Followers

Tuesday 31 May 2011

ကျွန်မနှင့် ယနေ့  ရွှေဂဲလ်များ.......

ဆယ်စုနှစ်တစ်စုကျော်ကွာဝေးပြီးမှ ပြန်လည်ခြေချခွင့်ရတော့မည့် အမိမြန်မာပြည်ကြီး..... ကျွန်မ 

ရင်ခုန်မှုများစွာနှင့် .....။လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ ရင်ခုန်ခြင်းတွေ၊စိတ်လှုပ်ရှားမှုတွေ၊

ဝမ်းသာမှုတွေနဲ့ အမည်ဖော်မပြနိုင်တဲ့ ခံစားမှုပေါင်း များစွာနဲ့ ....။ ဒါကျွန်မ ချစ်တဲ့၊မြတ်နိုးတဲ့ 

နိုင်ငံ.......။ ဝေးတနေရာကနေ အမြဲတမ်းလွမ်းနေရတဲ့ နိုင်ငံ....။ ဒီနိုင်ငံမှာ ကျွန်မ မောင်နှမတွေ

ရှိတယ်...။ ဆွေမျိုးတွေရှိတယ်...။ကျွန်မတို.တိုင်းရင်းသားတွေရှိတယ်...။ခု ဒီနိုင်ငံကို ပြန်လာခွင့်ရပြီး......။


သံရုံးဝန်ထမ်းဖြစ်တဲ့ ကျွန်မရဲ.ဖေဖေဟာ သူအလုပ်တာဝန်ကျရာ နိုင်ငံများကိုပြောင်းရွှေ့ ရတော့ 

မိသားစုဝင်ဖြစ်တဲ့ ကျွန်မတို.လဲ ဖေဖေနှင့်အတူ နိုင်ငံစုံအောင်ပြောင်းရွှေ့ ခဲ့ရပါတယ်....။

မိသားစုဝင်ဆိုပေမဲ့ ဒီမှာ အိမ်ထောင်ကျထားတဲ့ မမကြီးနှင့် ကိုကိုတို. မိသားစုတော့မပါ ပါဘူး...။ 

ကျွန်မအပါအဝင် အခြားသော အစ်ကိုနှစ်ယာက်နှင့်မေမေသာ လိုက်ပါခဲ့ပါတယ်.....။ခုတော့ 

ဖေဖေလဲ အငြိမ်းစားယူလိုက်ပြီးမို့  မွေးရပ်မြေမှာပဲ ပြန်လည်ခေါင်းချချင်တယ်ဆိုတဲ့ ဖေဖေ့ရဲ့ 

ဆုံးဖြတ်ချက်ကို အားလုံးကဝမ်းသာအားရနဲ. သဘောတူလက်ခံပြီး အမိမြေကို ပြန်လာကြပါပြီး.....။


လေယာဉ်ဘီးမြေကြီးကိုထိလိုက်သံ “ဒိန်း”ဆိုတဲ့အသံဟာ 

ကျွန်မရဲ.ရင်ခုန်သံလောက်တောင်မကျယ်ပါဘူး...။ တကယ်ပါ...... ကျွန်မရင်တွေ အရမ်းခုန်လွန်း

နေပါတယ်...။ ပထမဆုံး ကျွန်မကို ဆီးကြိုနှုတ်ဆက်လိုက်တဲ့ မြန်မာနိုင်ငံလေဆိပ်ကြီး....။ 

အိုးးးး................... ပြောင်းလဲသွားလိုက်တာ.....။ကျွန်မထွက်သွားစ အချိန်နှင့်ဘာမျှ မဆိုင်

တော့.....။သူ.ရဲ့ ကြိုဆိုခြင်းတွေကလဲ နွေးထွေးလိုက်တာ......။


လေဆိပ်မှာ လာရောက်ကြိုနေတဲ့ မမနဲ.ကိုကိုတို့ မိသားစုကိုမြင်တော့ ကျွန်မမှာ ဝမ်းသာလို.

မျက်ရည်တွေတောင် ကျမိပါတယ်....။မမကြီးရဲ.သမီး “တွယ်တာ”က ကျွန်မရဲ.လက်ကို

မလွတ်တမ်း...........။ “တွယ်တာ” နှင့်ကျွန်မ က တူမနှင့်အဒေါ်ဆိုပေမဲ့ အသက်ခြင်းက 

(၅)နှစ်သာကွာပါတယ်...။ငယ်ငယ်ကဆိုရင် ကစားဖော်လို့ ဆိုရင်တောင်မမှားပါဘူး.....။

တူတူကစားပြီးကို ကြီးလာတာပါ...။ ကျွန်မထွက်သွားတုန်းက ကျွန်မ အသက်က(၁၇)နှစ်သာ

ရှိသေးတဲ့အချိန်...။သူက (၁၂)နှစ်သမီး...။


ပြည်တော်ပြန်စမှာ ခွဲခွာနေရတာ ကြာပြီးဖြစ်တဲ့ ဆွေမျိုးတွေနဲ. လွမ်းချင်းတွေသယ်နေရတာ ကျွန်မမှာ 

မအားလပ်နိုင်အောင်ပါပဲ....။


ရောက်ပြီး(၂) ရက်မှာတော့ “တွယ်တာ”က သူ့ သင်တန်းတစ်ခုတက်ပြီးရင် ရန်ကုန်မြို.ထဲကို 

လိုက်ပြပေးမယ် ..ခုတစ်ခါထဲ လိုက်ခဲ့ပါ ဆိုတာနှင့် ကျွန်မလဲ သဘောတူလိုက်ပါတယ်......။ 

ပထမဆုံး သင်တန်းတက်ဖို.ဆိုပြီးရောက်လာတဲ့ တွယ်တာ့ကိုအမြင်မှာ ကျွန်မက အံ့အားသင့်စွာနှင့် 

“ ဒါသင်တန်းသွားမှာလား”

လို.တောင် မေးယူရတဲ့အထိပင်......။ဝတ်ထားတာလဲကြည့်အုံး....။ တိုနံ့ နေတဲ့စကတ်နဲ. 

ကြိုးတစ်ချောင်းလက်ပြတ်နဲ့ ...။ သူကတော့ အေးဆေးပင် “အင်းလေ”တဲ့....။ပြီးတော့ 

ကျွန်မမျက်နှာကို ပြန်ကြည့်ပြီး  “နှောင်းကလဲ နိုင်ငံခြားက ပြန်လာတာ တောက တက်လာ

တဲ့လူကျနေတာပဲ”တဲ့....။


တွယ်တာက ငယ်ငယ်လေးထဲကပင် ကျွန်မကို လူကြီးတွေ ခေါ်သလို နာမည်ပဲ ခေါ်ပါတယ်။

သူခေါ်လို့  သူ့ စာရင်းကိုင်သင်တန်းရှေ.ကိုရောက်လာတဲ့ ကျွန်မ တခြားသော သင်တန်းလာတက်သူ 

ကောင်မလေးတွေကို မြင်တော့ မျက်လုံးက ပိုပြီးကို ပြူးရပါပြီး...။လား....လား......။ကြည့်ပါအုံး 

ဝတ်ထားတာတွေ......။ ကျွန်မကိုယ်ကျွန်မ နိုင်ငံခြားကိုပဲ ပြန်ရောက်သွားသလားတောင်ထင်ရ

ပါတယ်...။တစ်ထွာသာသာလောက်သာရှိတဲ့ ဘောင်းဘီတွေ၊စကတ်တွေနဲ့  လက်ပြတ်တွေ 

ကြိုးတစ်ချောင်း အကျီ င်္တွေ .......။၊ဂါဝန်တွေ ဆိုလဲ ကြည့်ပါအုံး...ပေါင်လည်လောက်ဂါဝန်တွေ....။ 

မျက်နှာတွေမှာ ပြင်ထားတာတွေကိုလဲ ကြည့်ပါအုံး..။သင်တန်း၊စာသင်ခန်းထဲသို. သွားနေတာနှင့်

မတူပဲ KTV များ သွားသလားလို.တောင်ထင်၇လောက်အောင် ပေါက်သင်ညိုက အရှုံးပေးချင်တဲ့ 

ရောင်ဆုံမျက်နှာတွေနဲ့ .....။


ဟုတ်ပါတယ်..။ကျွန်မ နိုင်ငံခြားမှာနှစ်ပေါင်းကြာမြင့်စွာနေခဲ့ပါတယ်...။ဒါပေမဲ့ ဟိုမှာက 

ဟိုမှာ..။သူတို့ ယဉ်ကျေးမှုနဲ.သူတို့ ...။သူတို.ခန္ဓာကိုယ်နှင့်သူတို. သဟဇာတ ဖြစ်နေပါပြီး....။

ဒါပေမဲ့.... ဒါက မြန်မာနိုင်ငံလေ...။ မြန်မာဆိုတာ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ ကိုယ်ဟန်ပန်....။

အင်း...ဘယ်လိုမှ မအပ်စပ်နိုင်ပါဘူး....။သေးသေးသွယ်သွယ်နဲ. ဂါဝန်တိုတွေ ဝတ်တဲ့ သူတို. 

ခန္ဓာနေရာမှာ ဖွင့်ထွားနေတဲ့ မြန်မာ့ ကိုယ်ဟန်ကလဲ ဘယ်လိုမှ မအပ်စပ်....ရာဝင်အိုးကို အဝတ်

စွပ်ထားသလို ပုံစံနှင့်...။အဲ့ဒီလို ပုံစံမျိုးဆိုတာထက် ပျောက်ကွယ်သွားတောမည့် မြန်မာ့ယဉ်ကျေးမှု

အတွက် အလွန်ပဲ ဝမ်းနည်းသွားခဲ့ရပြီး...။


ကျွန်မ နိုင်ငံခြားမှာ၊ ရောက်တဲ့ နေရာတိုင်းမှာ ကျွန်မတို.မြန်မာနိုင်ငံရဲ့  ယဉ်ကျေးမှု ၊ ဝတ်စား

ဆင်ယင်ပုံတွေကို အာပေါင်ရင်သန်း သန်သန်နှင့်ဂုဏ်ယူစွာပြောခဲ့ဘူးတယ်...။ကျောင်းမှာ 

၊အလုပ်ထဲမှာ...။မြန်မာနိုင်ငံရဲ. သာယာလှပုံ၊ဝတ်စားဆင်ယင်ပုံ...။ ကျွန်မမြန်မာနိုင်ငံက ထွက်

မသွားရသေးခင် မြန်မာနိုင်ငံမှာ မီနီစကတ်တွေ ခေတ်စားပြီး သူ.ထက်ငါအပြိုင် ဝတ်စားလာလို. 

နိုင်ငံတော် အစိုးရက သတင်းစာထဲမှာ သတင်းတစ်ရပ်အနေနဲ. တရားဝင် သတင်းထုတ်ပြန်

ခဲ့ဘူးတယ်...။မြန်မာ့ယဉ်ကျေးမှုနဲ. မလျော်ညီတဲ့ ဝတ်ဆင်မှုများခွင့်မပြုတဲ့အကြောင်း၊မြန်မာ 

အမျိုးသမီးများ ထမီကိုခြေမျက်စေ့မှ ခြောက်လက္မထက်ပိုပြီးကျော်လွန်ခွင့်မရှိတဲ့အကြောင်း 

စည်းကမ်းချက်အားလုံးကိုတော့ မမှတ်မိတော့ပေမဲ့ ဒီလိုမျိုးကို ခွင့်မပြုကြောင်းနှင့် တွေ.ရှိပါက 

ဒဏ်ငွေ တစ်ထောင် ဆိုပြီးတော့ကို တရားဝင်ကြေညာထားတာရှိပါတယ်...။ခုတော့ ဒါတွေလဲ 

မနိုင်တော့ဘူးထင်ပါတယ်....။


တိုးတက်နေတဲ့ခေတ်၊ရုန်းကန်လှုပ်ရှားနေတဲ့ခေတ်ကြီးမှာ ထမီရှည်ရှည်နှင့် မြန်မာဆန်ဆန်

ဝတ်နေလို. မဖြစ်ဘူးလို.ပြောမယ်ဆိုရင်လဲ ပြောပါ..။ကျွန်မ ထမ်ီရှည်ရှည်နှင့်အရမ်းကြီး 

မြန်မာဆန်နေဖို.ပြောနေတာ မဟုတ်ပါဘူး....။အရမ်းကြီး မလွန်ကဲဖို.သာပြောချင်တာပါ....။

ခုဝတ်ထားတာတွေကို ကြည့်ပြီး ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းတိုလေး တစ်ပုဒ်ကိုတောင် ပြေးပြီး 

သတိရလိုက်သေးတယ်....။ စကတ်တိုတို ဝတ်ထားတဲ့  သမီးဖြစ်သူက ဖိနပ်ကို  ကုန်းငုတ်ပြီးစီးနေ

ချိန်မှာ အဖေဖြစ်သူက လှေခါးပေါ်ကနေ အောက်ထပ်ကို ဆင်းလာတဲ့အချိန်.....။သမီးဖြစ်သူရဲ.အနေ

အထားကို တွေ.လိုက်တော့ မျက်နှာပူပြီး မျက်နှာကို အမြန်လွဲလိုက်တာ နံရံပေါ်မှာ ချိတ်ထားတဲ့ 

ပန်းချီကားတစ်ချပ်ဆီကိုအကြည့်ရောက်သွားပါသတဲ့...။


အဲ့ဒီပန်းချီကားက ရေမြင်းကြီးက သူ.ပါးစပ်ကို အစွမ်းကုန်ဟထားပြီး အစာတောင်းနေပုံလေး.......။

အဖေဖြစ်သူက အဲ့ဒီပုံကိုကြည့်ပြီး မှတ်ချက်ချလိုက်တာက...


“အင်း.....ရေမြင်းကြီး ပါးစပ်ဟနေတဲ့ ပုံကမှ ကြည့်ကောင်းအုံးမယ်”


ကဲ .............ခုလဲ ဒီလိုတွေ ဖြစ်နေကြပြီး....။


အဲ့လိုပြောလို.“တွယ်တာ”ကတောင် ကျွန်မကိုပြောနေသေးတယ်။

“နှောင်း .....ခေတ်နောက်ပြန်ဆွဲမနေနဲ့ ..နှောင်းရဲ. အတွေးတွေကို ဘမ်းပြစ်လိုက်တော့ အဲ့ဒါတွေက 

အဘွားကြီးပေါက်စရဲ.အတွေးတွေ”တဲ့....။


ကျွန်မရဲ.အတွေးတွေ တကယ်ပဲ ခေတ်နောက်ပြန်ဆွဲနေပြီးလားဟင်း....။

ကျွန်မရွှန်းရွှန်းဝေအောင်ပြောခဲ့တဲ့ မြန်မာယဉ်ကျေးမှုဝတ်စားဆင်ယင်ပုံတွေ....ခုဒီပုံတွေကိုသာ
 
ကျွန်မရဲ.လုပ်ဖော်ကိုင်ဖက်တွေသာ မြင်ရင်တော့ ကျွန်မကို အပြောကြီးတဲ့ သူတစ်ယောက်လို.

ထင်မှာသေချာပါပဲ...။တစ်ချို.သောမြန်မာ နိုင်ငံကို အလည်ရောက်လာတဲ့ ကျွန်မရဲ.လုပ်ဖော်ကိုင်

ဖက်တွေ သူတို.ရဲ အပြန်ခရီးမှာ ကျွန်မကို ပြုံးပြီးကြည့်တဲ့ ကျွန်မ နားမလည်တဲ့ အကြည့်တစ်ချို.ကို 

ခုတော့ ကျွန်မနားလည်ပြီ......။ ခုချိန်မှာ ပြောင်းလဲနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့  ဝတ်စားဆင်ယင်

မှုတွေအတွက် ကျွန်မ ရင်ထဲက ဝမ်းနည်းမှုတွေက အတိုင်းအဆမဲ့ပါပဲ....။ဘယ်လိုတွေ ဖြစ်ကုန်ကြ

ပြီးလဲ....။ဘာလို.များ မြန်မာ့မြေပေါ်မှာ ဒီလို ယဉ်ကျေးမှုတွေ ကျူးကျော်ခံနေရတာလဲ...။ ခုချိန်မှာ
ကျွန်မရဲ.ရင်ထဲမှာ ကိန်းအောင်းနေတာက ဝေးကွာနေတာ ကြာပြီးဖြစ်တဲ့ အမိမြန်မာနိုင်ငံ ကြီးရဲ. 

ပျောက်ဆုံးနေတဲ့ ယဉ်ကျေးမှုအတွက် ဝမ်းနှည်းမှုပင်....။ ဘယ်လိုများ ပြန်လည်ရှာဖွေရမှာ ပါလိမ့်

တွေးရင်း တွေးရင်းနှင့်သာ အတွေးသံသရာ တွေကလည်လို့ ............။ 

အဆုံးမရှိ..........................။













**********  မေဇင် **********

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်