Followers

Tuesday 31 May 2011

မိန်းမ=ပန်းတစ်ပွင့်


မိန်းကလေးနှင့်ပန်းဘာကြောင့် ခိုင်းနှိုင်းကြပါသလဲ.....

ပန်းကလေးတစ်ပွင့်လို့ နူးညံ့တတ်တဲ့ မိန်းမသားတွေရဲ့  စိတ်ကြောင့်လား......

ပန်းကလေးတစ်ပွင့်လို အကြွေလွယ်တတ်တဲ့ မိန်းမသားတွေရဲ့  ဘဝကြောင့်လား......

ပန်းကလေးတစ်ပွင့်လို လှပတဲ့ မိန်းမသားတွေရဲ့  အလှတရားကြောင့်လား............

ဘာကြောင့်ခိုင်းနှိုင်းသလဲဆိုတာတော့ မေလဲ သေချာမသိပါ...မေ သိတာကတော့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝက ပန်းကလေးတစ်ပွင့်လိုပဲ အလှကျက်သရေဝေဖြာလို့ နေပါတယ်...။

တစ်ချို့ ကတော့ ပန်းနဲ့ ခိုင်းနှိုင်းတာ လက်မခံနိုင်ပါဘူးပေါ့..။ ပန်းဆိုတာ အများအခူးခံဖို့  ၊ အကောက်ခံရဖို့  ၊နင်းချတာ ခံရတာတွေကြောင့် အနှိပ်ခံရလွန်းတယ်လို့ ဆိုပြီးလက်မခံချင်ကြဘူး...။ ပန်းဆိုတာ အခူးခံ ၊အကောက်ခံ ၊ အခြွေခံ၊ နင်းချခံရဖို့  တစ်ခုထဲမှ မဟုတ်တာပဲနော်....။ တန်ဖိုးထားတတ်သူရဲ့  လက်ထဲမှာ လှပဝံ့ကြွားစွာ ပွင့်လန်းနိုင်တဲ့ ပန်းလေးပါနော်...။ပန်းတိုင်းအခြွေခံရတာမှ မဟုတ်တာပဲနော်...။ ပန်းကောင်းတစ်ပွင့်ဆိုရင် တက်မက်စွာ နမ်းရှိုက် လိုချင်တန်ဖိုးထားချင်သူတွေ တစ်ပုံတစ်ပင်ပဲ မဟုတ်လား..။

တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖို့ လှပမှုနဲ့ မွေးရနံ့ တို့  ပြည့်စုံရသလို ကာကွယ်နိုင်စွမ်းလဲ အပြည့်အဝ ရှိရပါတယ်..။ မိန်းမသားတစ်ယောက်ရဲ့  ဘဝဟာလဲ ထိုနည်း၎င်းပါပဲ တန်ဖိုးရှိတဲ့ ဘဝလေးကို ပိုင်ဆိုင်ဖို့  အဆင်းရော အချင်းပါ ပြည့်စုံရပါမယ်..။

အဆင်း

အဆင်းဆိုတဲ့ နေရာမှာ သာမန် ရုပ်ရည် ချောမောလှပတာ မလှပတာနဲ့  မဆိုင်ပါဘူး...။ အပြင်ပန်း အလှအပနှင့်မဆိုင်ပါဘူး...အတွင်းစိတ်နှလုံးကြည်လင်လှပနေဖို့ သာလိုပါသည်..။အပြင်ပန်းလှပအောင် ဘယ်လိုပဲ ပြင်ဆင်ပါစေအုံးတော့ စိတ်နှလုံးက ညစ်နွမ်းနေမယ်ဆိုရင် ဘယ်လိုမှ ပြည့်စုံတဲ့ အလှတရား မဖြစ်နိုင်ပါဘူး..။ အဆင်းလှခြင်းဆိုတာမှာ စိတ်နှလုံးကို အဓိက ဆိုပါတယ်..။

အချင်း

အချင်းဆိုတဲ့အရာကို ဘာနဲ့ တိုင်းတာသလဲ..အတန်းပညာနဲ့လား.သင်ထားသမျှခေါင်းထဲထည့်ထားပြီး သေချာ ပိုင်းခြားနားလည်နိုင်စွမ်းမရှိတဲ့ ပညာတွေနဲ့ လား.. အချင်းဆိုတဲ့ နေရာမှာ သင်ကြားတတ်မြောက်ထားတဲ့ အရာတွေ မဟုတ်ပါဘူး..အမှားအမှန်ကို သေချာပိုင်းခြားဆုံးဖြတ်နိုင်တဲ့ အသိပညာတစ်ခုပါ...။ ကိုယ်ပိုင်အရည်အသွေးတစ်ခုပါ..။ အတန်းပညာတွေ ရှိသမျှ အတန်းတွေ ကုန်အောင် သင်ထားပါစေအုံးတော့ နှိပ်ကျနေတဲ့ သူတွေ ရှိပါသေးတယ်..။

အဆင်းနဲ့  အချင်း ပြည့်စုံယုံနဲ့ လဲမပြီးသေးဘူးနော်..။ ကိုယ့်ရဲ့ အလှအပကို ကာကွယ်ဖို့  ဆူးဆိုတာမာနလဲ မရှိမဖြစ်လိုအပ်ပါတယ်..။မာနဆိုတာ တလွဲဆံပင်ကောင်း မာန မဟုတ်ပါဘူး..ရှိသင့်ရှိထိုက်တဲ့ ကိုယ့်ရဲ့ 
ဂုဏ်သိက္ခာကို ကာကွယ်ဖို့  ထားသင့်တဲ့ မာနတရားးပါ..။ ဒါလေးကိုတော့ မထားမဖြစ်ထားရမှာပါ.. တန်ဖိုးရှိတဲ့ သူတစ်ယောက်ဖြစ်ဖို့ အတွက် ထိုက်သင့်တဲ့ မာန ရှိရပါတယ်..။

ကိုယ့်ကိုကိုယ် ဆူးတွေနဲ့ တော့ ကာရံထားတာပဲဆိုပြီး တလွဲမာနတွေသုံးပေမဲ့ အဲ့ဒီတလွဲမာနကြောင့်ပဲ အခြွေခံရတာဆိုတဲ့ အဖြစ်မျိုးတော့ မရောက်စေချင်ဘူး..။ ပင်ယံထက် နေစဉ်မှာရော ခူးယူသူလက်ထဲမှာပါ လှပတဲ့ ပန်းတစ်ပွင့်ဖြစ်ဖို့ ကို ကြိုးစားရမှာ ပင်..။

ဆူးတော့ ရှိပါရဲ့ ..။ ရှိတဲ့ဆူးက တလွဲကာကွယ်ပြီး ရှေ့ လူတွေက တစ်ယောက်ချင်း တစ်ဖဲ့ခြင်း အခြွေခံလိုက်ရတဲ့ ပန်းလေး ကိုယ့်ကို မြတ်နိုးသူလက်ထဲအရောက်မှာမှ ပွင့်ဖတ်တွေ တစ်စချင်းဆီအခြွေခံထားရလို့  ပွင့်ဖတ်မဲ့ ရိုးတံဖြိုင်ဖြိုင်နဲ့  ဆူးလှိုင်လှိုင်သာ ကျန်နေလို့ 
မဖြစ်ဘူးနော်..။အဲ့လိုသာကျန်ခဲ့ရင်တော့ ကိုယ့်ရဲ့ ဆူးက ကိုယ့်ကို ပြန်ဆူးသွားလိမ့်မယ်...။


တစ်ချို့ က ဘာကြောင့်မိန်းကလေးကိုပဲ ဆုံးမ စကားတွေပြောရတာလဲ... အကြောင်းတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် ဘာကြောင့် မိန်းကလေးကိုပဲ အပြစ်ပြောနေရတာလဲ..ဆိုပြီး မကျေမနပ်ပြောဆိုလာကြတယ်..။ သဘာဝ တရားက ဒီလိုပဲ ဖန်တီးပေးလိုက်တာကို..။

နူးညံ့လှပတဲ့ ဂုဏ်အင်တွေနဲ့ ဖန်တီးပေးလိုက်တဲ့ သဘာဝတရားကို မလွန်ဆန်ပဲ အဖိုးတန် ပန်းလေးတစ်ပွင့်ဖြစ်အောင် ကြိုးစားကြမယ်နော်..။

လှသောပန်းတိုင်းမွှေးစေပြီး မွှေးသောပန်းတိုင်း ကြာရှည် ပွင့်လန်းစေရမယ်နော်..။
အဖိုးအနဂ္ဂထိုက်တဲ့ ပန်းလေးတစ်ပွင့် ဖြစ်ဖို့  အတူကြိုးစားကြရအောင်နော်..။
ကိုယ်သာ အဖိုးထိုက်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်ရင် ဥယာဉ်မှုးဆိုတာလဲ မခူးဆွတ်ရက် ပီတိပြည့်နဲ့ 
တစ်စိမ့်စိမ့်ကြည့်ပြီး ခံစားနေသလို

မြင်သူအပေါင်းဟာလဲ မခြွေရက်ပဲ တန်ဖိုးထား ရင်ခွင်ပိုက် သိမ်းထားပါလိမ့်မယ်.....





*****************မေသဇင်***********************

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်