မျက်နှာမှာ ရောင်စုံချယ်ပါလို့
မလုံတစ်လုံ အဝတ်ကိုဆင်
လမ်းတကာလျှောက် နေပြန်ပါပေါ့
ပါးလှပ်လှပ် စကပ်နှင့်ပင်
စူးရှရှ နေရောင်အောက်မှာတော့
ခြေတစ်သန်း ကုဋေတစ်သန်းတန်သည့်
နုနုနွဲ့နွဲ့ လှပျိုမဒီ
ဆင်မယဉ်သာ ခြေအလှမ်းမှာတော့
ငေးမိသူ ကို/မောင် ရင်တွေဖိရပေါ့
ဒါလားဟဲ့ မြန်ပျိုမဒီ............။
♥♥♥
ရှေ့နောက်ဝဲယာ ခွဲပြီးသကာလ
စိတ်မရွှင် ဘဝင်မညှိသမျှ
ခပ်ဟိုက်ဟိုက် လည်ပင်းကိုဆင်
အရှက်ကုန် ရွှေနှစ်မွှာဖော်လှစ်ပေါ့
အော့ကြော့လန် မြန်မာမလေး..............။
♥♥♥
မြန်မာ့ရိုးရာ ကောက်ညှင်းထုတ်ကို ပမာပြု
အသားပို အဆီတုံးတွေရှူ့
ထက်ကားကာ အဖျားရှူးနေပြန်ပေါ့
ကြပ်ညှပ်ထုတ် ဝတ်စားတွေမှာတော့
ခန္ဓာမှာ တစ်ရစ်ပြီး တစ်ရစ်...........။
♥♥♥
ရုပ်သံမှာ ယူစရာပေါပေမဲ့
အတုယူကာ မှားနေပြန်ပေါ့
တိုင်းတစ်ပါး ယဉ်ကျေးမှုကိုစား
တိတ်တိတ်ဝင်လာ နေရာပေးကြပေါ့
လွှင့်ပစ်ခဲ့ကြ ကိုယ်ပိုင်သိက္ခာ.......။
♥♥♥
ဖန်ခွက်ကိုတေ့ ချီးယားအော်ဟစ်
နိုက်ကလပ်မှာ တွဲကမယ်
တာဝတိံဇိမ်ယစ်ကာမှား
မူးလဲတော့ လမ်းဘေးကွယ်
မြင်ရသူအပေါင်း သေချာတွေး
ဆန်းစစ်ကြပါဟေ့............။
♥♥♥
လဲကျသူ ပျိုမဒီအများမှာတော့
ဘဝမှောင်တွေ ကာခြားကာပေါ့
ကျင့်ဝတ်နဲ့ သိက္ခာကွယ်
တုယူမှားသူတွက် မှာစကား
အတုအပ သတိထား....။
♥♥♥
အမျိုးဂုဏ် စောင့်ထိန်းကြပါလို့
ဘိုးဘွားဘင်ဘီ အမှာစကား
လျစ်လျူကာ ထားရှူ့ခဲ့သူအဖို့
လူမျိုးအပေါ် သစ္စာဖောက်ပြား
စောင့်ထိန်းရန် မေ့ကာထားကြပေါ့
ခေတ်သစ် သရုပ်ပျက်များ..........။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ဂွတ်တယ်ဟ.. နာ့အစ်မကလည်း အလာကြီးပဲ..။ ရည်ရွယ်ချက်လေးကောင်းတယ်အစ်မ...
ReplyDeleteအစ်မရေ. တဂ်ထားတယ် ရေးပေးဦး..။
ReplyDeleteမှန်တယ်နော်
ReplyDeleteအခုခေတ်မြန်မာ မလေးတွေက အဲ့ အတိုင်းပဲ
အဲဒီ ဓါတ်ပုံပြန်ဖြုတ်ပေးပါ
ReplyDeleteဘယ်သူ့ ခွင့်ပြုချက်နဲ့ 
အဲဒီပုံကိုတင်ရတာလဲ
blogger စည်းကမ်းဆိုတာကောသိရဲ့ လား