Followers

Tuesday, 24 May 2011

မပြောင်းလဲသော အမှန်တရား

လူတို့သည်  အမှန်တရား  အမှန်တရား ဟု ဆိုတတ်ကြလေသည် ။ သင် သိထားသော  အမှန်တရား၏   

အဓိပ္ပာယ်ဆိုသည်မှာ  မည်သို့နည်း . . . ???? ။

ကျွန်ုပ် သိထားသော  အမှန်တရားဆိုသည်မှာ ။ အဖောက်ပြန်သော တရား ၊ သူ့ဘက် ကိုယ့်ဘက်  

မလိုက်တတ်သော မျှတမှုတရား ဟု လက်ခံထားပေသည် ။ အမှန်တရား၏ အဓိပ္ပာယ်သည် သောက ကင်းဝေး၍ 

ငြိမ်းချမ်းခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုမိပါသည် ။

တိုးတတ်လာသော ယနေ့ခေတ်ကာလ၌ ၊ သဘာဝကြီးသည် အမှန်တရား ကင်းမဲ့စွာ ဖောက်ပြန်တတ်ကြပြီ ။ 

လူတို့သည်လည်း  အမှန်တရားကင်းမဲ့စွာ ဖောက်ပြန်တတ်ကြပြီ ။ ဤသို့ဆိုလျှင် ၊ ပိတောက်ကို 

အပြစ်မဆိုသာတော့ပေ ။


လောက၌ မဖောက်ပြန်သော  အမှန်တရား တစ်ခုကိုပြပါဆိုလျှင် ၊ လူတို့သည်  ဆင်းရဲသည်ဖြစ်စေ  

ချမ်းသာသည်ဖြစ်စေ ၊ ရုပ်လှသည်ဖြစ်စေ ရုပ်ဆိုးသည်ဖြစ်စေ ။ မပြောင်းမလဲ  မဖောက်မပြန် စီးဆင်းလာသော 

အမှန်တရားသည် ။ မွေးဖွားခြင်း  အိမ်ထောင်ပြုခြင်း  နှင့် သေဆုံးခြင်းတရား ဟု

လက်ညှိုးထိုးပြရပေတော့မည်။


( လွမ်းရီးသည် ..)

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်