Followers

Sunday 7 July 2013

လူခန္ဓာပေါ်မှာ ဆွဲသားသည့် သက်ဝင် ပန်းချီများ

 ကမ္ဘာအတော်ဆုံး လူ့ခန္ဓာကိုယ်ပေါ်မှာ ပန်းချီဆွဲနိုင်သူအဖြစ် သတ်မှတ်ခံထားရသူ Johannes Stoetter မှ သဘာဝဆန်ဆန် ပန်းချီများကို လူသားများဆီမှာ ဖန်တီးပြီး ဆွဲသားထားပါတယ်...။
အသက် (၃၅) နှစ် ရှိသည့် Johannes ဟာ ပန်းချီကားများကို ပန်ချီးဆွဲသည့် canvas ပေါ်မှာ ဆွဲသားရာမှ လူသားတို့က အရေအပြားပေါ်မှာ ဆွဲသားရန် စိတ်ကူးရရှိခဲ့ပါတယ်။

ထိုသို့ လက်ရာပြောင်မြှောက်သည့် ပန်းချီကားများ ဆွဲသားရန် အချိန် (၅) လ ကြာအောင် လေ့ကျင့်ခဲ့ရပါတယ်။

အီတလီနိုင်ငံသား Johannes ဟာ အချိန်အားဖြစ် (၂၀၀၀) ခုနှစ် ၊ သူ့အသက် (၂၃ )နှစ်အရွယ် ချိန်လောက်က စပြီး လူသားအရေးပြားပေါ်တွင် ပန်းချီဆွဲဖို့ စိတ်ကူးရရှိလာပြီး စတင်ဖန်တီးခဲ့ပါတယ်လို့ ဆိုခဲ့ပါတယ်။
ထို့နောက် သူဟာ သူ့စိတ်ကူးကို အကောင်အထည်ဖော်ရန် စိတ်ဓာတ် တက်ကြွခဲ့ပြီး အရောင်၊အသွေးစုံလင်သည့် ပန်းချီကားများကို ပုံစံကွဲပြားသည့် လူများ၊ ပုံစံကွဲပြားသည့် အရောင်အသွေး၊ပုံစံကွဲပြားသည့် လှုပ်ရှားမှု သဏ္ဍန်များဖြစ် စတင်ကာ ဖန်တီးခဲ့ပါသည်..။

ထိုပန်းချီကားများ ဖန်တီးရာတွင် သူ့အတွက် ငွေကြေးတစ်စုံတရာ ရရှိရန် မျှော်လင့်ချက် မရှိသောလည်း သူ့ဝါသနာ ၊ သူ့စိတ်ကူး တို့ကို နှစ်သက်စွာ ဖန်တီးလိုသည့် ဆန္ဒနှင့်သာ ဖန်တီးခဲ့ပါသည်...။

Johannes ဖန်တီးခဲ့သည့် သဘာဝ ပန်းချီများကို ဆက်လက်ရှုစားကြပါစို့....။

ပထမဦးဆုံး အဖြစ် သစ်ရွက်ပုံရိပ်များ ပန်းချီကားကို ရှုစားနိုင်ပါတယ်ရှင်..။ ရွက်ကြွေတောမှာ လွှင့်မျောနေသည့်  လူသားတစ်ဦးအား ရွက်ကြွေများနှင့် မခြား ဖန်တီးခဲ့ပါသည်။



ဒုတိယ အနေဖြစ် ညအချိန်မှာ ကျက်စားတတ်သည့် ဇီးကွက်၏ အလှကို ဇီးကွက်တစ်ကောင်အလား ဖန်တီးခဲ့ပါသည်။ ထိုပန်းချီကားကို (၈) နာရီကြာ ဆွဲသားခဲ့ရပါတယ်လို့ Johannes က ဆိုပါတယ်။



တတိယ အနေဖြစ် ပွင့် ချပ် ၊ ပွင့်လွှာတွေရဲ့ သဏ္ဍန် ပန်းချီကားများကို ဖန်တီးရေးဆွဲခဲ့ပါသည်။


ထို့နောက် ပင်စည်တစ်ခု၏ အရင်းမြင့်တစ်ခုကို စိတ်ရှည်လက်ရှည် ရေးသားခဲ့သူပါ။ အချိန်ကြာကြာ လေ့လာခဲ့သည့် သူ၏ ပန်းချီကားများမှာ အံ့မခန်းပါပဲ။


နာနတ်သီးလေးကလဲ မူရင်းတိုင်းလိုပါပဲ။



ဆူးတွေကြားမှ သဘာဝအလှ


ဟောဒီ အစိမ်းရောင်ဖားလေးကိုတော့ လူ (၅) ယောက်ဖြစ် စုပေါင်းထားပြီး ဆွဲထားရပါတယ်။  ရုတ်တရက်သာ ကြည့်မည်ဆိုလျှင် လူ (၅) ဦးစုပေါင်းထားသည့် အနုပညာနှင့် မတူပဲ အရွက်ပေါ်က ဖားဟုသာ မြင်ယောင်ဖွယ်ရှိခဲ့ပါသည်။



လူသားနှင့် မြွေ ဘယ်က စပြီး ဘယ်မှာ ဆုံးခဲ့ပါသလဲ..။



နံရံထဲက လူသား



ဒါလေးက သူ (၂၀၀၀) ခုနှစ်မှာ ပထမဦးဆုံး ဆွဲသားသည့်သည့် ပန်းချီပါ။


အရောင်အသွေး ခွဲခြားမှုက သဘာဝ အသီးရောင်အတိုင်း  ဆွဲသားခဲ့တာပါ။


Johannes ဟာ သူ့ရဲ့ ပန်းချီကားများအတွက် နှလုံးသားတံခါးကို ဖွင့်ပြီး နှလုံးသားအပြည့်နှင့် ဆွဲခဲ့သူပါ။
အထမဦးဆုံး အနေနှင့် body painting world championship (၂၀၀၉) မှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး ထိုပွဲမှာပဲ ပဉ္ဇမကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ထိုအချိန်မှစပြီး သူရဲ့ အနုပညာစိတ်များဟာ ပိုမိုတက်ကြွလာကာ အစဉ်မပြတ် ကြိုးစားမှုများကြောင့် (၂၀၁၂) ခုနှစ်မှာ ပထမနေရာကို ရရှိခဲ့သူဖြစ်ခဲ့ပါတယ်။
သူ့အတွက်တော့ အံ့မခန်း ပျော်ရွှင်မှု ဖြစ်ခဲ့ပါတယ်လို့ သူက ဆိုခဲ့ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဆွဲခဲ့သည့် ပန်းချီကားများဟာ အထူးတကာ့ အထူးဆုံး ပန်းချီကားများပါပဲ..။ ဘာကြောင့် ဆိုတော့ သူတို့တွေက အခြားပန်းချီကားများကဲ့သို့ ငြိမ်သက်နေခြင်းမဟုတ်ပဲ လှုပ်ရှားမှုတွေနှင့်အထူ ဖန်တီးနိုင်ပါတယ်။ ကားဗတ်ပေါ်မှာ ဆွဲတာနှင့်အတူပဲ နူးညံ့နွေးထွေးတဲ့ အသားပေါ်မှာ ဆွဲရသည့်အတွက် ပိုပြီးလဲ နှစ်သက်ဖွယ်ကောင်းပါတယ်။
သူရဲ့ စိတ်ကူးစိတ်သန်း အများစုက သဘာဝတရားအပေါ်ခံစားပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်တယ်လို့ သူက ဆိုပြန်ပါတယ်။
သူက သဘာဝရဲ့ လျို့ဝှက်ချက် အလှတွေကို နှစ်သက်စွာ ခံစားရင်း သူ့ရဲ့ ပန်းချီဆွဲခြင်း အတတ်နှင့် ပေါင်းစပ်ကာ မြတ်နိုးစွာ ဆက်လက်ဖန်တီးနေမှာပါသု ဆိုခဲ့သူပါ။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်