ကပ်ညိတွယ်နေတဲ့ အမြင်အာရုံတွေနှင့်အတူ ၊ ဒီဆိုဒ်ကလေးထဲကရော အတိတ်က သူငယ်ချင်းတွေရဲ့ ပုံရိပ်
တွေဟာ ၊ ကျွန်တော့် အတွေးထဲကို ၀ိုးတိုးဝါးတား ၀င်လာလျှက်ပေါ့ ။ မျက်ဝန်းတစ်စုံကြောင့် အချိန်တွေကို
ပြန်ဆယ်နေရင်း ၊ တိုက်စားခံလိုက်ရတဲ့ ၊ ဧရာဝတီ ကမ်းပြို တစ်ခုလို ကြွေကျ ဒဏ်ရာတွေသာ ထင်ကျန်
ခဲ့ပြီ ၊ သက်ပြင်းမော လေပူတစ်ချက်ကို ရင်မောင် မှုတ်ထုတ်လိုက်မိပါသည် . . . . . . . ။
နေညိုချိန် ကုန်ဆုံးလို့ အမှောင်ဝင်လာတဲ့ ညနေခင်လေးမှာ ၊ ဧရာဝတီ လေးပြည်အေးလေးနှင့်အတူ ၊
ကျောင်းကြီးပေါ်က ၊ ဘုရားရှစ်ခိုးဖို့ ကြေးစည်သံလေးက ရင်မောင့်ရဲ့ သတိရတမ်းတမှု အတွေးတွေကို
ဖြိုခွင်းပြစ်လိုက်ပါသည် ။ “ ထို့နှင့် အတူ ”
“ ဒကာလေး ရင်မောင် . . . . . . ဘာတွေ တွေးနေတာလည်း ” . . . . . . . . ။
“ အော် ” ကိုရင်ကြီး ပုည ပါလား ” . . . . . ဘာရယ်မဟုတ်ပါဘူး ဘုရား ။ အွန်လိုင်းပေါ်က သူငယ်ချင်း
တွေကို သတိရမိလို့ပါ ဘုရား ။
အင်းးးးးး ဒကာရင်မောင်လည်း တစ်နေ့တစ်နေ့ မှိုင်တွေနေတာနဲ့ မှောင်မှန်းမသိ မှောင်နေပါရောလား
လူ့ဘ၀ သောက အပူမီးတွေဟာ ။ သူ့သဘော သက်သက်ဖြစ်ပေါ်လာတာမဟုတ်သလို ၊ မိမိသဘောလည်း
သက်သက် မဟုတ်ဘူး ဒကာလေး ။ အကြောင်းရှိခဲ့လို့ အကျိုးတရားတို့သည် ဖြစ်ပေါ်လာတယ် ဒကာလေး ၊
ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေ အားလုံးဟာ မမြဲသော တရားတွေကို မြင်အောင် ရှု့တတ်ဖို့ လိုပါတယ်
ဖြစ်ရာမှပျက် ၊ ပျက်ရာမှ ဖြစ် ၊ နေ့စဉ်နှင့်အမျှ အကြားမရှိ ဆက်တိုက် ဖြစ်ပေါ်နေသော ၊ ဖြစ် ပျက် သဘော
တရားကို ဆင်ခြင်မိတဲ့ သူတွေဟာ ၊ နေ့ တစ်ဓူဝကို သောက ငြိမ်းအေးစွာနဲ့ ဖြတ်သန်းနိုင်ကြပေတယ် ။
ငါပိုင်တယ် ထင်တဲ့ ငါ့ ခန္ဓာကိုယ်ကြီးကို သေချာပြန်စစ်ဆေး လိုက်ရင် ၊ “ ငါ့” ကိုယ် ငါတောင် အစိုးမရတာ
သိလာပါလိမ့်မယ် ဒကာလေး ။ “ ငါ့ ” ကိုယ် ငါတောင် အစိုးမရမှတော့ ၊ “ ငါမဟုတ်တဲ့ ” “ သူ့ ” ကိုလည်း
အစိုးမရနိုင်တော့ဘူးပေါ့ ။ “ ငါ ” မရှိတာ သေချာ သိလာတာနှင့် “ သူ ” ဆိုတာလည်း မရှိနိုင်တော့ပါဘူး ။
ဒကာလေးတွေးနေတဲ့ အတွေးတွေ အားလုံးဟာ ၊ ငါ မရှိတဲ့နောက် ၊ ငါ သည် ကိုးစား ဂုဏ်ယူနိုင်စရာ မဖြစ်
နိုင်တော့သလို ။ “ သူ ” သည်လည်း ကိုးစား ဂုဏ်ယူနိုင်စရာ မဖြစ်နိုင်တော့ပါဘူး ဒကာလေး ။ “ ငါ ” “ သူ
”
“ သူ့ဟာ ” “ ငါ့ဟာ ” မရှိခြင်းကို သေချာ ဥာဏ်ဖြင့် မြင်လျှင် ၊ “ ငါ ” သူ့ အပေါ် စွဲနေသည့် “ တဏှာစွဲ ” ကို
မတပ်မက်တော့ပါဘူး ဒကာလေး . . . . . .။ ကဲ ကဲ . . ဒကာရင်မောင်လည်း ဘုန်းကြီး ကျောင်းသားပေပဲ ။
ဒါတွေကို သိမှာပါ ၊ ဒီတော့ ” ဘာမှ ဆက်တွေးမနေနဲ့တော့ . . . . ဆရာတော်က မှာလိုက်တယ် ဒကာလေး
အပြင်မှာ မအိပ်ဘဲ ။ ကိုရင်ကြီး အခန်းထဲမှာ အတူအိပ်ဖို့ မှာလိုက်တယ် ။ အိပ်ယာ ပြင်ထားပေးမယ် ၊ ဒကာ
အိပ်ချင်ရင် ကိုရင်ကြီး အခန်းကိုသာ လာခဲ့ပေါ့ ဟုတ်ပီလား ” ။ ကိုရင်ကြီး ဘုရားဝတ်ပြုသွားလိုက်ဦးမယ် ” ။
“ မှန်ပါ့ ဘုရား ”
ကိုရင်ကြီး၏ စကားသံတွေ အဆုံးမှာတော့ ၊ နာကျင်နေသူတစ်ယောက်ကို အသက်မဲ့စေတဲ့ စကားလုံးများ
ကဲ့သို့ ၊ မသေချာ မရေရာသော “ သူ ” “ ငါ ” ခွဲခြား တွေးတောမိရင်း ၊Notebook ထဲက
အချစ်ကဗျာတို့သည်လည်း ။ ကျိန်စာ သင့်ခဲ့လေပြီ ၊ လေပြည်အေး နှင့် လှောင်ရယ်သံ တစ်ချို့သည်လည်း ။
ကမ်းနှဖူးမှ ဗေဒါ နှင့်အတူ ၊ မျောပါသွားလိုက်သလို ရင်ထဲမှာ ပေါ့သွားခဲ့လေသည်. . . . . . . . . . . . ။
အချိန်တွေ မည်မျှ ကြာသွားသည်ကို ရင်မောင်မသိတော့ပေ ၊ Notebook ကိုသိမ်းရင်း ခန်းခြောက်သွားတဲ့
နှလုံးသားတစ်စုံနှင့် အတူ ၊ ကမ်းနဖူးလေးမှ နှုတ်ဆက်မှု အပြုံးတို့ဖြင့် ထိုင်နေတဲ့ နေရာလေးမှ ၊ ကိုရင်ကြီး
အခန်းရှိရာ သို့ ၊ အိပ်စက်ရန် လှမ်းလာခဲ့ပါတော့သည် . . . . . . . . . . . . . . . ။
သြော်. . . . . . . ဘ၀ထဲက ခံစားချက်တွေဆိုတာ အချိန်တစ်ခုထဲမှာ လွယ်ကူစွာ မေ့ပျောက်နိုင်လိမ့်မယ်လို့
ထင်ခဲ့မိပေမယ့် ၊ လက်တွေ့မှာတော့ မရေရာနိုင်သေးတဲ့ နေ့ရက်တွေနဲ့ လှည့်ကွက်တွေဟာ ဖုံလို့ပါလား . . .
ဟူးးးးးးးး သက်ပြင်းမောကြီးနှင့်အတူ မျက်လုံးအစုံးကို အတင်းမှိတ်ပြီး အိပ်လိုက်ပါတော့သည် . . . . . ။
နံနက်ခင်း အလင်းရောင်လေးနှင့်အတူ ကြက် ငှက် ကလေးတွေရဲ့ တွန်ကျူး အော်သံလေးတွေဟာ ဘဝ
ရုန်းကန်ဖို့ အတွက် နှိုးစက်လေလား . . . . . ။ ဒီနေ့ အဖို့မှာလည်း လွဲမှားမှုတွေနဲ့အတူ ဆုံးရှုံးမှုတွေဟာ
ပေါ့ပေါ့နေ ပေါ့ပေါ့စားသူ လူသားတစ်ချို့ကို လက်ကမ်းကြိုဖို့ အသင့်စောင့်နေကြလေပြီ ။ နေ၀င်ချိန်၊ လူ့
ဘ၀ မှောင်ရီပျိုးနေသူတွေမှာတော့ ၊ တုန်ရီနေတဲ့ နှုတ်ခမ်းတစ်စုံရဲ့ ထွက်ပေါ်သံဟာ အားယူပြီး ပြောနေကြ
မယ် ထင်ပါရဲ့ . . . . . . . . “ အို ” . . . . . . . ခဏလေးပါလား လူ့ဘ၀ရယ် . . . . . . လူ့ဘ၀ထဲက ထွက်ခွာ
တော့မည့် လူတစ်ချို့ ရဲ့ အသံ ၊ ပြန်မလာနိုင်သေးတဲ့ အပ္ပါယ်ဘုံသားတို့ရဲ့ ကြေကွဲသံကိုတော့ ၊ ကျွန်တော်
တို့တွေ ကြားနိုင်လိမ့် မထင်ကြပါဘူးလေ . . . . . . . . . . . ။
“ ဒကာ ရင်မောင် ကျောင်းရှေ့မှာ အမျိုးသမီး တစ်ယောက် ရောက်နေတယ် ဒကာလေးကို တွေ့ချင်လို့တဲ့ ”
“ ဟင် ” အမျိုးသမီး တစ်ယောက်ဆိုပါလား ” “ ဘယ်သူပါလိမ့် ”
မည်သူ မည်ဝါ အသေအချာမသိပေမဲ့ ရင်ခုန်သံတွေ မြန်လာတာတော့ သေချာသိလိုက်မိသည် ။ မသဲမကွဲ
လှမ်းအကြည့် အမြင်အာရုံမှာတော့ ။ အရပ် ၃ ပေ တစ်လက်မ အသားမဲမဲ ပုပု ၀၀ ၊ မိန်းကလေးတစ်ယောက်
်
“ ဟင် ”မေ . . . .မေသဇင်ပါလား . . . .? ။ အံ့သြမှုနှင့် အတူ ခြေလှမ်းတို့သည် မည်သို့ လှမ်းသွားမိသည်ကို
ကျွန်တော် မသိတော့ပါ . . . . . . . မေ . . . . . . . . . . . ။
“ ရင်မောင် . . . . . .”
မေသဇင် တစ်ယောက် ကျွန်တော့အမည်ကို တစ်ခွန်းခေါ်ရင်း တွေတွေကြီး ငေးကြည့်နေရင်း သူမ၏
မျက်ဝန်းအစုံမှ မျက်ရည်တော့သည် ။ ထစ်ချုန်းမိုးကဲ့သို့ တားစည်းမရ သွန်းရွာချပါတော့သည် . . . . . . . ။
“ ရင်မောင်ရယ် . . . . . နေနိုင်လိုက်တာနော် ငါတို့ သူငယ်ချင်းတွေအားလုံးကို ပြစ်ထားရက်တယ်နော် ၊
စို့နင့်နေတဲ့ မေ့ရဲ့ ၀မ်းနည်းသံတွေကြားမှာ ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့သည်လည်း ရောယှက်စွာ
ကျမိပါတော့သည် . . . . . . . မေ ” နင်တစ်ယောက်ထဲလား ၊ မစုမွန် မပါဘူးလားဟင် ” ဆိုဒ်ထဲက ရှိတဲ့
သူငယ်ချင်းတွေရော နေကောင်းရဲ့လား ဟင်” ။ ငါ့ကို မြန်မြန် ပြောပါဦးဟ ” . . . .။
“ မစုမွန်က စာမေးပွဲရှိလို့ လိုက်လာချင်ပေမယ့် ကျန်ခဲ့ရတယ် ရင်မောင်၊ သိမ့်လည်း နေကောင်းပါတယ် ။ ဖူးမ
လေးကတော့ စိတ်ညစ်နေရှာတယ် ။ ဂျစ်တူးကတော့ စာတွေရေးနေတယ် ၊ ယမ်ယမ်ချဉ်စပ်ကတော့ နင်မရှိ
တဲ့အချိန် ငါ့ကို ရည်းစားစကား လာပြောတယ် ။ အခု သူနှုတ်ဆက်သွားပြီး ၊ ဆရာလေး လင်းလက်မောင်က
စာရေးရင်း စိတ်ဖောက်သွားလို့ အရူးထောင်ပို့ထားရတယ် ။ မိဝေက လုံခြုံရေးတာဝန်ကျနေတယ် ။စမိုင်းလေး
ကတော့ အလုပ်ပင်းပန်းတာ တစ်ဖက်နဲ့ ဆိုဒ်ကို ထိန်းနေရတယ် ။ သူငယ်ချင်းတွေ အကြောင်း ပြောပြရရင်
အများကြီးပေါ့ ရင်မောင်ရယ် . . . . . . နင်လေ နေနိုင်ရက်တယ်နော် . . . . . . ဟင့် ” ဟင့် ” . . . . . . .။
မငိုပါနဲ့ မေသဇင်ရယ် . . . . . . တိတ်တော့နော် ၊ သူငယ်ချင်း မေသဇင်ကို ကြည့်ရင်း ကျွန်တော့် ရင်ထဲမှာ
စို့နစ်နစ်ကြီး ဖြစ်သွားပါသည် ။ ဘာရယ်တော့ မဟုတ်ပေမယ့် မေ့ရဲ့ ဦးခေါင်းပေါ်မှ ဆံနွယ်လေးတွေကို သပ်၍
တင်ပေးမိရင်း ၊ ဖြူစင်သန့်ရှင်းသော အကိုတစ်ယောက် ၊ မောင်တစ်ယောက်၏ သဘောမျိုးဖြင့် ၊ မျက်ဝန်းအစုံကို
မှိတ်ရင်း မေသဇင်၏ နှဖူးပြောင်ပြောင် လေးပေါ်သို့ နှစ်သိမ့်မှု အနမ်းဖွဖွလေးကို ကျွန်တော် ထပ်ကာ ထပ်ကာ
နမ်းရှိုက်မိပါတော့သည် . . . . . . . . . “ သို့ပေမယ့် ” . . . . . . . ကျွန်တော့်ရဲ့ နှာခေါင်း အထိ အတွေ့မှာမူ
သူမ၏ ကြမ်းတမ်းသော ဆံပင်များ၏ ဆူးရှမှုကြောင့် သတိများပြန်ဝင်လာကာ ၊ မှိတ် ထားသော
ကျွန်တော့်ရဲ့ မျက်ဝန်းကို ဖွင့်ကြည့်မိလိုက်ချိန်မှာတော့ . . . . . . . .. . . .
“ ဗုဒ္ဓေါ ” ဘုရားရေ . . . . . . . . . . . .
ငါ အိမ်မက် မက်ပြီး ကိုရင်ကြီးရဲ့ ခေါင်းပြောင်ပြောင်ကြီးကို နမ်းနေပါရောလား . . . . . . ”
ပျော်ရွှင်မှုများစွာဖြင့် ကျေနပ်နိုင်ကြပါစေဗျာ . . . . . အလွမ်းခရီးသည် . . . . . . .
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်