မတိမ်းမစောင်း
ဗိန်းဗောင်းတွေ တီးနေပြီ
အသဲကောင်းလို့ ပွဲတောင်းနေလဲ
ဇကွဲကောင်းကဆန်မမှီပါဘူး..
စိန်ခေါ်ပြီးမှဘွာခတ်ရင်တော့ 
ငါ စကပ်ငှားလိုက်မယ်
ဓါတ်တူနံတူဆေးဖက်ယူပေတော့ ..
ဘယ်သူမပြု မိမိမှု့ နော်.
ဘုန်းကြီးအမှု့ ရွာပတ်ရင်
ရွာနတ်က လာသတ်နေမယ်
ဘာဇာတ်ဘဲကက.မင်းကို
ပရိသတ်က စိတ်မချဘူး
အိပ်ကြတာဘဲကောင်းတယ်ဆိုလား
မောင်ရင်ရယ် မကြောင်ချင်ပါနဲ့ 
သောင်ပြင်လဲ မလွှတ်ပါဘူး
ဗောင်ဗင်ခတ်တာလူသိတယ်
အလွယ်လေးပါကွယ်.
အေးအေးဆေးဆေး မေတ္တာပေးရင်
မှန်လို ပြန်ချိုလာမှာဘဲ..
ကဲ ကဲ..မင်းဘာလုပ်မှာလဲ...။။။
Comment by မျှတမှန်ကန် {start} 16 minutes ago

ဗိန်းဗောင်းတွေ တီးနေပြီ
အသဲကောင်းလို့ ပွဲတောင်းနေလဲ
ဇကွဲကောင်းကဆန်မမှီပါဘူး..
စိန်ခေါ်ပြီးမှဘွာခတ်ရင်တော့ 
ငါ စကပ်ငှားလိုက်မယ်
ဓါတ်တူနံတူဆေးဖက်ယူပေတော့ ..
ဘယ်သူမပြု မိမိမှု့ နော်.
ဘုန်းကြီးအမှု့ ရွာပတ်ရင်
ရွာနတ်က လာသတ်နေမယ်
ဘာဇာတ်ဘဲကက.မင်းကို
ပရိသတ်က စိတ်မချဘူး
အိပ်ကြတာဘဲကောင်းတယ်ဆိုလား
မောင်ရင်ရယ် မကြောင်ချင်ပါနဲ့ 
သောင်ပြင်လဲ မလွှတ်ပါဘူး
ဗောင်ဗင်ခတ်တာလူသိတယ်
အလွယ်လေးပါကွယ်.
အေးအေးဆေးဆေး မေတ္တာပေးရင်
မှန်လို ပြန်ချိုလာမှာဘဲ..
ကဲ ကဲ..မင်းဘာလုပ်မှာလဲ...။။။
အပေါ်က ၊စိန်ခေါ်ကဗျာလေးကတော့ ကျွန်တော်နှစ်သက်လို့ ပြန်လည်ဖေါ်ပြတာပါ မူရင်းအတိုင်းပါပဲ
ကျွန်တော်စိန်ခေါ်တဲ့အထဲမှာ သူမပါဘူးဗျ ။ သူ့ကိုလည်း ကျွန်တော်မသိဘူး ။ ဒါပေမယ့်သူက စိန်ခေါ်တယ်
ဘယ်သူ့ကို စိန်ခေါ်တာလည်းဆိုတော့ ကျွန်တော် ရင်မောင့်ကိုပါ ဟီးးးးးးး ။ အရင်က ထွက်လာတဲ့
ဆိုဒ်တခုမှာ ရန်သွားရှာတာပါ ။ ရန်ရှာတာကလည်း အကြောင်းရှိလို့ပေါ့ ဒီကဗျာကို ဖတ်ရတော့ သူ့ကို
စိတ်မဆိုးမိတဲ့ အပြင် ။ ကျွန်တော် တကယ်ပျော်မိတယ် ဟီးးးးး တချို့လူတွေကတော့ စိတ်ညစ်ရတာပေါ့ဗျာ
ကျွန်တော်ပျော်တာက စာသားကိုဖတ်ပြီး ကျွန်တော်စာချိုး ချင်တဲ့ လူတစ်ယောက်တော့ တွေ့ပီဆိုပြီး ပျော်တာပါ
အောက်ကတော့ ကျွန်တော် သူရဲ့ပိုစ့်မှာ စာချိုးပြီး ရန်ပြန်စခဲ့တာပါ ။ ဒါမှလည်း နောက်ထပ် ဒီလိုစာလေးတွေ
ထွက်လာမှာပေါ့ဗျ . . . ဟီးးးး ။ ကဗျာကိုဖတ်ပြီး စာဖတ်သူတွေ ရယ်ကြမှာပါ ရင်မောင်ကတော့ မီးကိုင်ထားရတယ်ဗျ
Comment by မျှတမှန်ကန် {start} 16 minutes ago
May ka ဆိုတာ ငါမသိ”
အထာမသိရင် လာမညိနဲ့နော်
ဗိန်းဗောင်းတွေ တီးနေပြီး
အသဲကောင်းလို့ ပွဲတောင်းနေလဲ
ဇကွဲ ကောင်းကောင်း ဆန်ကိုပြုတ်
အကြံကို ထုတ် အမှန်ကိုလုပ်ဖို့
စဉ်းစားနေလိုက်ပါကွယ် . . .
သတင်းစကားတွေမှာ
မင်းမှားနေပါမယ်. . . ကလေးရယ် . . .
စိန်ခေါ်ပြီးမှ ဘွာခတ်ရင်တော့ 
ငါ start (ရင်မောင်) မှားတယ်လို့ မပြောနဲ့နော်
ဘုန်းကြီးအမှု့ ရွာမပတ်
အထာမနပ်တဲ့ မင်းလေးက
အတင်းရေးချ စာတွေစပ်
ငါ့ကို” လာသတ်နေတာ
ဘာဇာတ်ဘဲကက.. . . မင်းကို ”ငါမသိဘူး”
ဘယ်သူမပြု မိမိမှု့ နော်.. . . . .
မင်းရဲ့ စိတ်ခေါ်သံ တိမ်ပေါ်ညံကာ
သောင်ပြင်မှာ အလွတ်မပေးလည်း
ငါက ” ခွေးတွေး ” မတွေးတာ” လူအသိ
မင်းကသာ အပူမိနေပြီ
အလွယ်လေးပါကွယ်.
အေးအေးဆေးဆေး အငြိမ်ပေးလို့
အချိန်လေးရရင်
ဒီထက်ကောင်းတာ ဆက်ရေးပါဦး
ညှာတာကို အပြစ်လုပ်
အစစ်ထုတ်ရင်တော့
ကြေညာရာ မင်းမပါ
ဖြေစရာသာ မင်းရှာပေတော့
ကဲ ကဲ..မင်းဘာလုပ်မှာလဲ...။။။
( ဒါကတော့ ရင်ထဲစကားပဲ)
ဆောရီးနော် ညီမလေး အကိုက မင်းကိုမသိပါဘူး အကိုလိုတာလည်း
မင်းကို “ မဟုတ်ဘူးလေ” ဒါကြောင့် ဒီမှာပဲ မင်းကို ပြောသွားပါတယ်
ညီမငယ်နဲ့သာ စာပြိုင်ချိုးရင် အကိုလည်းတိုးတတ်မှာ သေချာပါတယ်
အဲလိုရဲရဲကြီး ပြန်ဆီပေးခဲ့ပါတယ် ။ စာရေးတယ်ဆိုတာ မရဲတရဲနဲ့ သူများအပြောခံရမှာ
အလှောင်ခံရမှာ ကြောက်နေရင် စာရေးကောင်းတဲ့သူတွေ ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်ဘူး အခုတင်ပြတာလည်းစာပဲ ဘာစာလဲ” စိန်ခေါ်စာ ” ဒါပေမယ့် ကျွန်တော့်
ရင်ထဲမှာ ဒေါသ မပါဘူးစာရေးသူဆိုတာ နေရာတကာမှာ ဒေါသထွက်နေလို့မရဘူး
ပီပြင်တဲ့ ရသတခုကို ဒေါသမထွက်လည်း ဖန်တီးနိုင်ရမယ် ဒါမှ ရည်ရှည်ရေးနိုင်တဲ့
စာရေးသူကောင်း တစ်ယောက်ဖြစ်မှာပေါ့ဗျာ ရေးချင်ကိုရဲရဲကြီးရေးလိုက်ပါ ညီလေး
ညီမလေးတို့ရေ တို့တွေက ၀ါသနာအရ အသပြာမလို စေတနာအရင်းနဲ့ သေချာ
လင်းနေတဲ့ကြယ်လေးတွေပါ ။ ဘာမှအားငယ်စရာမလိုသလို ဘယ်သူဝေဖန် ဝေဖန်လုံးဝ
ဂရုမဆိုက်ရဘူးနော် ။ အပင်မြင့်လေလေတိုက်လေပဲကွ ။ လေတိုက်မခံနိုင်ရင် လဲတာပဲ
ညီလေးညီမလေးတို့ရေ တချိန်က အကိုလည်း အရှုံးပေးမိသလိုဖြစ်ခဲ့ဖူးတယ် ။

ထိုင်နိုင်ငံ ဆူနာမီမှာလက်တွေ့ ပြေးခဲ့ဖူးတယ် ။ ရေပြန်ကျသွားတော့ အလောင်းတွေကို
ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အကိုတို့တွေ ကူညီပြီးဆေးရုံပို့ အလောင်းကောက် လုပ်ကြ
တာပေါ့ အကိုအိမ်ဆိုတာ ဘာမှမကျန်ခဲ့ဘူး ပစ္စည်းပြန်ရဖို့မပြောနဲ့ အိမ်အောက်ခံ
ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အကိုတို့တွေ ကူညီပြီးဆေးရုံပို့ အလောင်းကောက် လုပ်ကြ
တာပေါ့ အကိုအိမ်ဆိုတာ ဘာမှမကျန်ခဲ့ဘူး ပစ္စည်းပြန်ရဖို့မပြောနဲ့ အိမ်အောက်ခံ
အင်္ဂတေအပြား အလွှာပဲကျန်တယ်လေ ။အဲဒီမှာ အပင်တွေ လဲနေတော့ အတော့်ကိုဖယ်
ယူရတယ် ။ ဒါပေမယ့် တစ်ချို့ အပင်တွေကကမ်းစပ်မှာလည်းဖြစ် အပင်ကလည်းသေး
ဒါပေမယ့် ဆူနာမီလေလှိုင်းရိုက်ခက်တာတောင်ဘာကြောင့်.....မလဲတာလည်းပေါ့ ။ အကို
သေချာပြန်တွေးမိတယ် ဘယ်လိုလှိုင်းပဲလာလာ မားမားမတ်မတ်ရပ်တည်နိုင်ခြင်းရဲ့အဖြေဟာ

အော် ”အောက်ခြေခိုင်တော့” နောက်နေ စတိုင်လ်က လန်းလန်းလေးရပ်တည်နိုင်ပါလား . . .
အဲဒီထဲက အကို ပြန်ပြီးကြိုးစားခဲ့တယ် . . . . . . . . . အခုအချိန်မှာ အကိုကြုံတွေ့နေရတဲ့
အရာရာအားလုံးဟာ သင်ခန်းစာပေးနေတာလို့ သတ်မှတ်ပြီး စားစရာရှိတဲ့ထမင်းကို
ဆက်ပြီး စားနေလျှက်ပါညီလေး ညီမလေးတို့ရေ . . . . . .

0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်