Followers

Saturday 1 October 2011

သဇင်တစ်ခက်ရဲ့  ရှိုက်သံ

သဇင်.........................။

သဇင်ဆိုတာ အမြင့်စံ ပန်းလေးတစ်ပွင့်...........။

ပင်ယံထက်မှာ လေယူရာတိမ်းယိမ်းလို့  နွဲ့ နွဲနှောင်းနှောင်း ပွင့်နေတဲ့ ပန်းလေးတစ်ပွင့်............။

တော်ဝင်ပန်းလို့  ဆိုသူက ဆိုပြီး စာပန်းချီတွေရေးဖွဲ့ ခဲ့လို့  သဇင့်ရဲ့  ဂုဏ်သတင်း တောတွင်း ပျံ့ လို့  မွေးကြိုင်ခဲ့လေပြီ..............။

ပန်းတကာအားကျ ပန်းမြတ်ထွဋ်ခေါင်သဇင်...........။

အမြင့်စံမို့  အခြေကို လှမ်းမရ ထီးကျန်ခြင်းတွေသာ ဝိုင်းရံခစားနေတဲ့ ပန်း...........။

သဘာဝ လောကတရားရဲ့  ရိုက်ချက် အမြင့်စံမို့  လေတိုက်ဒဏ်ကို ကြိမ်ဖန်များများကို ကြိတ်ကာခံရင်း ကိုယ့်ရဲ့  တင့်တယ်မှု မနွမ်းလျအောင် ကိုယ်တိုင်ထိန်းကျောင်း အားမာန်တင်း ရပ်တည်ခဲ့ရတဲ့ ပန်းလေး............။

လှပတဲ့ အဆင်း ၊ သင်းပျံ့ တဲ့ ရနံ့  တစ်ဦးတစ်ယောက်သာလျှင်ပိုင်ဆိုင်ခွင့်ရှိဖို့  ရာဇသံပေး ဒဏ်ပေးခံရတဲ့ ပန်းလေ.............။

အေးစိမ့်လွန်းတဲ့ ဆောင်းရာသီမှာ ဖြူဖြူစင်စင် တစ်နှစ်တစ်ကြိမ်သာ ပွင့်ခွင့်ရခဲ့တဲ့ ပန်းလေး............။

တစ်ပင်မှာ တစ်ဥ.......တစ်ဥမှာ.... တစ်ခိုင်သာ ပွင့်ခွင့်ရှိပြီး တစ်ကြိမ်သာပွင့်ခါ သေဆုံးသွားခဲ့ရတဲ့ ပင်ယံက သဇင်..............။



တကယ်တော့ လိုချင်သူတွေ များလှတဲ့ သဇင်.......
လူတိုင်းအားကျရတဲ့ သဇင်............
အဖိုးတန် တော်ဝင်ပန်းအဖြစ်သတ်မှတ်ခံထားရတဲ့ သဇင်ပန်းဟာ

အမြင့်မှာစံပြီး ခြွေရံမရှိတဲ့ အထီးကျန် ပန်းလေးတစ်ပွင့်ပါ..............။

ရှိုက်သံကိုတောင် ချကာပြမရဲတဲ့ ပန်းလေးတစ်ပွင့်ပါ...........။

မကြာခင် သဇင်ပွင့်တော့မည်..........။
ဖွေးဖွေးလှုပ်နေတဲ့ သဇင်ပန်းအလှကို နှစ်သက်မြတ်နိုးလိုချင်သူတွေ ပေါများနေပေမဲ့ သဇင်ပန်းရဲ့  အထီးကျန် အမြင့်စံပန်းလေးတစ်ပွင့်ရဲ့  စိတ်သဏ္ဍန်ကို ဘယ်သူသေချာ စိတ်ဝင်စားခဲ့ပါသလဲ........။
ဘယ်သူသေချာတွေးပေးဖူးပါသလဲ.........။
ဘယ်သူ ကများ ဂရုဏာသက်ပေးဖူးပါသလဲ..........။
ဂုဏ်ထည်ဝါကြောင့်သာ မဟုတ်ခဲ့လျှင် ဘယ်သူ သေချာ နွေးထွေးစွာ ပွေ့ ပိုက်ခဲ့ဖူးပါသလဲ........။

တကယ်တော့ တောင်ဝင်သဇင်ရဲ့  ဘဝ တောပန်းလေးတစ်ပွင့်လောက်တောင် ပကတိ ကြည်စင်မေတ္တာ မရခဲ့ပါလားနော်..။


..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်