မောင်.......
လွမ်းနေပါတယ်ဆိုတဲ့ အလွမ်းတွေထက် ပိုပိုတိုးလို့ လွမ်းနေမိတယ်..။
မေ့ရင်ထဲကအလွမ်း အတိုးတွေထပ်ပြီး ပိုလွမ်းလေသလား...။
မောင်ရေ....ချစ်ခွင့်ရတဲ့
အချိန်ထက် အလွမ်းရက်က ရှည်မယ်လို့ ကြိုတင်များသိခွင့်ရခဲ့ရင်ဖြစ်
မောင်နဲ့ချစ်နေခွင့်ရတုန်းအချိန်လေးမှာ စိတ်ဆိုး၊စိတ်ကောက်
၊ဆိုးနွ့ဂျီကျခဲ့သမျှ အချိန်တွေကို ပြန်လည်သိမ်းနှုတ်ရင်း ကြည်နူးစရာ
အချိန်တွေပဲ ပြန်လည်ဖြည့်ဆည်းလိုက်ချင်ပါတယ်။
ခုလိုမျိုးများ ခွဲနေရသည့်ရက် ကြာမြင့်မည်ဆိုတာ သိခဲ့ရင်ဖြစ် ထိုစဉ်က မေပိုင်ဆိုင်ခဲ့သမျှ အချိန်တွေ မောင့်နားထားကာ ကုန်ဆုံးစေပါတယ်။
မေ
စိတ်ကောက်တဲ့ အခါတိုင်းမှာ “မောင်ဘာကိုမှ မပြောချင်ပါ..မောင့်ရင်ထဲက
အချစ်တွေကို မမြင်ဘူးဆိုရင် မေ သဘောကျ စိတ်ကောက်ပါ” လို့ မောင်ပြောနေကျ
စကားလုံးတိုင်းကို ကြားယောင်နေမိတယ်မောင်။
အချစ်ဆိုတာ
နွယ်ပင်လိုပဲ..အမှီရှိရာကို လိုက်တယ်။ မေ့ကို မောင်ထက်ပိုတိုး
ကြင်နာသူများ တွေ့သွားခဲ့ရင် မေ့လိုက်သွားမှာစိုးတယ်လို့ တိုးဖွဖွ
မောင့်စကားသံမေ အမှတ်ရနေဆဲပါမောင်။
စိတ်မချစွာနဲ့ တိုးဖွဖွ မောင့်စကားကို ထည့်သိုသိမ်းဆည်းထားခံရတဲ့ ဟောဒီနှလုံးသားမှာ မည်သူအတွက်မှ လစ်လပ်မပေးခဲ့ပါဘူးမောင်။
နေ့သစ်တွေရောက်လေတိုင်း
ပြုံးချိုချို၊ရယ်စစ မျက်နှာလေးနဲ့ မောင်များ ဘွားခနဲ့
မေ့ရှေ့ရောက်လာမလားလို့ တွေးမျှော်နေခဲ့ရတာ အခန်းတံခါးပိတ်
မီးရောင်စုံမှိတ်တဲ့ ညချိန်ခါထိပါပဲမောင်။
တိုးတိုးဖော်
ခေါင်းအုံးလေးပေါ် မျက်ရည်အဖြစ်ပြောင်းလဲ မောင့်ကို လွမ်းသမျှ
ဖွင့်အန်ချဖြစ်ခဲ့တာလဲ ညစဉ်တိုင်းပါမောင်။ ညရောက်မှာကို မေကြောက်တယ်။
အထီးကျန်အလွမ်းတွေနဲ့ အခန်းကျဉ်းလေးထဲမှာ မွန်းကြပ်မှုတွေကို ရင်ဆိုင်နေရတဲ့
အဖြစ်တွေကို မေ ကြောက်ရွံ့လှပြီ။
အတူနေစဉ်ကာလလေး
ခဏလေးတောင်မဝေးချင်တဲ့ မေ ၊မောင့်ကို လွမ်းလို့ အိပ်မရပါ ဆိုကာ
ဆိုးနွဲ့ခဲ့စဉ်တိုင်း “စပျစ်သီးလေးတစ်လုံး ရေခဲသေတ္တာထဲ ကျန်ရစ်လို့
အိပ်မရတဲ့အတွေး တစ်ခါတစ်လေပဲကောင်းတယ်မေ..ညစဉ်ဆို မေ့ကျန်းမာရေး
ထိခိုက်လိမ့်မယ်” လို့ မြည်တွန်တောက်တီး မေအိပ်ပျော်ချိန်ထိ ဖုန်းလေးထဲမှ
သီချင်းဆိုညဉ်းကာချော့သိပ်ခဲ့တဲ့ မောင်ရဲ့ သီချင်းသံတွေ မေ့နားထဲ
ကြားယောင်နေဆဲပါမောင်။ထိုစဉ်ချိန်က ကြည်နူးမှုနဲ့ နားဆင်ခဲ့တဲ့ သီချင်းသံလေး
ပြန်လည်ကြားယောင်စဉ်မှာ မေ့မျက်ဝန်းထဲ လွမ်းမျက်ရည်တွေ
ပြည့်အိုင်နေလို့ပေါ့။
ရေမြေတွေ
ဘယ်လောက်ပဲ ခြားနေပါစေ၊ခွဲခွာရသည့် နှစ်တွေ မည်မျှကြာညောင်းနေပါစေ သံသယတွေ
မရှိဘူး။ မောင့်ကို ချစ်ဆဲ ချစ်မြဲ ချစ်နေလျှက် မောင်ရောက်လာမည့်အချိန်လေး
စက္ကန့်နှင့်အမျှ မျှော်နေဆဲပါမောင်။
မောင်ရဲ့ အရိပ်လွန်မြောက် ထိုကာလမှာ နှလုံးသားတံခါး လာခေါက်သူများအား မေ ပြောကြားခဲ့သည်က
မေ့ရင်ထဲက
ခံစားချက်တွေ မောင်မြင်တွေ ၊ဖတ်ခွင့်မရပေမဲ့ နှလုံးသားချင်းနီးတဲ့
မေတို့နှစ်ယောက်၊နှလုံးသားသဝဏ်လွှာတွေ ပြန်လှန်ပို့ဆောင် နေမှာပါ။
မောင်လဲ
လွမ်းနေသလားမောင်။မေ့ရင်ထဲက အလွမ်းတွေ လျှာပေါ်တင်ကြည့်တော့ အေးစက်စက်နဲ့
အသည်းထဲ စိမ့်အောင် ခါးလိုက်တာ။ ခါးမှန်းသိလျှက် ဒီအလွမ်းတွေကို
ဆက်လက်သိမ်းဆည်းနေခဲ့တာ မောင်များ သိပါလေစ။
မောင်လဲ လွမ်းနေသလားမောင်။မေ့ရင်ထဲက အလွမ်းတွေ လျှာပေါ်တင်ကြည့်တော့ အေးစက်စက်နဲ့ အသည်းထဲ စိမ့်အောင် ခါးလိုက်တာ။ ခါးမှန်းသိလျှက် ဒီအလွမ်းတွေကို ဆက်လက်သိမ်းဆည်းနေခဲ့တာ မောင်များ သိပါလေစ။
ReplyDeleteမောင်လဲ လွမ်းနေသလားမောင်။မေ့ရင်ထဲက အလွမ်းတွေ လျှာပေါ်တင်ကြည့်တော့ အေးစက်စက်နဲ့ အသည်းထဲ စိမ့်အောင် ခါးလိုက်တာ။ ခါးမှန်းသိလျှက် ဒီအလွမ်းတွေကို ဆက်လက်သိမ်းဆည်းနေခဲ့တာ မောင်များ သိပါလေစ။
ReplyDelete