Followers

Thursday 8 March 2012

ချစ်သူမြို့တော် တပေါင်းလပြည့်နေ့အငြိမ့်သဘင်ပွဲ

 
တပေါင်းလပြည့်နေ့ အထူးအစီအစဉ် ချစ်သူမြို့တော် ဆိုတဲ့ မြို့တော်လေးမှာ မြို့တော်ဝန် ကိုငြိမ်းက မြို့သူမြို့သားများ စိတ်ညစ်ညူးမှုတွေမှ ကင်းလွတ်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်စေရန် အထူးရည်မှန်းလျှက် မြို့တော်သူ/သားအားလုံးအတွက် ချစ်သူမြို့တော် အငြိမ့်သဘင်ကို ဆင်ယင်ကျင်းပပေးမှာ ဖြစ်ပါတယ်။
အခကြေးငွေမယူတဲ့ ဗလာပွဲ ဖြစ်တာကြောင့် မြို့သူမြို့သားများကလဲ ရှေ့ဆုံးမှာ နေရာကောင်းရစေရန်သူထက်ငှာ အပြိုင်တိုးဝှေ့ကာ ဂုန်နီအိတ်စုတ်များနှင့် နေရာလာဦးထားကြသည်မှာ ထို လပြည့်နေ့ရဲ့ နေမွန်းမတည့်မှီ အချိန်ကတည်းကပင် မိမိတို့ စီးတော်ယာဉ်များနှင့်ရောက်လာကြပါပြီ။

မြို့တော်ထဲမှလူကြီးသူမ ၊ ကလေးသူငယ်များမကျန် အငြိမ့်စင်ရှိရာ စုဝေးရောက်ရှိလာကြရင်း ရွှေမြို့တော် အငြိမ့်ကို ရှူ့စားရန် ရောက်လာကြပေပြီ။
ရွှေမြို့တော်အငြိမ့်တွင် ကပြ အသုံးတော်ခံမည့် လူရွှင်တော့ အဖွဲ့မှာလဲ သူထက်ငှာ အပြိုင်ရွှိုင်းလို့ မိတ်ကပ်တွေသုတ် တို့ပတ်တွေ ရိုက်နေလိုက်ကြတာ မီးရောင်မရှိတဲ့ နေရာမှာသာ တစ်ယောက်ထဲတွေလို့ကတော့ လိပ်ပြာလွှင့်ပြီး သေနိုင်သည့်အထိပင် ဖြူဖွေးတောက်ပြောင်နေပါတော့သည်။
မြို့တော်ဝန် ကိုငြိမ်း၏ တပေါင်းလပြည့်နေ့မှာ ရွှေမြို့တော်အငြိမ့်ပြန်လည် က ရမည် ဆိုသည့် ရာဇတ်သံကြောင့် ရွှေမြို့တော်အငြိမ့်မှ လူရွှင်တော်များ ဖြစ်ကြသည့်
ကိုငြိမ်း(ခ)ဆိတ်မှိုင်း
ဂျူပီတာရင်မောင်
မထသမင်းသား(ခ)ရွှေခေါလူညာ
ကိုရင်ကျော် 
တို့မှာဖြစ် ဇာတ်ထွက်နိုင်ရန်အတွက် ဇာတ်နားချိန်က အလုပ်မရှိ ဖဲထိုင်ရိုက်ရင်း ဖဲရှုံးလို့ အပေါင်ဆိုင်ရောက်ရှိသွားသည့် တောင်ရှည်ပုဆိုးများကို အပေါင်ဆိုင်မှာ မျက်နှာငယ်လေးနှင့် ခေတ္တာခဏ ပြန်လည်ငှားရမ်း မြို့သူမြို့သားတွေ ရှေ့မှာ ဟန်ကြီးတစ်ခွဲသားနဲ့ပေါ့။
မြို့တော်လေးမှာ ပေးထားတဲ့ အားမပြည့် တစ်ပြည့် မီးရောင်မှိန်မှိန်အောက်က အနီရောင် လိပ်ကာကြီးကို တင်လိုက်ပြီဆိုတာနှင့်

ဟာသ လူရွှင်တော်လေးဦးက ညီညာစီလျှက် မြို့သူမြို့သားအပေါင်းအား မေတ္တာပို့ကာ ဆုမွန်ကောင်း ခြွေလိုက်ပါတော့သည်။

တိုင်းနိုင်ငံ ပြည်ရွာ ၊ ညီညာစွာတက်လှမ်းလို့ ၊ အထက်လမ်းခေါ် ၊ net တို့ရွာ chat ဖို့လာ .com စုံ
လွှမ်းခြုံကာ ၊ အသွင်ဆန်းကြုံ ၊ မြင်အံ့မခန်းကုန်တဲ့ ရွှေမြို့တော် ၊ အငြိမ့်သဘင် တစ်ခန်းမှ ၊ ပီတိ
သောမနဿ ၊ သဘောလှသည့် မေတ္တာရည် ၊ ရင်ဝယ် ချစ်သဒ္ဒါအဆီဖြင့် ၊ ရွှင်သာယာ ကြည်မနော
နှင့် ၊ ရယ်ရွှင်စရာ အတည်ပြောဖို့ ၊ ဦးစွာ ပထမ ကန်တော့ရမှာဖြင့် . . . .
မြို့တော်သူသားအားလုံး မင်္ဂလာအပေါင်းနဲ့ အောင်ဘာလေထီကြီးပေါက် ကွန်နက်ရှင်များ အချိန်ပြည့်ကျခြင်း ဒဏ်မှ ကင်းဝေးကြပါစေလို့။




ခွမ်းးးးးးးးးးးးးး (မထသခေါင်းကို လင်ဗန်းနဲ့ ထုသံ)
မှတ်ချက်။ ။လူရွှင်တော်များအား လင်ဗန်းပေါက် တစ်ယောက်တစ်ချပ် ပေးထားသည်။ အကောင်းမပေးပါ။ လူရွှင်တော်တွေ ဇာတ်ပွဲပြီးလျှင် အလစ်သုတ်သွားမည် စိုးသော်ကြောင့်တည်း။
ဆိတ်မ ။ ။အောင်ဘာလေ ထီကြီးပေါက် သိန်းပေါင်းများစွာ ရပါစေလို့ ဆုတောင်းပါလား။ ဘယ်နှယ့်လုပ် ကွန်နက်ရှင်များအချိန်ပြည့် ကျခြင်းဒဏ်မှာ ကင်းဝေးပါစေ ဆုတောင်းရတာလဲ။


မထသ။ ။ အဲ့ဒါပေါ့ ဆိတ်မတို့ ညံ့တယ်ဆိုတာ..မသိရင်မှတ်ထား..တို့မြို့တော်မှာ သိန်းပေါင်းရာချီရတဲ့ ထီပေါက်ဖို့က လွယ်တယ်။ ကွန်နက်ရှင်ကောင်းဖို့က မလွယ်ဘူး..ဒါကြောင့် ကွန်နက်ရှင်ထီ ပေါက်ခိုင်းတာ..။ နားလည်လား။


ကိုရင်ကျော်။ ။ ဟုတ်တယ်ဗျ ကွန်နက်ရှင်ကောင်းတာက ထီပေါက်တာနဲ့ တူတူပဲဗျ။ကျွန်တော်တို့လို အွန်လိုင်းနဲ့ အလုပ်လုပ်နေတဲ့သူ အတွက်က တစ်မိနစ်လေး နောက်ကျတာနဲ့ ငွေတွေ သိန်းချီ နှစ်နာနိုင်တာမို့ တစ်မျက်နှာ တစ်နာရီကြာနေတဲ့ loading နဲ့ မဖြစ်ဘူးဗျ။


ရင်မောင်။ ။မှန်တယ် မှန်တယ်။ ကွန်နက်ရှင် တစ်ချက်နှေး အကြူတကာကိုရင်မောင် လက်နှေးကျန်ခဲ့တာ အခါခါပါဗျာ။
ဆိတ်မ။ ။ ကောင်းပါပြီ အများနဲ့ တစ်ယောက်မနိုင်တော့ ကျွန်တော် ဆိတ်မကပဲ ခွင့်လွတ်ပေးပါတယ်ဗျာ


ခွမ်းးးးးးးးးးးးးးးးးးးးး( ဆိတ်မခေါင်းကို လင်ဗန်းနဲ့ ထုသံ)
ဆိတ်မ။ ။ ဘာဖြစ်လဲဗျ
ရင်ကျော်။ ။ဘာဖြစ်တယ် ဟုတ်လား။ အမှန်ကို ပြောတဲ့ ကျွန်တော်တို့ကို မင်းကပဲ ခွင့်လွတ်ပေးတယ်လေးဆိုပြီး မဏ္ဍတိုင်တက်ပြ နာမည်ဝင်ယူချင်လို့ ထုတာ။ မကျေနပ်ဘူးလား မကျေနပ်ရင် ထပ်ထုတယ်။ ထပ်ထုတယ်။


ခွမ်းးးးးးးးးးးးးး
ခွမ်းးးးးးးးးးးးးး(ကိုရင်ကျော်တို့ အသက်သာ ကြီးတာ လက်သံက ပြောင်နေတုန်း)
ရင်မောင်။ ။ ဟား ကိုရင်ကျော် ဖြည်းဖြည်းလုပ်ပါဗျ။ ကိုရင်ကျော် ဆိတ်မရဲ့ ခေါင်းကို ထုနေတာ အရှိန်နည်းနည်းပြင်းလို့ ထင်ပါရဲ့ ဆိတ်မတို့ ညအိပ်ရာဝင်ချိန်ကိုတောင် မရောက်သေးဘူးဗျ..သွားနေပြီ


မထသ။ ။ ဆိတ်မ ဘာဖြစ်လဲ ရင်မောင်
ရင်မောင်။ ။ ငါ့နားခေါင်းထဲမှာ သေးနံ့ ရတယ်..ဆိတ်မ ရှူးထွက်နေပြီး ထင်ပါရဲ့


ခွမ်းးးးးးးးးးးးးးးး(ရင်မောင့်ခေါင်းကို လင်ဗန်းနဲ့ ထုသံ)
ဆိတ်မ။ ။ အဲ့ဒါ ငါ့ရှူးတွေ မဟုတ်ဘူးကွ။ ဒီည ဇာတ်ကရမယ်ဆိုလို့ တောင်ရှည်မရှိတာနဲ့ ငါ့သားစောင်ကို ခိုးလာတာ..။ ငါ့သား ပေါက်ချထားတဲ့ ဟာတွေကွ။ နောက်ခါ မင်းမသိရင် ရမ်းပြီးမပြောနဲ့ကွ။
ဟီးးး လူလစ်တုန်း သား ဘက်လှည့်ပြီး လွှဲချလိုက်တာ။
င်ကျော်။ ။ခင်ဗျားတို့ကလဲ ကလေးမဟုတ် ဘာမဟုတ် ရန်တော့ မဖြစ်နဲ့နော်.ဒီည ကျွန်တော် ခင်ဗျားတို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။


ဘယ်သူနဲ့လဲ(သံပြိုင်)
မထသ။ ။ မဟုတ်မှ လွှဲလို့ ကိုရင်ကျော် ဂျစ်ဂျစ်ကြီးတွေ့ပြီး ထင်တယ်နော်
ကိုရင်ကျော်။ ။ မဟုတ်ရပါဘူးဗျာ။။ရင်ကျော်ဆိုတာ နှလုံးသားမှာ ကန္တာရဖြစ် မေတ္တာရေ ခန်းခြောက်လို့ အချစ်မရှိတော့တဲ့ သူပါဗျာ.။အခု မိတ်ဆက်ပေးမှာက ရွှေမြို့တော်အငြိမ့်အတွက် လူရွှင်တော်သစ်လေး တစ်ယောက်နဲ့ပါဗျ
ဆိတ်မ။ ။ ဒါဆိုလဲ ခေါ်စေဗျာ။။လူရွှင်တော် ခေါ်မှာမို့ မြန်မြန်ခေါ်နော်။။ဒါမျိုး ကျွန်တော်တို့ စိတ်မရှည်ဘူး။မင်းသမီးကိုခေါ်ရင်တော့ စောင့်ရမယ်ဆို စောင့်အုံးမယ်။
ဟုတ်တယ် ဟုတ်တယ်(ကျန်နှစ်ယောက်)
ရင်ကျော်။ ။တစက္ကန့်နဲ့ အပီခေါ်ရင်ဖြစ် လာပါဝေး အပုန်းသခင်ရေးး


ခွမ်းးးးးးးးးးးးးးးးးးးး(ကိုရင်ကျော့်ခေါင်းနဲ့ လင်ဗန်းမိတ်ဆက်သံ)
အမုန်း။ ။ ကျွန်တော့် နာမည် အမုန်းပါဗျ
ရင်ကျော်။ ။ အမုန်းနဲ့ အပုန်း ဘာကွာလို့လဲ အတူတူပဲလေ..အပုန်းက အမုန်း ။ အမုန်းက အပုန်း ။ပ၊ ဖ ၊ဗ ၊ဘ၊မ ကြာသပတေးနံလဲတူတယ် ဟောကြည့် အပုန်းနဲ့ အမုန်း ကာရံလဲ တူတယ်လေ ဘာများကွာသွားလဲ။


မထသ။ ကိုကျော် ကွာတယ်နော် ကွာတယ်။ အမုန်းက အမုန်း ၊ အပုန်းက အပုန်းဗျ..မတူဘူး..အပုန်းဆိုရင် ကျွန်တော်တို့ လိုင်းနဲ့ တူနေမှာမို့ ခြင်္သေ့နှစ်ကောင် ဂူတစ်ဂူထဲမအောင်း ကျွန်တော် ကလွှဲလို့ ဘယ်သူ့ကိုမှ အပုန်းရာထူး မပေးဘူးဗျ။ ဒီနေရာကို မိချော တို့က တစ်ယောက်ထဲ အပိုင်းသိမ်းထားချင်တာရှင့်..ဟင့်


ဆိတ်မ။ ကျွန်တော်တို့ စကားများနေလို့ မဖြစ်သေးဘူးဗျ..မင်းသမီးခေါ်ရအောင်။


အမုန်း။ ။ ဟုတ်တယ် ခင်ဗျားတို့ မင်းသမီး  အမြန်ခေါ်မှ ဖြစ်တော့မှာ


မထသ။ ။ ဘာဖြစ်လို့လဲဗျ
အမုန်း။ မင်းသမီး အနောက်မှာ ကွန်ပျူတာလေး ဖွင့်ပြီး Q ခန်းဝင်နေတာ ခင်ဗျားတို့သာ အမြန်မခေါ်ရင် ဒီည မင်းသမီးမပါပဲ ဇာတ်ပွဲသိမ်းလိုက်ရမယ်။
ရင်မောင်။ ဒါဆိုရင်တော့ အမြန်ခေါ်မှဗျ..ဒါနဲ့ ပြောရအုံးမယ်...ဟိုနေ့က ရင်မောင်က မင်းသမီးကို ခေါ်လိုက်တာ


ရင်ကျော်။ ။ ဘယ်လိုခေါ်လိုက်လဲ
ရင်မောင်။ ။မဒီကညာအလှ တူယှဉ်ကာကဖို့ ဟန်ဆောင်တာတွေ ခဝါချ ဆီးအတူ သွားရအောင်


မထသ။ ။ ဟယ် ...အဲ့ဒါနဲ့ မင်းသမီးက လာသွားရောလား
ရင်မောင်။ ။ လာသွားလား မလာသွားလားတော့ မသိဘူး... ရင်မောင့် ပါးနှစ်ဖက်လုံးက ပန်းသွေးရောင်တွေ စွန်းထင်သွားတယ်။


ဆိတ်မ။ ။ ဟေး ..ဟေး  မင်းသမီးက ကိုရင်မောင်ကို အာဝါးတွေ ပေးလိုက်တယ်ပေါ့


ရင်မောင်။ ။ ဘယ်က ဟုတ်ရမလဲဗျာ..မင်းသမီး လက်သွက်ခြေသွက်နဲ့ ဘယ်ပြန်ညာပြန် ပါးရိုက်လိုက်တာ ရင်မောင်တို့ ရှောင်လင်ကျောင်းက သင်လာခဲ့တဲ့ အရှောင်အတိမ်း သိုင်းတောင် ထုတ်သုံးခွင့် မရလိုက်ဘူး


မထသ။ ကောင်းရော...။ ကဲ မင်းသမီး ဘယ်သူ ခေါ်မှာလဲဗျ။။ဆိတ်မတော့ မခေါ်နဲ့တော့ အရင်တစ်ခါလို မင်းသမီးခေါ်ပါဆို သမီးရေ လာလာဆိုပြီး သူ့သမီး သူခေါ်ထုတ်နေအုံးမယ်


ဆိတ်မ။မင်းတို့က မင်းသမီးခေါ်ဆိုလို့ ငါ့သမီး ငါခေါ်တာလေ
ရင်ကျော်။။ ကဲကဲ တော်ကြပါတော့ဗျာ..မင်းသမီးခေါ်ဖို့က အငြင်းပွားမနေပါနဲ့ ..မင်းသမီးခေါ်ဖို့ ဒီလိုလုပ်ရင်မကောင်းဘူးလား
ဘယ်လိုလုပ်ရမှာလဲ(သံပြိုင်)
မင်းသမီးကို မြို့တော်တစ်ပတ် ချီနိုင်တဲ့သူက ခေါ်ဗျာ
အမုန်း။ ဟီး အနော်ခေါ်တော့ဘူး။အနော့်ဗလက တွေ့ကြတဲ့ အတိုင်းပဲ


ရင်ကျော်။ အိန်း ကိုရင်ကျော်လဲ အသက်က ကြီးတော့ မင်းသမီး မချီနိုင်တော့ဘူး
ရင်မောင်။ ရင်မောင်ကလဲ ပိုလီယို ဖြစ်နေတာ မင်းသမီးတော့ မချီနိုင်ဘူး
မထသ။ ဆိတ်မနဲ့ အနော် မထသပဲ ကျန်တယ်ပေါ့..အနော်မထသ ညက နည်းနည်းများသွားလို့ ခုထိ ခေါင်းက လည်နေတုန်းဗျ
ဆိတ်မ။ မင်းသမီးကိုယ်လုံးကြည့်ပြီး အနော် ဆိတ်မ မူးလဲသွားပါတယ်ခင်ဗျာ
ွမ်းးးးးးးးးးးးးးးးးးးးးး (ဆိတ်မခေါင်းး လင်ဗန်းထိသံ)
ရင်ကျော်။ မူးလဲတဲ့ သူက မတ်တပ်ပါလားဗျ..မင်းသမီးကို ခေါ်တဲ့သူ မရှိပါလား..ကဲပါ ထုံစံအတိုင်းပေါ့..ပိုလီယိုရင်မောင်ရေ..ခင်ဗျားသမီးကို ခင်ဗျားပဲ ခေါ်လိုက်ပါတော့


ကဲ ရွာစား စိန်မှော်ရေ..လက်စွမ်းလေး ပြလိုက်ပါအုံးဗျို့
ဗေ..ဗြောင်....ဗြောင်....... ဗေချိ..ဗေချိ



ရင်မောင် ။ သဘင်သည်ဇာတ်သမား မဟုတ်ပေငြားလည်း ၊ထပ်ပွားမဆင့်လို့ ၊ဆက်မကြွားဝင့်ပါဘူး
သူငယ်ချင်းတို့ရေ . . . ဇာတ်စကားလေးတော့ တတ်ပါတယ်ဗျ ။ အတည်ခေါ်ပီဗျာ . . . .သုံးရက်လ
ခုံးမျက်စ ပုံပမာ ၊ ပဒုမ္မာ ပွင့်ချက်အလှ မျက်အလွှာနဲ့ လည်တိုင်ကကြော့ရှင်း ၊ ညအခါဝယ် အသား
အရည်က ရွှေလိုဝင်း ၊ ယမင်းတမျှ အလှမှာကြွယ် ၊ အဆင်းက ပုလဲလိုသွယ် ၊ မြင်မြင်သမျှ တငေး
တယ် ၊ ညလေးရယ်လို့ ၊ အလှသွေးကြွယ်တဲ့ . . . .မေသဇင် ကညာနှမ . . . လာပြပေတော့ဗျို့ . .



မြို့တော်ထဲမှာ မီးအားနည်းနေလို့ မင်းသမီးက ဆီမီးခွက်တွေ ကိုင်လာပါတယ်ရှင်။
Hi !!!!!!
ရင်မောင်။ မင်းသမီးဟိုင်းတာ လူတိုင်း သိတယ် ထပ်ပြီးမကြေငြာနဲ့တော့ဗျ


ခွမ်းးးးးးးးးးးးးးးးးးးးးးးးးး(ရင်မောင်ခေါင်း လင်ဗန်းထိသံ)
မထသ။ မင်းကလဲ မင်းသမီးက နှုတ်ဆက်တာကွ....။ မင်္ဂလာပါလို့ နှုတ်ဆက်တာ


ရင်မောင်။ မင်္ဂလာပါလို့ နှုတ်ဆက်ရင် မင်္ဂလာပါလို့ ပြောပါလား.... ဘယ်နှယ့်လုပ် ငါးပိသံတစ်ဝက်ရောပြီး လာပြောနေတာလဲ ငါးပိသံနဲ့ ပြောရင် ငါးပိအဓိပ္ပါယ်ပဲ ကောက်မှာပေါ့
မေ။ ကဲပါ အစ်ကိုတို့ရေ ..ရန်ဖြစ်တာတွေရပ် မေတို့ရဲ့ အငြိမ့်သဘင်လေး စလိုက်ကြရအောင်ရှင်


ရင်ကျော်။ မျှော်သာမျှော် ပေါ်မလာတာကြာပေါ့ မင်းသမီးရယ်။။ မင်းသမီးရဲ့ အကလှကို မန်ဘာတွေ စောင့်နေတာ စင်အောက်မှာ ခွေခွေခေါက်ခေါက် အိပ်ပျော်ကုန်ကြလေပြီ


မ။ရွှေပွဲလာ ပရိသတ်များနှင့်တကွ ရုပ်မမြင် အသံမကြား စာတန်းများသာ ဖတ်ရသော မြို့တော် အသံလွှင့် ဌာနမှ စောင့်စားကြည့်ရှု့ နေကြသော မန်ဘာများအားလုံးနဲ့ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ ဒီညချမ်းလေးမှာ တွေ့ဆုံရတာဖြစ် မေ့ရဲ့ ရင်ထဲ နှလုံးပီတိ ဂွမ်းဆီထိ ရင်ဖိုလှိုက်မော ကြည်နူးရပါတယ်ရှင်
မှန်တာပေါ့ မင်းသမီးလေးရဲ့
မေ။အခက်ခဲတွေ အမျိုးမျိုးကြောင့် မေတို့ ချစ်သူမြို့တော်သဘင်လေး မန်ဘာတွေနဲ့ ဝေးနေခဲ့ရတဲ့ အတွက်ကိုစိတ်မကောင်းစွာနဲ့ပဲ မန်ဘာများ ခွင့်လွတ်ပေးကြပါလို့ တောင်းပန်ပါတယ်ရှင်။
ဟုတ်ပါတယ်ဗျာ..မန်ဘာအပေါင်း နားလည်ခွင့်လွတ်ပေးမယ်လို့ ထင်ပါတယ်ခင်ဗျာ
မေ။ သဘောထား ပြည့်ဝတဲ့ မန်ဘာအပေါင်းရဲ့ မေတ္တာကို တုန့်ပြန်သောအားဖြစ် မန်ဘာအပေါင်း ကွန်နက်ရှင် ပြတ်တောက်ခြင်းရန်မှ ကင်းဝေးကြပါစေ ၊ မှန်(၃) မှန် ကွဲပြား မှန်ကန်ပါစေလို့ မေက ဆုမွန်ခြွေလိုက်ပါတယ်ရှင်.
ရင်ကျော်။ နေပါအုံး မင်းသမီးရဲ့ မှန်(၃) မှန်ဆိုတာ ဘာလဲ
မေ။ “ကွန်နက်ရှင်မမှန်၊လိုင်းမမှန် ၊ လစဉ်ကြေးသာမှန် ”
ဆိုတဲ့သဘောကိုဆောင်သည့် ကွန်နက်ရှင်တွေ က မရ ၊လိုချင်တဲ့ လိုင်းရဖို့ proxy ကိုသွားရ ၊ လကုန်ရင် ဘောက်ချာဖြတ်ပိုင်းက အတိအကျ ဆိုတဲ့ မှန်(၃)မှန်ပါရှင်
ရင်ကျော် ။မင်းသမီးလေးကတော့ ထုံစံအတိုင်း ကွက်ကျော်မြင်တတ်ပါ့နော်..။ မင်းသမီး မင်းသမီး ရှေ့ကိုသိပ်မသွားနဲ့
မထသ.။မင်းသမီး ရှေ့ကို သွားတော့ ဘာဖြစ်မလဲဗျ။


ရင်ကျော်။ အသွားမတော် တစ်လှမ်း ..ရှေ့ကို သွားတော့ စင်ပေါ်က ပြုတ်ကျပြီး စင်အောက်မှာ အိပ်ပျော်နေတဲ့ ပွဲကြည့် ပရိသတ်တွေကို နင်းမိမှာစိုးလို့ဗျ


မေ။ ကဲပါ အစ်ကိုတို့ရေ... မေတို့ အငြိမ့်သဘင်လေး လမ်းချော်ကုန်လိမ့်မယ်။။ ဟိုးဘေးမှာ တစ်ယောက်ထဲ ကုတ်ကုတ် လေး ရပ်နေတာက အသံတိတ်တဲ့ ကိုကိုဆိတ်လားရှင့်
ဆိတ်မ။ ပဲ....ဟဲ..။ ပဲ..ဟဲ။
ခွမ်းးးးးးးးးးးးးးးးးးးးး(ဆိတ်မခေါင်းကို လင်ဗန်းထိသံ)
ရင်မောင်။ မင်းသမီးကခေါ်တာကို  ဘယ်နှယ့် ပဲ..ဟဲ ထူးရတာတုန်းကွ။
ဆိတ်မ။ ။မင်းသမီးက ဆိတ်ကို ခေါ်တာလေ.. ငါလဲ ဆိတ်လိုပဲ ထူးတာပေါ့
မေ။ ဟောဒီက အသဲ ခဏ ခဏ ကွဲတဲ့ ရွှေချောလေးလားရှင့်
မထသ။ ဒီမှာ တို့တစ်စဆီ ကျိုးပဲ့နေ
ခွမ်းးးးးးးးးးးးးးးးးးးးးးးးးးး(မထသခေါင်း လင်ဗန်းထိသံ)
ဆိတ်။ မင်းသမီးခေါ်နေတာကို အေးချမ်းမေ လာလုပ်ပြနေသေးတယ်
မထသ။ ငါ့အသဲနှစ်ခြမ်း ဖြန်းဖြန်းကွဲတာကိုမန်ဘာတွေ သိအောင် ငိုပြတာပါကွာ....။ မထသမှာ နှလုံးသားအပိုမပါလို့ အသဲခွဲသူများ လာမကြူရ
မေ။ ဟောဒီက ခန့်ချောကြီး ချောတဲ့ ရွာက ဦးကြီးရင်ကျော်လားရှင့်
ရင်ကျော်။ မင်းသမီးက အဘိုးကို ခေါ်သေးတယ်နော်..မင်းသမီး ဘယ်တော့ ခေါ်မလဲလို့ စောင့်နေရတာ အလုပ်လာအပ်တဲ့သူတွေကိုတောင် လျစ်လျူရှု့လို့ ဒီနေ့ ဝင်ငွေ နည်းသွားပြီ
မေ။ဟောဒီက invisible နဲ့ပုန်းတဲ့ ဂျူပီတာ ရင်မောင်လားရှင့်
ရင်မောင်။ ဒီတစ်ညတာမှာဖြစ် မင်းသမီးလေးအပါး တစ်ဖဝါးမခွာ မင်းသမီးအလိုကျ ငိုပြပါမယ်ခင်ဗျာ
မေ။ဟောဒီလို သာယာလှပတဲ့ တပေါင်းလပြည့် ခါသမယမှာ လူစုံတက်စုံနဲ့ မန်ဘာတွေ စိတ်အပန်းဖြေစေဖို့ ဖျော်ဖြေခွင့်ရတဲ့ အတွက် မေ ကြည်နူးလှပါတယ်ရှင်.
မှန်တာပေါ့ မင်းသမီးလေးရဲ့
ခုလို သာယာလှတဲ့ ညချမ်းမှာ မေ့ရဲ့ တပင်တိုင် အငြိမ့် အကလှကို ကပြ ဖျော်ဖြေ အသုံတော်မခံမှီ....မှီ...မှီ....
ဆိတ်။ တော်............... တော်တော့ မင်းသမီး။။ မင်းသမီးရဲ့ အကကို ကြည့်ဖို့ စောင့်နေတာ မိုးလင်းတော့မယ်...နောက်ထပ် အသုံးတော် မခံမှီ ဆိုတဲ့ ဘယ်လိုစကားမျိုးမှ မလိုချင်ဘူး


မထသ။ ဟုတ်ပါတယ် မင်းသမီးရေ..မြန်မြန်ပြီး မြန်မြန် အိမ်ပြန်ရတော့ပေါ့...။ ကပါတော့ဗျာ..တစ်ခါထဲမှပဲ သူတို့၇ုပ်သံတွေ ကြော်ငြာက ဝင်လွန်းတယ်


မေ။ ခဏလေးပါရှင်။ မေရဲ့ အကလှကို အသုံးတော် မခံမှီ တစ်ခေတ်တစ်ခါက ခေတ်စားလှတဲ့ ဖိုးသူတော်အက ခေါ်  အဘိုးကြီးယိမ်းနဲ့ ချစ်သူမြို့တော် ဂေါ်မစွံ ကိုကို မောင်မောင်များက ယဉ်ကျေးမှုကို ဖော်ထုတ် ကပြအသုံးတော်ခံသွားမှာကို စပယ်ရှယ် ပရိုမိုးရှင်း ရှိုး အနေနဲ့ ကြည့်ရှု့အားပေးကြပါအုံးရှင်။
ရင်ကျော်။ စင်ပေါ်ကို ဇီးစေ့တွေ မြေပဲခွံတွေ ရောက်မလာဘူး အားမခံရင် ကြည့်မယ်ဗျာ


မေ။ မရောက်စေရပါဘူးရှင်..ဒါက မေတို့ အညာမှာ အလှူပွဲတွေအတွက် သေချာ ဇာတ်တိုက်ထားတဲ့ အကပါ..။ ကဲ ရွာစား စိန်မှော်ရေ အသွင်ထူးတဲ့ ယိမ်းအလှမြူး အဘိုးကြီးယိမ်းကို ခေါ်လိုက်ပါအုံးရှင့်


တိန်..တိန်..တိန် ဗြောင်း

 ရင်မောင်။ အိမ်း အဘိုးကြီး ယိမ်းအလှကြည့်ရတာ တကယ်ပီတိ ဖြစ်ရပါတယ်ဗျာ..ကျွန်တော်တောင် အိုပြီး အဘိုကြီး ဖြစ်ချင်ပြီ
ခွမ်းးးးးးးးးးးးးးးးးးး
မထသ။ နောက် မင်းက မအိုသေးလို့လားကွ...။
ရင်မောင်။ ငါ အိုတာ မအိုတာ မင်းအသိဆုံးပါ ယောက်ဖရာ
ခွမ်းးးးးးးးးးးးးးးးးးး
မထသ။ ဘာပြောတယ်ကွ..ဘာပြောတယ်..မင်းက ငါ့ကို ယောက်ဖ ဟုတ်လား


မေ။ အစ်ကိုတို့ရေ ..။ အစ်ကိုတို့က မတွေ့တာကြာလို့ ချစ်ကြည်ရေး နပမ်း သတ်ကြရင်ဖြစ် မေ ဒီည မကတော့ဘူး။
ရင်မောင်။ ဒီမင်းသမီး ဒီည အတော်လေး ပေရှည်တယ်။။ စောစောက ဇာတ်စင်နောက်မှာ မထသ ထောင်ထားတဲ့ ပုလင်းကို ရေအမှတ်နဲ့ မှားသောက်လိုက်လား မသိဘူး..။မင်းသမီး က မလား.. မကဘူးလား တစ်ခွန်းပဲပြော..။ မကဘူး ဆိုရင် စက်ဆရာ နေမင်းခိုင်ရေ..မီးတွေပိတ်တော့ ကျွန်တော် ရင်မောင် ကန့်လန့်ကာ ခြုံအိပ်တော့မယ်။


မေ။ ဒေါသကြီးပဲ။။ကဖို့ လာတာ ကမှာပေါ့။။။ မင်းသမီးဆိုတော့ နည်းနည်းဈေးကိုင်နေတာ
ရင်ကျော်။ ဒီအရွယ်ကြီးကျမှတော့ ထပ်ပြီး ဈေးမကိုင်နဲ့တော့ မင်းသမီးရေ..မင်းသမီး ဒီလောက် ဈေးကိုင်နေတာ ကရော က တတ်ရဲ့လား


ရင်မောင်။ တို့မင်းသမီးကို အထင်မသေးနဲ့ဗျ..တို့မင်းသမီးက ငယ်ငယ်လေးထဲကနေ ရွှေတံဆိပ်တွေ အကြိမ်ကြိမ် ဆွတ်ခူးလာတဲ့ သူပါ
မထသ။ဆို၊က ၊ရေး၊တီး ပြိုင်ပွဲတွေမှာလား
ရင်မောင်။ ဘယ်ကလဲဗျ..ချိုမိုင်မိုင် အကတွေမှာ


အစ်ကိုတို့ရေ မီးမလာဒီညချမ်းလေးမှာ ထိန်ထိန်သာသည့် ဖိုးရွှေလမင်း မျက်နှာတော်ကို မျှော်ကာငေးရင်း မြို့တော်သူ မြို့တော်သားတွေအတွက် ဖျော်ဖြေပေးမဲ့ သီချင်းအကအလှကတော့ “ရွှေသုဒ္ဒရီ ” ပါရှင့်
တိန်..တိန် ..တိန် (ရွာစား စိန်မှော်လက်သံ)
“ဒီနယ်မှာ သတင်းကြီးလှသည် မင်းသမီးလေး ရွှေသုဒ္ဒရီ အဆိုရော အကရော ရုပ်ချောသဘောညီ လူတိုင်းချစ်နေပြီ...”
အဟွတ် အဟွတ်..တို့ မင်းသမီး သူ့ခွက်ဝင်နေတဲ့ ရုပ်သွင်ကို အမွမ်းတင်နေပြီ
“ဒီနယ်မှာ သတင်းကြီးလှသည် မင်းသမီးလေး ရွှေသုဒ္ဒရီ လူတိုင်း နှုတ်ဖျား မနားတမ်း ရေပမ်းစားနေပြီ....တျာနီမြန်း ချစ်နှုတ်ခမ်းပလီ ..သမင်မျက်လုံး ရှု့မက်မဆုံးပြီ..အမရာ.. ကိန္နရီ ..မဒ္ဒီ ..သမ္ဘူ.. ထူးမြတ်တဲ့ ဆုတွေအညီ..ဘယ်ရှေးဆုတောင်း..ဘယ်အကြောင်းငယ်ဖန်သည်...
ညကမ္ဘာလေးမှာ ပျော်ရွှင်စရာ အထူးသရုပ်ဆောင်သည်..လက်ခုပ်ဩဘာဆူညံသံတွေ နဘံမိုးသို့ညံစီ ..ကပါ ကပါ ရွှေသုဒ္ဒရီရေ မောင်လဲ ကြည့်နေသည်...........
..........................................................................
..............................................................................
♪♫ ♪♫ ♪♫ ♪♫ ♪♫ ♪♫ ♪♫ ♪♫  ”





မြို့တော်သူ မြို့တော်တွေ စိတ်အပမ်းဖြေစေဖို့ပါရှင်
အမှားပါရင် ခွင့်လွတ်ပေးကြပါရှင့်



♥´*•♫♥✿*•♫♥မေသဇင် ♥´*•♫♥✿*•♫♥! 


1 comment:

  1. လေးစားပါတယ်အစ်မ..တော်တော်အချိန်ပေးပြီးသေချာရေးထားတာပဲ...
    လာအားပေးသွားပါတယ်.။

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်