Followers

Saturday 13 October 2012

Salad (အနောက်တိုင်းအသုပ်စုံ)

မေတို့လူမျိးတွေအသုပ်မျိုးစုံကို ကြိုက်နှစ်သက်ကြသလို အနောက်တိုင်းသားတွေလဲ အသုပ်မျိုးစုံကို နှစ်ခြိုက်ကြတာကို တွေ့ရပါတယ်။
သူတို့ ကြိုက်နှစ်သက်ကြသည့် အသုပ်များကိုတော့ Salad လို့ ခေါ်ကြပြီး ပါဝင်ပစ္စည်းတွေကိုတော့ မိမိနှစ်သက်ရာ အသီးအရွက်များကို ထည့်ဝင်လေ့ရှိကြပါတယ်။ Green Salad ဟုခေါ်သော အခြေခံကျသည့် Saladတွင် ဆလပ်ရွက်၊သခွားသီး၊ခရမ်းချဉ်သီး၊မုန်လာဥနီ စသည်တို့ကို

အဓိကထားထည့်ဝင်ပြီး Salad dressing အဖြစ် အဆင့်သင့်ဝယ်ယူရရှိနိုင်သည့် Ranch ကဲ့သို့သော် dressing များ ကိုအသုံပြုကြသည်။
အခြေခံအကျဆုံးသော Dressing (ခေါ်) အသုပ်တွင် ထည့်နယ်သည့်အရည်မှာ သံလွင်ဆီ၊ရှာလကာရည်နှင့် ဆားသာ ဖြစ်သည်။ cheeseမျာကို နှစ်သက်သူများအနေဖြစ်  blue cheese၊ Fata cheese စသည့် cheese များကို အသုံးပြုလေ့ရှိသည်။ သံလွင်သီး၊ဆီပြန်လည်စိမ်ထားသော နေလှမ်းခရမ်းချဉ်သီးအခြောက်များသည်လည်း Salad တွင် ထည့်ဝင်လေ့ရှိကြပါသည်။
ဒီနေ့ ချက်ကြမယ်ဟေ့ ကောင်းကောင်း ကဏ္ဍမှာ အနောက်တိုင်းစာများကို နှစ်သက်သူများနှင့် လေ့လာသူများအတွက် အခြေခံအကျဆုံးသော Salad ဖြစ် စတင်မိတ်ဆက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
အနောက်တိုင်းစာများကို နှစ်သက်သူများရှိပါက နောက်ထပ်တိုး၍ တင်ပေးသွားမည်ဖြစ်ပါကြောင်း စကားဦးသန်းထားတာပါ။
Saladတွင် ပါဝင်သော ပစ္စည်းများ



၁။ ဆလပ်ရွက်အနည်းငယ်
၂။ သခွားသီးတစ်လုံး
၃။cherry tomato အနည်းငယ်(မေမြို့ခရမ်းချဉ်သီးအသေးဖြစ် အစားထိုးနိုင်ပါသည်)
၎။မုန်လာဥနီ တစ်ဥ
၅။ကြက်သွန်နီ  တစ်ခြမ်းခန့်
၆.ထောပတ်သီး (ကြိုက်နှစ်သက်ပါက)
ဒါတွေရှိရင် အခြေခံအားဖြစ် Salad တစ်ပွဲရပြီ။ မိမိနှစ်သက်ရာ အခြားအသီးအရွက်များကိုလဲ ထည့်ဝင်ချင်ပါက ထည့်ဝင်နိုင်ပါတယ်နော်။ အပင်ပေါက်လေးများ ဖြစ်ကြသည့် ပဲပင်ပေါက်၊နေကြပင်ပေါက်၊ထင်ရူးပင်ပေါက် စသည်တို့ကိုလည်း ထည့်နိုင်ပါတယ်။ စီတီမတ်ခ် တို့ အိုရှင်းတို့မှာ ဈေးဝယ်ဖြစ်ရင်တော့ Salad ပစ္စည်းတွေကို မိမိစိတ်ကြိုက်ဝယ်ယူလို့ရပါတယ်။
Salad ထဲ ထည့်ဖို့ အရည်ကိုလဲ အဆင့်သင့် လုပ်ထားပြီးသားဝယ်ရင်ဝယ် မဝယ်ဖြစ်ရင်
၁။ဆား
၂။ သံလွင်ဆီ
၃။ ရှလကာရည်
ထိုသုံးမျိုး ပေါင်းစပ်ကာ မိမိစိတ်ကြိုက် အနေအထားပြင်ဆင် စားသောက်ယုံနှင့် Salad ဖြစ်ပါပြီ။
အနောက်တိုင်းသားအများစုမှာ အစားအသောက်အတွက်အချိန်ပေးပြီး ချက်ပြုတ်ကြသည်မရှိ။ ထိုကဲ့သို့သော Salad များနှင့် ပေါင်မုန့်များဖြစ်လည်း ပြီးခဲ့သည့်နေ့များရှိသည်။ နောက်နေ့တွေ ကြုံမှပဲ bake ရသည့် အစားအစာများကို အလျင်းသင့်သလို ဖော်ပြပေးပါမည်။
အနောက်တိုင်းအစားအစာ တင်ပြရာတွင် ဝယ်ယူ၍ အဆင်မပြေ ဖြစ်ကြမည်ကို စိုးရိမ်၍လည်းကောင်း အများအားဖြစ် Oven သုံး၍ bake ရသည်က တစ်ကြောင်းကြောင့် မီးမမှန်သည့် အခြေအနေနှင့် အဆင်မပြေနိုင်သောကြောင့် ရံဖန်ရံခါမှပဲ မေ တင်ပြေပေးတော့မယ်နော်။
ခုတော့ မေ့လက်ရာ Salad လေး စားကြပါအုံး။ အပေါ်မှာ smoke chicken လေး ထည့်ထားတယ်။ smoke chicken ဆိုတာက ကြက်သားကို မီးနဲ့ မချက်ပဲ အခိုးအငွေ့နဲက ပေါင်းခံထားတဲ့ ကြက်သားပါ။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်



0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်