သင်သည် လူတို့အပေါ်၌ ၊
နှုတ်ဖြစ်သော်လည်းကောင်း ၊ ကိုယ်ဖြင့်သော်လည်းကောင်း ၊ ငွေကြေး
ဥစ္စာဖြင့်သော်လည်းကောင်း ၊ များစွာသော
အကူအညီတို့ကို ပေးခဲ့၏ ။ ဤသူတို့သည် သင့်အား
များစွာသော ကျေးဇူးတင်စကား ဆိုကြ၏ ။
သင်သည် အခက်အခဲ ဖြစ်၍နေလေသည် သင်သည်
လူတို့အပေါ်၌ ၊ နှုတ်ဖြစ်သော်လည်းကောင်း ၊
ကိုယ်ဖြင့်သော်လည်းကောင်း ၊ ငွေကြေး ဥစ္စာဖြင့်သော်လည်းကောင်း
၊ ကူညီနိုင်မှု ပျက်ကွက်ခဲ့၏ ဤအချိန်တွင်
လူတစ်ချို့သည်
ပြစ်ခွာ၍ သွားကြသူလည်းရှိ၏ ။ မျက်နှာလွဲ၍ မသိချင်ယောင် ဆောင်နေသူလည်းရှိ၏ ။
ကူညီကြသူလည်း ရှိ၏ ။ မကြာခင်
ထိုသူတို့သည်လည်း ထွက်ခွာ၍သွားကြ၏ ယနေ့
ခေတ်၌ သင်၏ မိတ်ဆွေစစ်
မိတ်ဆွေမှန် ဆိုသည်မှာ ၊ မည်သူတွေနည်းဟု ၊ ခွဲခြားမတတ် ဖြစ်နေပေလိမ့်မည် . . . . . .
။
(အလွမ်းခရီးသည် …………..)
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်