Followers

Tuesday 18 December 2012

Pesto Pasta Salad

ခရစ္စမတ်လဲ နီးလာပြီးဆိုတော့ အနောက်တိုင်းစာလေးတွေ တင်ပေးဖို့ စိတ်ကူးလေး ရလာပါတယ်။ အနောက်တိုင်းစာတွေက အများအားဖြစ် ကိုယ်တွေနဲ့ မရင်းနှီးတဲ့အစာဆိုတော့ ပြုလုပ်ရ အလွယ်ကူဆုံးနဲ့ ခံတွင်းတွေ့နိုင်မည့်အစားအသောက်တွေထဲကပဲ စကြရအောင်နော်။
မိမိလုပ်မည့် ပါတီပွဲအတွက်ပဲ ဖြစ်ဖြစ် ၊အသိမိတ်ဆွေများ၏ ပါတီပွဲကို ယူသွားချင်တာပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်သည့်  အသုပ်လေးပါ။ အသုပ်နာမည်က Pesto  Pasta  Salad  လို့ ခေါ်ပါတယ်။



မေကတော့ Pesto  Pasta  Salad  လုပ်တိုင်း Pesto  ကို ဝယ်ယူပြီး သုံးတဲ့ Pesto ထက် ကိုယ်တိုင်လုပ်ယူတဲ့ Pesto ကိုပဲ ပိုမိုနှစ်သက်လို့ Pesto  လုပ်နည်းကိုလဲ တပါးတည်း ဖော်ပြပေးလိုက်ပါမယ်။ အချိန်မရလို့ ကိုယ်တိုင်မလုပ်ယူနိုင်ဘူးဆိုရင်ဖြစ်လဲ အသင့်ပြုလုပ်ပြီးသားတွေကို စူပါမားကက်တွေမှာ ဝယ်ယူလို့ရပါတယ်ရှင်။ ပင်စိမ်းရွက်နဲ့ပြုလုပ်ထားသည့် Pesto  အရသာဟာ မေတို့ မြန်မာတွေ နှစ်သက်စွာ စားသုံးနေကြသည့် ဆီစိမ်လက်ဖက် အစိမ့်အရသာနှင့် များစွာတူပါသည်။ သို့သော် ပါဝင်ထားသော ချိစ်များကြောင့် ခါးသက်သော အရသာမရှိပါ။

Pesto ပြုလုပ်နည်း

၁။ ပင်စိမ်းရွက် (၂)ခွက် (သို့) လက်နှစ်ဆုပ်စာမောက်မောက်မျှ
၂။ pine nut (ထင်းရူးစေ့) (၁၀၀ ဂရမ်)
၃။ကြက်သွန်ဖြူ (၄ မွှာ)
၎။သံလွင်ဆီ (တစ်ခွက်)
၅။ မွမွ ခြစ်ထားသော Parmesan  cheese (တစ်ခွက်)
၆။ lemon( ခေါ် )သံပုယိုသီး တစ်ခြမ်းမျှ အရည်ညစ်ထည့်ပေးပါ။

၁။ ပင်စိမ်းရွက်များကို ရေစင်စင်ဆေးကာ ရေခြောက်သွားအောင် ရေစစ်ပါ(သို့) ဟင်းရွက် drier ထဲတွင် ရေခြောက်အောင်ပြုလုပ်လိုက်ပါ။
၂။ ထို့နောက် blender ထဲတွင် ပါဝင်ပစ္စည်များ ထည့်ဝင်ကာ ရောမွေလိုက်လျှင် Pesto  မွှေးမွှေးလေး ရပါပြီရှင်။ Pesto ရလျှင်တော့ Pesto  Pasta  Salad ပြုလုပ်ကြမယ်ပေါ့။


Pesto  Pasta  Salad ပြုလုပ်ရန် ပါဝင်ပစ္စည်းများ



၁။  Pasta  တစ်ထုပ်(၅၀၀ ဂရမ်) မိမိနှစ်သက်ရာ ပုံသဏ္ဍန်အရွယ်အစားကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။
အိမ်စားဖို့ဆိုရင်တော့ တစ်ဝက်လောက်သာ ပြုလုပ်ပါ။ တစ်ထုပ်ဆို အများကြီးရပါတယ်။
၂။ Pesto (၄၀၀ ဂရမ်မျှ) မိမိနှစ်သက်ပါက ပိုမို ထည့်ဝင်နိုင်သည်။

၃။ ပြောင်းဖူး (၂)ဖူး

၎။ဆားရည်စိမ် သံလွင်သီး (၁၅-၂၀လုံးမျှ)

၅။sundry tomato (၂၅၀ ဂရမ်ဗူးတစ်ဗူး) (နေလှန်းဆီစိမ်ထားသော ခရမ်းချဉ်သီးခြောက်)
စူပါမားကက်များတွင် ဝယ်ယူနိုင်ပါသည်။

၆.။ Fata cheese တစ်ထုပ်

၇။ သံလွင်ဆီ စားပွဲတင်ဇွန်း (၃)ဇွန်းမျှ

၈။ ဆားအနည်းငယ်မျှ

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ရေပွက်ပွက်ဆူနေသော အိုးတွင် ဆားအနည်းငယ်၊ဆီအနည်းငယ် ထည့်၍  Pasta  ကိုပြုတ်လိုက်ပါ။( ခေါက်ဆွဲများ ပြုတ်သကဲ့သို့)
ပါစတာများ အနေတော် ဖြစ်ပြီးဆိုလျှင်တော့ ရေအေးလောင်းဆေးကာ ရေစင်သွားစေ၇န် ရေစစ်ထားပြီး အအေးခံထားလိုက်ပါ။

၂။ ပြောင်းဖူးများကို ပြုတ်၍ ကျက်သောအခါတွင် ဓားဖြစ်လှီးချကာပြောင်းဖူးစေ့များအား ခြွှေယူထားလိုက်ပါ။

၃။သံလွင်သီးမှ အစေ့များကို ဖယ်ရှားပြီ အနည်းငယ် လှီးထားပေးလိုက်ပါ။ အလုံးလိုက်ထည့်လိုလျှင်လဲ ရပါသည်။ အစေ့ဖယ်ထားသည်မှာ စားတဲ့အခါ လွယ်ကူစေရန်ဖြစ်သည်။

၎. sundry tomato ကိုလဲ သင့်တင့်ယုံ လှီးထားပေးပါ။

၅။ Fata cheese ကိုလဲ အတုံးငယ်လေးများ ဖြစ်စေရန် လှီးထားပေးပါ။




ထိုနောက် ပါဝင်ပစ္စည်းများအားလုံးကို ဇလုံကြီးထဲ အတူထည့်ကာ သမမျှတအောင် ဇွန်းကြီးဖြစ် မွှေပေးလိုက်ပါ။

ကဲ..အရသာရှိလှသည့်  Pesto  Pasta  Salad လေး အသင့် သုံးဆောင်နိုင်ပါပြီရှင်။





..... (¯`v´¯)♥

.......•.¸.•´

....¸.•´

... (

☻/

/▌♥♥

/ \ ♥♥ မေသဇင်








1 comment:

  1. စားချင်အောင်သိပ်လုပ်တာပဲမမမေသဇင်ကတော့
    အနော့ဆီလည်းလာလည်ဖို့ဖိတ်ခေါ်ပါတယ်နော်

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်