အထီးကျန် အဖော်ကွဲ
ငါဟာ သင်းကွဲ ငှက်တစ်ကောင်
အဖော်မရှိ၊ပျော်စရာမရှိ
ငါ့ရဲ့ ညတွေ အမှောင်တိ။
အိုင်ဖွဲ့မျက်ရည် ပုတ်ခတ်ကာ
စိတ်ဓာတ်မြင့်တင်ပါ။
မွေးလာတာလဲ တစ်ယောက်ထဲ၊
သေလဲ တစ်ယောက်ထဲ။
ဘဝဆိုတဲ့ ခရီးဟာ
မြစ်ကြောင်းတစ်စင်းပမာ။
ကွေ့ကာ၊ဝိုက်ကာ၊စီးဆင်းသွား
အခက်ခဲနှင့်၊အောင်မြင်ခြင်းများ။
နှိမ့်ကျလို့လဲ စိတ်ဓာတ်မကျပါ
တစ်နေ့အောင်မြင်မှာ။
ဇွဲကိုသာ ခိုင်ခိုင်ဆွဲ
ကြိုးစာရမှာပဲ။
နိမ့်ကျမှုနဲ့ ဟောဒီငါ
သိမ်ငယ်စိတ်နဲ့သာ
ကိုယ့်ကိုကိုယ်သာ ကိုယ်အားပေး
စိတ်ဓာတ်မကျနဲ့ဟေး။
0 comments:
Post a Comment
စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်