြိတ်ကာငိုကြွေး ဝမ်းနည်းခံစားခဲ့တဲ့ ဆရာ့ရဲ့  အတွင်းစိတ်သဏ္ဍန်...........။
အိမ်က အပူမီး ပြဿနာများကို အိမ်မှာထား တပည့်တွေရှေ့ မှာ ချိုမြမြ ပြုံးနှင့် မားမားမတ်မတ် လမ်းပြပေးခဲ့တဲ့ မြတ်ဆရာ...........။
လက်ဦးဆရာ မိဘတွေနောက်က ထပ်ကြပ်မကွာလိုက်ရင်း လက်အစုံကိုကိုင် ဝလုံးလေးမှအစပြု၍ လုံးဝန်းတဲ့ ကမ္ဘာကြီးအကြောင်း သင်ပြပေးခဲ့တဲ့ဆရာ.............။
စုန်စုန်မျှောခဲ့တဲ့ မေတ္တာတွေကို ပေးအပ်ခဲ့ရင်း ဆန်ရေကို မမျှော်တွေး ပေးဆပ်ရင်းနဲ့ သာ ကျေနပ်ခဲ့တဲ့ မြတ်ဆရာ............။
မိမိစိတ်သဏ္ဍာန် ဘယ်လိုရှိရှိ တပည့်တွေအပေါ်မှာ သီလဖြူစင်ခဲ့တဲ့ ဆရာ..........။
 “အသိဥာဏ်ပညာ”ဆိုသော လမ်းကိုခေါ်ဆောင် “စဉ်းစားတွေးခေါ်”ဆိုသော တံခါးကို ဖွင့်လှစ်ပေးခဲ့သူဆရာ..........။
မြေဖြူတောက်ကိုကိုင် ၊ မြေဖြူမှုန့် တွေ ရှူကာရှိုက်ရင်း စာရွက်တစ်ရွက်မလပ်သင်ပြပေးတတ်သူ မြတ်ဆရာ.......။
ပြောင်းလဲလာတဲ့ ရာသီစက်ဝိုင်းတွေအောက်မှာ တပည့်အချို့ ၏ ကျေးဇူး မေ့ပျောက်မှုတွေကို ခံခဲ့ရပေမဲ့ အပြုံးမပျက် ခွင့်လွတ်ပေးတတ်သာ ဆရာ............။
အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့ ဆရာတို့ ၊
ကျင့်ဖို့ ဝတ်ခါးဖြာ။
ဆိုတဲ့ ကျင့်ဝတ်အတိုင်း ပညာတွေ သင်ပေးရင်း လိမ္မာယဉ်ကျေးအောင် ဆိုဆုံးမ..ဆရာ့လက်တွင်းရှိနေချိန် ကျရောက်လာနိုင်တဲ့ ဘေးအန္တရယ်တွေကို ကာကွယ်ပေးရင်း ရင်နှစ်သားမခြားစောက်ရှောက်..လောကီ ၊လောကုတ် မိမိတတ်စွမ်းသလောက် ဆရာစားမချန် သင်ကြားပြသပေးတဲ့ မြတ်ဆရာ.......။
ဘဝအတွက် မမေ့သင့် မမေ့ထိုက်သူတွေထဲမှာ တစ်ဦးအပါအဝင် မြတ်ဆရာ...........။
အောက်တိုဘာလ (၅)ရက်ေ န့သည် နိုင်ငံတကာဆရာများနေ့ ..........။
ငယ်ဘဝ မူကြိုနေကာစလို့ ....ဝလုံးလေးတွေ လက်ကိုင်ကာ သင်ပေးခဲ့သူ ဆရာ...
တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတဲ့ ပညာရပ်များအလိုက် သင်ကြားပြသပေးလာသူ ဆရာဆရာမများ.......။
သင်ဆရာ၊မြင်ဆရာ ၊ကြားဆရာ ၊ နီးနီးဝေးဝေး ဆရာများအားလုံးကို လေးစားသောအားဖြစ် ဆရာများအတွက် အထူးသတ်မှတ်ပေးထားသော နေ့ လေးကိုတော့ တန်ဖိုးထား မှတ်သားပြီး အလေးအနက်ထား ဂါရဝပြုကြစေချင်ပါသည်............။
ဆရာတစ်ချို့ ကို ရင်ထဲ အမှတ်ရနိုင်ကောင်းရနိုင်ပေမဲ့ ဂါရဝပြုဖို့ ရန် မေ့နေတတ်လေ့ရှိနေသေးတာမို့  နိုးဆော်ရင်း ဆရာ့ကျေးဇူးကို တတ်နိုင်သောနည်းလမ်းမှ ဆပ်ခွင့်ရချင်ပါ၏............။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
1 comment:
  1. ဆရာများနေ့ကို မှတ်မှတ်ရရ ရှိနေတာ လေးစားမိပါရဲ့ဗျာ။။
    ReplyDelete
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်