Followers

Wednesday 1 May 2013

စားကြအုံးမလာ ပီကေ

ဖတ်ခဲ့ဖူးတဲ့ နိုင်ငံခြား ဘာသာ ဟာသလေးတစ်ပုဒ်ကို ဘာသာပြန်ရေးလိုက်တာပါ။ ဒီ ဟာသလေးမှာ တစ်ကြောင်းတည်းသော ညစ်ညမ်းစကားကို အပြစ်မမြင်ပဲ သူတစ်ပါးကို နှိပ်ကွက်ပြောလျှင် မိမိမှာလဲ ထိုနည်းတူ နှိပ်ကွက်ပြောဆိုစရာ ပျော့ကွက် ၊ ဟာကွက် ရှိနေတတ်ကြောင်း သတိထား မိစေချင်လို့ပါ။
အာရှသူလေးတစ်ယောက်ဟာ ခုံတန်းလေး တစ်ခုမှာ ထိုင်ရင်း နားနားနေနေနှင့် အေးအေးလူလူ ထိုင်ရင်း ထိုနေရာလေးမှာ သူမတစ်ယောက်ထဲ ရှိသည့်အလား ပေါင်မုန့် ယိုသုတ်လေး ထိုင်စားနေချိန်ပေါ့...


ထိုအချိန်မှာ အနီးအနားရှိ အမေရိကန်နိုင်ငံသားတစ်ယောက်က ပီကေလေး တစ်ဝါးဝါးနှင့် အာရှသူလေးကို မိတ်ဖွဲ့ရန် အာရှသူလေးအနား စကားမရှိ စကားရှာကာ ချည်းကပ်လာခဲ့ပါသည်။
“ဟိုင်း”
“ဟိုင်း”
“စကားမစပ် နင်တို့ အာရှမှာ ပေါင်မုန့်စားရင် ပေါင်မုန့် တစ်လုံးလုံးကို စားတာလား”
“အေးပေါ့.. တစ်လုံးလုံးကို စားတာပေါ့”
“ဟုတ်လား။ ငါတို့ အမေရိကန်တွေက ပေါင်မုန့်တစ်လုံးလုံးကို မစားဘူး။ ပေါင်မုန့်စားရင် ပေါင်မုန့်အတွင်းသားကိုပဲ စားပြီး အခွံတွေကို Recycling Bin ထဲ ထည့်ကြပြီး အဲ့ဒီက ရလာတဲ့ ဟာတွေကို စုစည်း နောက်တစ်ကြိမ် ပေါင်မုန့်ပြန်လုပ်ပြီး အာရှနိုင်ငံတွေကို ပို့လိုက်တာလေ”
ပေါင်မုန့် စားနေတဲ့ အာရှသူက သူနှိပ်ကွပ်ခံရတာ သိလိုက်ပေမဲ့ ဘာမှ မပြောပဲ စားလက်စ ပေါင်မုန့်ကို ဆက်လက်စားနေမိသည်။ ဒါကို မကျေနပ်သေးပဲ ထပ်နောက်ချင်နေသေးသည့် အမေရိကန်သားက စကားဆက်ကာ
“ နင်တို့ အာရှသားတွေ သီးစုံယိုတွေ စားကြလား”
“ စားကြတာပေါ့။ နင်တို့ အမေရိကန်တွေကရော ယိုတွေမစားကြဘူးလား”
“ငါတို့ အမေရိကန်တွေ သီးစုံယိုတွေမစားကြဘူး။ တို့တွေက လတ်လတ်ဆတ်ဆတ်သစ်သီးတွေကိုပဲ စားကြတာ။ပြီးရင် အစေ့တွေ အခွံတွေကို Recycling Bin ထည့်၊ အဲ့ဒီက ရလာတဲ့ Recycle သစ်သီးခွံတွေကို ယိုပြန်လုပ်ပြီး အာရှကို ပို့လိုက်တာလေ။
နှစ်ကြိမ်တိုင်တိုင် သူပြောသမျှ ခံရပြီးတဲ့ အာရှသူလဲ ဒီတစ်ခါတော့ သူ့ကို ပြန်ပြောမှပဲဟု တွေးကာ
“ဒါနဲ့ စကားမစပ် ရိုင်းတယ်လို့တော့ မထင်ပါနဲ့။ သိချင်လို့ မေးလိုက်တာပါ။ နင်တို့ အမေရိကန်တွေ SEX ကိစ္စ ဟိုဒင်းပြုကြလား”
“ဟားဟိုဒင်းကိစ္စ ပြုတာပေါ့”
“အဲ့ဒီအခါမှာ ကွန်ဒုံးတွေကို ဘာလုပ်ပြစ်ကြလဲ”
“ဟား တစ်ခါထဲ အမှိုက်ပုံးထဲ လွှင့်ပစ်တာပေါ့”
“ဟုတ်လား..ဒို့ အာရှကလူတွေက အမှိုက်ပုံးထဲ လွှင့်မပစ်ကြဘူး”
“ဒါဆို ဘာလုပ်လဲ”
“Recycling Bin ထဲထည့် စုဆောင်းပြီး ရလာတဲ့ Recycle ကွန်ဒုံးတွေကို ပီကေပြန်လုပ်ပြီး အမေရိကား ပြန်ပို့တာလေ”
“What ???
အာရှသူလေးကို နှိပ်ကွပ်နေချိန်တုန်းက ပီကေလေး တစ်ဝါးဝါးနှင့် ပြုံးနေသည့် အမေရိကန်နိုင်ငံသားမှာ အာရှသူလေးစကားကြောင့် သူ၏ စားလက်ဆက် ပီကေကိုပဲ ထွေးထုတ်ပစ်ရတော့မလား ၊ ဟန်မပျက် ဆက်ဝါးနေရတော့မလား ဝေခွဲမရစွာနှင့် ရှုံ့မဲ့စွာ.......

.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်



6 comments:

  1. ဒကာမ မေသဇင် ဦးဇင်း လာလည်သွာပါတယ်နော်။ဦးဇင်း ဘလော့ဂါလေးကိုလည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်။
    http://khitthitmyotaw.blogspot.com
    http://khitthitkabar.blogspot.com
    http://manawthukha2013.blogspot.com

    ဦးဇ၀န ( ခ )ကိုမောင်

    ReplyDelete
    Replies
    1. ဦးဇင်းကဘယ်ကျောင်းကလဲ

      Delete
  2. ဒီလိုလူတွေအတွက် ဒီစကားမျိုးလိုအပ်ပါတယ် ...

    ReplyDelete
  3. မေသဇင် ကိုကြိုဆိုပါတယ် အေအီး

    ReplyDelete
  4. လာလည်သွားပါတယ် သူငယ်ချင်း

    ReplyDelete
  5. ဒီလိုလူတွေအတွက် ဒီစကားမျိုးလိုအပ်ပါတယ်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်