Followers

Saturday 31 August 2013

ဖားနှင့် ချဉ်ပေါင်ရွက် ချဉ်စပ်ဟင်း

 ရွာမှာဆိုရင်တော့ အမေက ဖားနဲ့ ကင်ပွန်းချဉ်ရွက်ကို ချဉ်ချဉ်စပ်စပ်လေး ချက်ကျွေူးခဲ့တာကို သတိရလာပြီး အမေ့လက်ရာအလွမ်းပြေ ဖားနဲ့ ကင်ပွန်းချဉ်ရွက်ဟင်းလေး စားချင်လာတယ်။ 





ဒါပေမဲ့ ရောက်နေတဲ့ အရပ်က ကင်ပွန်းချဉ်ရွက်ဆိုတာ ရှားပါးပစ္စည်း။ ကြာရှည်အထားမခံတဲ့ ကင်ပွန်ချဉ်ရွက်ကို အေးခဲနေသည့် ရေခဲရိုက်မျက်နှာတွေအဖြစ်နှင့်သာ ရှားရှားပါးပါး တွေ့ရှိတတ်ပြီး လတ်လတ်ဆတ်ဆတ် ကင်းပွန်းချဉ်ရွက်ရရှိဖို့တော့ သိပ်မလွယ်ကူလှ။

မရှိတော့လဲ ရှိတာနှင့်ပဲ ချက်စားဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဖားနဲ့ ချဉ်ပေါင်ရွက် ချဉ်စပ် ဆီပြန်ဟင်းလေး ချက်ဖို့ စိတ်ကူးရလာပြီး ထိုဟင်းလျာကိုပဲ ချက်ဖို့ပြင်ဆင်လိုက်မိတယ်။

မြန်မာဟင်းလေးမို့ ဟင်းချက်နည်းနှင့် ပါဝင်ပစ္စည်းကို အချိုးအစားအတိအကျထည့်ကာ မရေးတော့ပါဘူး။ ရသာကို မိမိစိတ်ကြိုက်စီမံမွမ်းမံပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ဆီပြန်ဟင်းဆိုပေမဲ့ မေကိုယ်တိုင်က ဆီများများမစားတာကြောင့် မေချက်တဲ့ ဟင်းလျာမှာ ဆီတော့ အနည်းငယ် နည်းနေပါမည်။

ဖားသားကို ဒီအတိုင်းချက်တာ မကြိုက်ပါဘူး။ ဒီတိုင်းချက်ရင် ညှီတယ်လို့ ထင်မိလို့ပါ။ ပထမဦးဆုံး ဖားကို အရေခွံစုတ်ပြီး၊ ဆားနယ်ကာ အနံ့လေး မွှေးအောင် မီးကင်ပေးလိုက်ပါတယ်။




ကျွတ်ခြောက်တဲ့ အထိမဟုတ်ပဲ အနံ့လေးမွှေးယုံ မီးကင်ပေးပြီး မိမိနှစ်သက်သလို ပုံစံအနေအထား ပိုင်းခုတ်နိုင်ပါတယ်။

ထို့နောက်.....
ကြက်သွန်ဖြူ ၊ကြက်သွန်နီ ၊ ဂျင်း ၊ နံနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင်ထောင်းပြီး ဆီသတ်ပေးလိုက်ပါ။





ထို့နောက် ကြက်သွတ်များ ဆီသတ်နံ့ မွေးလာလျှင် စိမ်းစားငါးပိ(မျှင်ငါးပိ) အနည်းငယ်ထည့်ပေးကာ ကြော်လိုက်ပါ..။ မေကတော့ ငံပြာရည်ပဲ သုံးလိုက်ပါတယ်။ စိမ်းစားငါးပိဆီသတ်ရင် အရမ်းနံလို့ ဘေးအိမ်တွေ က မကြိုက်ပါဘူး။ ပြည်ပရောက်နေသူတွေအဖို့ တော့ မိမိဟင်းလျှာကို အထူးသတိပြု ချက်ပြုတ်ရပါတယ်။ 

ထို့နောက် ကင်ထားပြီးကာ ၊ခုတ်ထစ်ထားသောဖားသားများကို ဆီသတ်ထဲထည့်မွှေ




ဖားမှာ ကြိုတင်မီးကင်ထားသောကြောင့် ကျက်လုကျက်ခင် ဖြစ်နေပြီး၍ အချိန်ကြာမြင့်စွာ ချက်ရန်မလိုပေ။

ထို့နောက် ကြိုတင်မွေထားသော ချဉ်ပေါင်ရွက်ကို ထည့် ငရုတ်သီးစိမ်းလေး ထည့်ကာ ဆီပြန်အောင်ချက်ပေးလိုက်ပါ။



ဆီပြန်ပြီးဆိုလျှင်တော့ မဆလာအနံ့လေးကြိုက်ပါက မဆလာလေးအုပ်၊ မီးပိတ်ကာ မီးဖိုပေါ်မှာ ဖယ်ရှားနိုင်ပါပြီ။

ကဲ.... ဖားနှင့် ချဉ်ပေါင်ဆီပြန်ဟင်းလေး သုံးဆောင်နိုင်ပါပြီ။




.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်