မေလေ ဘယ်အရပ် ဘယ်ဒေသပဲ ရောက်နေနေ မေ့ရဲ့ 
ရိုးရာဝတ်စုံလေးကို မြတ်နိုးတန်ဖိုးထားတယ်..။ ကိုယ့်နိုင်ငံ မဟုတ်တဲ့
တစိမ်းတရံတွေအလယ်မှာ သူတို့ လို အလိုက်သင့် ဝင်ကစွတ်ကောင်ဘဝနဲ့  သူတို
့ဝတ်နေတဲ့ အတိုင်းလိုက်ဝတ်နေရပေမဲ့ မေ့ ရဲ့  ရိုးရာဝတ်စုံကို
မေနှစ်သက်တယ်...။ မရိုးမဆန်း မြန်မာဝတ်စုံလေးတွေကို
ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးလဲ ဝတ်လေ့ရှိတယ်..။ မြန်မာမဟုတ်တဲ့
မေ့အပေါင်းအသင်းတွေကိုလဲ ထမိန်စကပ်လေးတွေနဲ့  ချုပ်ပြီး မေ
လက်ဆောင်ပေးလေ့ရှိတယ်...။
မေ
မြန်မာနိုင်ငံကို ပြန်ဖြစ်တဲ့ အခါတိုင်း အိမ်အပြန်လက်ဆောင်အဖြစ်
ဝယ်ပြန်လေ့ရှိတာက မြန်မာဝတ်စုံ အပါအဝင် တိုင်းရင်းသား ဝတ်စုံတွေ ..။ မေ့ရဲ့ 
Boss မိသားစုမှာဆိုရင် မေ ပေးထားတာ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသား
ဝတ်စုံတွေ ပြည့်စုံလုနီးနီးပဲ..။ သူတို့ တွေလဲ နှစ်သက်မြတ်နိုးကြတာ တွေ
့ရတော့ လက်ဆောင်ပေးရတဲ့ မေလဲအတော်လေးကို ကြည်းနူးပါတယ်..။ အထူးသဖြစ်
ဂါဝန်ရှည်လို ဝတ်လို့ ရတဲ့ ကရင်သင်တိုင်းရှည်လေးတွေကို သူတို့ 
နှစ်သက်ကြတယ်..။ သူတို့ ကိုယ်တိုင် ဖက်ရှင်အဖြစ် ဝတ်ဆင်တာကို တွေ့ ရတယ်..။
ဓာတ်ပုံတွေ ဘာတွေရိုက်ပြီး facebook မှာတွေ တင်လို့  အင်္ဂလန်မှာ ရှိတဲ့
သူတို့ မိသားစုတွေကတောင် လိုချင်လို့ ဆိုပြီး ပြောလာလို့  မေ
အိမ်ပြန်မှာပေးခဲ့ရတယ်လေ...။ သူတို့  တကယ်နှစ်သက်စွာ ဝတ်ဆင်ကြပါတယ်..။
တစ်နေ့  မြန်မာတွေ စုလုပ်တဲ့ ပွဲတစ်ပွဲရှိလို့  မေက မေ့ Boss မိသားစုကို လာခဲ့ဖို့  ဖိတ်ခေါ်လိုက်ပါတယ်..။ သူတို့ က ဝမ်းသားအားရနဲ.
“လာခဲ့မယ်..နင်ပေးထားတဲ့ မြန်မာ ဝတ်စုံလေး ဝတ်ခဲ့မယ်” ဆိုပြီး အားတက်သရော ပြန်ပြောတာလေးတွေ့ တော့ မေ တကယ်ကို ကြည်နူးမိပါတယ်..။
ဒါပေမဲ့ ပွဲလုပ်တဲ့
အချိန်က မေ့မှာက သင်တန်းတစ်ဘက်နဲ့  မေက အချိန်မီ မလာနိုင်ဘူးဆိုတာ သိနေလို့ 
သူတို့ ကို ကြိုတော့ ပြောထားလိုက်တယ်.. မေ အဲ့ဒီနေရာကို တစ်နာရီလောက်
နောက်ကျပြီးမှ ရောက်လာနိုင်မဲ့ အကြောင်း.....
သူတို့ ကို မေ လာတဲ့ အချိန်လောက်မှ ရောက်လာခဲ့ဖို့ ပြောတော့ သူတို့ ကလဲ စူးစမ်းတတ်တဲ့ အနောက်တိုင်းသားတွေပီပီ
“ကိစ္စမရှိဘူး ငါတို့ အရင်ရောက်နှင့်လဲ ကိစ္စမရှိဘူး..အဲ့ဒီပွဲထဲမှာ လိုက်ကြည့်နေမယ် ”
ဆိုသော စကားကြောင့် ကိုယ်လဲ မပြောသာတော့
..သူတို့ ကိုယ်တိုင်ကိုက စိတ်ဓာတ်တက်ကြွနေတာကိုး...။ ဒီတော့
သူငယ်ချင်းတစ်ယောက်ကိုပဲ မှာထားပြီး သူတို့ လာရင် ဧည့်ခံထားပေးဖို့ 
အကူအညီတောင်းထားလိုက်တယ်...။
ပွဲတော်နေ့ ကို
ရောက်တော့ မေ့မှာ သူတို့ လာချိန်လောက်ကနေ သင်တန်းမှာ စာသင်နေရတာတောင် စိတ်က
မဖြောင့်တော့ဘူး..။ မေက ဧည့်သည်ဖိတ်ထားပြီး မရောက်နိုင်သေးတော့ လူက
စိတ်မဖြောင့် ..။ ဒါပေမဲ့ ပွဲတော်က ပျော်ပွဲရွှင်ပွဲမို့  အပျော်ကြိုက်တဲ့
သူတို့ နဲ့တော့ အဆင်ပြေမှာပဲ ဆိုပြီး အရမ်းတော့ စိတ်မပူမိဘူး..။
မြန်မာနိုင်ငံက နိုင်ငံကျော် အဆိုတော်တွေရဲ့  တီးဝိုင်းတွေနဲ့ 
မြိုင်မြိုင်ဆိုင်ဆိုင်ပွဲမို့  သီဆို ကခုန်ရတာ ကြိုက်တဲ့ Boss ကတော်
ဝင်တောင် ကချင်ကနေအုံးမှာလို့  တွေးမိနေသေးတယ်..။ ဒါပေမဲ့လဲ ကိုယ်က
ဖိတ်ထားတော့ သူတို့ ဆီ အပြေးလေးရောက်ချင်နေတာပေါ့နော်...။
သင်တန်းလဲ ပြီးရော မေ ပွဲတော် ရှိတဲ့ နေရာကို
သုတ်ခြေတင်တော့တာပဲ...။ ဟိုကိုရောက်တော့ မေ့မျက်လုံးတွေက မယုံကြည်နိုင်စရာ
နှုတ်ကလဲ ဆွံ့ အလို့ သွားပါတော့သည်..။
ဖြစ်ပုံကဒီလို...................
ပွဲတော်ကို မြန်မာဝတ်စုံတွေနဲ့  ရောက်လာကြတဲ့
နိုင်ငံခြားသားမိသားစုကို အနောက်တိုင်းဝတ်စုံတွေကို လိုက်တုဝတ်ကြတဲ့
မြန်မာတွေက ဝိုင်းလို့ ......
ဓာတ်ပုံတောင်းရိုက်သူကရိုက်.....
သဘောတကျနဲ့  ဝိုင်းကြည့်နေသူကကြည့်ကြ......
အဲ့ဒီပွဲမှာ မြန်မာတွေ တော်တော်များများက
မူးနေကြတာ..မယုံမရှိနဲ့ ..လဲနေသူကလဲနေ..။ မေ အတင်းပြော အပုတ်ချတာ
မဟုတ်ဘူး..တကယ်ဖြစ်နေကြတာ..။
ပွဲမစခင်မှာ မိုးတွေက ရွာထားတော့ မြေပြင်ကလဲ ဗွက်တွေထလို့  ကလေးတွေက ဗွက်နင်းမိပြီး ငို.....
ကလေးငိုတာ ကို စနေကြတဲ့ ကိုရွှေကောင်လေးတွေကလဲ ဝိုင်းနေတယ်...
သူတို့  ကလေးဖြူဖြူလေးတွေကလဲ ချစ်စရာလေးတွေကိုး..
ကိုယ့်နိုင်ငံမှာ သူများကလေးငိုနေရင် စနောက် ကြပေမဲ့ သူတို့ နိုင်ငံသားတွေက အဲ့လို အခြေအနေမျိုးမှာ စနောက်တာကို မကြိုက်ဘူး..
ကလေးတွေနဲ့  ဓာတ်ပုံတောင်းရိုက်သူကတောင်းရိုက်...
ကလေးတွေက စိတ်မရှည်တော့ဘူးလားမဆိုနိုင်
ကွင်းလည်ကောင်ကြီးမှာ အကျီ င်္ကြီးတွေ ချွတ်ပစ်ပါလေရော..
မဝတ်တော့ပါဘူးဆိုပြီး(အဲ့ဒီကလေးတွေ ခုချိန်ထိကို မြန်မာဝတ်စုံ ဝတ်ခိုင်းလို
့မရတော့ပါတဲ့)
မေ့ကိုလဲ တွေ့ ရော မေ့ဘော့စ်ကတော်က
“အိုမိုင်ဂေါဒ့် မေ ဒီမှာကြည့်စမ်း ဘာတွေ ဖြစ်ကုန်ပြီးလဲ”
သူကတော့ တတ်နိုင်သလောက် သူများဓာတ်ပုံတောင်းရိုက်တာ ရိုက်ပေးပေမဲ့ ကြာလာတော့ စိတ်ရှုပ်လာပုံနှင့်
“မေ ဘယ်သူမှလဲ မြန်မာဝတ်စုံ မဝတ်ကြပါလား..ငါတို့  မိသားစုပဲ ဝတ်ထားတယ်”
ဆိုတော့
“ မေလဲ ဝတ်ထားတယ်လေ”
မေ့အဖြေကို သူတို
့မကျေနပ်နိုင်..သူတို့ တွက်ထားတာက
မြန်မာအားလုံးမြန်မာဝတ်စုံလေးဝတ်ထားကြလိမ့်မယ်လို့ ....။ မေသူတို့ ကို
အားနာယုံက လွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ..။
မေ့ ဘော့စ်ကလဲ
“ဟူးးးး ပူကလဲပူ လူတွေကလဲ ရှုပ်နေတာပဲ”
ဆိုပြီးပြောတာပေါ့..မေ
အမှန်အတိုင်းပြောတာပါ..သူတို့ မိသားစု အရမ်းကို ဖော်ရွေပြီး
စိတ်ကောင်ရှိပါတယ်..။ ဒါပေမဲ့ သူတို့ ကို ဝိုင်းကြည့်နေတဲ့ လူတွေရဲ
့ဒဏ်..ဓာတ်ပုံတောင်းရိုက်ခံနေရတဲ့ဒဏ်..ကလေးတွေက ငိုပြီး ဂျီကျနေတော့ သူတို
့လဲ စိတ်ရှုပ်နေကြမှာပေါ့..ကိုယ်ချင်းလဲ စာပါတယ်..။သူတို့ 
ခံစားနေရတာကို..။သူတို့ နေရာမှာ ကိုယ်ဆိုလဲ ခံစားရမှာပဲ..။ တစ်ခုပဲ
ကွာမှာနော်..။အားနာတတ်တဲ့ ကိုယ့်စိတ်လေးတွေနဲ့ ..စိတ်ထဲရှိတာကို
ပေါ်တင်ပြောတတ်တဲ့ သူတို့ စိတ်သဘောထားနဲ့ ...။
မြန်မာတွေ လုပ်တဲ့ပွဲမှာ သူတို
့တွေက စိတ်အားထက်သန်စွာ ရွေးချယ်ဝတ်လာခဲ့တဲ့ မြန်မာဝတ်စုံလေး မြန်မာတွေ
ကိုယ်တိုင်က မဝတ်ဘူးဆိုတော့ သူတို့ အနေနဲ့  ဘယ်လိုများတွေးကြမလဲ.....။
မေ ဒီင်္အကြောင်းလေးတွေ ပြန်လည်ဝေမျှတယ်ဆိုတာ
မေ့ရဲ့  ရွှေညီအစ်ကို မောင်နှမတွေကို သိစေချင်လို့ ပါ..။ ကိုယ့်ယဉ်ကျေးမှု
၊ဘာသာစကားကို ကိုယ်ကိုတိုင်ချစ်တတ် ၊ မြတ်နိုးတတ် ၊
ထိန်းသိမ်းနိုင်ကြရမယ်..။
ကိုယ်ကိုတိုင် တန်ဖိုးမထားလို့ ကတော့
တခြားတစ်စိမ်းတွေက အထင်ကြီးလေးစားတော့မှာ မဟုတ်ဘူးဆိုတာ ဘီဒိုထဲ
ခေါက်သိမ်းခံလိုက်ရတဲ့ မေ့ လက်ဆောင် မြန်မာဝတ်စုံလေးက
သက်သေပြလိုက်တာပါပဲ...။
အမျိုးသားစိတ်ဓာတ်နဲ့ တန်ဖိုးထားသူတွေ
လက်ထဲမှာ တန်ဖိုးမြင့်တက်လာတဲ့ အမျိုးသားဝတ်စုံလေး တစ်စုံ
ဖြစ်ခွင့်ရပါစေလို့  ဝတ်စုံလေးက ငိုငြီးတောင်းဆုပြုနေသလား..........။
******************မေသဇင်*****************
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်