Followers

Tuesday 31 May 2011

အဖြေရှာမရခဲ့တဲ့ ပုစ္ဆာ...........

တံခါးတွေ အလုံပိတ်

ဒီ အခန်းကျဉ်းလေးထဲမှာ

အမည်ဖော်ပြလို့ မရတဲ့

ဝေဒနာ တစ်ချို့  ရင်မှာပိုက်လို့ 

ငါ့ရဲ့  ကမ္ဘာလေး အထီးကျန်နေတယ်....

ငါ့ အခန်းနံရံထောင့်က

ငါကိုယ်တိုင် ဆွဲခဲ့တဲ့

ခပ်ကြမ်းကြမ်း လက်ရာပန်ချီကား တစ်ချပ်ဟာလဲ

ငါ့အတွက် အသက်မဝင်နိုင်တော့ဘူး......

ငါနဲ့  အမြဲတမ်း မခွဲအတူ ရှိခဲ့တဲ့

ကွန်ပြူတာ တစ်လုံးနဲ့  ဂီတာ တစ်လက်ကလဲ

ငါ့ကို အဖော်မပြုနိုင်တော့ဘူး.....

ကွန်ပြူတာပေါ် ပြေးနေတဲ့ ငါ့လက်ချောင်းတွေ

ငြိမ်သက်နေတယ်............။

ဂီတာပေါ်မှာ ငါ့လက်ချောင်းတွေ ပြေးနေပေမဲ့

ရမ်သမ်တွေ မညီ သံဇဉ်တွေ မချိုမြ နိုင်ခဲ့တော့ဘူး

ငါစိုက်ကြည့်နေတဲ့

အေးစက်အမြုပ်သေ ဘီယာတစ်ခွက်က

ငါ့ကို လှောင်ရယ်နေဟားတိုက်နေပြီး.....

ငါ့ပတ်ဝန်းကျင်က လမင်းကြီးရဲ့ 

ရှိုက်သံကို ငါကြားနေရတယ်

ကြယ်ရောင်စုံတွေရဲ့ 

တီးတိုးငိုသံတွေလဲ နားထဲမှာ လွင့်ပျံနေတယ်

ငါ..ကဗျာ မရေးတတ်ဘူး....

ကဗျာတွေကို နှစ်သက်သူတစ်ယောက်နောက်ကို လိုက်ရင်း

ကာရံမညီတဲ့ စကားလုံးတစ်ချို့ ကို

ဒီစာရွက်ပေါ် ဖြန့် ချ ကြည့်တယ်

ငါ့ပုစ ၦာ ငါ မသိခဲ့လို ့

အဖြေရှာမရခဲ့ဘူး

ဂဏန်းပေါင်းစက်တွေ ငိုလို့ 

သဒ္ဒါတွေ မှားရွင်းကုန်ပြီး

စကားလုံးကြမ်းတွေ မြေမှာချရင်း

ငါ့နှလုံးသားလက်နက်ကို ငါပေးအပ်

လက်မြောက်အရှုံးပေးလိုက်တော့မယ်...
ငါ့ရင်ထဲက တီးတိုးစကား တစ်ခွန်းကတော့

ငါ နင့်ကို ရှုံးခဲ့ပါတယ်....။



***************************မေသဇင်************************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်