Followers

Tuesday 31 May 2011

အွန်လိုင်း သူငယ်ချင်း.....

သူငယ်ချင်း..............................

နင်ဘယ်သူလဲ ဆိုတာ ငါအသေအချာမသိခဲ့ဘူး.......

ဒါပေမဲ့ နင်ဟာ ငါ့ရဲ့  သူငယ်ချင်းပါပဲ.........

ဘယ်သူဘယ်ဝါ ဆိုတာ ငါကိုယ်တိုင်ပဲ သတ်မှတ်လိုက်တယ်လေ.....။



နင် ဘယ်က လာသလဲ ဆိုတာလဲ ငါ အသေအချာမသိခဲ့ပြန်ဘူး....

ဒါပေမဲ့ နင်ဟာ ငါ ခင်တွယ်ရတဲ့ သူငယ်ချင်းပါပဲ....................

ငါတို့ နှစ်ယောက်ရဲ့  ခင်မင်မှုမှာ အရပ်ဒေသ မလိုဘူး......။



နင် ရုပ်ဆိုးလား ရုပ်လှလား ဆိုတာလဲ

ငါဂရုမစိုက်ဘူး..........

ဘာလို့ လဲ ဆိုတော့ နင်ဟာ ငါ့သူငယ်ချင်းဖြစ်လို့ ပေါ့.....

ငါတို့ တွေ ကြားမှာ ရုပ်ဆိုးရုပ်လှ မလိုပါဘူးလေ......။



နင် ဆင်းရဲတယ် ချမ်သာတယ်ဆိုတာ ငါ့အတွက်မလိုဘူး......

ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နင်ဟာ ငါ့ရဲ့  သူငယ်ချင်းပဲလေ....

ပိုင်ဆိုင်မှု ဆိုတာ ငါတို့ အတွက် ပဓာန မကျခဲ့ဖူးလေ........။



နင်ဟာ လူဆိုးလား လူကောင်းလားဆိုတာ ငါ့အတွက် သိမ့်ပြီး အရေးမပါပါဘူး......

ငါ နင့်အတွက် အမြဲတမ်း ပြုံးပေးနိုင်တယ်.....

ဘာလို့ လဲ ဆိုတော့ နင်ဟာ ငါ့ရဲ့  သူငယ်ချင်းဖြစ်နေလို့ ပေါ့....။



ငါတို့ တွေ စကားတွေ အများကြီး ပြောဖြစ်ကြတယ်....

အကြိမ်များစွာ ငြင်းခုန်ခဲ့ဖူးကြတယ်....

တို့ နှစ်ယောက်ရဲ့  ရယ်သံတွေ ဝေဖြာခဲ့ဖူးတယ်....

ရှိုက်ငိုသံတွေလဲ ထပ်တူကြခဲ့ဖူးတယ်.....

မမြင်ရတဲ့ အဖြူရောင် သံယောဇဉ်တွေနဲ့ 

ငါတို့ တွေ တစ်ဦးနဲ့ တစ်ဦး ရစ်ပတ်ခဲ့ကြတယ်......

အသိတွေ ဖလှယ်ခဲ့ကြတယ်.....

သတိတွေ ပေးပြီး ဆင်ခြင်ကြတယ်......



နင်မရှိတော့ရင်လို့  တွေးပြီး မရောက်လာမှာ ဆိုးလို့ 

နင်အရောက်လာမဲ့ လမ်းကို မျှော်နေခဲ့ဖူးတယ်.........။



နင့်မျက်နှာလို့  ငါသတ်မှတ်ထားတဲ့

ဖန်သားမျက်နှာပြင်ကို အကြိမ်ကြိမ် ငေးစိုက်ကြည့်ခဲ့ဖူးတယ်.....။

အကြိမ်ကြိမ် ရေရွတ်ပေမဲ့ အမြဲတမ်း မပြောင်းလဲတဲ့

စကားတစ်ခွန်းကို သီဆိုခဲ့မိတယ်

နင်ဟာ.............

ငါ့ရဲ့  အွန်လိုင်းထဲက သူငယ်ချင်းးးးးးးး
 






**************************မေသဇင်********************************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်