Followers

Sunday 17 June 2012

ချစ်စရာ မြန်မာ့ဓလေ့

တိုးတက်လာတဲ့ ခေတ်ကြီးနောက်ကို အမှီလိုက်ရင်း ရုပ်ဝတ္တုတွေနဲ့ ပျော်မွေ့နေရင်း  မိမိဖြတ်သန်းကြီးပြင်းလာခဲ့ရသည့်  ကျေးလက်နေ မြန်မာ့ဓလေ့ကို တစ်ခါတစ်ရံ မေ့ပျောက်နေခဲ့ကြသည်။ သဘာဝရဲ့ အလှအပ ပကတိ ဖြူစင်မှုတွေကို ဖုံးကွယ်ချင်ခဲ့ကြသည်..။ မြင်ရသူ ရင်ထဲ ကြည်နူးနိုင်လောက်သည့် ဖြူစင်မှုတစ်ချို့ ဖွင့်လှစ်ပါရစေ။
အရင်တစ်ချိန် စာသင်ကျောင်းတွေ ခုလို ပြည့်စုံစွာ မရှိသေးချိန်က မြန်မာ့ဘုန်းကြီးကျောင်း ပညာရေးစနစ်နဲ့ ပညာဆည်းပူးခဲ့ကြသည့် ကလေးများ၊ကိုရင်ငယ်များ၏ အားလပ်ချိန် လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားနေသည့် မြင်ကွင်းလေးက ပျော်ရွှင်ကြည်နှုးဖွယ်ရာ မြင်ကွင်းလေးပါ။


ကျောင်းသားဘဝအရွယ် ပညာဆည်းပူးခဲ့စဉ်က သူငယ်ချင်းတွေနဲ့ အပူအပင်ကင်းမဲ့စွာ ပြေးလွှာဆော့ကစားချိန်လေးတွေကို လွမ်းမိပါရဲ့။


အညာမြေရဲ့ ဓလေ့ ရေအိုးလေးတွေ ဆင့်ပြီးသယ်ဆောင်လေ့ ရှိတာက လှပသက်ဝင်တဲ့ ပန်းချီကားလေးတစ်ချပ်ပါ။ 



ပျိုမေလေးးတွေ ရေခပ်ဆင်းတဲ့ ညနေခင်းဆည်းဆာဟာ ဘယ်တော့မှ မရိုးနိုင်တဲ့ မြင်ကွင်းပါ။

နေညိုချိန်အရောက် ကောက်စိုက်ရာမှ ပြန်လာကြသည့် မြင်ကွင်းလေးက ပန်းချီဆရာငိုလောက်အောင် လှပလွန်းတဲ့ မြင်ကွင်းလေးဆိုတာ လက်ခံတယ်မဟုတ်လား။ ပြိုင်ဆိုင်မှုတွေ ကင်းတဲ့ မျက်နှာပေါ်က အပြုံးက တန်းဖိုးဖြတ်ရန် ခက်ခဲပါတယ်။



မေတို့ရွာလေးမှာ မိုးရာသီဆို တံတားလေးတွေ ထိုးပြီး မြောင်းတွေကို ဖြတ်သန်းရတဲ့ မြင်ကွင်းလေးကလဲ ရှုမောဖွယ်မြင်ကွင်းလေးပါ။



နိုင်ငံခြားဖြစ် စီးကရက်တွေအစားထိုးဝင်ရောက်လာမှုအောက်မှာ ပျောက်ဆုံးစ ပြုလာတဲ့ မြန်မာဆေးပေါ့လိပ်။



သားယောကျာင်္းလေး ဖွားမြင်ရင် ရဟန်းဒကာ အဖြစ် ပျော်ရွှင်ကြည်နူးကြတဲ့ မိဘများရဲ့ မောင်ရင်လောင်းများ။





ကိုရင်ငယ်ငယ် အသိကြွယ် ၊သီလပြည့်စုံတယ်။


ဆွမ်းခံကြွလာချိန်မှာ မြင်တွေ့ရတဲ့ ကြည်နူးစရာ မြင်ကွင်းနဲ့ မြန်မာတို့ရဲ့ သဒ္ဒါတရား





ဘယ်လိုအခြေအနေ အခက်အခဲတွေနဲ့ ဖြတ်သန်းနေရပါစေ။ နွေးထွေးစည်းလုံးတဲ့ မိသားစုလေးနဲ့ ဖြတ်သန်းရရင် ဘဝလေးဟာ ကျေနပ်စရာပါ။



တို့ရွာသူတွေလဲ ဖုန်းပြောနိုင်ပါပြီ။ ရန်ကုန်မှာတော့ ဖုန်းကို လိပ်ခေါင်းထွက်အောင် အော်ပြောနေရတာဆိုပဲ။ တို့ဆီမှာတော့ အေးဆေးပါအေ့။





ရိုးမြေကျအောင် ချစ်မြတ်နိုးကြမယ်။တစ်ဦးအပေါ် တစ်ဦး ကြင်နာကြရင်း နေဝင်ချိန်ကို အတူခံစားကြမယ်။ အဘိုးကလဲ ချစ်ပါတယ်။ အဘွားကလဲချစ်ပါတယ်။ ဘယ်တော့မှ မခွဲကြေးနော်။

အင်တာနက်က စုဆောင်းထားမိသော ပုံလေးတွေပါ။



..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်





0 comments:

Post a Comment

စာပေနှစ်သက်သူများ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပါသည်