Followers

Thursday 14 February 2013

ချစ်ခြင်းပဉ္ဇလက် (ချစ်သူများနေ့ လက်ဆောင်)

သင့်ချစ်သူကို မြတ်မြတ်နိုးနိုး ချစ်ဖူးလား။
သင့်ချစ်သူထံမှရော မြတ်မြတ်နိုးနိုး အချစ်ခံခဲ့ရဖူးပါသလား။
သင့်ချစ်သူကို လူတွေကြားထဲ သိပ်ချစ်ပါတယ်လို့ တရားဝင် ရင်ဖွင့်ရဲပါသလား။
ဒီနေ့တော့ သိပ်ချစ်တတ်သည့် ချစ်သူနှင့် အချစ်ခံရသည့် ချစ်သူ ထိုနှစ်ဦးရဲ့ ချစ်ခြင်းတစ်စုံတရာကို ပြသချင်လို့ပါ။
အဖြစ်အပျက်လေးကတော့ အနည်းငယ်ကြာနေပါပြီ။ ဒါပေမဲ့ ပြန်ကြည့်တိုင်း မရိုးနိုင်သည့် ချစ်ခြင်းကဗျာလေးတစ်ပုဒ်ပါ။
ဗီယက်နမ်လူမျိုးများ ဖြစ်ကြသည့် Nam က သူသိပ်ချစ်သည့် Trang ကို လက်ထပ်ခွင့် တောင်းယူတဲ့ အချိန်လေးပါ။
Nam ဟာ သူ သိပ်ချစ်သည့် ချစ်သူ Trang ကို သူတို့ နှစ်ဦးစတွေ့ခဲ့ကြသည့် UCLA (University of California, Los Angeles) မှာ လက်ထပ်ခွင့်တောင်းယူရန် တိတ်တဆိတ် ဆုံးဖြတ်ခဲ့ပြီး Trang ကို ကြိုတင်ဖွင့်ပြောခြင်းမရှိပဲ ထိုနေရာလေးကို ခေါ်ဆောင်သွားခဲ့ပါတယ်..
Trang ၏ ကြိုတင်သိရှိခွင့် မရ ၊ ပြင်ဆင်ချိန်မရပဲ ရုတ်တရက် အလစ်ငိုက်ခံလိုက်ရတဲ့ ခံစားမှု ပြန်လည် တုံ့ပြန်သည့် တုံ့ပြန်မှုတို့ကို ရင်ခုန်စွာ ကြည့်ရှုနိုင်ပါသည်ရှင်။




Trang ဟာ ရုတ်တရက် သီချင်းသံ ထွက်ပေါ်လာနေရာကို ရှာဖွေနေစဉ်မှာပဲ ရုတ်တရက် သူမ၏ မိတ်ဆွေ အပေါင်းသင်းများ ၊ ဆွေမျိုး မောင်နှမများကို ထိုပွဲလေးမှာရုတ်တရက် တွေ့လိုက်တာကြောင့် ဒီပွဲဟာ သူမအတွက်ပဲ ဆိုတာ ခဏတာမှာ သိခွင့်ရခဲ့ပေမဲ့ ယခုလို လက်ထပ်ခွင့် တောင်းခံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူးတဲ့။
Nam ရဲ့ ချစ်သူအပေါ်အလေးထား မြတ်မြတ်နိုးနိုး ချစ်တတ်ပုံကလေးကို ရှာဖွေတင်ဆက်လိုက်ရတာကတော့ ရင်ထဲအချစ်ရှိသူ မိတ်ဆွေများအားလုံးအတွက် မေသဇင်၏ ဒီနှစ် valentine's day (ချစ်သူများနေ့) လက်ဆောင်ပါ။

.... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်