Followers

Friday, 12 August 2011

( စာရေးသူ တစ်ယောက်ဖြစ်ဖို့ဆိုတာ ၂ )

မင်္ဂလာပါ အသင်းဝင်တို့ရေ ယနေ့ဖေါ်ပြပေးလိုက်တာကတော့

( စာရေးသူ တစ်ယောက်ဖြစ်ဖို့ဆိုတာ )

ဒီခေါင်းစဉ်လေးအတိုင်း စာရေးသူ ဖြစ်ဖို့ဆိုတာ လွယ်ပါတယ် ။ Microsoft ထဲမှာ စာတွေရေးပြီး
တင်ပြလိုက်ယုံပါပဲ ။ ဒါပေမယ့် “စာရေးသူ လူကောင်း” ဖြစ်ဖို့ဆိုတာရယ် “ စာရေးတော်သူ”
တစ်ယောက်ဖြစ်ဖို့ ဆိုတာတော့ ၊ လေ့လာမှုရှိနိုင် “ စာရေးတော်သူ” ဖြစ်နိုင်သလို ၊ ကိုယ်ထက်သိသူ
ကိုယ်ထက် နားလည်သူက သွန်သင်ပြတဲ့အခါ (သို့မဟုတ် ) Comment နဲ့ ရိုင်းဆိုင်းစွာ ထိုးနှက်
လာတဲ့အခါမျိုးမှာ ၊ သည်ခံမှုတရားနဲ့ ဥပေက္ခာပြုထားနိုင်မှသာလျှင် ၊ ရည်ရှည်အောင်မြင်မှုနဲ့အတူ
“ စာရေးသူ လူကောင်း ” ဖြစ်လာနိုင်မှာပါ ၊ သူရိုင်းတိုင်း ကိုယ်လိုက်ရိုင်းနေတယ်ဆိုရင် ၊ တော်သူ
ဖြစ်မလာနိုင်သလို ကောင်းသူလည်း ဖြစ်လာနိုင်မှာမဟုတ်ပါဘူး ၊ အခုလို ဘာကြောင့် သင်ပြနေရ
သလဲ ၊ နောက်ထက်လာမည် ၊ စာရေးဝါသနာပါသူ စာဖတ်ဝါသနာပါသူတွေ ၊ ရည်ရှည်မှာ လူမမုန်းပဲ
တိုးတက်စေချင်တာ တခုတည်းပါ ။ ဒီတော့ ကိုရင်မောင်(ခေါ်)စတပ်က လက်ရှိစာရေးနေသူတွေရဲ့
ပြစ်ပျက်နေတာလေးတွေကို လက်တွေ့ကျကျ သင်ပြပေးပါ့မယ် ။ ဒီလို သင်ပြနိုင်အောင်လည်း . . .
ကိုယ့်ရဲ့ နာမည် ( အပျက်ခံ ) ကိုယ့်ကို ( လူအများ အမုန်းခံ )ပြီး သင်ပြပေးနေရတယ်ဆိုတာကို
တချို့က သိနေပါတယ် ၊ ဒါကြောင့် မသိသေးသူ တတ်သစ်စ စာရေးဝါသနာပါသူများ အနေနှင့် ဒီလို
ကြုံလာတဲ့အခါမှာ ၊ သည်းခံတတ်ဖို့ ယဉ်ကျေးစွာဖြင့် ပြန်ပြောတတ်ဖို့ကို အောက်မှာပါတဲ့ စာတွေကို
ဖတ်ပြီး လေ့လာကြပါစို့ ။ အမှန်အတိုင်းပြောတာပါ ကျွန်တော်က စာမသင်ခဲ့ရဘူး ဘုန်းကြီးကျောင်း
သား တလှည့် လမ်းပေါ်တလှည့် ကြီးပြင်းခဲ့သူပါ ။ ဒါကို သိနေတဲ့ သူက ၊ ကျွန်တော့်ရဲ့ အားနည်း
ချက်ကို ဒီလိုရေးပြီး နှိမ်လိုက်တယ်ဗျ ။ ( စာသားတွေကို သေချာဖတ်ပါ )



သဘာမရှိ..၀ါမရှိမို့ 
နူတ်ဆက်ခြင်းနဲ့ ..အဆုံးသတ်မယ်
ဆုံးဖြတ်မယ်ကြံပြီး..ပြောင်းပြန်လုပ်ရတော့ မယ်.
ဘုရားကိုရိုသေ တရားကိုလေးစား

ဘုန်းကြီးကိုအားနာ အဆွေတော်ကိုကျေးဇူးတင်ပါတယ်..
ပွဲတောင်းရင် လှည်းမောင်းဝင်မယ်
ဇွဲကောင်းကောင်းနဲစောင့် မကြည့် ချင်ဘူး
အသည်းကောင်းရင် လည်ပြန်ကြည့် လိုက်စမ်းပါ
စာဟန်မရှိ ကာရန်မညီ

ဗျည်းမသိဘဲ ၀ါကျဆင်
သရ မညီ သန္ဒေမကောင်း
'မ' မြင်လျှင် တဏုာထန်
ဖင်ကြားမှာ ယင်နား
ပဲများပြီး အသည်းစကားမပြောဘဲ
ငါသည်သာ ငါဘုရင်တော့  မလုပ်လိုက်နဲ့ 

လောကဒဏ်ကို မခံနိုင်ပဲ
မတူရင်လေ မတုကောင်းဘူး
ဗလာနော် တစ်ခါစော်ရင်
မသာပေါ်သွားမယ်
ဗြောင်အတင်းတုပ် 
သန်းကိုဟင်းလုပ်စားနေတာပဲလား

ချဲလင်းက ငရဲတွင်းသွားနေရမယ်
ခွေးက ခွေးလို့ မအော်
ကြက်ကကြက်လို့ မအော်ဘူးကွ
ယှဉ်နိုင်ရင်ယှဉ်ပါ ဝေဟင်ထက်မှာ
လေယဉ်တက်နေတာကိုတော့ 
ခဲနဲ့ မထုချင်စမ်းပါနဲ့  သူငယ်ချင်းရာ

ပညာမစုံ အာဂုံမဆောင်
ကျမ်းလည်းမစုံ စာမတတ်ပဲ
အမှောင်ခွင်းလို့  အလင်းဆောင်လိုက်စမ်းပါ
ninja လိုဆက်လုပ်ချင်တော့ 
ကျေင်းဆက်တက်ပါဦးဟ
ငါအသက် ငါအရွယ် ငါဆုံးရူံးသွာတဲ့ 

ငါစကားလုံးတွေကို မင်းမို့ ငါပြောပြနေတာနော်
တိမ်ထက်က ပြန်ဆင်း ခုံမက်တဲသီချင်းပဲလုပ်ပါကွာ
ဒါမှမဟုတ် ဆက်လုပ်ရင်တော့ ..
မိုက်ဆိုတာနဲ ဗိုက်ပါသွားမယ်



ကျွန်တော့်ကိုနှိမ်ထားတဲ့ သူကဗျာရဲ့ အသွားအလာ သတ်ပုံဝါကျ မှားနေတယ် ။ စာရေးသူမှန်သမျှ
မှားတတ်ပါတယ်(ကျွန်တော်အပါအ၀င်) ။ သူ့ရဲ့စာတွေမှားနေတာကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး
ဒီအတိုင်းထားခဲ့ရင် ဆက်မှားသွားနိုင်တယ် ။ ဒီတော့ ကိုယ့်ကို မုန်းနေလည်း သူမှားနေတာကိုမြင်ရင်
စေတနာထားပြီး ရိုသေစွာ ရေးသားပြီး ရှင်းပြတတ်ရမယ် ။ သူလက်မခံတာတော့ သူရဲ့ယဉ်ကျေးမှုပဲ


မျှတမှန်ကန် {start} Comment by မျှတမှန်ကန် {start} 17 hours ago


မှတ်ချက်ကိုဖျတ်မယ်
ဒါကတော့ စေတနာအရင်းနဲ့ ပြောခဲ့တာနော်
သူငယ်ချင်းကဗျာက ကျွန်တော့်ကိုပြောနေတယ်ပဲထား
သူများကိုပြောနေတယ်ပဲထားတော့ ကဗျာရဲ့ အသွားအလာက
သူများကိုနှိမ်ထားတာပဲ . . . . . ဒီတော့ ဘာကိုနှိမ်ထားလည်း
စာမတတ်တာတွေ နှိမ်ထားတာတွေ့ရတယ် ဒါကြောင့် ကျွန်တော်
ဝေဖန်တာမဟုတ်ဘူးနော် သူငယ်ချင်း သင်ခန်းစာ ယူရအောင်ပြောပြမယ်
ကြံ ဆိုတာကို ရေးတော့မယ်ဆိုရင် သေးသေးတင်ချင်ရင် ယရစ်ကြီးကို 
သုံးမရဘူး ယရစ်လေးနဲ့
( ကြံ ) ရတယ် ။ ကြီးလည်းဒီလိုပဲ ( ကြီး )ဒါမှအမှန် ကြီး ဒါကအမှား ။
သန္ဒေ မကောင်းဆိုတာကို ဒီလိုရေးမရပြန်ဘူး ( သန္ဓေ ) ဒီလိုရေးရပြန်တယ်
တဏုာထန် ဆိုတာကလည်း ၊ ဒီလိုမှ အမှန်ပါ ( တဏှာ )
ပဲများပြီး ၊ ဒီလိုပြီးလို့မရဘူးနော် ၊ သူလည်း ယရစ်အသေး အကြီးနဲ့ရေးရပြန်တယ် ( ပြီး )
ဝေဟင်ထက်မှာလေယဉ် ။ လေယဉ်ကိုရေးရင် ဒီလိုရေးရပြန်တယ် ( လေယာဉ် ) ( ရေယာဉ် )
(ကားယာဉ်) ဒါမျိုးကြတော့ တမျိုး (စိတ်ကူးယဉ် ) ( ဥယျာဉ် ) ကျေင်းဆက်တက်ပါဦးဟ ။
ဆိုတာကတော့ရေးချင်ဇောနဲ့ ရေးချ ကျန်ရစ်ခဲ့တာဖြစ်မှာပါနော် ။ ငါဆုံးရူံးသွာတဲ့  ။ ဒါလည်း
စာကျန်ခဲ့တယ် ၊ ဒါကတော့ စာရေးသူတိုင်း ဖြစ်တတ်ကြပါတယ် ခုံမက်တဲသီချင်းပဲလုပ်ပါကွာ ၊
ဒါလည်း စာကျန်ခဲ့တယ် ၊ အခုလိုပြောသွားတာ ဆရာကြီးလုပ်တယ်လို့ ထင်မလားပဲ ။
တော်ယုံဆို မပြောပါဘူး ကဗျာရဲ့အသွားအလာမှာ ကိုယ်ပြောလိုက်တဲ့သူက အခုလို ကိုယ့်ကို
ပြန်ပြောသွားနိုင်ပါတယ် ဒါကြောင့် သတိပေးတာပါခင်ဗျ ။



အကြည့် လေး Comment by အကြည့် လေး 1 hour ago

ဒီလောက်ရေးတတ်တာပဲကိုယ်ကိုကိုယ့် ကျေးဇူးတင်တယ်..ဘာကြောင့် ဆိုတော့ 
စာမသင်ခဲ့ ရဘူး.သူများပြောရမယ်ဆိုရင်တော့ လာခဲ့ .ဒါတောင်လျှောထားတာ...




*****************************************************
ဒီတော့ သူ လက်မခံဘူး ၊ ပြန်ပြောတယ် ဒီလိုပြန်ပြောတဲ့သူတွေဟာ
“ စာရေးတော်သူ ” မဖြစ်တဲ့အပြင် “ စာရေးသူ လူကောင်း ” ဖြစ်ဖို့ဆိုတာ ဝေးလွန်းပါတယ် ။ဒါကြောင့်
ကိုယ်မှားနေရင် သူများလမ်းပြတာကို ၊ လက်ခံနိုင်ရမယ် ၊ ပြန်မပြောရဘူးနော် ၊ ကိုယ်ပြန်ပြောရင်
ကိုယ့်စာကို သူတစ်ယောက်ထဲ ဖတ်တာမဟုတ်ဘူးလေ ၊ အသင်းအားလုံးလာဖတ်ကြတာ ၊ ဒါဆိုရင်
ကိုယ့်အကြောင်း သူများသိသွားတော့ ၊ ဘယ်သူကမှ အမုန်းခံပြီး မသင်ပြရင် ၊ သူရေးသမျှစာတွေ
သွားပီဗျာ . . . . . တိုးတက်ဖို့ဆိုတာဝေး ၊ မခံယူတတ်သူမှန်းသိတော့ သူငယ်ချင်းဖြစ်ခွင့်တောင်
မရနိုင်တော့ပါဘူး ။ တချိန်က ကျွန်တော်လည်း ဒီလိုပါပဲ သတ်ပုံတွေ မှားခဲ့တယ် ၊ စာတစ်လုံးဟာ
သတ်ပုံမှားသွားရင် စာရဲ့ရသခံစားမှု ပျက်ဆီးသွားတတ်တယ် ။ ကျွန်တော်လည်းသတ်ပုံမမှန်ပါဘူး
ကဗျာဆရာမ ( မိဿ မင်းသမီး ) သင်ပြလို့သာလျှင် ၊ အခုဆိုရင် သတ်ပုံတွေကို စာရေးပြီးတိုင်း
စစ်ဆေးရပါတယ် ။ ဒါလည်း မှားနေတုန်းပါပဲ ၊ ဒါပေမယ့် “ မှားနေမှန်းသိရင် ပြင်ရမယ် ”
……………………………………………………………………………………………………………..


ဒီအောက်က ၊ ကဗျာတွေကတော့ ရင်မောင်(ခေါ်)စတပ်ရဲ့ တချိန်က အချစ်ဆုံး သူငယ်ချင်းတွေပါ
စာရေးတာလည်းအရမ်းတော်ကြပါတယ် ။ စာရဲ့အသွားအလာ အရေးတတ်တဲ့ ကျွန်တော်၊ သူတို့ရဲ့
စာတွေဖတ်ပြီး ပညာခိုးယူနေရတဲ့ ၊ မြင်ဆရာတွေပါ တကယ်လည်း ကျွန်တော့်အတွက် မြင်ဆရာ
အစစ်တွေဆိုတာ ကျွန်တော်ဘဲ သိပါတယ် ။ ဒီအထဲမှာ ကိုဇော်က စာတွေကို တော်ရုံမရေးဘူးဗျ
ရေးလိုက်ရင်လည်း “ စာရေးတော်သူ ” လူတစ်ယောက်ဖြစ်သလို ၊ လူမှန်တစ်ယောက်ရဲ့ စိတ်ထား
ရှိတဲ့“လူကောင်း”ပါ ၊ ကျွန်တော်တကယ်ပြောတာပါ ၊ ဒါပေမယ့် လူမှန်တွေဟာ အမုန်းများတယ်ဗျ ၊
ကျွန်တော့်က စိန်ခေါ်လို့ ၊ ကိုဇော် စိန်ခေါ်ပြီး ပြန်ရေးထားတဲ့ “လူမိုက်၂”ကဗျာလေးပါ “ လူမိုက်၁”
ကဗျာကတော့ ကျွန်တော့်အတွက်မဟုတ်လို့ မဖေါ်ပြတော့ပါဘူး ။ ကိုယ့်ကို စိတ်ခေါ်တဲ့ ကဗျာတွေ
ဘာလို့ ဖေါ်ပြရသလဲ မေးခဲ့ရင် ။ တကယ့်ကို အရေးအသားကောင်းလို့ ၊ တက်သစ်စ စာရေးဝါသနာ
ပါသူတွေအတွက် လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ ။ ကျွန်တော့်အတွက် ဘာမှမလိုတော့
ပါဘူး သူရေးတဲ့ ကဗျာရသလေးကို သေချာဖတ်ရင်း ခံစားကြည့်ရအောင်ဗျာ ။



ကိုဇော်

ကိုတာ +နိုင်း+လူ+ဇော် (စိန်ခေါ်သံများ)


(၁) မူလလက်ဟောင်း ကိုဇော်
ငါလူမိုက်ပါ ( အပိုင်း-၂)

မနှစ်ကဒီအချိန် 2010
ငါတစ်ယောက်ထဲ မိုက်ခဲ့စဉ်ကပေါ့
ပုဆိုးခြုံထားတဲ့ မင်းတို့ တွေသိချင်မှ သိမှာပါ။

ငါလိုလူမိုက်က
လေထဲကအွန်လိုင်းမှာတင် မိုက်ရဲတာ မဟုတ်ဘူး
အပြင်မှာလဲ မိုက်တယ်။
လက်ကလဲ မိုက်တယ်။
လူကလဲမိုက်တယ်။
ရုပ်ကလဲ မိုက်တယ် ။
ဇာတိကလည်း မိုက်တယ်။
ဒါပေမဲ့
မိုက်တာကို အလွဲသုံးစားမလုပ်ဘူး။

တခါတလေ အကျိုးရှိရှိ မိုက်တယ်။
တခါတလေ အကျိုးမယုတ်အောင် မိုက်တယ်။
တခါတလေ မှန်တယ်ထင်တာကို မိုက်တယ်။
တခါတလေ သီးခံမှုအငွေ့ ပျံသွားရင် မိုက်တယ်။
တခါတလေ အ- ချင်ယောင်ဆောင်ပြီး မိုက်တယ်။
တခါတလေ အိပ်- ချင်ယောင် ဆောင်ပြီး မိုက်တယ်။
ဘယ်လိုပဲ မိုက်မိုက်
မှန်တယ်ထင်လို့  မိုက်လိုက်တာပဲ။
မကျေနပ်လို့ 

စမ်းချင်သပဆိုရင်တော့
စိန်ခေါ်ရင် တိမ်ပေါ်ထိတက်လာခဲ့မယ်။
တိမ်ပေါ်မှာ ပြုစုဧည့်ခံဖို့ 
ထမင်းလဲကျွေး ၊ နင်းလည်းပေးမယ်။
အပူလဲထုတ် ၊လူလဲလှုပ်
ငုတ်တုတ်မေ့စေရမယ်။
ဒါပေမဲ့
ကိုယ်အသုံးမကျလို့  မြောင်းကြားထဲရောက်တာကို
လူမိုက်ကြောင့်လို့  လာမပြောနဲ့ ။

ကိုယ့်ဖာသာ ကြိုးကွင်းစွပ်
ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖေါ်ပြီး
လေသင်တုန်းရိုက်သေတာကို
လူမိုက်ကြောင့်လို့  လာမပြောနဲ့ ။
သေချာရေရာမသိပဲနဲ့ 
လေဖမ်းဒန်းစီး အီးငွေ့ ရုပြီး
လူမိုက်ကြောင့်ပါလို့  လာမပြောနဲ့ ။
ငါလူမိုက်က
ဘယ်သူ့ ကိုမှ မထားဘူး။

ဘယ်သူ့ ကိုမှ မဖားဘူး။
ဘယ်သူ့ ကိုမှ မတားဘူး။
ဖေါ်အဲဗားမှာ
ငါကြောက်တဲ့သူမရှိသေးဘူး။
ငါလူမိုက်က
ဖေါ်အဲဗား စည်းဝိုင်းအပြင်ဘက် ထွက်ပြေးပြီးမှ
အောက်အီးအီးအွတ်လို့  တွန်တတ်တဲ့လူမိုက်ဆိုရင်
ရိုက်သတ်ချက်စားပစ်လိုက်ပါ။
ငါလူမိုက်က

ထွက်ပြီးသား နှပ်ချေးကို
ရှလူးကနဲ ပြန်သွင်းပြီး
ဖေါ်အဲဗားကို ဝင်လိုက် ထွက်လိုက် မလုပ်ဘူး။
ငါလူမိုက်က
ပြည်သူ့ အချစ်တော်ဆိုပြီး
ငါထွက်သွားရင် အကုန်လိုက်ထွက်ကြမှာ
ဖေါ်အဲဗားကြီး ချောက်ကပ်သွားမယ်လို့ 
ရူးကြောင်ကြောင်လဲ မတွေးဘူးဘူး။
မရေးဘူးဘူး။

ငါလူမိုက်က
အတိတ်ကို သလိပ်လို ထွေးထုတ်ပြီး။
အေးအေးနေချင်တဲ့သူပါ။
ငါလူမိုက်က
ပျင်းနေတာ ကြာပီပဲလေ
အခုလို တပွဲတစ်လမ်းဖိတ်ခေါ်မှတော့
အားနာလို့ ဝင်နွဲပေးတာထက်
အပျင်းပြေလို့  ကျေးဇူးတင်နေမိတယ်။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


ကဲ . . . . ဘယ်လိုခံရသလဲ” ကျွန်တော်ကတော့ ကိုဇော်ရဲ့ ကဗျာကိုဖတ်ရင်း စိတ်မဆိုးမိဘူး
ကျွန်တော်ပါမိုက်ချင်လာတယ် ။ စာဖတ်သူရဲ့ စိတ်ကို “ လူမိုက် ” ဆိုတဲ့ ကဗျာနဲ့လိုက်အောင်
မိုက်ချင်စိတ်တွေ ပေါ်လာအောင် ရေးပြနိုင်တာ “ စာရေးတော်သူပဲ ” ဒါကြောင့် စာဖတ်သူတို့လည်း
ကြိုးစားကြပါ ။နောက်တစ်ယောက် ဒီလူပါ သူ့ရဲ့ ကဗျာတွေလည်း အရမ်းကောင်းတာတွေ ရှိပါတယ်
ကျွန်တော်နဲ့ မဆိုင်လို့ မတင်ပြပေးတာပါ ၊ ဆရာကောင် ၁ + ၂ ဆိုတာကတော့ ကျွန်တော့်ကို ရေး
ထားတာပါ ။ သူ့ကဗျာတော်တော်များများကတော့ မာန်ပါတယ်ဗျ . . .ဒါလည်း ရသတစ်မျိုးပါပဲ ၊

(၂) ဒီလူ
ဆရာကောင်ဖတ်ဖို့ 
မုသားနဲ့တော့နတ်ပြည်မှာတောင်အသက်မရှင်ချင်ဘူး
ရှင်နေတဲ့တစ္ဆေတစ်ကောင်ဟာ
မရှိတော့တဲ့နတ်ဘုရားထက်ပိုအဓိပ္ပာယ်ရှိတယ်
အော်.. မပြောချင်လဲပြောရအုန်းမယ်
ချဲလင်းဆိုပဲ
ရှက်တတ်ရင်သေဖို့ကောင်းတယ်
ဝ မရှိတဲ့ ၀ိ က

ဇ ရှိတဲ့ငတိကိုမှ တံခါးမရှိဓါးမရှိတဲ့
ဟား ဟား ဟား
နေကောင်းတုန်းက ဆရာကောင်မျက်နှာကို
ဖနှောင့်နဲ့ဆောင့်ကန်လိုက်တာခုမှသတိရတယ်
မင်းသာ မျှတ ပြီး မှန်ကန် နေတယ်ဆိုရင်
ခုချိန်မှာ ငြိမ်းချမ်း နေလောက်ပြီ...
နာမည်ကလဲ လူနဲ့လမိုင်းမကပ်ဘူး
အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့
မနာလိုတရားက ငါ့ဦးနှောက်ကိုဝင်ဝင်စောင့်တာ

မနေ့ကမှသိတယ်..
စိတ်တော့မရှိနဲ့ ဆရာကောင်ရေ
မင်းစိန်ခေါ်လို့ ငါတိမ်ပေါ်ကစောင့်မယ် ။ ။
ဒီလူ(တောင်တွင်းကြီး)
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


သူကတော့ ကိုတာ ဂူဂယ်လ်ပါ ကဗျာတွေကို တော်ယုံမရေးတတ်ဘူး ။ သုတ ရသ ဆောင်းပါး
ဒါတွေဘဲ ရေးတာများတယ် ။ တချိန်က ကျွန်တော့ရဲ့ ပိုစ့်တခုမှာ ခေတ်ပေါ် ၀ါကျလေးတခု
ထဲ့ရေးမိတယ် ဒီအဖြေကို အများနားလည်အောင် သူကရှင်းခိုင်းတယ် ။ ကျွန်တော်က ယဉ်ကျေး
စွာနဲ့ ပြန်ပြောရင်း ၊ နှစ်ဦးစလုံး ယဉ်ယဉ်ကျေးကျေး အထေ့ အငေါ့ ဖြစ်ကြတယ် ။ မင်းကို
ကောင်းစေချင်လို့ ငါကအမုန်းခံပြီး ပြောတာပါဆိုတော့ ။ သူစေတနာကို ကျွန်တော်မြင်လိုက်
ရတယ် ။သူကလည်း ဆိုဒ်တခုကို စမ်းသပ်စရာတခုလို သဘောထားတယ်ဆိုတာပါ ပြောခဲ့တယ် ။ ဒါနဲ့အကိုရင်းတစ်ယောက်လို့ ခင်မိလိုက်ပါတယ် ။ အခု ကျွန်တော် စိန်ခေါ်တဲ့အထဲမှာ သူလည်း
ပါတယ်ဒီလိုစိန်ခေါ်တော့ သူဘာလုပ်သလဲဆိုတော့ တခါမှ မရေးတတ်တဲ့ ကဗျာကို အခုလို ရသအရှိဆုံးကဗျာလေးကို ရေးပြလိုက်တာ ၊ ဘယ်လိုပင်စမ်းစမ်း ရသမြောက်အောင်ရေးနိုင်တဲ့“ စာရေးတော်သူ”ဆိုတာ သိလိုက်ရတော့ ကျွန်တော့်အတွက် အရင်ကထက်ပင် ပိုလေးစား
မိသွားပါတယ် ။



(၃) ကိုတာ ဂူဂယ်လ်
အချိန်မရွေးဘူး..

အိုဘယ့်ငမိုက်သား.. အမှောင်ပိတ်မှောင်ဖုံးတဲ့..

အာရုံတွေ ဖောက်ပြား.. အရူးစကားလို
လောကအလယ် မသိတတ်ရှာ
အသိခက်တာ သူမသိတတ်ခဲ့ပါ..

ချဲလင့်စကား သူပြောသွားတဲ့.
အဟုတ်တကယ် လုပ်ကြံကာရယ်
ရုံသွင်းပြဇာတ် လုပ်စားတော့မဟဲ့

ဖော်အဲဗားရဲ့ ရင်ငွေ့သက်သက်
ကျက်သရေမင်္ဂလာ ဝေဆာပွင့်ဖူး

ရှုမငြီးသည့် အေးမြသီတာ ရေကြည်ချမ်းမြေ့
တို့ပြည်တို့ရွာ တို့ဌာနေ၀ယ်
လီဆယ်စကား သူ ပြောလည်း ပြောတတ်ပါပေတယ်။

ကြွားလုံးကိုထုတ် အမှိုက်တစ်စုက
ဝေလီဝေလင်း နံနက်ခင်းအလှကို
ကျက်သရေယုတ် အမျိုးမဟုတ်တဲ့
ခေါ်တွင်ဇမ္မူ အတည်ယူကာ
မိမိသရေ ခွေးစားစေသား..

မှန်ကန်သူဆို ငြိမ်းချမ်းစေသား...

မမှန်မကန် မပြည့်တပြည့်
မဟုတ်တရုတ် မကောင်းတကောင်း
ဗလောင်းဗလဲ ၀င်ချီထွက်ချီ
အတည်တကယ် ကြေညာသော်လည်း
လက်ဝယ်ပိုက်ဆွေး မျှော်တွေးရင်းနဲ့
နင်လိုငမိုက်သား..လူပြောများလည်း
သုစရိုက်ကို ဒုစရိုက်အသွင်

မှတ်ထင်စွဲရင် (နာမည်) အသေဦးလတ္တံ့။.

စိန်ခေါ်ရင်တိမ်ပေါ်တက်မယ့်.. လူတစ်အုပ်က
စိတ်ရှိတိုင်းသာ ပြောလိုက်ချင်သည်။
လမ်းတစ်ဝက်ကလှည့်ပြန်မသွားကြေး...

သစ္စာရှိကြေး...အမျက်မထွက်ကြေးနဲ့
အမှန်တရားလက်ကိုင်ထားရင်
သင်သည် အသို့ထွက်ပြေးသနည်း....


လူမှန်သူမှန် နေရာမှန်က
အမှန်တရားမြတ်နိုးသူတိုင်း
မေတ္တာတရားကို မြတ်နိုးသူတိုင်း
သစ္စာတရား ရင်ဝယ်ကိန်းအောင်းသူတိုင်း
တည်ရှိနေသော.. နေထိုင်နေသော...
ပျော်ရွှင်နေကြသော...ကျက်စားနေကြကုန်သော....
ပီတိကိုစား စောင့်သိရိုသေ ဤဖော်အဲဗားမြေမှာ...
မှန်ကန်တရား ဖြောင့်သောလမ်းကား
ရှေ့မှာ ဖြူးဖြူးတည်း..................


လာမယ့်ဘေးပြေးတွေ့
အခုရှုပ်မှ နောင်ရှင်းဆိုသလို
ချဲလင့်စကား ဒီနေရာကနေ
စိန်ခေါ်လိုက်ပြီ....
ကိုတာ ဂူးဂယ် (ကဗျာ တစ်ပုဒ်မှ မရေးတတ်သူ)
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

သူကလည်း ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ပါပဲ ။ သူ့ကို တို့မီး ရှို့မီးဆိုပြီး စိန်ခေါ်ခဲ့
ပါတယ် ။ သူ့လည်း စာရေးတော်တဲ့ “ စာရေးတော်” တစ်ယောက်ပါပဲ ၊ ဒါပေမယ့် သူရေးတဲ့စာတွေ
တော်တော်များများက “ ဒေါသ ” နည်းနည်းပါတယ် ။ ဒါလည်း ရသတမျိုး ခံစားရပါတယ် ။


(၄)နှိုင်းမရ
တို့ မီး ရို့ မီးလာပြီ.....

ရည်ရွယ်ချက်နတူတဲ့  တိုက်ပွဲတစ်ခု
အနိုင်အရှုံးဆိုတာ ပြတ်သားပြီးသား
အနိုင်ရဖူးတဲ့  ငါကလဲ
ရှုံးပွဲတွေ တွေ့ ကြုံခဲ့ ပြီးသား
ဖြဲခြောက်လို့  ကြောက်တဲ့ ထဲမှာ
ငါမပါဘူး.....

ပန်းတိုင်သွားတဲ့  ဗိုလ်လုပွဲမှာ
သရေဆိုတာ မရှိဘူး

သေပြီးမှပြန်ရှင်လာတာ
သွေးစုပ်ဖုတ်ကောင်လား
မဖြစ်နိုင်ဘူးဟ......

မျက်လှည့် ဆန်တဲ့  ပုံပြင်တစ်ပုဒ်ကို
ချေး(ချီး)ခြောက် ရေမနူးဘူး
SO...SORRY
ငါဆိုတဲ့ ကောင်က
တို့ မီးရှို့ မီးတော့ မဟုတ်ဘူး......


အေးဆေးနေတတ်တဲ့  မြွေပွေး
စိန်ခေါ်ရင်တော့
ကြိုးဝိုင်းပေါ်တက်လာခဲ့ မယ်......။
.............................................နှိုင်းမရ

.................................................................................
တရက်ထဲမှာ တပြိုင်တည်း ရေးတင်ကြတဲ့ ရင်ဘတ်ချင်းတူကြသူတွေပေါ့နော်။

ပရိတ်သတ်အားလုံး တစုတစည်းထဲ ဖတ်ဖို့  ပြန်တင်ပေးလိုက်ပါတယ်ဗျာ ။

***************************************************************************





ဒီလို ရသစိန်ခေါ်ကဗျာလေးတွေက ဖတ်ရခဲပါတယ် ။ ဒါမျိုးတွေ ထွက်လာအောင်လည်း ၊ ကျွန်တော့်
ကောင်မလေး အိမ်ထောင်ပြုသွားတဲ့ သတင်းကြားပြီး သူဖိတ်ခေါ်ထားတဲ့ ဒီဆိုဒ်မှာတော့ ငါမနေဘူး
ဆိုတဲ့ ကိုယ့်ရဲ့ စာချစ်သူတွေကိုပြန်မကြည့်ဘဲ ( တကယ်တော့ မနေနိုင်ပါ ချစ်သူမြို့တော်သည်
နတ်ကြီး၏ ) တဇွတ်ထိုးဆုံးဖျက်ပြီးထွက်သွားတုန်းက . . . စိတ်ညစ်ညစ်နဲ့ ရေးထားတဲ့ ဟိုရောက်
ဒီရောက် ရောသမမွှေ နိုင်ငံရေးပိုစ့်လေးတခုကို ဆိုဒ်နာမည်ကိုချိန်းပြီး ၊ စိန်ခေါ်တဲ့ သရော်စာလိုလို
လုပ်ပြီး ff မှာတင်လိုက်တယ် ။ စာမျက်နှာမှာလည်း ဒေါသထွက်အောင် ရေးထားလိုက်တယ် ဒီအခါမှ
အပေါ်က ရသပေါ်တဲ့ စိန်ခေါ်ကဗျာတွေကို အဆဲခံအမုန်းခံ တခုလပ်နှစ်ခုလပ် အဖြစ်ခံပြီးရလာတာပါ
ကျွန်တော်စိန်ခေါ်လိုက်တဲ့ စာရေးတော်သူ ၄ ယောက်ရဲ့ ရသတွေကို “ဖတ်”ရင်း“ရှု့” ဖတ်ရှု့ပြီးတဲ့
အခါမှာ စာဖတ်သူတွေအနေနဲ့ မိုက်ချင်စိတ်လေးတွေ ဖြစ်ပေါ်လာကြမယ်လို့ ထင်မိပါတယ် . . ။
ဒါဟာ “ စာရေးတော်သူ ” တွေရဲ့ အစွမ်းထက်တဲ့ ကလောင်တွေလက်ရာတွေပါ ။ ညီလေး ညီမလေး
တို့လည်း ဒီလိုမျိုး ရေးနိုင်အောင် မရေးချင် စာတွေဖတ်ရှု့ရမယ် ။ လေ့လာရမယ် မှတ်သားရမယ် ။
စာရေးသူ အချင်းချင်း ဘယ်လောက်ပဲ ၊ မခေါ်ချင်အောင် မုန်းနေပါစေ ၊ တော်သူကို တော်တယ်လို့
ချီးမွန်းနိုင်ရမယ် ၊ ကိုယ့်နဲ့ ရန်ဖြစ်ထားလို့ ကိုယ့်ထက်တော်နေလို့ မဖေါ်ပြဘူးဆိုတဲ့ စိတ်ထားမျိုး
ဘယ်တော့မှ မထားရဘူး ။ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲမှာ စာရေးတော်သူ အများကြီး
ရှိပါတယ် ။ ယောမင်းသား ၊မေကို ၊ အေးမြသီတာ ၊ ကိုကိုသုစံ ၊ ကိုလူပေါ ၊ မေခ ၊ လင်းသစ် ၊ မင်းသူ
လင်းလက်ကြယ်(ပုဏ္ဏ၀တီ) ၊ ၀င်းထွန်းဆန်း ၊ ပန်းနှင်းဆီ ၊ သီ ၊ ဒေါက်တာ မင်းမဟော် ၊ LADY- K
ဘုန်းဝေသစ္စာ ၊ ပိုးပြန့် ၊ ကိုလင်း ၊ ရှင်းသန့်မေ ။ အိုးးးး အများကြီးပဲဗျ စာရေးတော်သူတွေ ရေးချ
ပြရင် A4 တစ်ရွက်မကဘူး ။ တကယ်တော်ကြတယ် ၊ တချို့လည်း ဒီဆိုဒ်ထဲမှာ ရှိကြပါတယ် ။
ဒီဆိုဒ်ထဲမှာ ရှိပြီး ၊ ဒီလိုကောင်းတဲ့ စာပေတွေ ဘာလို့မတင်သလဲမေးရင် ။ ကျွန်တော်တို့ အားလုံးရဲ့
စာဖတ် အားနည်းလို့ စာတွေကို မတင်ကြတာပါ ။ ကိုယ်ပိုင်စာရေးနိုင်သူ ကလောင်ရှင်အားလုံးဟာ
ဘယ်လောက်ပဲ စာရေးလို့ ပင်ပမ်းနေပါစေ ကော်မန့်လေးတခုနဲ့ စာရေးခြင်း အနုပညာကို ရှင်သန်
နေရတာပါ ။ ဒါကြောင့် ဒီဆိုဒ်လေးထဲမှာ ကိုယ်ပိုင်စာပေးတွေကိုရေးသားနိုင်သူ “ စာရေးတော်သူ”
ပျော်ရွှင်ပြီး ရှိစေချင်ရင် ဘယ်နေရာက ကိုယ်ဝင်ထားတဲ့ဆိုဒ်လေးမဆို ။ “ စာရေးတော်သူ” ပျော်ရွှင်
ရေးသားနိုင်အောင် ဖတ်ချင်သည်ဖြစ် မဖတ်ချင်သည်ဖြစ်စေ ။ အားပေးကြပါ ဒီလိုဖတ်ရင်းနဲ့ မိမိ
ကိုယ်တိုင် စာရေးချင်စိတ်တွေ ပေါ်ပေါက်လာပါလိမ့်မယ် ။ စာရေးသူ တစ်ယောက်ရဲ့ ဘ၀အစဟာ
စာဖတ်ခြင်းက လာတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး ။ ဒါကြောင့် စာရေးတဲ့အခါမှာ သင်ပြ
ပေးသူရဲ့ သင်ပြမှုကိုလည်း ယဉ်ကျေးစွာ လက်ခံရမယ် ။ကိုယ်ကလည်း စာသားတွေကို ယဉ်ကျေးစွာ
ရေးသားနိုင် ရမယ် ။ ချီးမွန်းထိုက်သူကို ချီးမြှောက်ပေးနိုင်ရမယ် ။ အရေးကြီးဆုံးကတော့ “ စာရေး
တော်သူ လူကောင်း ” ဖြစ်ဖိုအတွက် ဘာပဲ ပြောပြော သည်းခံပြီးနေတတ်ရမယ် ။ဆဲချင်သလောက်
ဆဲကြပါစေ ကိုယ်အသား မပဲ့ပါဘူးလေ ၊ လူချင်းလည်းတွေ့နေရတာမှ မဟုတ်တာ ။ ဒါကြောင့် . . . .
မိကောင်း ဖခင် သားသမီး ပီသစွာနဲ့ “စာရေးတော်သူ” “စာတော်သူ လူကောင်း” ဖြစ်ချင်ရင် . . . .
ဘယ်သူရိုင်းရိုင်း ကိုယ်ပြန်မရိုင်းမိပါစေနဲ့လို့ သွန်သင်ပြရင်း ၊ ကျွန်တော့်လို ff မှာ အရှက်မရှိ လူဆိုး
ရင်မောင်(ခေါ်) စတပ်ရဲ့ လက်ရှိအချိန် ကလောင်အမည် အရှက်ကွဲ အမုန်းခံ သင်ပြမှုလေးကို မှတ်သားကြပါလို့ ပြောလိုက်ပါရစေခင်ဗျာ





စာဖတ်သူအပေါင်း ကြိုးစားနိုင်ကြပါစေ
ဂျူပီတာ ရင်မောင်(ခ)စတပ်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်