Followers

Wednesday 14 March 2012

(●̮̮̃•̃) အတုယူမှားသည့် သရုပ်ပျက်များ (●̮̮̃•̃)


မျက်နှာမှာ ရောင်စုံချယ်ပါလို့
မလုံတစ်လုံ အဝတ်ကိုဆင်
လမ်းတကာလျှောက် နေပြန်ပါပေါ့
ပါးလှပ်လှပ် စကပ်နှင့်ပင်
စူးရှရှ နေရောင်အောက်မှာတော့
ခြေတစ်သန်း ကုဋေတစ်သန်းတန်သည့်
နုနုနွဲ့နွဲ့ လှပျိုမဒီ
ဆင်မယဉ်သာ ခြေအလှမ်းမှာတော့
ငေးမိသူ ကို/မောင် ရင်တွေဖိရပေါ့
ဒါလားဟဲ့ မြန်ပျိုမဒီ............။

♥♥♥

ရှေ့နောက်ဝဲယာ ခွဲပြီးသကာလ
စိတ်မရွှင် ဘဝင်မညှိသမျှ
ခပ်ဟိုက်ဟိုက် လည်ပင်းကိုဆင်
အရှက်ကုန် ရွှေနှစ်မွှာဖော်လှစ်ပေါ့
အော့ကြော့လန် မြန်မာမလေး..............။

♥♥♥

မြန်မာ့ရိုးရာ ကောက်ညှင်းထုတ်ကို ပမာပြု
အသားပို အဆီတုံးတွေရှူ့
ထက်ကားကာ အဖျားရှူးနေပြန်ပေါ့
ကြပ်ညှပ်ထုတ် ဝတ်စားတွေမှာတော့
ခန္ဓာမှာ တစ်ရစ်ပြီး တစ်ရစ်...........။

 ♥♥♥

ရုပ်သံမှာ ယူစရာပေါပေမဲ့
အတုယူကာ မှားနေပြန်ပေါ့
တိုင်းတစ်ပါး ယဉ်ကျေးမှုကိုစား
တိတ်တိတ်ဝင်လာ နေရာပေးကြပေါ့
လွှင့်ပစ်ခဲ့ကြ ကိုယ်ပိုင်သိက္ခာ.......။

♥♥♥

ဖန်ခွက်ကိုတေ့ ချီးယားအော်ဟစ်
နိုက်ကလပ်မှာ တွဲကမယ်
တာဝတိံဇိမ်ယစ်ကာမှား
မူးလဲတော့ လမ်းဘေးကွယ်
မြင်ရသူအပေါင်း သေချာတွေး
ဆန်းစစ်ကြပါဟေ့............။

♥♥♥

လဲကျသူ ပျိုမဒီအများမှာတော့
ဘဝမှောင်တွေ ကာခြားကာပေါ့
 ကျင့်ဝတ်နဲ့ သိက္ခာကွယ်
တုယူမှားသူတွက် မှာစကား
အတုအပ သတိထား....။

♥♥♥

အမျိုးဂုဏ် စောင့်ထိန်းကြပါလို့
ဘိုးဘွားဘင်ဘီ အမှာစကား
လျစ်လျူကာ ထားရှူ့ခဲ့သူအဖို့
လူမျိုးအပေါ် သစ္စာဖောက်ပြား
စောင့်ထိန်းရန် မေ့ကာထားကြပေါ့
ခေတ်သစ် သရုပ်ပျက်များ..........။



..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်














4 comments:

  1. ဂွတ်တယ်ဟ.. နာ့အစ်မကလည်း အလာကြီးပဲ..။ ရည်ရွယ်ချက်လေးကောင်းတယ်အစ်မ...

    ReplyDelete
  2. အစ်မရေ. တဂ်ထားတယ် ရေးပေးဦး..။

    ReplyDelete
  3. မှန်တယ်နော်
    အခုခေတ်မြန်မာ မလေးတွေက အဲ့ အတိုင်းပဲ

    ReplyDelete
  4. အဲဒီ ဓါတ်ပုံပြန်ဖြုတ်ပေးပါ

    ဘယ်သူ့ ခွင့်ပြုချက်နဲ့ 

    အဲဒီပုံကိုတင်ရတာလဲ

    blogger စည်းကမ်းဆိုတာကောသိရဲ့ လား



    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်