Followers

Tuesday 13 March 2012

☂ ☂ ☂ ပျောက်ဆုံးသွားသည့်ထီး ☂ ☂ ☂

အားငယ်စိုးထိတ် မဝံ့ရဲစိတ်တွေနဲ့
အမြဲတမ်း ကြောက်ရွံ့တတ်တဲ့ စိတ်ကို
ပိုင်ဆိုင်တဲ့ငါ အတွက်.......
မာန်တင်းရုန်းကန် လျှောက်လှမ်းခြင်းအား
အားပေးနှစ်သိမ့် ချွေသိမ့်ရင်းဖြစ်
ငါလျှောက်သည့်လမ်း ဒီခရီးကြမ်း
ကြင်နာများခင်း လမ်းပြရင်းနဲ့
ဖေးမလှမ်းကူ လက်တွဲခေါ်သူ
ငါ့ချစ်သူရေ..........။

(●̮̮̃•̃) (●̮̮̃•̃) (●̮̮̃•̃) 
နင့်ရင်ခွင်မှ ခွန်အားများစွာ
အကြင်နာကို အမိုးလုပ်
ဂရုဏာတွေ ဝိုင်းရံချယ်
နှလုံးသားတစ်စုံကို လက်ကိုင်သုံးပေါ့
ငါ မစိုအောင် မေတ္တာရံချယ်
ငါ့ရဲ့ နံဘေး ထီးကလေးဖြစ်
ရပ်တည်ပေးခဲ့သူ
တစ်ချိန်က ချစ်သူရေ....................။
☂ ☂  ☂  ☂  ☂ ☂   
ကြင်နာဖုံးအုပ် နင့်ရင်ရိပ်မှာ
ပီတိသက်ဆင်း မျက်လုံးမှိတ်ရင်း
ခိုလှုံမှုက အခြေကျလာ
ကြည်နူးခါစ ဒီချိန်လေးမှာမှ
အသံမပေး လေအဝှေ့မှာ
ငါ့ရဲ့ထီးလေး လေထဲလွှင့်လို့
ပျောက်ကွယ်သွားခဲ့ပေါ့
ငါ့ရဲ့
ဟိုးးး ဝေးဝေးတစ်နေရာကို............။
☂ ☂  ☂  ☂  ☂ ☂   
ငါ့ရင်ခွင်က ငိုလို့
ငါ့နှလုံးသားတွေ လှိုင်းထန်နေတယ်
ဘဝမုန်တိုင်း ဝဲကယက်တိုင်းမှာ
လူးလှိမ့်နေတဲ့ ငါ့စိတ်လှေငယ်
ကပ်စရာကမ်း သောင်ပြင်မဲ့ပေါ့
လေမုန်တိုင်းထဲ တစ်ဝဲလည်လည်..........။
►►►►►►►► 
တစ်ချိန်က အကြင်နာပြည့်လျှံ
လိုအပ်ချိန်တိုင်း ကမ်းလင့်ခဲ့သည့်
နွေးထွေးသည့် လက်တစ်စုံ ပိုင်ရှင်
ကြင်နာသူရေ...............
လောက သံသရာ
ဘဝမုန်းတိုင်းတွေထဲ ငါ မျှောပါနေတယ်
ငါ့နှလုံးသားလေး ခိုက်ခိုက်တုန်လို့
ငါ့ရင်ခွင်လဲ ဖျားနေခဲ့ပြီလေ
အားငယ်စိတ်တွေ ဝင်တိုင်း
ခိုလှုံခဲ့ဖူးတယ် ရင်ခွင်တစ်ခုဆီရောက်ဖို့
မိုင်ပေါင်းကုဋေ အကွာဝေးကို
ငါ့စိတ်ကပြေးလို့ ရှာဖွေနေဆဲ...။

♪ღ♥ ♪ღ♥ ♪ღ♥  
အဆက်မပြတ်ရွာနေတဲ့
ငါ့မျက်ရည်မိုးတွေအတွက်
အကြင်နာ ရင်ခွင်ထီးလေး
လာမိုးလှည့်ပါ
ဘယ်ဆီမှန်းမသိ ပျောက်ဆုံးခဲ့ပြီ ဖြစ်တဲ့
ငါချစ်တဲ့ ထီးကလေးရေ.........။
  ☂ ❤ ☂ ❤  ☂ ❤  ☂ ❤ ☂ ❤ ☂ 
 
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်













0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်