Followers

Saturday 22 December 2012

Pavlova (ခရစ္စမတ်ကိတ်) လေး လုပ်ရအောင်

ခရစ္စမတ်နီးလာပြီးဆိုတော့ ကိုယ်တိုင် ခရစ္စမတ်ပါတီလုပ်ဖို့ပဲ ဖြစ်ဖြစ် ၊ မိမိ၏ ခရစ်ယာန်သူငယ်ချင်းများ၏ ပါတီကို လက်ဆောင်အဖြစ် ယူသွားလိုတာပဲ ဖြစ်ဖြစ် ခရစ္စမတ်ကိတ်အဖြစ် (Pavlova) လေး ယူသွားဖို့ရာ ထိုကိတ်မုန့်ဖုတ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ခရစ္စမတ်ကိတ်အပြင် မကြာမှီကျရောက်လာမည် ချစ်သူများနေ့တွင် မိမိချစ်သူနှင့် ချစ်ခြင်းအထိမ်းအမှတ် Valentine's Pavlova အဖြစ် ချစ်သက်လက်ဆောင် လက်စွမ်းပြနိုင်ပါသည်ရှင်။
ထို့အပြင် မည်သည့် ပွဲမျှ မဟုတ်ပါပဲ မိမိကိုယ်တိုင် စမ်းသပ်ပြုလုပ်ပြီး မိမိအိမ်သားများနှင့် ပျော်ရွှင်စွာ စားသုံးနိုင်ပါသည်ရှင်။ ပွဲတော်ရက် နီးလို့ ခရစ္စမတ်ကိတ်ဟု အမည်တပ်လိုက်တာပါ။

ကိတ်မုန့်လုပ်နည်းနှင့် မရင်းနှီးသူများအတွက် ပြုလုပ်ရ လွယ်ကူစေရန် တစ်ဆင့်ခြင်းကို အသေးစိပ် ရှင်းပြပေးထားပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ရင်း မိမိလက်ရာ ကိတ်မုန့်လေးနှင့်ပီတိတိုးရင်း စားသုံးနိုင်ကြပါစေ။

Pavlova ပြုလုပ်ရန် ပါဝင်သော ပစ္စည်းများ (ကိတ်သားပြင်အတွက်)




၁ ။ ကြက်ဥ အလုံကြီး (၃)လုံး
(မေက နှစ်ခု လုပ်မှာမို့ (၆) လုံး ဖြစ်နေတာ)

၂။caster sugar (မှုံညက်နေသော သကြား) (၁)ခွက်

၃။ ရှလကာရည် အကြည် ကော်ဖီဇွန်း (၁)ဇွန်း

၎။ corn flour ( ပြောင်းဖူးမှုန့် ) ကော်ဖီဇွန်း (၂)ဇွန်းနှင့် တစ်ဝက်

၅။ vanilla extra  (သစ်ခွရည်အဆီ) စားပွဲတင်ဇွန်း (၁)ဇွန်း

၆။ ဆားအနည်းငယ် (ကော်ဖီဇွန်း တစ်ဝက်ခန့်)

၇။ မုန့်ဖုတ်ရာတွင် မုန်များမကပ်စေရန် အောက်ခံအဖြစ် သုံးသည့် ဖယောင်းစက္ကူ

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ Oven ကို  140' C  ထား၍ အပူပေးထားပါ။

၂။ ကြက်ဥကို အနှစ်သားများဖယ်ထားပြီး အဖြူသားရောင်အကာများသာ ဂရုတစိုက် ရယူပါ။ အဝါရောင် အနှစ်များပါလျှင် ကိတ်မုန့်ပျက်နိုင်၍ တစ်လုံးချင်းမှ အဖြူရောင်အနှစ်များကို ဂရုတစိုက် ရယူရပါမည်။


၃ ။ ထို့နောက် ဆားအနည်းငယ် ထည့်ကာ မွှေစက်နှင့် အမြုပ်ထွက်သည်အထိ မွှေပေးရပါမည်။




၃ ။ ထို့နောက် သကြားထည့်ကာ မွှေစက်နှင့် ထပ်၍ မွှေပါ။ သကြားထည့်ရာတွင် ပါဝင်သော သကြားများကို တစ်ပြိုင်ထဲ မထည့်ပါနှင့်။ အနည်းငယ်ဆီ ထည့်၍ မွှေစက်နှင့် မွှေပါ။  တစ်ခွက်စာ သကြားများကို သုံးကြိမ်မျှ ခွဲထည့်၍ မွှေပေးပါ။


၅ ။ သကြားများ ထည့်ဝင်ပြီး မွှေစက်နှင့် မွှေနေသော မိမိ၏ ကြက်ဥနှင့် သကြားများသည် အတူတကွရောနှောကာ အနှစ်သားများအဖြစ် ပွလာချိန်တွင် မွှေစက်ကို မကြည့်ပါ။ ကိတ်သားများသည် အရည်အဖြစ် ရှိမနေပဲ မွှေစက်တွင် ကပ်နေပါက မုန့်နှစ်သားရပါပြီ။





၆ ။ vanilla extra နှင့် ပြောင်းဖူးမှုန့်  ကို နောက်ဆုံး ထည့်ဝင်ပြီး ယောင်းမလေးနှင့် သာသာယာယာ ဖြည်းညင်းစွာ မွှေပေးပါ။



၇။ ထို့နောက် ဖယောင်းစက္ကူကိုခင်းကာ ခဲတံလေးနှင့် ဖြစ်စေ မိမိအလိုရှိသည့် မုန့်ပုံသဏ္ဍန်လေး ခပ်ဖွဖွဆွဲပေးလိုက်ပါ။ မုန့်တွေ ပရမ်းပတာကြီး ဖြစ်နေမှာစိုးလို့ မိမိဘာသာ စည်းတားထားတာပါ။ ချစ်သူအတွက်ဆိုရင်တော့ အသည်းပုံလေး ဆွဲထားပေါ့။
ထို့နောက် အနည်းငယ်သော ပြောင်းဖူးမုန့်ကို ဖယောင်းစက္ကူတွင် သုတ်လိမ်းပေးလိုက်ပါ။ မုန့်သား မကပ်ရအောင် ဂျုံခင်းသလိုမျိုး


၈။ အသင့် ဖြစ်ပြီးဆိုလျှင် မိမိပြုလုပ်ထားသော မုန့်နှစ်များကို ဖြည်းဖြည်းချင်းစီ ထည့်ပေးပါ။



၉။ မုန့်နှစ်သားများ ကုန်လျှင် မိမိကိတ်မုန့်လေး သေသပ်လှပေစေ၇န် ယောင်းမလေးနှင့် သေသေသပ်သပ် အနားသပ်ပေးခါ အချောညှိပေးပါ။


၁၀။ ထို့နောက် Oven ထဲ ထည့်၍ အချိန်တစ်နာရီကြာမျှ ဖုတ်ပေးပါ။



အထူးသတိပြုရန်မှာ မုန့်ဖုတ်နေချိန်ကာလအတွင်းနှင့် မုန့်များ ကျက်သည်အထိ Oven တံခါးကို လုံးဝ မဖွင့်မိပါစေနှင့်။ မုန့်များအေးသွားသည် အချိန်မှ ထုတ်ယူနိုင်ပါသည်။ Oven ထဲတွင် တညတာ မျှ ထိုအတိုင်း သိမ်းထားနိုင်သည်။

ကိတ်မုန့်သားပြင် ရပြီဆိုလျှင် အပေါ်တွင် အလှဆင်ရန် ပစ္စည်များ အသင့်ပြင်ဆင်ရပါတော့မည်။


ပါဝင်ပစ္စည်းများ

၁။ thick cream (အရည်ပျစ်သော ခရင်မ်) (၂)ခွက်

၂။ vanilla extra ကော်ဖီဇွန်း တစ်ဇွန်းစာမျှ

၃။ သကြား (၃)ဇွန်း

၎။ မိမိထည့်ဝင်လိုသော အသီးများ။ (စတော်ဘယ်ရီ ၊ ဗလူးဘယ်ရီ၊ ကီဝီ ၊စပျစ်သီး ၊ ချယ်ရီသီး ၊ goose berries၊
စကားမစပ် (goose berries၊ ဆိုတာ မေတို့ မြန်မာနိုင်ငံမှာ အတော်လေးကို ပေါပါတယ်။ လယ်တဲ ကိုင်းထဲမှာ ၊ အိမ်ခြံစည်းရိုးတွေမှာ အလေ့ကျပေါက်လို့ တန်ဖိုးထားရမှန်း သေချာ မသိခဲ့ဘူး။ မေတို့ငယ်ငယ်က ဖောင်းဖောင်းသီးလို့ခေါ်တယ်။ အသီးကို ခူးပြီး နှဖူးနဲ့ ဖောက်လို့) အသီးမှည့်ရင်တော့ အဝါရောင်လေးပြောင်းလို့ စားလိုက်ရင် ချိုပါတယ်။ တိုင်းရင်းဆေးအဖြစ် ဆေးဖော်ရာမှာ သုံးပါတယ်)။ ပြည်ပမှာတော့ ထိုအသီးသည် အလွန်ပဲ လူကြိုက်များက ဈေးနှုန်းလဲ ကြီးပါသည်။ ဘယ်ရီသီး အမျိုးအစားထဲတွင် ပါဝင်ကာ အသီးအနှံအဖြစ် စားသုံး၍သော်လည်းကောင်း ၊ ကိတ်မုန့်ဆိုင်များတွင် အလှဆင်ပစ္စည်းအဖြစ်ပါဝင်၍သော်လည်ကောင်း အသုံးဝင်လှသော အသီးတစ်မျိုးဖြစ်သည်။



ထိုနောက် (နံပတ်စဉ် ၁  မှ  ၃) သုံးမျိုးကို ဇလုံထဲ ထည့်ဝင်ကာ မွှေစက်နှင့် မွှေပေးပါ။  ခရင်မ်များ ပွလာလျှင် အသင့်ဖြစ်ပါပြီ။
ထိုအခါ အေးခဲနေသော ကိန်မုန့်သားပေါ်တွင် ထိုခရင်မ်များ အသာလေး ဖြန့်ခင်းပေးလိုက်ပါ။ ထို့မှ တစ်ဆင့် မိမိထည့်ဝင်လိုသော အသီးအနှံများ ထည့်ဝင်နိုင်ပါပြီ။
ယနေ့တွင်တော့  နမူနာအဖြစ် ကီဝီသီးနှင့် စတော်ဘယ်ရီသီးလေးနှင့် ပြုလုပ်ထားပါသည်။



ခရစ္စမတ်နေ့ အတွက်ကိုတော့ အရောင်လေး စုံစေရန် ဘယ်ရီသီး အတော်များများ ဝယ်ထားပါသည်။

ဗာလင်တိုင်းဒေးအတွက် အသည်းပုံ ကိတ်လေး ဖုတ်ချင်လျှင်တော့ မုန့်လုပ်နည်း အဆင့်ဆင့်အတိုင်းလုပ်ပြီး စက္ကူပေါ်တွင် ဖြန့်ခင်းချိန်တွင် မိမိအလိုရှိသော ပုံဖြစ် ဖြန့်ခင်းပါ။





ဒါလည်း နမူနာနော်။ အလိုရှိလျှင်တော့ ယူသွားပါ။ မေ ကျွေးပါတယ်။ ကြိုက်သလောက်သာ ယူစားသွားကြပါရှင်။




မိမိမီးဖိုချောင်လေးထဲမှာ ချက်ပြုတ်ရင် စိတ်ကြည်နူးနိုင်ကြပါစေ။



..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်




1 comment:

  1. မုန့်လုပ်နည်းလေးကိုလာရောက်မှတ်သားသွားပါတယ်
    မုန့်လေးကစားချင်စရာလေး ^_^
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်